သဘာဝမဟုတ်သော မြေသြဇာများဧ။် မြေထုဂေဟစနစ်အပေါ် အကျိုးသက်ရောက်မှုများ
----------------------------------------------------------------------------------------------------
၁။ ကျနော်တို့ ၉တန်း ၁၀တန်းမှာ သင်ရတဲ့ Nitrogen Circle လိုမျိုး ရုပ်ပြ ပုံချပ်တွေနဲ့ ပုံဖော်ထားတဲ့ နိုက်ထိုဂျင်သံသရာတွေအရဆိုရင် နိုက်ထိုဂျင်ဟာ သာမာန် ရိုးရိုးရှင်းရှင်း ဓါတ်ပြုမှု (chemical reaction)လေးလောက်သာ ပုံစံတစ်ခုကနေ တစ်ခုကို ပြောင်းလဲသွားသလိုလို ထင်ရတယ်။
ဥပမာ နိုက်ထိုဂျင်မြေသြဇာတစ်မျိုးမျိုးကို ကျွေးလိုက်တာနဲ့ အမိုးနိးယား ပုံစံ (NH4+) ကနေ နိုက်ထြိုက်(NO2-) နဲ့ နိုက်ထရိတ် ပုံစံ (NO3-) စတဲ့ ပုံစံတွေကို အလွယ်တကူပြောင်းလဲသွားတယ်လို့ ထင်စရာပဲ။
၂။ တကယ်တမ်းမှာတော့ နိုက်ထိုဂျင်ပုံစံပြောင်းလဲတဲ့ ဖြစ်စဉ်တွေဟာ ထင်တာထက် ပိုမို ရှုပ်ထွေးတဲ့ ဓါတုဗေဒဆိုင်ရာ ဓါတ်သဘောအပြောင်းအလဲတွေကို မြေထဲမှာ ရှိတဲ့ အဏုဇီဝပိုးမွှားတွေရဲ့ အကူအညီကို အဓိက မှီခိုပြီးမှ ပြောင်းလဲသွားတာမျိုး ဖြစ်ပါတယ်။
နိုက်ထိုဂျင်လို့ ဆိုလိုက်ပေမယ့် သူ့ ကို ထီးတည်း နိုက်ထိုဂျင် (N element or N2) အဖြစ် မြေထဲမှာ တွေ့ ရမှာ မဟုတ်ပါဘူး။
၃။ နိုက်ထိုဂျင်ကို အဓိကအားဖြင့် လွယ်လွယ်ကူကီူပေါပေါများများတွေ့ နိုင်တာကတော့ အကြီစား (အဆင့်မြင့်)သက်ရှိတွေရဲ့ မစင်နဲ့ ဆီးထဲမှာ အမိုးနီးယားပုံစံ NH4+ အနေနဲ့ပါ။ (မူရင်း ဆောင်းပါးထဲမှာတော့ အကြီးစား သက်ရှိကို (larger organisms) လို့ ဆိုထားပါတယ်။ မြေထဲလေထဲရေထဲမှာ ရှိတဲ့ မှို (Fungi) နဲ့ ဘက်တီးရီးယား (bacteria) မဟုတ်တဲ့ သက်ရှိတွေကို ဆိုလိုတာပါ။ ပရွက်ဆိတ် တီကောင် ခရု စတဲ့ မြေနဲ့ နီးစပ်တဲ့ သက်ရှိတွေက စလို့ ကြက် ၀က် လူ ဆင် စတဲ့ သက်ရှိအကြီးတွေအထိ အကျုံးဝင်ပါတယ်။) အဆိုပါ အမိုးနီးယား ပုံစံ နိုက်ထိုဂျင် (NH4+)ကို အပင်တွေနဲ့ မြေထဲမှာရှိတဲ့ မှိုမျှင် ဘက်တီးရီးယား (Nitrifying Bacteria) တွေက စားပြီးတော့ ထပ်တစ်ခါ မစင်အနေနဲ့ စွန့်လိုက်တော့မှ ပထမ အဆင့်အနေနဲ့ နိုက်ထြိုက်ပုံစံ (NO2-)ဖြစ်လာပြီး အဲ့ဒီပုံစံကို အခြား မျိုးကွဲ ဘက်တီးရီးယားတွေ မှိုတွေက