Friday, 20 February 2015

ထီ

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့က အစိုးရဟာ “ အစိုးရ အောင်ဘာလေ ထီ ဥပဒေကြမ်း ” ကို အများပြည်သူ လေ့လာနိုင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိ အစိုးရ အောင်ဘာလေထီ ဌာနက ထုတ်ဝေမှုတွေကို တွက်ချက်ကြည့်ရင် မြန်မာနိုင်ငံသားတွေဟာ အစိုးရထီကို တစ်နှစ် ပျမ်းမျှ ကျပ်ငွေ ဘီလျံ ၁၂၀ ဖိုးနီးပါး အသုံးပြု ကံစမ်းနေတာ တွေ့ရပါတယ်။ နည်းတဲ့ ငွေ မဟုတ်ပါဘူး။ ဒါဟာ ပြည်သူတွေ အနေနဲ့ လက်လီ ထီတစ်စောင် ကျပ် ၃၀၀ ဈေးနှုန်းနဲ့ ၀ယ်ရတာကို အခြေခံပြီး တွက်ချက်ထားတာပါ။ ဒါပေမယ့်လည်း ပြည်သူတွေ ကံစမ်းလိုက်တဲ့ အဲဒီ ငွေအများစုဟာ ဆုမဲအဖြစ် ပြန်မရသလို၊ အစိုးရဆီကိုလည်း အခွန်တွေ အဖြစ် ၀င်မသွားပါဘူး။ အများစုကြီးက ထီကိုယ်စားလှယ်ကြီးတွေနဲ့ အဂတိလိုက်စားတဲ့ အစိုးရအရာရှိကြီးတွေ လက်ထဲ ရောက်ကုန်တာပါ။ တိုင်းပြည်မှာ ထီပြသနာ ဘယ်လို ဖြစ်နေတာပါလဲ၊ အခု ထီ ဥပဒေကြမ်းကို ပြဌာန်းပြီးရင်ရော ဒီပြသနာ ပြေလည်သွားနိုင်မလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုဆိုရင် အစိုးရ အောင်ဘာလေ သိန်းဆုဌာနဟာ ထီကို တစ်လ တစ်ကြိမ် အက္ခရာ အလုံး ၄၀ ထုတ်ဝေရောင်းချပါတယ်။ ရောင်းချပုံ စနစ်ကတော့ ၁၁ စောင်ပါ ထီတစ်အုပ်ကို လက်ကားဈေး ကျပ် ၂၀၀၀ နဲ့ ရောင်းပေးပြီး ပုဂ္ဂလိကတွေက ပြည်သူတွေကို ထီတစ်စောင် ကျပ် ၂၀၀ နဲ့ ရောင်းချဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ထီတစ်အုပ် ရောင်းပြီးတိုင်း အစိုးရက ကျပ်ငွေ ၂၀၀၀၊ ပုဂ္ဂလိက က အမြတ်ငွေ ကျပ် ၂၀၀ ရရှိမှာဖြစ်ပါတယ်။ အစိုးရဟာ ထီ ရောင်းရငွေထဲက ၆၀ ရာခိုင်နှုန်းကို ပေါက်မဲတွေအဖြစ် ပြန်ခွဲဝေပေးပြီး ၄၀ ရာခိုင်နှုန်းကိုတော့ အခွန်အဖြစ် ရယူပါတယ်။ ပြောရရင် ထီရောင်းရငွေကို ဆုမဲက ၅၅ ရာခိုင်နှုန်း၊ အခွန်က ၃၆ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိက လက်လီ ရောင်းသူတွေကို ၉ ရာခိုင်နှုန်း အမြတ်ခွဲဝေပေးမယ့် စနစ် လုပ်ထားတာပါ။ ဟိုးအရင် ခေတ်အဆက်ဆက် အဲဒီ စနစ် ကျင့်သုံးခဲ့ပါတယ်။ အဲဒီ ခေတ်ကာလ တလျောက် ပြည်သူတွေဟာ ထီတစ်စောင် ထိုးလိုက်တိုင်း ကံထူးပြီး ပေါက်ရင် ကိုယ့်အတွက် ရသလို၊ မပေါက်လည်း တိုင်းပြည်က ၀န်ထမ်းတွေအတွက် လစာမှာ အသုံးပြုမယ့် အခွန်အခ အဖြစ် အသုံးပြုနိုင်မယ် ဆိုတာကြောင့် ကြည်ကြည်ဖြူဖြူ ထီထိုးကံစမ်းခဲ့ကြတာပါ။

ဒါပေမယ့် အဲဒီအခြေအနေဟာ ၁၉၉၀ခုနှစ် ကျော် အောင်ဘာလေထီ ပေါက်မဲ ဖွင့်ပေးတာကို မင်္ဂလာစုံတွဲ စနစ် ကျင့်သုံးချိန်ကစ ပျက်စီးသွားခဲ့ပါတယ်။ မင်္ဂလာစုံတွဲ စနစ် ဆိုတာက ဆုမဲကို အတွဲလိုက် ဖွင့်ပေးတာပါ။ ဥပမာ အက္ခရာ တစ်ခုမှာ ထီတစ်ဆု ပေါက်မယ် ဆိုရင် အဲဒီ နံပါတ်နဲ့တူတဲ့ အက္ခရာ အားလုံး ထီပေါက်တဲ့ စနစ်မျိုးပါ။ ဒီအတွက် ထီကိုယ်စားလှယ်တွေဟာ ထီရောင်းတဲ့အခါ ပုံမှန် ထီလက်မှတ်တွေကို ကြိုက်ရာယူ ရောင်းတာမျိုး မလုပ်တော့ပဲ၊ အတွဲလိုက် ပေါက်နိုင်တဲ့ ထီလက်မှတ် အုပ်စုအဖြစ် စီစဉ် ရောင်းချကြပါတော့တယ်။ ဒါပေမယ့် ခက်တာက အောင်ဘာလေ ထီဌာနဟာ ထီလက်မှတ်တွေကို အဲလို စီကာစဉ်ကာ ရောင်းချပေးဖို့ တာဝန်မရှိပါဘူး။ ထီကိုယ်စားလှယ် တစ်ဦးစီကလည်း သူဝယ်နိုင်တဲ့ ထီလက်မှတ် အရည်အတွက် တစ်ခုမှာ အက္ခရာစုံ ပါဖို့ မဖြစ်နိုင်ပါဘူး။ ဒီအတွက် အစိုးရ အောင်ဘာလေ ထီဌာနဟာ ထီကိုယ်စားလှယ်တွေကို ရောင်းရိုးရောင်းစဉ် ပုံမှန် မဟုတ်ပဲ အက္ခရာစုံအောင် နားလည်မှုနဲ့ စီစဉ်ရောင်းပေးတာမျိုး လုပ်ရပါတယ်။ ဒီလို အက္ခရာစုံတဲ့ ထီလက်မှတ်မျိုး ရလာဖို့အတွက် ဌာနကို လာဘ်ထိုးရပါတယ်။ ကုန်ကျစားရိတ် ရှိလာတဲ့ သဘောပါ။

ထီကိုယ်စားလှယ်တွေကလည်း အက္ခရာစုံရလာတဲ့ ထီလက်မှတ်တွေကို အရင်ခေတ်ကလို ရိုးရိုးအတိုင်း မရောင်းပဲ အက္ခရာစဉ် အလိုက်စီထားတဲ့၊ စုထားတဲ့ အထုတ်လေးတွေ ပြန်ထုတ်ပြီး ရောင်းဖို့ ပြင်ဆင် ထုတ်ပိုးတာတွေ လုပ်ရပါတယ်။ ပြောရရင် ထီလက်မှတ်တွေဟာ ထီထိုးတဲ့ ပြည်သူတွေဆီ ရောက်ဖို့ ကြားမှာ ကုန်ကျစားရိတ်တွေ ရှိလာတာမျိုးပါ။ ဒါ့အပြင် ထီကိုယ်စားလှယ်ကြီးတွေဟာ ထီလုပ်ငန်းကြီးကို လက်ဝါးကြီးအုပ်ဖို့၊ ချယ်လှယ်နိုင်ဖို့အတွက် အစိုးရ တာဝန်ရှိသူတွေကို လာဘ်ထိုးရတာတွေလည်း ရှိလာပါတယ်။ အဲဒီအချိန်ကစ ထီကုန်သည်တွေဟာ ထီလက်မှတ်တွေကို အစိုးရက ဖြန့်ချီဖို့ သတ်မှတ်တဲ့ နှုန်းထားအတိုင်း မရောင်းတော့ပါဘူး။ အမြတ်တင် ရောင်းချမှုတွေ လုပ်ပါတော့တယ်။

နောက်ပိုင်း အလုပ်အကိုင်ရှားမှုကြောင့် လက်လီ ထီရောင်းသူ အများအပြား ပေါ်ပေါက်လာပြီး အဲဒီလူတွေကို ထီကိုယ်စားလှယ်တွေက စာချုပ်စာတမ်းနဲ့ ချုပ်ကိုင် အမြတ်တင် ရောင်းချမှုတွေ လုပ်လာပါတယ်။ အဓိပ္ပါယ်က ယူသွားတဲ့ ထီလက်မှတ်တွေ ရောင်းမကုန်ရင်လည်း ငွေပြန်မအမ်းဘူး၊ ကိုယ့်ဖာသာကိုယ် ဖြေရှင်း ဆိုတဲ့ စနစ်ပါ။ ဒီ စနစ်ကြောင့် ထီကိုယ်စားလှယ်ကြီးတွေရဲ့ အကျိုးအမြတ်ဟာ သေလည်း သေခြာ၊ ကြောက်စရာကောင်းအောင်လည်း များပြားတဲ့ အကျိုးအမြတ်တွေ ရလာကြပါတယ်။

ခုဆိုရင် အစိုးရက တစ်စောင် ကျပ် ၂၀၀ နဲ့ ရောင်းဖို့ သတ်မှတ်ထားတဲ့ ထီလက်မှတ် တစ်စောင်ကို ပြည်သူတွေက အနည်းဆုံး ကျပ် ၂၅၀ နဲ့ ကျပ် ၃၀၀ အကြားပေးပြီး ကံစမ်းနေရပါပြီ။ ဒီအတွက် ပြည်သူတွေဟာ တစ်နှစ်တစ် ကျပ်ငွေ ဘီလျံ ၃၀ ကနေ ဘီလျံ ၆၀ ဖိုးအကြား နစ်နာနေကြရပါတယ်။ အဲဒီပိုသုံးလိုက်ရတဲ့ငွေ အများစုဟာ လက်ချိုးရေလို့ရတဲ့ ထီကုန်သည်ကြီးတွေ၊ အစိုးရအရာရှိကြီးတွေ နဲ့ အရိုးအယွင်းကိုတော့ လက်လီ ထီရောင်းသူတွေ ရသွားကြပါတယ်။ ထီကို သတ်မှတ်ဈေးနဲ့ မဟုတ်ပဲ အလွန်မြင့်တဲ့ ဈေးနှုန်းပေးပြီး ထီထိုးရတာကြောင့် ထီကနေ ခွဲဝေရတဲ့ အချိုးအစားကလည်း ပြောင်းသွားပါတယ်။ ပြည်သူတွေဟာ ထီအတွက် ငွေ ၁၀၀ သုံးလိုက်ရင် ဆုအဖြစ် ပြန်ရမှာက ၃၆ % ပဲ ရှိပါတော့တယ်။ အစိုးရအခွန်ရမှာက ၂၄ % နဲ့ ထီကုန်သည်ကြီးတွေ၊ လက်လီသမားတွေ ရသွားကြမှာက ၄၀% အထိ ရှိနေတာဖြစ်ပါတယ်။ ပြည်သူတွေ ဘယ်လောက် အမြတ်ထုတ် ခေါင်းပုံဖြတ်ခံနေရသလဲ ထီကုန်သည်ကြီးတွေ ဘယ်လောက် အကျိုးအမြတ် ရှိနေသလဲ ခန့်မှန်းနိုင်ကြမှာပါ။

ဒီလိုဖြစ်ရတာဟာ စက္ကူအသုံးပြု အောင်ဘာလေ ထီစနစ်ကြောင့် ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် စက္ကူထီလက်မှတ် နေရာမှာ E- lottery စနစ် အသုံးပြုဖို့ စီစဉ်နေတယ်၊ အဲဒီ စနစ်အတိုင်းသာဆို ပြည်သူတွေဟာ သတ်မှတ်ထားတဲ့ ဆုကြေးငွေ အချိုးအစား အပြည့်အ၀ ရနိုင်မှာဖြစ်ပြီး အစိုးရကလည်း သတ်မှတ်ချက်အတိုင်း အခွန်ရမှာလို့ ဘဏ္ဍာအခွန် ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။ ဒါကြောင့် ခုလို “ အစိုးရ အောင်ဘာလေ ထီ ဥပဒေကြမ်း ” တင်သွင်းတာ ဖြစ်နိုင်ပါတယ်။ ဒီဥပဒေကြမ်းအရ အစိုးရဟာ E- lottery စနစ် လုပ်ကိုင်ဖို့ ခွင့်ပြုထားပြီး ထီကို သတ်မှတ်နှုန်းထားထက် ပိုရောင်းတာကိုလည်း ထောင်ဒါဏ်ငွေဒါဏ် ချနိုင်တဲ့ ပုဒ်မတွေကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိ လိုအပ်နေတာ E- lottery စနစ် မစနိုင်ခင် စပ်ကြား ပြည်သူတွေ ငွေကြေး အမြောက်အများ ခေါင်းပုံဖြတ်ခံနေရတဲ့ ကိစ္စပါ။ ဒီအတွက် ဥပဒေကြမ်းကို အမြန်အတည်ပြုပြီး ထီကို သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ပြီး ရောင်းတာကို အမြန်အရေးယူသင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

           voanews.com / Voice of America 

Wednesday, 18 February 2015

ဌက်ပျောပင် အနု ဇီဝ

အကျိုးပြုအနုဇီဝပိုးပါဝင်မှုများတဲ့

" ငှက်ပျောပင်ဇီဝမြေသြဇာအရည်ပြုလုပ်နည်း"

မနက်အစောပိုင်နေမထွက်ခင်မှာငှက်ပျောပင်ကိုအမြစ်ပါ ပါအောင်တူးပါ။နေမထွက်ခင်တူးရင် အနုဇီဝပိုးပါဝင်မှု
များပါတယ်။(အရွက်အချဉ်ဖောက်ရည် လုပ်ရင်လဲအရွက်
ကိုနေအထွက်ခင်ခူးပါ။)ငှက်ပျောပင်တပင်လုံးကို အတုံးသေးသေးလေးတွေဖြစ်အောင် စင်းပါ။စင်းထားတဲ့ငှက်ပျောတုံး ၃ပိဿာကို တင်လဲရည်(ထန်းလျက်၊သကြားညို
လဲသုံးလို့ရပါတယ်) ၁ပိဿာနဲ့ရောပြီးပလက်စတစ်ပုံး(သို့)စဥ့်အိုးထဲသို့ထည့်ပါ။မနက်တစ်ကြိမ် ညနေတစ်ကြိမ်မွှေပေးပါ။၇ ရက်ပြည့်တဲ့အခါမှာ အသုံးပြုလို့ရပါပြီ။

အသုံးပြုနည်း။ ။
ငှက်ပျောပင်ဇီဝမြေသြဇာအရည် တစ်ဆကို 
ရေအဆ ၁၀၀၀ထိရောပြီး အပင်တွေကို လောင်းပေး ၊
ဖြန်းပေးပါ။
စိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မိတ်ဆွေများအဆင်ပြေအောင်မြင်ပါစေ...
{BBC ဦးဝင်းမြင့်ထံမှတဆင့်ပြန်မျှဝေခြင်းဖြစ်ပါတယ်}

Saturday, 14 February 2015

တရား

Htar Htar Moe
တစ်ခါတလေ စာရေးသူက ယောဆရာတော်ဘုရားဆီ အဖေါ်မခေါ်ဘဲ တစ်ပါးတည်း သွားတတ်ပါတယ်။ တစ်ပါးတည်း သွားတယ်ဆိုတာက ဆရာတော်ကို ကိုယ်မေးချင်တာ မေးလို့ရသလို ကိုယ့်မှာ အားနည်းချက်ရှိလို့ ဆရာတော် ဆုံးမရင်လည်း ဘေးလူမသိစေချင်လို့ပါ။ တစ်ခါမှာတော့ နောက်မှာလည်း လူရှိမရှိကြည့်ပြီး လူမရှိတာ သေချာပြီဆိုမှ “ဆရာတော်ဘုရား….တပည့်တော်မှာ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်စိတ်တွေ ဖြစ်မိပါတယ်ဘုရား။ အကုသိုလ်စိတ် ဖြစ်တော့ စိတ်ဆင်းရဲရ ပါတယ်ဘုရား။ ဘယ်လိုပယ်ရပါမလဲ”လို့ မေးတော့..

ဆရာတော်ဘုရားက…. “ဖြစ်တဲ့အကုသိုလ်ကို ရှုမှတ်ပစ်ပေါ့၊ သာသနာမှာ အကုသိုလ်ကိလေသာရှိလို့ အလုပ်လုပ်စရာရှိနေတာ၊ အကုသိုလ် ကိလေသာစိတ်မရှိရင် ရဟန်းတစ်ပါးအနေနဲ့ သာသနာမှာဘာမှလုပ်စရာအလုပ်မရှိတော့ဘူး။ ရဟန်း အလုပ်က ကိလေသာပယ်ဖို့ပဲ၊ သာသနာမှာ ဆရာတော်ကြီးတွေ တော်တယ် တော်တယ်ဆိုတာ အကုသိုလ် ကိလေသာကို ပယ်နိုင်လို့ တော်တာ။ အဲဒီမှာ သတိပါ နေဖို့ပဲ။ သတိပါနေရင် ကိလေသာ ဆယ်ချက်ဖြစ်ရမှာနှစ်ချက် သုံးချက်နဲ့ ရပ်သွားတယ်။ ပြောလိုက်ပေါ့ “အကုသိုလ်ရယ် ပုထုဇဉ်ပဲဖြစ်ပါ၊ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ ဖြစ်ပါ၊ ဒါပေမယ့် နှစ်ချက် သုံးချက် ဖြစ်ရရင် တော်ရောပေါ့ကွာ”လို့ ပြောလိုက်ပေါ့”လို့ မိန့်ပြပါတယ်။

ဆရာတော်ဘုရားက အကုသိုလ်ဖြစ်တာ စိတ်ညစ်စရာ မဟုတ်ပါဘူးတဲ့။ အကုသိုလ်ကို ကိုယ့်ရဲ့ပြိုင်ဘက် လို့ သဘောထား ရပါမယ်တဲ့။ ဆရာတော်ဘုရားက ဥပမာနဲ့ မိန့်ပြပါတယ်။ လက်ဝှေ့ထိုးတဲ့အခါ စင်ပေါ်မှာ တစ်ယောက်တည်းထိုးနေရင် ကြည့်လို့မကောင်းဘူးတဲ့။ အားပေးမယ့် သူလည်း မရှိပါဘူး။ တစ်ယောက်တည်း ထိုးနေရင် အရူးဖြစ်နေမှာပေါ့။ ပြိုင်ဘက်နဲ့ နှစ်ယောက်ထိုးမှ အောက်က ပရိသတ်က လက်ခုပ်တီးပြီး အားပေးတော့တာပါ။ ဒါမှလည်း လက်ဝှေ့ပွဲကို ကြည့်လို့ ကောင်းတာပါတဲ့။ ဒီလိုပါပဲ ဆရာတော်ရဲ့ သြဝါဒအရဆိုရင် အကုသိုလ်စိတ် ဖြစ်လာတဲ့အခါ ဘာမှစိတ်ညစ်မနေပါနဲ့၊ အကုသိုလ်စိတ်ကိုပြိုင်ဘက်လို့ နှလုံးသွင်းပြီး ရှုမှတ်ပစ်ရမှာပါပဲ။ အကုသိုလ် စိတ်ရယ်၊ ရှုမှတ်စိတ်ရယ် ပြိုင်ရတော့မှာပါ။
ဒီတော့ဆရာတော့် သြဝါဒအတိုင်း အကုသိုလ်စိတ် ဝင်လာရင် “ကဲ..ကိုရွှေအကုသိုလ်ရေ မင်းနဲ့ငါပြိုင် ရအောင်၊ မင်းကပဲနိုင်မလား၊ ငါကပဲနိုင်မလား ပြိုင်ကြတာပေါ့”ဆိုပြီး တစ်ယောက်ချင်းပြိုင်ရမှာပါ။ တကယ်လည်း တစ်ယောက်ချင်းပါပဲ၊ ရာဂ ဒေါသ မောဟ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေဟာ နှစ်စိတ်သုံးစိတ် ပြိုင်ဖြစ်လို့မရပါဘူး။ တစ်စိတ်စီပဲဖြစ်ကြရတာပါ။ တစ်ယောက်ချင်းချင်း သူနိုင်ကိုယ်နိုင် ပျှော်စရာ ကြီးပါ။ ပြိုင်ပြီဆိုကတည်းက အနိုင်၊ အရှုံး၊ သရေဆိုတာ ရှိမှာပါ။ အမြဲတမ်းတော့ နိုင်မနေနိုင်ပါဘူး။ နိုင်တဲ့ အခါရှိသလို ရှုံးတဲ့အခါလည်း ရှိမှာပါပဲ။ ရှုံးလည်း ဆက်ပြိုင်နေရမှာပါ။ တကယ်တော့ ဖြစ်ပေါ်လာတဲ့ အကုသိုလ် စိတ်ကို ရှုမှတ်ပစ်တာဟာ ပါရမီဖြည့်နေတာပါပဲ။ ဒီတော့ အကုသိုလ်စိတ်တွေဟာ ကိုယ့်အတွက် ပါရမီဖြည့်ဖို့ တွေပါပဲ။ ဒါကြောင့် ဘယ်လို အကုသိုလ်ပဲဖြစ်ဖြစ် “လာစမ်း အကုသိုလ် ပါရမီဖြည့်ပစ်မယ်”ဆိုပြီ စိန်ခေါ်ရမှာပါ။ ဣဿာမစ္ဆရိယစိတ်ဖြစ်လည်း ဘာဖြစ်လဲ “လာစမ်း ဣဿာမစ္ဆရိယ … ပါရမီဖြည့်ပစ်မည်”ဆိုပြီး ရှုမှတ်ပစ်ရုံပါပဲ။
ဒါကတော့အကုသိုလ်ကို ပွါးများပြီပယ်ပုံ အကျဉ်းပါပဲ။

ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ မူလပဏ္ဏာသပါဠိတော် ဝိတက္က သဏ္ဌာနသုတ်ကလာတဲ့ အကုသိုလ် ပယ်နည်း ငါးနည်းကို အဓိကထား ပြောသွားရအောင်ပါ။
ဝိတက္ကသဏ္ဌာန သုတ်ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ် တရားတွေ ဝင်လာရင် အကြောင်းငါးပါးနဲ့ ပယ်ပုံကို ဟောပြထားတဲ့သုတ်ပါ။ ရာဂ၊ ဒေါသ ၊ မောဟ၊ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်းတရားငါးပါးကို နှလုံးသွင်းပြီးပယ်ဖျောက်ပစ်ရမှာပါ။ အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။

၁။ ကုသိုလ်တရားကို ဆင်ခြင်ပါ။
...............................................
၁။ ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။ ပါဠိတော်မှာတော့ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေပြောင်းပြီး ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ ဆိုတာတော့ ပြမထားပါဘူး။ ဒါကို အဋ္ဌကထာက ကုသိုလ်နဲ့ စပ်ယှဉ်တာတွေကိုဖွင့်ပြပေးပါတယ်။ ရာဂဖြစ်လာရင် အသုဘဘာဝနာ နှလုံးသွင်းပြီး ဖျောက်ပါတဲ့။ ဒေါသဖြစ်လာရင် မေတ္တာပွါးပြီး ဖျောက်ပါတဲ့။ ဒီကဏ္ဍမှာပဲ မဟာစည်ဆရာတော် ဘုရားကြီးက “ဘယ်ကိလေသာမဆို ဖြစ်ပေါ်လာရင် သမထတစ်ခုခုကို နှလုံးသွင်းပြီးဖျောက်ရပါမယ်”လို့ မိန့်ထားပါတယ်။ ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။