တစ်ခါ ထပ်စားသောက်ပြန်ပါတယ် နောက်ဆုံး မစင်အဖြစ် ထုတ်လိုက်ပြီးတော့မှ နိုက်ထြိတ်ပုံစံ (NO2-) ကို ရပါတယ်။ အပင်တွေဟာ NH4+ ပုံစံကိုလဲ စုပ်ယူနိုင်တယ်လို့ ဆိုပေမယ့် စပါးလို ပြောင်းလို နေ့စဉ်ဘ၀အတွက် အစားအစာပြုလုပ်ရာမှာ ပိုမိုအရေးပါတဲ့ နှံစားသီးနှံများစုဟာ NO3- ပုံစံကိုပဲ ပိုမိုနှစ်ခြိုက်တယ်လို့ မူရင်းစာရေးသူက ဆိုပါတယ်။ ဒါကြောင့်လဲ မြက်ခင်းလို နေရာတွေမှာ ဘက်တီးရီးယားမျိုးစုံ လွှမ်းမိုးနေထိုင်ကြတာ အဆန်းတော့ မဟုတ်တော့ဘူးပေါ့လေ။
၎။ ကျနော်တို့ရဲ့ စိုက်ပျိုးရေးထွက်ကုန် သီးနံပင်တော်တော်များများဟာ မြက်မျိုးရင်းဝင်အပင်တွေနဲ့ အစေ့စား အနှံစား သီးနှံတွေ (Grain crop & cereals) ဖြစ်ပြီးတော့ အဆိုပါ သီးနှံတွေဟာ မြေဆွေးဓါတ်ကြွယ်တဲ့ မြေမျိုးမှာ ပိုမို ဖြစ်ထွန်းပါတယ်။ မြေဆွေးဓါတ်ကြွယ်ဖို့ဆိုတာကလဲ မြေအောင်းအဏုဇီဝပိုးတွေရဲ့ အခန်းကဏ္ဍ အင်မတန် အရေးပါလှပါတယ်။ မြေထဲမှာ အမျိုးမတူ အမျိုးစုံအမည်စုံ မြေအောင်းအဏုဇီဝပိုးတွေ ကြွယ်ဝလေလေ သူတို့ရဲ့ နေ့စဉ် ဇီဝဖြစ်စဉ် (metabolic activity)တွေကြောင့် မြေထဲမှာ အော်ဂဲနစ်ဓါတွေ များလာလေလေ သီးနှံတွေရဲ့ ကျန်းမာရေးကို ပိုကောင်းလေလေ ပိုမိုသန်းစွမ်းစေလေလေပါပဲ။ ရာသီဥတု ပူနွေးကောင်းမွန်ပီး သင့်တင့်တဲ့ အပူချိန်မှာ အဆိုပါ အဏုဇီဝပိုးတွေဟာ ပိုမို မြူးကြွပျော်ရွှင်ပြီး မြေထဲမှာ သီးနှံပင်က မရယူနိုင်တဲ့ ပုံစံနဲ့ ရှိနေတဲ့ အစာအာဟာရဓါတ်နဲ့ ဓါတ်ဆားတွေကို သီးနှံပင်တွေ စုပ်ယူစားသုံးနိုင်တဲ့ ပုံစံတွေကို လွယ်ကူလျင်မြန်စွာ ပြောင်းပေးခြင်းအားဖြင့် အထောက်အကူ ပေးပါတယ်။ နိုက်ထိုဂျင်သည်လည်း ထိုနည်းတူစွာ မိမိတို့ မြင်တွေ့ နေရတဲ့ မြေသြဇာ အလုံးပုံစံဆိုလျှင် အလုံး အမှုန့်ဆိုအမှုန့် အရည်ဆို အရည်ပုံစံကနေ အပင်ကနေ အလွယ်တကူ စုပ်ယူရရှိနိုင်မယ့် ပုံစံကို ပြောင်းလဲလာပြီး အပင်ကနေ လိုသလောက် စုပ်ယူနိုင် သွားပါတယ်။ အထက်ပါပြောခဲ့တဲ့အတိုင်း “”ကျွေးလိုက်တဲ့ မြေသြဇာ အာဟာရရယ် အဏုဇီဝပိုးတွေရဲ့ မြေတွင်းဇီဝဖြစ်စဉ်တွေရယ် အပင်ရဲ့ စုပ်ယူလိုအားရယ် ဟန်ချက်ညီနေပါမှ”” မိမိကျွေးရင် ကျွေးသလောက် အပင်က အကျိုးအပြည့်အ၀ ခံစားရမှာပါ။