ဒီတော့ ဆရာတော်ဘုရားကြီး မိန့်မှာတာကို အာရုံပြုပြီး အကုသိုလ် ကိလေသာ စိတ်တစ်ခုခု ဝင်လာတဲ့အခါ ကိုယ်အားသန်ရာ သမထကုသိုလ် တစ်ခုခုကို ပွါးပြီး ပယ်လိုက် လို့လည်း ရပါတယ်။ ဥပမာ- အကုသိုလ်စိတ် တစ်ခုခုဝင်လာတာနဲ့ အရဟံဂုဏ်တော် လေးပဲဖြစ်ဖြစ်၊ ပွါးနေလိုက်ရင်လည်း ပျောက်သွားတာများပါတယ်။ ဒါမှမဟုတ် “ ငါသည် မုချဧကန် သေရမည်။ ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်း သည်မြဲ၏”လို့ မရဏာနုဿတိကို ထပ်ကာ ထပ်ကာ ပွါးနေလိုက်လို့လည်း ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သေခြင်း တရားအကြောင်းကိုတွေးလိုက်ရင် အကုသိုလ်စိတ် ဖြစ်ချင်စရာ မရှိတော့ပါဘူး။

၂။ အပြစ်ကို ဆင်ခြင်ပါ။
..................................
၂။ ကုသိုလ်တရားတွေ နှလုံးသွင်းလို့မှ မပျောက်ရင် အကုသိုလ်ရဲ့အပြစ်ကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။ ရင်ထဲမှာ အကုသိုလ်စိတ် ဖြစ်လာရင် “ဒီအကုသိုလ် တွေဟာ အပါယ်လေးပါးကို ကျသွားနိုင်တယ်၊ စားရမဲ့ သောက်ရမဲ့ ပြိတ္တာလည်း ဖြစ်သွားနိုင်တယ်။ သုဂတိဘဝကိုလည်း မရောက်နိုင်ဘူး။ သံသရာ ခရီးတစ်လျှောက် ဘဝကို ကမောက်ကမ ဖြစ်သွားနိုင်တယ်” စသည်ဖြင့် ဆင်ခြင်ပြီး ဖျောက်ရပါမယ်။ လူတွေဟာ အကုသိုလ်လုပ်ရမှာသာ မကြောက်တာ၊ အကုသိုလ်ရဲ့ အပြစ်ခံရမှာတော့လူတိုင်းကြောက်ကြ ပါတယ်။
အသိတစ်ယောက် ကတော့ ဘုရားရှိခိုးပြီးတိုင်း “ငရဲနှင့်ဆင်းရဲ ကင်းလွတ် ရပါလို၏”လို့ အမြဲ ဆုတောင်း ပါသတဲ့။ ရင်းနှီးနေတာနဲ့စာရေးသူက ပြန်ပြော လိုက်ပါတယ်။ “ညညကျတော့ ခြင်ရိုက်တဲ့ လျှပ်စစ်ဘက်တံကြီး နဲ့ ခြင်တွေ သတ်သတ်နေပြီးတော့ လွတ်ပါလိမ့်မယ် ငရဲနဲ့ ဆင်းရဲ”လို့ ပြောမိပါတယ်။ ငရဲနဲ့ ဆင်းရဲကိုတော့ လူတိုင်းကြောက်ကြပါတယ်။ အထူးသဖြင့် ငရဲကိုတော့ ပိုလို့တောင် ကြောက်ကြ ပါသေးတယ်။ ဒါကြောင့် အကုသိုလ်စိတ်ဖြစ် လာရင် ငရဲကို ဆင်ခြင်လိုက်လို့လည်းရပါတယ်။ ငရဲကိုဆင်ခြင်၊ သံဝေဂဖြစ်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ရဟန္တာဖြစ်သွားတဲ့ သီဟိုဠ် ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင်ပါသေးတယ်။
တခါတုန်းက သီဟိုဠ်ကျွန်းမှာ မိလက္ခဆိုတဲ့ မုဆိုးကြီး တစ်ယောက်ရှိပါတယ်။ သူကမိသားစု အတွက်မုဆိုးလုပ်ပြီး ကျွေးပါတယ်။ ဒါတင်မက ပါဘူး တောထဲသွားတဲ့အခါ တောထဲမှာပဲရတဲ့ သားကောင်တွေကို ဖုတ်ကင် စားသောက်လေ့ရှိပါတယ်။
တစ်နေ့တော့ သားကောင်တွေ ဖုတ်ကင်စားသေက်ပြီး ရေဆာလို့အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်း ကိုဝင်ပါတယ်။ ရေအိုးကိုဖွင့် လိုက်တော့ ရေက တစ်စက်မှ မရှိပါဘူးတဲ့။ ဒီတော့ မုဆိုးကြီးက ဘာပြောလိုက်သလဲ ဆိုတော့ “ ရဟန်းတွေက ခရီးသွားတွေအတွက် ရေလေးတောင် ထည့်မထားကြဘူး။ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမ လှူတာစားပြီး အိပ်နေကြတာပဲ”လို့ အသံထွက် ကဲ့ရဲ့လိုက်ပါတယ်။ ဒါကို ကျောင်းထိုင် မထေရ်က ကြားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေတွေ အပြည့် ရှိနေပါသတဲ့။ မထေရ်က “အင်း… လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ” ဆိုပြီး ရေကို ကိုယ်တိုင် တိုက်ပေး ပါတယ်။
အကုသိုလ်ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ တစ်ဆင့်ကြားဖူးတာပါ။ တစ်ခါတုန်းက အင်းသူကြီး တစ်ယောက် ရန်ကုန်မြို့ကို လာရင်း ရွှေတိဂုံစေတီကိုတက်ဖူးပါသတဲ့။ ဒါပေမယ့် ရင်ပြင်ပေါ်ရောက်တော့ ရွှေတိဂုံကို မမြင်ရပါဘူးတဲ့။ ဒီတော့ အင်းသူကြီးက နယ်ပြန်ရောက်တဲ့ အခါ ချောင်းထဲက သူ့အင်းတိုင် တွေကို “ဒီ အင်းတိုင်တွေက ငါတို့ မိသားစုကို ထမင်းကျွေးတာပဲ”ဆိုပြီး အင်းတိုင်တွေကိုရွှေချထားပါသတဲ့။ အကုသိုလ်ကံတွေ သိပ်များလာရင် သဘာဝတရား တွေက ပုံမှန်အတိုင်း ဖြစ်နေပေမယ့် သူတို့အတွက်တော့ပြောင်းပြန် ဖြစ်ချင်ဖြစ်နေ တတ်ပါတယ်။ အပြင်မှာ ဘယ်လောက်ပဲ အေးနေအေးနေ သူတို့အတွက် ပူချင်ပူနေတာပါ။မိတ်ကောင်းဆွေကောင်း တွေက တရားစကားတွေနဲ့ ဘယ်လောက်ပဲဖေးမ ဖေးမ၊ မတရားစကားလို့ပဲ ထင်နေတော့တာပါ။ ဘယ်သူ့ ကိုမှလည်း အကောင်းမမြင် တော့ပါဘူး။ ကိုယ့်မှာ တရားနဲ့ဖေးမ ပေးတဲ့ မိတ်ကောင်းဆွေကောင်း လည်း သိပ်လိုအပ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းဆိုတာ ငွေထက်တန်ဖိုးရှိပါတယ်။ အချိန်မီသိပြီး အချိန်မီကုစားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အကုသိုလ်နွံနစ်သွားရင် ကယ်ဖို့ခက်သွားပါပြီ။ ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရတော့တာပါ။
ကျောင်းထိုင်မထေရ်က မုဆိုးကြီးကို ရေတိုက်ပြီး “ဒကာ… သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက ကြောက်စရာကြီး၊ သင်လူစင်စစ်က ပြိတ္တာဖြစ်နေပြီ ကိုယ့်ဟာကိုယ် စဉ်းစားပေတော့”လို့ မိန့်ပါတယ်။ မုဆိုးကြီးလည်း ကြောက်လန့်သွားပြီး တောထဲမှာ ထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်ဆီး ပစ်လိုက်ပါတယ်။ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မိထား လှောင်ထားတဲ့ သားကောင်တွေကို ပြန်လွှတ် ပေးလိုက်ပါတယ်။ ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ တရားဟောလိုက်တဲ့ မထေရ်ဆီပြန်လာပြီး ရဟန်းဝတ်လိုက်ပါတယ်။ ရဟန်းဝတ်ပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ် ပါတယ်။ ဒါပေမယ့် တရားထိုင်တဲ့အခါမုဆိုးဘဝက သတ်ခဲ့ဖြတ်ခဲ့တာတွေ အကုန်ပြန်ပေါ်နေလို့ တရားကိုဘယ်လိုမှအားထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။ နောက်ဆုံး စိတ်ဓာတ်ကျပြီး လူထွက်တာပဲ ကောင်းပါတယ်ဆိုပြီး မထေရ်ထံ လူပြန်ထွက်ပေးဖို့ ခွင့်တောင်းပါတယ်။ ဒီတော့မထေရ်က မုဆိုးဦးဇင်းကြီးကို ငရဲအကြောင်း ဟောပြပါတယ်။ ပြီးတော့ “သင်လူထွက်ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်”လို့ ဟောလိုက်ပါတယ်။
မုဆိုးဦးဇင်းကြီး ကလည်း “အဲဒီငရဲကို ကြည့်လို့ မရဘူးလား”လို့ လျှောက်ပါတယ်။ ကျောင်းထိုင် မထေရ်က “ငရဲတော့ ကြည့်လို့မရဘူး၊ တခြား တစ်နည်း နဲ့ ပြတာပေါ့”ဆိုပြီး ကိုရင်တွေကို သစ်သားထင်းအစိုတွေ အများကြီး ရှားခိုင်းပြီး ကျောက်ဖျာပေါ်မှာ ပုံခိုင်းလိုက်ပါတယ်။ တန်ခိုးနဲ့ ငရဲကနေ မီးပွါးလေး တစ်ခုယူပြီး ထင်းအစိုပုံကြီးပေါ် ပစ်ချလိုက်တာ တစ်ခါတည်းထင်းအစိုပုံကြီး ပြာဖြစ်သွားပါတယ်။ ဒါကို မြင်လိုက်ရတော့ မုဆိုး ဦးဇင်းကြီး ငရဲကို ပိုကြောက်သွားပါတယ်။ လူမထွက်တော့ဘူးဆိုပြီး တရားကို ကြိုးကြိုးစားစား ပြန်အားထုတ် ပါတော့တယ်။ ညပိုင်းမှာ သိပ်အိပ်ငိုက်လာရင် ကောက်ရိုး ကရွတ်ခွေကြီးလုပ်ပြီး အဲဒီ ကောက်ရိုးကရွတ်ခွေကြီးကို ရေစိမ်၊ ရေတွေ တစ်စက်စက်ကျနေတဲ့ ကရွတ်ခွေကြီးကို ခေါင်းပေါ် တင်ထားလိုက်ပါတယ်။ ဒီတော့ အိပ်ချင်စိတ် တွေ ပျောက်သွားပါတယ်။ ဆက်လက်ပြီး အားထုတ်လိုက်တာ ရဟန္တာဖြစ် သွားပါတော့တယ်။ ငရဲကို ဆင်ခြင်လိုက်လို့ ရဟန္တာဖြစ်သွားတာတော့ မဟုတ်ပါဘူး။ “ဝိပဿနာအစ သံဝေဂက” ဆိုတဲ့အတိုင်း ငရဲကို ဆင်ခြင်၊ ဆင်ခြင်မှုကတဆင့်သံဝေဂဖြစ်။ သံဝေဂကို အခြေခံပြီး ဝိပဿနာ ရှုမှတ်လိုက်တာ တရားထူး ရသွားတဲ့ သာဓကတစ်ခုပါ။ ငရဲကို ဆင်ခြင်လိုက်တာနဲ့ သံဝေဂဖြစ်၊ ရဟန္တာတောင် ဖြစ်သွားသေးတာ ဆိုတော့ အကုသိုလ်စိတ် ပျောက်ဖို့လောက်တော့ ကောင်းကောင်းကြီး အကူအညီ ပေးနိုင်ပါတယ်။ ဒီသာဓကကို ထောက်ပြီး အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်ပြီး ဖျောက်လို့လည်း ရပါတယ်။

၃။ နှလုံးမသွင်းပါနဲ့
............................
နံပါတ်(၃)က အကုသိုလ်အပြစ်ကို ဆင်ခြင်လို့မှ မပျောက်ရင် အဲဒီ အကုသိုလ်စိတ်ကိုနှလုံးမသွင်း ပါနဲ့တဲ့။ နှလုံးမသွင်းပါနဲ့ရဲ့ နောက်မှာ အဋ္ဌကထာက တစ်ခြားအာရုံကိုဖြစ်စေလိုက်ပါတဲ့။ တချို့ အတွေးတွေဟာ တွေးလိုက်ရင် ကုသိုလ်ဖြစ်ပါတယ်။ တချို့ အတွေးတွေ ကျတော့ တွေးလိုက်ရင် အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ် ဖြစ်တဲ့အတွေးကို မှတ်ထားပြီး မတွေးမိအောင်နေရမှာပါ။ နှလုံးမသွင်းပါနဲ့၊ မတွေးပါနဲ့ ဆိုပေမယ့် တွေးချင်တွေးနေမှာပါ။ စိတ်ကိုထိန်းချုပ်ဖို့ သိပ်ခက်ပါတယ်။ ဒီတော့အကုသိုလ်အတွေးကို တခြားအာရုံ တစ်ခုနဲ့ အစားထိုးပေးရမှာပါ။ တချို့ကျတော့လည်း မကျေနပ်တဲ့အာရုံကို သေချာပုံဖေါ် သေချာနှလုံးသွင်းပြီး အကုသိုလ်ဖြစ်နေတာပါ။ နှလုံးသွင်းလေ အကုသိုလ်စိတ် ဖြစ်လေပါပဲ။ နှလုံးမသွင်းရင်အကုသိုလ်စိတ် မဖြစ်ပါဘူး။ ဒီနှလုံးမသွင်းပါနဲ့ ကဏ္ဍကိုအဋ္ဌကထာမှာ အဆင့်ဆင့် အကျယ်ဖွင့်ပြထားတာ အကုသိုလ်စိတ် ပယ်ချင် သူတွေအတွက် သိပ်စိတ်ဝင်စားဖို့ ကောင်းတာပါ။ နှလုံးမသွင်းပါနဲ့တဲ့။ အဲဒီလိုမှမပျောက်ရင် ကမ္မဋ္ဌာန်း အပေါ်ကျေးဇူး များတဲ့ ပါဠိကို အသံခပ်ကျယ်ကျယ်နဲ့ ရွတ်ပစ်လိုက်ပါတဲ့။ ခပ်တိုးတိုးတောင် မဟုတ်ပါဘူး။ အသံကျယ်ကျယ်နဲ့ ရွတ်ရမှာပါ။ ဒါကိုထောက်ပြီး အကုသိုလ်စိတ် ဝင်လာရင် ရထားတဲ့ပါဠိကို လမ်းကိုရှေ့နောက် အပြန်ပြန် လျှောက်ပြီး ရွတ်နေလိုက်ရုံပါပဲ။ ဥပမာ… ဒိဝါတပတိ ဂါထာ ရွတ်နေကျ ဆိုရင်လည်း လမ်းလျှောက်ရင်း အခေါက်တစ်ရာလောက် ရွတ်ပစ်လိုက်ပေါ့။ စာမှာ ပြထားတဲ့အတိုင်းအသံ ကျယ်ကျယ်နဲ့ ရွတ်ပေးရမှာပါ။ အခေါက်တစ်ရာ ပြည့်သွားတဲ့အခါ အကုသိုလ် လည်းပျောက်၊ ကုသိုလ်လည်း ရောက်ပါပဲ။ အကျိုးနှစ်ခုရတော့တာပါ။
အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊ တရားဂုဏ် အကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေ ဖတ်လိုက်ပါတဲ့။ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ “ရတနာ့ဂုဏ်ရည်”၊“ကိုယ်ကျင့်အဘိဓမ္မာ” ၊ ဦဇင်းအရှင် ဆန္ဒာဓိကရဲ့ “လိုတရနှလုံးသား”စသည်ဖြင့် အများကြီးပါပဲ။ စိတ်ကစာထဲ ရောက်သွားတာနဲ့ အကုသိုလ်က ပျောက်သွားတာပါပဲ။ တချို့ဆို စာအုပ်တစ်အုပ်ဖတ်ပြီး ဘဝတစ်ခုလုံး တောင်ပြောင်းသွား သေးတာဆိုတော့ အကုသိုလ်စိတ် ပျောက် ဖို့ လောက်တော့ မခက်ပါဘူး။ ဒီတော့အကုသိုလ်ဝင်လာရင် စာဖတ်လိုက်ပါ။ ဒီနေရာမှာ အဋ္ဌကထာဆရာက အကုသိုလ်စိတ် ဝင်လာတဲ့အခါ ဝေယျာဝစ္စတစ်ခုခုကို ထလုပ်လိုက်လို့ အကုသိုလ်စိတ် ပျောက်သွားပုံလေးကို သီဟိုဠ်ဝတ္တုလေး တစ်ပုဒ်နဲ့ သာဓက ပြထားပါသေးတယ်။ အဲဒီဝတ္ထုလေးက စာရေးသူရဲ့ “ကုသိုလ်ဖြစ်အောင်တွေးမယ်” စာအုပ်ထဲမှာ ပါပြီး သားဆိုတော့ ခပ်ကျဉ်း ကျဉ်းပဲ ရေးပြရအောင်ပါ။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါးရှိပါတယ်။ တစ်နေ့တော့ ကိုရင်တိဿဟာ အကုသိုလ် ကာမဝိတက်တွေ ဝင်လာပြီး လူထွက်ချင်စိတ် ပေါက်လာပါတယ်။ ဒါကြောင့် ဆရာဥပဇ္ဈာယ်ကို လူထွက်ချင်ကြောင်း သွားလျှောက်ပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင်လူထွက် လိုက်ပါ။ တို့မတားပါဘူး။ ဒါပေမယ့် တို့နေတဲ့အရပ်ဟာ ချိုးရေရှားတယ်။ရေပေါတဲ့စိတ္တရတောင်ဘက်ကို ပို့ပေးပါဦး”လို့ မိန့်ပါတယ်။ ကိုရင်တိဿလည်း ရေပေါတဲ့ စိတ္တရတောင်ဘက်ကို ပို့ပေးပါတယ်။ စိတ္တရတောင်ရောက်တော့ ဆရာက တစ်ခါ “ဒီစိတ္တရတောင်မှာ ရှိတဲ့ကျောင်းတွေဟာ အများပိုင်ကျောင်း တွေ၊ သံဃိကကျောင်းတွေဆိုတော့ အစစ အရာရာဆင်ခြင်နေရတယ်။ ဒါကြောင့် ကိုယ်ပိုင်ကျောင်းလေး တစ်ကျောင်းတော့ လိုချင်တယ်။ လူမထွက်ခင် ဆောက်ပေးခဲ့ပါဦး”လို့ ထပ်မိန့်တော့ ကိုရင်တိဿလည်း ဆရာကို နောက်ဆုံး ကျေးဇူးဆပ်ခြင်းဆိုပြီး ကျောင်းငယ်လေးကို ကိုယ်တိုင်ဆောက်ပေးပါတယ်။
ကျောင်းဆောက်ရင်း တေဇောကသိုဏ်း လည်းပွါး၊ သံယုတ္တနိကာယ်ကိုလည်း ရွတ်ဖတ်နေပါတယ်။ ကျောင်းပြီးတော့ ဆရာကို ခေါ်ပြပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင့်ကျောင်းလေးက သိပ်ကောင်းတာပဲ၊ဒီတစ်ညတော့ သင်ဆောက်တဲ့ ကျောင်းလေးမှာ သင်ပဲအိပ်လိုက်ပါဦး၊ ပြီးတော့ လူမထွက် ခင် ဝိပဿနာ တရားကိုလည်း ကျောင်းလေးထဲမှာပွါးများလိုက်ပါဦး”လို့ မိန့်ပါတယ်။ ကိုရင်တိဿလည်း တရားတွေပွါးများ လိုက်တာ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတော့တယ်။ အဋ္ဌကထာဆရာက အကုသိုလ်ဝိတက်တွေ ဝင်လာတဲ့အခါ ဝေယျာဝစ္စ ကျောင်းဆောက်မှုကို လုပ်လိုက် တာ အကုသိုလ် ဝိတက်တွေ ပျောက်ပြီး ရဟန္တာဖြစ်သွားပုံကို ပြထားတာပါ။ ကိုယ်ကဒီသာဓကလေးကို ထောက်ပြီး အကုသိုလ်စိတ်ဝင်လာတဲ့အခါ ဝေယျာဝစ္စတစ်ခုခုကို ထလုပ်လိုက်ဖို့ပါ။ အဝတ်လျှော်တာ၊ တံမြက်စည်း လှည်းတာ၊ ဘုရားပန်းအိုးလဲတာ စသည်ဖြင့်ပေါ့။
မန္တလေးက ဒကာမတစ်ယောက်ကတော့ စိတ်ဆိုး ဒေါသထွက်လာရင် ဘီဒိုထဲမှာ ခေါက်ထားတဲ့ အဝတ် တွေကို အကုန်ဆွဲချ လိုက်ပါသတဲ့။ ပြီးတော့ ဖွပစ်လိုက်ပါသတဲ့။ ပြီးမှ တစ်ထည်ချင်း ပြန်ခေါက်ပါသတဲ့။ ဘီဒို တစ်လုံးစာ ခေါက်ပြီးသွားရင် စိတ်ဆိုး ဒေါသတွေ ပြေသွားပါသတဲ့။ သူရဲ့ အကုသိုလ် ပယ်နည်းကလည်း မှတ်သားစရာပါပဲ။အဓိကကတော့ ဝင်လာတဲ့ အကုသိုလ် ပျောက်သွားဖို့ပါပဲ။ ကိုယ်ကြိုက်ရာ နှစ်သက်ရာ အလုပ်တစ်ခုကို ထလုပ်လိုက် ဖို့ပါ။ အကုသိုလ် အာရုံနေရာမှာ တခြားအာရုံတစ်ခုနဲ့ အစားထိုးလိုက်တဲ့ သဘောပါ။ ဒီနှလုံးမသွင်းပါနဲ့ဆိုတဲ့ကဏ္ဍမှာပဲ မဟာစည်ဆရာတော် ဘုရားကြီးက-ရှုမှတ်မှုကို ခဏရပ်ထားပြီး နှစ်နာရီ သုံးနာရီ လောက်ပဲဖြစ်ဖြစ်နေ့ဝက်ပဲဖြစ်ဖြစ်၊ တစ်နေ့ပဲဖြစ်ဖြစ် မေ့မေ့ပျောက်ပျောက် အတူတူ နေပုဂ္ဂိုလ်တွေနဲ့ အလွတ်စကား ပြောနေလိုက်ပါတဲ့။ ဒီတော့ အကုသိုလ်ဝင်လာရင် မိတ်ဆွေ တစ်ယောက်ယောက်ဆီ ဖုန်းဆက် လို့ပဲဖြစ်ဖြစ် သွားလို့ပဲဖြစ်ဖြစ် အလွတ်စကားတွေ အေးအေး ဆေးဆေးပြောနေလိုက်ပေါ့။ စိတ်က စကားထဲမှာပဲ ရောက်နေတဲ့ အတွက် ဖြစ်နေတဲ့ အကုသိုလ်ကို အာရုံမရောက် တော့ပါဘူး။
ဒါမှမဟုတ်ရင်လည်း စေတီကိုသွားဖူးလိုက်ပါတဲ့။ ဒီတော့ အကုသိုလ်စိတ် ဖြစ်လာရင် ရွှေတိဂုံစေတီပဲ ဖြစ်ဖြစ်၊ ဆူးလေစေတီပဲ ဖြစ်ဖြစ်၊ မဟာမြတ် မုနိပဲဖြစ်ဖြစ်၊ ကိုယ့်မြို့မှာရှိတဲ့ စေတီတစ်ဆူဆူပဲ ဖြစ်ဖြစ် သွားဖူးလိုက်ဖို့ပါ။ နောက်ဆရာတော်ကြီးက ရေချိုးပါ၊ အဝတ်လျှော်ပါတဲ့။ နောက်ဆုံး အိပ်လိုက မရှုမှတ်တော့ဘဲ အိပ်ပစ် လိုက်ပါတဲ့။ ဆရာတော်ဘုရားကြီးက အကုသိုလ်ကို ရှုမှတ်မှုနဲ့ မပယ်နိုင်ရင်တောင် တစ်ခြားရတဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်နိုင်ဖို့ မိန့်ပြထားတာပါ။ဆရာတော် ဘုရားကြီးရဲ့ မေတ္တာကရုဏာ တော်ပါပဲ။ အကုသိုလ် ဖြစ်လာရင်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ပယ်ပစ်နိုင်ဖို့ပါပဲ။ အကုသိုလ်စိတ် ဖြစ်ပုံခြင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ အကုသိုလ် ပယ်နည်းတွေ အများကြီးရှိပေမယ့် ပယ်တဲ့နေရာမှာလည်း တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယ သင့်ပုံခြင်း မတူနိုင်ပါဘူး။ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် အရကောက်လိုက်တော့ အကုသိုလ်ကတော့ အကုသိုလ်ပါပဲ။
အကုသိုလ်စိတ် တစ်ခုဝင်လာရင် တချို့ကျတော့ ဂါထာရွတ်လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဝေယျာဝစ္စတစ်ခုခု လုပ်လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ ဘုရား စေတီ သွားဖူးလိုက်ရင် ပျောက်သွား ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယသင့်ပုံခြင်း မတူတော့ ကိုယ်နဲ့ သပ္ပါယ သင့်တဲ့နည်းနဲ့ ပယ်ရမှာပါ။ ဒီတော့ ကိုယ်နဲ့ သပ္ပါယ သင့်တဲ့နည်းကို သိထားဖို့ သိပ်အရေးကြီး ပါတယ်။ အကုသိုလ်စိတ် ဝင်လာတဲ့အခါ နည်းမျိုးစုံနဲ့ စမ်းကြည့်ပေါ့။ ကိုယ်နဲ့အဆင်ပြေတဲ့ နည်းကို မှတ်ထားလိုက်ဖို့ပါ။ နှလုံးမသွင်းပါနဲ့ ဆိုတဲ့ကဏ္ဍမှာတော့ အဋ္ဌကထာမှာကော မဟာစည်ဆရာတော် ဘုရားကြီးကကော အကျယ်ဖွင့်ပြထားပါတယ်။ ဒီမှာတော့ လူနဲ့ဆိုင် တာတွေလောက်ပဲ ခပ်သင့်သင့် ရေးပြလိုက်ပါတယ်

၎။ အကြောင်းကိုရှာပ
.................................
၎။ နှလုံးမသွင်းဘဲနေလို့မှ မပျောက်ရင် အကုသိုလ် ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကိုရှာပြီး ဖျောက်ပါတဲ့။ အဋ္ဌကထာက အကြောင်းရင်းရှာပုံကို ဇာတ်ဝတ္ထုလေးနဲ့ ပြထားပါတယ်။ အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။ ထန်းပင်တွေနဲ့ ရောနေတဲ့ဥသျှစ် ပင်အောက် မှာ ယုန်တစ်ကောင် ဝပ်နေတုန်း ဥသျှစ်သီးကြွေကျတာကို မြေပြိုပါပြီ ဆိုပြီး ထွက်ပြေးကြတဲ့ဝတ္ထုပါ။ သတ္တဝါတွေ အဆင့်ဆင့်ပြေး ရင်း နောက်ဆုံး ဘုရားအလောင်း ခြင်္သေ့မင်းက ဥသျှစ်သီးကိုပြပြီး မြေပြိုတာမဟုတ်ဘူး၊ ဥသျှစ်သီး ကြွေကျတာလို့ ပြောပြတဲ့ ဝတ္ထုလေးပါ။ အဋ္ဌကထာဆရာက ဘုရားအလောင်းဟာ အကြောင်းရင်း ရှာပြလိုက်တဲ့အတွက် သတ္တဝါတွေ ချမ်းသာ သွားရသလို အကုသိုလ်ဖြစ်လာရင် အကြောင်းရင်း ရှာဖျောက်ပါလို့ ဥပမာသာဓကနဲ့ ရှင်းပြထားပါတယ်
တစ်ခါတလေ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက သေးသေးလေးပါ။ ကိုယ်က ပုံကြီးချဲ့တွေးပြီး ခံစားနေလို့ အကုသိုလ်က ကြီးသထက်ကြီးနေ တာပါ။ အကြောင်းရင်း သိရတဲ့အခါ ခပ်ပါးပါးလေးရယ်ပါ။ ခွင့်လွှတ် မယ်ဆိုရင် ခွင့်လွှတ်လို့ရတဲ့ အရာလေးပါ။ တစ်ခါတလေ ကျတော့လည်း ကိုယ့်စိတ် ကူးနဲ့ကိုယ် အထင်မှားနေတာ လည်းရှိပါတယ်။ တကယ်တမ်းကျတော့ ကိုယ်ထင်သလို မဟုတ်ပါဘူး။ အကြောင်း ရင်းကို သိလိုက်ရတော့ ဘာမှလည်း မဟုတ်တော့ပါဘူး။ အကုသိုလ်ဖြစ်တာပဲ အဖတ် တင်ပါတယ်။

၅။ သွားအံကိုကြိတ်ပါ။
...............................
၅-က အကြောင်းရင်းရှာလို့မှ မပျောက်ရင် သွားတွေ အံတွေကြိတ်ပြီး ဖျောက်ပါတဲ့။ လျှာနဲ့ အာခေါင်ကို ထောက်ပြီး ဖျောက်ပါတဲ့။ ဒါတွေကတော့ ဝိတက္ကသဏ္ဌာနသုတ် ကလာတဲ့ အကုသိုလ် ပယ်နည်းတွေပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် သပ္ပါယသင့်ပုံ ခြင်းမတူတော့ ကိုယ်ကြိုက်တဲ့နည်းနဲ့ ပယ်ရုံပါပဲ။ ကိုယ့်ကိုယ်ကို အသစ်ပြန် တည်ဆောက်တဲ့ သူဟာ အလုပ်နှစ်ခုကို လုပ်ရပါမယ်။ တစ်ဖက်က ဝင်လာတဲ့ အကုသိုလ်တွေကို ပယ်ပစ်ရမှာဖြစ်သလို တစ်ဖက်ကလည်း ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။ အသစ်တည်ဆောက်ဖို့ မိနစ်နှစ်ဆယ် စောထပါ။ အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။
သိက္ခာသုံးပါး တည်ဆောက်တဲ့ နေရာမှာ မနက်အိပ်ရာထ ကိုယ်လက်သန့်စင်ပြီး တဲ့အခါ တည်ဆောက်တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မနက်အိပ်ရာထစ ဆိုတော့ ဘာအာရုံမှ မတွေ့သေးပါဘူး။ ဒီတော့ အာရုံကြောင့်ဖြစ်တဲ့ အကုသိုလ် မဝင်သေးပါဘူး။ အကုသိုလ် ဝင်မလာ သေးတဲ့အတွက် စိတ်ကလည်း ကြည်လင် နေပါတယ်။ ဒါကြောင့် ကိုယ်လက် သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ်ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပို တစ်ခုရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထ လိုက်ပါ။ မိနစ်နှစ်ဆယ် လောက်တော့ ကိုယ့်အတွက် အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။ အိပ်ချိန်မထိခိုက်သလို မိသားစုအလုပ်၊ ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ်စော အိပ်ရာဝင် လိုက်ပါ။
ဒီတော့ ကိုယ်လက် သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုက်ပါ။ ဦးချတာ သီလ ယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာ တည်သွား သလို သီလဝိသုဒ္ဓိ= သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။
နောက် ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကိုငါးမိနစ်၊ မရဏာနုဿတိကို နှစ်မိနစ်၊ ဝိပဿနာကို ငါးမိနစ်ပွါးလိုက်ပါ။ ဒါဆိုအားလုံးပေါင်း မိနစ်နှစ်ဆယ်ရှိပါလိမ့်မယ်။ မိနစ်နှစ်ဆယ် အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကို အသစ်တည်ဆောက်ပြီးသား ဖြစ်သွားသလို သီလဖြူ စင်သူလည်းဖြစ်၊ သိက္ခာသုံးပါး တည်သူလည်း ဖြစ်သွားတော့တာပါ။ ဒီလိုပါပဲ။ မနက်မိနစ်နှစ် ဆယ်စောထပြီး သိက္ခာသုံးပါး ဆောက်တည် တာေ
 —  with Yawainwe Inn Ma
Timeline Photos · Yesterday at 11:22pm · View Full SizeSend as MessageReport Photo

ဒန့်သလွန်မှုန့်

ဒန်သလွန်အရွက်ခြောက်မှုန့်ပြုလုပ်နည်းစနစ်များ

၁။ ဒန့်သလွန်အရွက်ကို အရိုးသင်ပြီး အရွက်သီးသန့်ယူပါ။ ရေစင်အောင်ဆေးပါ။

၂။ ရေခြောက်အောင်စစ်ပြီး နေလုံးဝမထိအောင် အေး၍ ခြောက်သွေ့သော အခန်းထဲ( ဖုန်မတက် သန့်ရှင်းသော အခန်း)တွင် သဘာဝအတိုင်း အခြောက်ခံပါ။

၃။ ခန့်မှန် ၃၊ ၄ ရက်အကြာ အရွက်ခြောက်များ ကြွပ်ရွကာ သဘာဝအတိုင်းခြောက်သွေ့လာပါမယ်။

၎။ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ရန် သစ်သီးဖျော်စက်ရှိက သုံးနိုင်သည်။ မရှိက ဆုံတွင်ညက်ညက်ကြေအောင် ထောင်းပါ။

၅။ အစိမ်းရောင်စိုစို အမှုန့်ရရှိပါမည်။ မြန်မာပြည်ကဲ့သို့ ရာသီဥတုတွင် အလွယ်တကူရရှိနိုင်သော ဒန့်သလွန်ကို မြန်မာပြည်သားများ တန်ဖိုးမထားကြ အလွယ်တကူ ပေါများစွာ ရရှိခြင်းကြောင့် ဖြစ်မည်။

*** အအေးပိုင်းဒေသ နိုင်ငံများအဖို့ ဒန့်သလွန် စိုက်ပျိုး၍ မဖြစ်ထွန်းသဖြင့် အရွက်ခြောက်မှုန့်၊ လက်ဖက်ခြောက်ကဲ့သို့ သောက်သုံးနိုင်သော moringa tea အစရှိသဖြင့် တန်ဖိုးမြင့် ထုတ်ကုန်များကို ၁ ပေါင် သာသာ အလေးချိန်ကို
( မြန်မာငွေ ခန့်မှန်း ၃၀၀၀၀ ကျော် ) ပေးဝယ်ကာ နှစ်ချိုက်စွာ စားသုံးကြပါသည်။

၅။ အမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း ကျော်ကျော်ကို ဖန်ခွက်တွင်ထည့်ကာ ရေနွေး အလောတော်ထည့်ကာ ခဏတာမျှ အနည်ထိုင်ပါစေ။ အပေါ်ယံ အရည်ကြည်ကို သောက်သုံးနိုင်ပါသည်။ ဆီးချို မရှိပါက အရသာအနေဖြင့် ပျားရည်ထည့်သောက်နိုင်ပါသည်။ သီးသန့်သောက်ပါက အဝင်ဆိုးသော ညှိစို့စို့ အနံ့ရှိပါသည်။ 

***** internet မှ ရှာဖွေတွေ့ရှိသော စကားရယ်ပါ။ ရယ်စရာအနေဖြင့်ပြောရရင် ဒန့်သလွန် အရွက်ခြောက်မှုန့်သောက်ရတာက မိန်းမရွှင် အနံ့ရပါသည်တဲ့။ 

***** ထိုမျှ အဝင်ဆိုးပါသော်လည်း သောက်သုံး၍ ကြာလာသော် ထိုထို မိန်းမရွှင်အနံ့ကိုမှ နှစ်ချိုက်စွာပင် အရသာတွေ့ပါလိမ့်မည် ဟု ရယ်စရာအနေဖြင့် ရေးထားတာ တွေ့ရသောအခါ၊ အဝင်ဆိုးပေမယ့် မှန်မှန်သောက်သုံးပါ ကောင်းကျိုးများပါသည်။

၆။ အခြားအသုံးအနေဖြင့် ဟင်းချိုချက်ရာ၌ အရွက်စိုအစားသုံးနိုင်သည်။ တခြား ဟင်းများချက်တိုင်း ထည့်သုံးနိုင်သည်။ 

၇။ အရွက်ခြောက်မှုန့်သည် အရွက်စိမ်းအစို ( ၇ ဆ ) နှင့်ညီမျှသည်။ အရွက်စို ( ၇ ကျပ်သား ) အခြောက်ခံပါမှ အရွက်ခြောက်မှုန့် ( ၁ ကျပ်သား ) ရရှိမည့်သဘောပါ။

Start to enjoy our nature moringa oleifera

မုယားကြီး


Nine Emerald Threads/NET-ABKC
(ပိုးသတ်ဆေးအာနိသင်ရှိအပင်များ)

#မုယားကြီး

အမည် -မုရားကြီး(ရွက်ပါး)

အင်္ဂလိပ်အမည် - Malabar Nut Tree

ရုက္ခဗေဒအမည် - Justicia adhatoda/Adhatoda vasica

မျိုးရင်းအမည် - Acanthaceae

ခြုံပုတ်ပင်အမျိုးအစားဖြစ်၍(၃)ပေအထိမြင့်နိုင်သည်။
*[(၄)ပေမှ(၈)ပေအထိမြင့်သည်။]
ကိုင်းဖြတ်ကိုပျိုး၍စိုက်ပျိုးနိုင်သည်။
ပရဆေးအနေဖြင့်လည်းအသုံးပြုကြသည်

#အသုံးပြုသည့်အစိတ်အပိုင်း - အရွက်

#ပါဝင်သောဓာတ်

Vasicine
Vasicinone
Bataine
Essential oil

#အစွမ်းသတ္တိ

အစားအသောက်ပျက်ဆေး(Anti-feedent)
ပိုးသတ်ဆေး(Insecticide)
မွှားသတ်ဆေး(Acaricide)

#နှိမ်နင်းနိုင်သောပိုးများ

လက်ဖက်မွှားနီ(Red tea mite)

#အသုံးပြုနည်း

နည်း(၁)

မုယားကြီးရွက် -(၆၀)ကျပ်သား/(၁ ကီလိုဂရမ်)
ရေ -(၅)ပုလင်း/(၅ လီတာ)

မုယားကြီးရွက်လတ်လတ်ဆတ်ဆတ်(၆၀)ကျပ်သားကို
ခူယူ၍ခုတ်စင်းကာရေ(၅)ပုလင်းနှင့်(၂၄)နာရီကြာ
စိမ်ထားပါ။
ပိတ်စိမ်းပါးဖြင့်စစ်ယူ၍ရရှိသောစစ်ကျရည်တွင်
ဆပ်ပြာအနည်းငယ်ရော၍ပက်ဖျန်းအသုံးပြုနိုင်သည်။

နည်း(၂)

မုယားကြီးပင်မှကိုင်းများကိုချိုးယူ၍စပါးစိုက်ခင်းအတွင်း
ထိုးစိုက်ပေးခြင်းဖြင့်စပါးဖျက်ပိုးများကိုကာကွယ်နိုင်သည်။

#Source : ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေး

ရေးသူ - မောင်ဌေးအန့်

လင်းနေ










Nine Emerald Threads/NET-ABKC
(ပိုးသတ်ဆေးအာနိသင်ရှိအပင်များ)

#လင်းနေ

အမည် - လင်းနေ
အင်္ဂလိပ်အမည် - Calamus Root/Sweet Flag/Sweet Sedge
ရုက္ခဗေဒအမည် - Acorus calamus
မျိုးရင်းအမည် - Acoraceae

လင်းနေပင်သည်မြန်မာပြည်အနှံ့ပေါက်ရောက်ကြသည်။
အထူးသဖြင့်ရှမ်းပြည်တောင်ပိုင်း၊အင်းလေးဒေသတွင်
ပေါက်ရောက်ကြသည်
စိုက်ပျိုးမည်ဆိုပါကလည်းလွယ်ကူသည်။
ရေအိုင်စပ်များ၊စွတ်စိုသောနုန်းမြေများတွင်
အတက်ကလေးလက်တစ်ဆစ်(သို့မဟုတ်)
အညွန့်ပိုင်းကိုဖြတ်၍မြေတွင်မြှုပ်ပေးရုံဖြင့်
ရှင်သန်ကြီးထွားနိုင်သည်။

#အသုံးပြုနိုင်သည့်အစိတ်အပိုင်း -အတက်၊အမြစ်

#ပါဝင်သောဓာတ်မျာ

Acorin
Asarone
Calamine
Asaryl aldehyde
Eugenol
Camphene
Pinene

#စွမ်းအင်သတ္တိ

တွန်းကန်သတ္တိ(Repellent)
အစားအသောက်ပျက်စေသည်(Anti-feedent)
ပိုးသတ်ဆေး(Insecticide)

#နှိမ်နင်းနိုင်သောပိုးများ

ပဲစေ့ထိုးပိုး - Bean beetle
ငမြောင်တောင်၊ပိုးနဂါး - Army worm
လှေးပိုး - Flea
ဂေါ်ဖီထုပ်ပိုး - Cabbage worm
သီးထိုးယင် - Fruit fly
ခေါင်းလုံးကျိုင်း - Lesser grain borer
ကာပရာကျိုင်း - Kapra beetle
ဆန်စေ့ထိုးပိုး - Rice weevil
ပြောင်းစေ့ထိုးပိုး - Maize weevil

#အသုံးပြုနည်း

***နည်း(၁)

လင်းနေ --- (၆)ကျပ်သား/(၁၀၀ဂရမ်)
ရေ ---(၅)ပုလင်း/(၅လီတာ)
ဆပ်ပြာရည်---(၁)ဇွန်း(လက်ဖက်ရည်ဇွန်း)/(၅စီစီ)

လင်းနေအတက်(Rhizome)ကိုခုတ်စင်း
နေရိပ်တွင်အခြောက်လှန်းပါ။
ခြောက်သွားပါကအမှုန့်ကြိတ်ပါ။
ရရှိလာသောအမှုန့်(၆)ကျပ်သားကို
ရေ(၅)ပုလင်းတွင်တစ်ညသိပ်စိမ်ထားပါ။
ထို့နောက်ပိတ်စိမ်းပါးဖြင့်စစ်ချ၍စစ်ကျရည်ကိုရယူပါ။
စစ်ကျရည်တွင်ဆပ်ပြာရည်တစ်ဇွန်း(လက်ဖက်ရည်ဇွန်း)
ရောစွက်၍အသုံးပြုနိုင်ပြီဖြစ်သည်။

***နည်း(၂)

လင်းနေအမှုန့်တစ်
အစေ့အဆန်(၅)ဆရောနယ်၍
သိုလှောင်ပါက
သိုလှောင်ပိုးများကိုကာကွယ်နိုင်သည်။
စပါးသိုလှောင်မည်ဆိုပါက
လင်းနေမှုန့်တစ်ဆ
စပါးအဆ(၁၀၀)
ရောမွှေအသုံးပြုနိုင်သည်။

***နည်း(၃)

လင်းနေအတက်အစိုကိုရေနွေးဖြင့်ရောစပ်ကြိတ်ချေ၍
ပိတ်စိမ်းပါးဖြင့်စစ်ချညှစ်ယူကာ
ရေနံဆီရောစပ်ပြီးအသုံးပြုနိုင်သည်။

***နည်း(၄)

လင်းနေကြိတ်ရည်-(၄)ဆ
ရေနံဆီ -(၂)ဆ
ရေ -(၁၀၀)ဆ
ရောစပ်အသုံးပြုပါက
ဆေးထိသောပိုးကောင်များ
ပြုတ်ကျ၍(knock down effect)သေစေနိုင်သည်။

လင်းနေသည်လူများကိုဘေးဥပဒ်မဖြစ်စေသည့်အပြင်
အပင်များကိုလည်းလောင်ကျွမ်းခြင်းမဖြစ်စေပါ။
အစေ့အဆန်များကိုလည်း
စားသုံးမှုအရည်အသွေးမလျော့ကျစေပါ

#Source :ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေး

ရေးသူ = မောင်ဌေးအန့်

တီကောင်

NAY YAN LWIN 
" တီကောင်စွန့်ပစ်မြေသြဇာ ပြုလုပ်နည်း "

တီကောင်မွေးပြီးမြေသြဇာထုတ်လုပ်ခြင်းဟာအရင်းအနှီးနည်းပြီး ပြုလုပ်ရလွယ်ကူသလို စိုက်ပျိုးရေးသမားများအတွက် အလွန်အကျိုးရှိတဲ့
မြေသြဇာကိုရရှိစေပါတယ်။
ရှေးဦးစွာတီမြေဆွေး ( သို့ )တီမြေသြဇာပြုလုပ်ဖို့
တီကောင်အမျိုးအစားကိုရွေးချယ်ရပါမယ်။အစာများများစားပြီး လျှင်မြန်စွာအညစ်အကြေးစွန့်၍
မြန်မြန်မျိုးပွားနိင်တဲ့ တီမျိုးများကိုအသုံးပြုသင့်ပါတယ်။
မြန်မာပြည်ရေ၊ မြေ၊ ရာသီဥတုနဲ့သင့်တော်တဲ့တီမျိုး( ၄ )
မျိုးကတော့ (1)The Red Worm(2)The Tiger(3)Indian Blue Worm (4)The Night
Crawlerတို့ဖြစ်ပါတယ်။
တီမျိုးများကို မိမိတို့မြို့နယ်ရှိစိုက်ပျိုးရေးရုံးများမှာ စုံစမ်း
ဝယ်ယူနိင်ပါတယ်။တကောင် တစ်ဆယ်ကျပ်နှုန်းဖြစ်ပါတယ်။

ပြုလုပ်နည်း။ ။
အရင်ဆုံးအလျား ၉ ပေ ၊အနံ ၃ပေ၊ အမြင့်၂ပေခွဲ အုတ်ကန်တခုပြုလုပ်ရပါမယ်။အောက်ကြမ်းပြင်ကို
ဆင်ခြေလျှော ပြုလုပ်ပြီး တီစွန့်ပစ်ရည်ထုတ်ရန် တစ်လက်မပိုက်ထည့်ထားရပါမယ်။အောက်ခံကြမ်းပြင်တွင် အရည်များစစ်နိုင်ဖို့ ကျောက်စရစ်ခဲ( သို့ )အုတ်ခဲကျိုး
များခင်းပေးထားပါ။အဲဒီအပေါ်မှာ တိရစ္ဆာန်ချေး ၆လက်မ
ထုခင်းပါ။ထို့နောက် သစ်ရွက်၊အမှိုက်၊မြက်များ၊အကောင်းဆုံးကတော့ ငှက်ပျောပင် အပိုင်းအစများ၊ဗေဒါပင်၊ဖရဲသီးအခွံတို့ကို ၈ လက်မခင်းပါ။အဲဒီပုံစံ အတိုင်း
တိရစ္ဆာန်ချေး ၆လက်မ၊အမှိုက် ၆လက်မထပ်ခင်းပါ။ပြီးရင် ရွေးချယ်ထားတဲ့ တီ၎မျိုးကို တမျိုး ၂၅၀နှုန်းနဲ့ အကောင် ၁၀၀၀ထည့်ပါ။အပေါ်မှ ဂုန်နီအိတ်အဟောင်းများဖုံးပေးထားပါ။အုတ်ကန်ကို နေရောင်တိုက်ရိုက်မထိစေဖို့အမိုးမိုးပေးရပါမယ်။ဂုန်နီအိတ်အပေါ်မှနေ့စဉ် ရေအနည်းငယ် လောင်းပါ။အောက်ခြေ
ပိုက်မှထွက်လာသော တီစွန့်ပစ်ရည်များကို ပုံးဖြင့်ခံ၍
စိုက်ခင်များတွင် ရွက်ဖြန်းမြေသြဇာ အဖြစ်အသုံးပြုနိင်ပါပြီ။ကန်ထဲရှိ မိမိထည့်ထားတဲ့အစာပေါ်မူတည်ပြီး 
၁ပတ် တကြိမ်အမှိုက်ဆွေးများထပ်ဖြည့်ပေးပါ။ ၁လ ခန့်ကြာတဲ့အခါ အသုံးပြုနိင်တဲ့မြေဆွေးကိုထုတ်ယူနိုင်ပါပြီ။
(၃လကြာတဲ့အခါမှာ တီအကောင်ရေ ၂ သိန်းအထိ တိုးပွားလာပါတယ်။)
တီကောင်မြေဆွေးထုတ်ယူတော့မယ်ဆိုရင် ရေ (၂ရက် ၃ရက်) မလောင်းပဲထားပါ။ဒါမှ တီတွေဟာ အစိုဓာတ်ရှိ
တဲ့ အောက်ခြေကိုရောက်ရှိသွားပါတယ်။အပေါ်မှ တီမြေဆွေးကို ထုတ်ယူပြီး ယခင်ပုံစံအတိုင်း အစာအသစ်များကို ပြန်ဖြည့်ထားလိုက်ပါ။

အကျိုးကျေးဇူး။ ။
တီကောင်မြေဆွေးနှင့် စွန့်ပစ်အရည် အသုံးပြုခြင်းဖြင့်
သီနှံအထွကိတိုးခြင်း၊အရသာအရည်သွေးကောင်းမွန်ခြင်း
စတဲ့အကျိုးကျေးဇူးတွေအပြင် ဆားပေါက်သောမြေများကို အသုံးပြုနိင်ခြင်း ၊သွင်းရေလိုအပ်ချက်နည်းခြင်း၊ပိုးမွှားကျရောက်မှုနည်းခြင်း၊မြေဆီလွှာဖွဲ့စည်းမှု
တိုးတက်ကောင်းမွန်ခြင်း စတဲ့အကျိုးကျေးဇူးတွေကိုပါရရှိစေနိင်ပါတယ်။ ။

ကဲ ..စိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့မိတ်ဆွေတို့လဲ အင်မတန်အကျိုးကျေးဇူးများတဲ့ ဘက်စုံသုံးတီကောင်စွန့်ပစ်မြေသြဇာကို ကိုယ်တိုင်လုပ်ပြီးအသုံးပြုနိင်ကြပါစေ..

ဇီဝမြေသြဇာ ပြုလုပ်နည်း

NAY YAN LWIN 
၁၂၃၄ ဇီဝမြေသြဇာ ပြုလုပ်နည်း

ဇီဝမြေသြဇာပြုလုပ်ဖို့အတွက် အရင်ဆုံးဇီဝဖျော်ရည်ကို
ပြုလုပ်ရပါမယ်။
ဇီဝဖျော်ရည်ပြုလုပ်ဖို့အတွက်..
(၁)ဆန်နို့ဆီဘူးတစ်လုံး
(၂)ဖွဲနုတစ်ပြည်
(၃)ငှက်ပျောသီးမှည့်(၆)လုံး
(၄)တင်လဲရည်(သို့)ထန်းလျှက်(၅)ကျပ်သား
(၅)ရေ(၆)ဂါလံ တို့လိုအပ်ပါတယ်။
ဆန်နို့ဆီဘူးတစ်လုံးကိုချက်ပြီး ဆန်ကော သို့မဟုတ်
ဗန်းတခုတွင် ငှက်ပျောဖက်ခံပြီးထည့်ပါ။အေးပြီးခြောက်သွေ့တဲ့နေရာမှာထားပါ။ (၃)ရက်ခန့်ကြာရင်ထမင်းသိုးသွားပါလိမ့်မယ်။လေထဲမှသဘာဝ အဏုဇီဝပိုးတွေဝင်ရောက်လာလို့ပါ။အဲဒီအချိန်မှာ စဥ့်အိုး သို့မဟုတ်ပလက်စတစ်ပုံးထဲကို ထမင်းသိုးကိုထည့်ပါ။ပြီးရင် ရေ(၆)
ဂါလံ၊ဖွဲနုတပြည်၊ငှက်ပျောသီးမှည့်(၆)လုံး၊ထန်းလျှက်(၅)
ကျပ်သားတို့ကို ထပ်ထည့်ပါ၊၊တစ်ရက်ကို နှစ်ကြိမ်မွှေပေးပါ။(၃)ရက်ကျော်လွန်တဲ့အခါ ဇီဝဖျော်ရည်ကိုရရှိပါပြီ။
ဇီဝဖျော်ရည်ဟာကဇော်ရည်၊စိမ်ရည်အနံ့ထွက်ပါတယ်။

ဇီဝမြေသြဇာပြုလုပ်ဖို့အတွက်...
(၁)ဇီဝဖျော်ရည် (၁) ဆ
(၂)ဖွဲနု (၂) ဆ
(၃)စက်ဖွဲပြာ (၃) ဆ
(၄)နွားချေး(သို့)ကြက်ချေးဆွေး(၄)ဆတို့လိုအပ်ပါတယ်။

အဲဒီအချိုးအတိုင်း ဖွဲနု၊စက်ဖွဲပြာ၊နွားချေးတို့ကိုသမအောင်ရောစပ်ပါ။ပြီးရင် ဇီဝဖျော်ရည်ကိုရေပန်းခရားဖြင့်
ဖြန်းပါ။အားလုံးကိုရေကောင်းစိုအောင်ဖြန်းပေးရပါမယ်။
ရေမလုံလောက်ပါကထပ်ရောပြီးဖြန်းပါ။
ရေ၆၀ရာခိုင်နှုန်း
(သို့)လက်နဲ့ဆုပ်ရင်ရေစိုပေမဲ့ရေစက်စက်ကျမလာတဲ့အခြေအနေလောက် စိုရပါမယ်။
အဲဒီ ပစ္စည်းတွေကိုပုံတဲ့အခါမှာ (၄)ထက်ပိုမမြင်ပါစေနဲ့။
အဲဒီထက်ပိုမြင့်ရင် အတွင်းကထွက်တဲ့အပူချိန်ကြောင့်
အဏုဇီဝရုပ်တွေသေနိုင်ပါတယ်။အကျယ်ကိုလဲ (၆)ပေထက်မပိုပါစေနဲ့။ပစ္စည်းများများနဲ့လုပ်ချင်တယ်ဆိုရင်
အလျားလိုက် အရှည်လိုက် ပုံပါ။ အဲဒီအပုံကို ပလက်စတစ်နဲ့လုံအောင်ဖုံးရမယ်။(၃)ရက်ကြာတဲ့အခါ အပုံကို လက်နှိုက်ပြီးစမ်းကြည့်ပါ အလွန်ပူနေရင် အပုံကို ဖြေချပြီးသမအောင်ပြန်မွှေပါ၊၊အပူချိန်ကျသွားပါတယ်။ရေနဲနဲထပ်ဖြနားပြီးနဂိုပုံစံအတိုင်းပြန်ပုံပါ။(၃)ရက်တစ်ကြိမ်အဲဒီလိုလုပ်ပေးပါ။ (၄)ကြိမ်လုပ်ပြီးတဲ့အခါမှာလိုအပ်တဲ့ဇီဝမြေသြဇာ ကိုရရှိပါပြီ။ ချက်ချင်းအသုံးမပြုသေးရင် အိတ်ထဲထည့်ပြီး သိမ်းထားနိင်ပါတယ်။
ဇီဝမြေသြဇာ ဟာ မြေဆီလွာရဲ့အသက်ပိုးဖြစ်တဲ့ ဇီဝပိုင်းကိုလှို့ဆော်းပေးတယ်။ဓာတုနဲ့ ရုပ်ပိုင်းကိုလဲအကျိုးပြုနိင်တယ်။ဘယ်အပင်မျိုးမဆိုအသုံးပြုနိုင်တယ်။သူ့ရဲ့အာနိသင်တွေဟာအလွန်များပြားပါတယ်။

ကဲ....စိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့မိတ်ဆွေများ ကိုယ်တိုင်လုပ်ပြီးအကျိုးရှိရှိအသုံးပြုနိင်ပါစေ......

ဌက်ပျောပင်

#ငှက်ပျောပင်စိုက်ပျိုးနည်း

မြန်မာအမည်-ငှက်ပျော
အင်္ဂလိပ်အမည်-Banana
ရုက္ခဗေဒအမည်-Musa spiantum
မျိုးရင်းအမည်-Musaceae

၁။မျိုးပြားများ

နိုင်ငံတကာဈေးကွက်တွင် Cavendish
(သီးမွှေးငှက်ပျောမျိုးများ)သည်အရေးပါဆုံးဖြစ်သည်။

၂။မြေအမျိုးအစား

မြေသားနက်ရှိုင်းပြီး
ရေစီးစိမ့်မှုကောင်းသော၊မြေဆီသြဇာပြည့်စုံသော
နုန်းမြေသည်အကောင်းဆုံးဖြစ်သည်။ငှက်ပျောတွင်
အမြစ်ဇုန်မှာအကန့်အသတ်ဖြင့်ကြီးထွားသဖြင့်
မြေသားထုနှင့်ရေစီးစိမ့်မှုသည်အရေးကြီးပါသည်။
အနည်းငယ်ငန်သောမြေ
(pHအနည်းငယ်မြင့်သောမြေ)တွင်
စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း
ဆားဓာတ်ပါဝင်မှုဝ.၀၅%ထက်များသော
ဆားပေါက်မြေတွင်စိုက်ပျိုးရန်မသင့်တော်ပါ။

၃။ရာသီဥတု

အခြေခံအားဖြင့်
ပူအိုက်စွတ်စိုသည့်ရာသီကြိုက်သီးပင်ဖြစ်သော်လည်
စွတ်စိုသောအပူပိုင်းမှ
ခြောက်သွေ့သောအပူလျော့ပိုင်းအထိ
စိုက်ပျိုးဖြစ်ထွန်းပါသည်။
အပူချိန် ၁၀-၄၀°စင်တီဂရိတ်အတွင်း
ကောင်းစွာပေါက်ရောက်ပါသည်။
သို့ရာတွင်ပျမ်းမျှအပူချိန်၂၆.၇°စင်တီဂရိတ်နှင်
လစဉ်မိုးရေချိန်၁၀ စင်တီမီတာခန့်သည
အကောင်းဆုံးဖြစ်သည်။
ဆီးနှင်းကျခြင်းသည်အဟန့်အတားတစ်ခုဖြစ်သည်။
လေပူများအရှိန်ပြင်းစွာတိုက်ခတ်ပါက
ငှက်ပျောစိုက်ပျိုးခြင်းပျက်စီးမည်ဖြစ်ပါသည်။
လစဉ်မိုးရေချိန်၁၀၀မီလီမီတာသည်
အပင်ဖြစ်ထွန်းမှုကိုကောင်းစေပါသည်။
ရေဝပ်ခြင်းကိုမခံနိုင်ပါ။

၎။မျိုးပွားခြင်

သားတက်ဖြင့်မျိုးပွားကြပြီးအပင်တစ်သျှူး
မျိုးပွားနည်းဖြင့်မျိုးပွားလာကြပြီဖြစ်ပါသည်။
သားတက်တွင်
လှံစို့သားတက်နှင့်ရေစို့သားတက်ဟူ၍ရှိပါသည်။
လှံစို့သားတက်
(ငှက်တော်မြီး၊ဆင်မြီးစို့ဟုလည်းခေါ်ပါသည်။)
ပင်ခြေပိုင်းတွင်ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီ
အစောပိုင်းကာလတွင်အရွက်မှာလှံသွားပုံ
သေးရှည်သောရွက်ပြားပါရှိပါသည်။
ရေတက်စို့မှာရွက်ပြားကြီးပါသည်။
မျိုးပွားရန်အတွက်လှံစို့သားတက်မှာရေစို့သားတက်ထက်
ပိုကောင်းပါသည်။
လှံစို့သားတက်မှာ၁၁လနှင့်အခိုင်ကျပြီး
ရေစို့သားတက်မှာ၁၅လမှအခိုင်ကျပါသည်။
ရွေးချယ်ထားသောသားတက်၏အမြစ်များနှင့်
အသားပိုများကိုကတုံးတုံးပေးခြင်း၊နွှာပေးခြင်းပြုလုပ်ပါ။
ထိုသို့ကတုံးတုံးပေးပြီး
သားတက်ခေါင်းကိုရွံ့ရည်တွင်နှစ်စိမ်ပါ။
ပြီးလျှင်သားတက်တစ်ခုလုံးFuradanဆေးအစေ့ခဲ
၂၀-၄၀ဂရမ်နှုန်းဖြင့်ပက်ဖြူးပေးခြင်းဖြင့်
နီမတုတ်ပိုးကိုကာကွယ်ပါ။

၅။စိုက်ပျိုးရာသ

ရာသီဥတုပြင်းထန်သောဆောင်းရာသီနှင့်
မိုးများစွာရွာသောကာလမှလွဲ၍တစ်နှစ်ပတ်လုံး
စိုက်ပျိုးနိုင်ပါသည်။
အပူလျော့ပိုင်းဒေသများတွင်(ဆောင်းအကုန်နွေအကူး)
နွေဦးကာလသည်စိုက်ပျိုးရမည့်အချိန်ဖြစ်သည်။

၆။မြေပြုပြင်ခြင်း

ထယ်နက်နက်ထိုး၊ထွန်မွေပြီးမြေညှိပါ။
ကျင်းအကျယ်ဝ.၆×၀.၆×၀.၆မီတာတူးပါ
နွားချေးသို့မဟုတ်မြေဆွေး၂၀-၃၀ကီလိုကို
ကျင်းတွင်ထည့်ပါ

၇။ပင်ကြားတန်းကြားအကွာအဝေး

ပုံမှန်အားဖြင့်အပင်အမြင့်မျိုးများတွင်၂.၇×၃.၀မီတာနှင့်
အပင်ပုမျိုးများကို၁.၈×၁.၈မီတာထား၍စိုက်ပျိုးပါသည်။
အပင်သိပ်သည်းစွာစိုက်သည့်စနစ်
(High Density Planting)တွင်၁.၅×၁.၅မီတာ
(တစ်ဟက်တာလျှင်အပင်၄၄၄၄ပင်ဝင်ဆံ့)
ထားစိုက်ပျိုးပါကRobustaမျိုးနှင့်Cavendish
အပုမျိုးတို့တွင်အထွက်နှုန်းမြင့်မားစေပါသည်။

၈။ရေသွင်းခြင်း

မြေအမျိုးအစား၊ရာသီဥတုစသည်တို့ပေါ်မူတည်၍
ရေသွင်းချိန်ကွာခြားကြပါသည်။
ပုံမှန်အားဖြင့်၁၀ရက်ခြားတစ်ကြိမ်
ဒီဇင်ဘာမှဇွန်လအတွင်းရေပေးသွင်းပါ။

၉။သဘာဝမြေသြဇာနှင့်ဓာတ်သြဇာကျွေးခြင်း

Robustaမျိုးတွင်အထွက်နှုန်းမြင့်မားစေရန်
စိုက်ကျင်းတစ်ကျင်းလျှင်နွားချေးဆွေး၂၀ကီလို၊
ဒိုလိုမိုက်ထုံးကျောက်မှုန့်ဝ.၅ကီလို
Single super phosphate ၂၂၅ဂရမ်ကို
အပင်မစိုက်ခင်စိုက်ကျင်းတွင်ထည့်ပါ။
စိုက်ပျိုးထားသောအပင်များအမြစ်စွဲလျှင်
တစ်ပင်လျှင်Nနှင့်K2Oဂရမ် ၂၀၀စီနှင့်
P2O5 ၁၀၀ဂရမ်နှုန်းကျွေးပါ။
ပထမအကြိမ်လမိုင်းခင်းတွင်တစ်ပင်လျှင်
N-၁၀၀ဂရမ်
K2O-၂၀၀ဂရမ်
P2O5-၅၀ဂရမ်နှုန်းကျွေးပါ။
ဒုတိယနှစ်လမိုင်းခင်းအတွက်တစ်ပင်လျှင်
Nနှင့်K2O ၅၀ဂရမ်စီကျွေးလျှင်လုံလောက်ပါသည်။
Robustaအတွက်
Nကို၃၀ရက်၊၇၅ရက်၊၁၂၀ရက်နှင့်၁၆၅ရက်ခြား၍
အကြိမ်ကြိမ်ခွဲကျွေးပြီး
K2Oကို၇၅ရက်နှင့်၁၆၅ရက်ခြား၍နှစ်ကြိမ်ခွဲကျွေးပါ။
P2O5ကိုစိုက်ပျိုးချိန်တွင်သာထည့်သွင်းပေးပါ။
တစ်ဟက်တာအထွက်နှုန်းများမှာ
အခင်းသစ်စိုက်ခင်းတွင်
တန်ချိန်၁၂၀
ပထမအကြိမ်လမိုင်းခင်းတွင်
တန်ချိန်၉၀
ဒုတိယအကြိမ်လမိုင်းခင်းတွင်
တန်ချိန်၅၅တို့ဖြစ်ပါသည်။
ဓာတ်မြေသြဇာထည့်သွင်းခြင်းကိုငှက်ပျောဖူးမထွက်မ
(စိုက်ပျိုးပြီး ၅-၆ လအကြာ)အပြီးဆောင်ရွက်ရန်ဖြစ်သည်

၁၀။သားတက်ဖယ်ရှားခြင်း

မိခင်အပင်မှပန်းပွင့်သည်အချိန်ထ
သားတက်အားလုံးဖယ်ရှားခြင်းကိုဆောင်ရွက်ပြီး
ပန်းပွင့်ပြီးသည့်နောက်
သားတက်တစ်ခုသာထားရှိခြင်းသည်
အကောင်းဆုံးသောသားတက်ဖယ်ရှားနည်းစနစ်
ဖြစ်ပါသည်။
သို့ရာတွင်အပင်ဦးရေသိပ်သည်းစွာစိုက်ပျိုးစနစ်
(High Density Planting)ဖြင့်စိုက်ပျိုးထားသော
အခင်းသစ်တွင်ငှက်ပျောခိုင်(၇၅-၈၀)ရာခိုင်နှုန်း
ခုတ်သိမ်းပြီးသည်အထိသားတက်များထားရှိခြင်းက
ပိုကောင်းပါသည်။

၁၁။အပင်ပြုစုရန်လိုအပ်ချက်များ

က။ပေါင်းမြက်ရှင်းလင်းရာတွင်
အမြစ်ပျက်စီးမှုမရှိရန်ဂရုစိုက်ဆောင်ရွက်ပါ။

ခ။မိုးရာသီတွင်ရေစီးစိမ့်မှုကောင်းရန်နှင့်
ရေဝပ်ခြင်းကင်းရန်အတွက်ပင်ခြေမြေဖို့ခြင်းကို
ဆောင်ရွက်ပါ။
နွေရာသီနှင့်ဆောင်းရာသီကာလများတွင်
အပင်များမှထွန်ရေးမြောင်းကြားတွင်ရှိနေစေပြီး
မိုးတွင်းကာလတွင်အပင်ခြေတွင်ဘောင်တင်
ပြုလုပ်ပေးရန်ဖြစ်ပါသည်။

ဂ။သီးခိုင်ထွက်လာလျှင်ဝါးဖြင့်ကျားကန်
ထောက်ပေးရန်ဖြစ်ပါသည်။

ဃ။နေလောင်ခြင်း၊ဖုတ်တင်ခြင်းမှကာကွယ်ရန်နှင့်
အသီးအရောင်လှပရန
ငှက်ပျောခိုင်များအားပလတ်စတစ်အိတ်စွပ်ပေးပါ။
အပြာရောင်ပလတ်စတစ်အိတ်ကိုအသုံးပြုလေ့ရှိပါသည်။

င။ခြောက်သွေ့ဆွေးမြည့်နေသောအရွက်များနှင့်
အပင်အစိတ်အပိုင်းများအားဖယ်ရှားပစ်ပါ။

စ။အသီးကြီးထွားရန်အတွက်ငှက်ပျောဖူး(အဖိုဖူး)အား
ဖြတ်လိုက်ပါ။
(ငှက်ပျောဖူးအားအသီးခိုင်ကြီးလာသည်နှင့်ဖြတ်ပါ။)

ဆ။ငှက်ပျောစိုက်ခင်း၏
စီးပွားရေးတွက်ခြေကိုက်သောသက်တမ်းမှာ
အကြောင်းအမျိုးမျိုးပေါ်တွင်မူတည်ပါသည်။
နှစ်ရှည်သီးပင်အဖြစ်အသိအမှတ်ပြုထားသော်လည်း
ပုံမှန်အားဖြင့်၃-၅နှစ်အထိသာထိန်းသိမ်းထားရှိပါသည်။

ဇ။အသီးခိုင်ခုတ်ပြီး၃၀-၄၀ရက်နောက်ပိုင်းတွင်
ပင်စည်မကိုနည်းနည်းချင်းဖြတ်ပေးခြင်းဖြင့်
ပင်စည်မမှအစာအာဟာရများ
ကြီးထွားနေသောလမိုင်းအပင်(သားတက်)သို့
ရွေ့လျားပို့ဆောင်ပေးရာတွင်လွယ်ကူချောမွေ့မည်
ဖြစ်ပါသည်။
ဤသို့ဆောင်ရွက်ခြင်းကိုပေါက်ချွန်းပုံထားရှိခြင်း
(Mattocking)ဟုခေါ်သည်။

၁၂။ရောဂါများ

#ပနားမားညှိုးသေရောဂါ(Panama Wilt)

မြေဆောင်ရောဂါဖြစ်ပြီးCavandish(သီးမွှေးမျိုး)များမှ
မျိုးနွယ်အမှတ် ၄ မှတစ်ပါးခံနိုင်ရည်ရှိကြသည်။
ရောဂါရအပင်ကိုအမြစ်ပါတူးထုတ်ပြီးမီးရှို့ပစ်ပါ။
ရောဂါပိုးများစွာရှိနေသောမြေတွင်သုံးလေးနှစ်ခန်
ငှက်ပျောမစိုက်ပျိုးသင့်ပါ။
ရောဂါကင်းသောပျိုးပင်နှင့်ရောဂါဒဏ်ခံနိုင်ရည်ရှိသော
မျိုးကိုစိုက်ပျိုးပါ။
Carbendazim 2%ဆေးရည်ကို
ငှက်ပျောခေါင်း(Corn)တစ်ခုလျှင်သုံးစီစီနှုန်း
ထိုးသွင်းပေးပါကဆုံးရှုံးပျက်စီးမှုလျော့နည်းပါမည်။
ငှက်ပျောစိုက်ခင်းအားရေလွှမ်းအောင်သွင်းပေးခြင်းနှင့်
သီးလှည့်စိုက်ပျိုးခြင်းဖြင့်ရောဂါကျရောက်မှု
သက်သာစေပါသည်။

#ရွက်ပြောက်ရောဂါ(Leaf spot or Sigatoka disease)

Dithane M ၄၅/Calixin/Zineb/Manebဖျန်းပေးပါ။

#ငှက်ပျောတောထွက်(သို့မဟုတ်)ငှက်ပျောထိပ်စုရောဂါ
(Bunchy Top)

ပျပိုးဖြင့်ဗိုင်းရပ်စ်များကူးစက်ခြင်းကြောင့်ဖြစ်သည်။
ပုံမှန်စစ်ဆေးခြင်းနှင့်ရောဂါရအပင်များဖယ်ရှားခြင်း၊
ရောဂါကင်းသောသားတက်ကိုစိုက်ပျိုးခြင်းပြုလုပ်ပါ

#နီမတုတ်များ

အပင်မစိုက်မီသားတက်များအားFuradanဆေးစေ့ခဲဖြင့်
သုတ်လိမ်းပါ။
တစ်နည်းမှာစိုက်ပျိုးမည့်သားတက်အားအပူချိန်
၅၅°စင်တီဂရိတ်ရှိရေနွေးတွင်၁၀မိနစ်ခန့်စိမ်ပေးပါ။
တစ်နည်းမှာမြေကြီးတွင်းသို့Carbofuran
အာနိသင်ရှိပစ္စည်း(active ingredient)
တစ်ဟက်တာလျှင်၂ကီလိုနှုန်းတွက်ချက်ထည့်ပေးပါ။

၁၃။ပိုးမွှားများ

#ပင်စည်ထိုးပိုး(Stem borer)

တစ်ပင်လျှင်Celphosဆေးပြားသုံးပြားနှုန်းဖြင့်
ပင်စည်ကိုအပေါက်ဖောက်၍ထည့်ပြီး
ပင်စည်ပေါက်ကိုရွှံ့ ဖြင့်ပိတ်ပါ။

#ပျပိုး

Rogar/Malathion/Metasptoxဆေးဖြင့်ပက်ဖျန်းပါ။

Source:သစ်သီးဝလံစိုက်ပျိုးနည်း