၅။ အောက်ဆီဂျင်မရှိနေတဲ့ မြေ လေ၀င်၊လေထွက် မကောင်းတဲ့ မြေမျိုး (ဥပမာ ရေ၀ပ်နေတဲ့ မြေ အရမ်းကျပ်ပြီးမာနေတဲ့မြေ) မှာ လေမရှိဘဲ အသက်ရှင်နိုင်တဲ့ လေမလိုဘက်တီးရီးယား(Anaerobic Bacteria)တွေပဲ ရှိပါတယ်။ အဲ့ဒိဘက်တီးရီးယားတွေကို Denitrifying Bacteria လို့လဲ ခေါ်ပါတယ်။
သူတို့က လေမလိုဆိုတဲ့အတိုင်း အောက်ဆီဂျင်တွေကို လျှော့ပစ်မယ့် ပိုးမွှားတွေပါ။ ဆိုတော့.. NO3-ကို အောက်ဆီဂျင်လျှော့ပစ်လိုက်တော့ နိုက်ထိုဂျင်ဓါတ်ငွေ့  N2နဲ့ အောက်ဆီဂျင် O2 သို့မဟုတ် NO2-နဲ့ အောက်ဆီဂျင်ဆိုညပီး ကွဲထွက်သွားပါတယ်။ အဲ့လိုကွဲထွက်သွားတော့ N2ပုံစံနဲ့ NO2- ပုံစံကို အပင်က မစုပ်ယူနိုင်ပါဘူး။ အဲ့ဒီတော့ ကျွေးသမျှ အလဟသဖြစ်ရတာပေါ့။
၆။ တကယ်တော့ နိုက်ထြိုဂျင်ဟာ ပိုကျွေးရင် ကျွေးသလောက် အပင်က မစုပ်ယူနိုင်တဲ့ ပိုလျှံပမာဏဟာ ပုံစံအမျိုးမျိုးနဲ့ မြေအောက်ရေထဲကို စိမ့်ဝင်ဆုံးရှုံးတာ (Leaching)၊ သွင်းရေထုတ်ရေ မိုးရေနဲ့အတူ ပါသွား တိုက်စားသွားတာ(Run off) တွေကိုတော ဘယ်လိုအခြေအနေမှာမဆို မလွဲမရှောင်နိုင် ကြုံတွေ့ ရမယ်ဆိုတာကိုလဲ သတိချပ်ရပါမယ်။
၇။ သဘာဝတရားကြီးဟာ သူဟာနဲ့သူ ဟန်ချက်ညီနေအောင် ဖန်တီးပြီးသားပါ။ နိုက်ထိုဂျင်ကိုပဲ ဥပမာပေးကြည့်ပါမယ်။ သဘာဝမှာ နိုက်ထိုဂျင်ဟာ ဘယ်သောအခါမှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး သူ့ သံသရာစက်ဝန်းမှာ ပုံစံအမျိုးမျိုးဖြစ်တည်ပြီး ချားရဟတ်လို လည်နေပါတယ်။ ဒါပေမယ့် လူကနေ သဘာဝမဟုတ်တဲ့ မြေသြဇာတွေ ဖန်တီးပြီး သဘာဝတရားကြီးထဲကို ထဲ့ပေးလိုက်တဲ့အခါ သဘာဝတရားကြီးထဲမှာ နိုက်ထိုဂျင်တွေ ပိုလျှံလာပါပြီ။ အင်မတန် နူးညံ့သိမ်မွေ့ တဲ့ ဂေဟစနစ်ကြီးလဲ ဟန်ချက်ပျက်ပါပြီ။ နိုက်ထြိတ် နိုက်ထိုဂျင် NO3- က အနုတ်သဘော (anion) ပေမယ့်လို့ အပေါင်းသဘောဆောင်တဲ့ အခြား ဒြပ်တွေ (Cation) ကနေ ကြာရှည်ဆွဲမယူထားနိုင်ပါဘူး။ အပင်ကလဲ မစုပ်ယူနိုင်တော့လောက်အောင် မြေထဲမှာ များနေတဲ့ အခြေအနေမှာဆိုရင် မြေအောက်ရေ သွင်းရေထုတ်ရေ မိုးရေတွေနဲ့အတူ မြစ်ချောင်းအင်းအိုင်တွေထဲကို ရောက်ပြီး ရေထုညစ်ညမ်းမှုကို ဖြစ်စေပါတော့မယ်။
၈။ မြန်မာပြည်မှာလဲ ဖြစ်နေပါတယ်။ အင်းလေးက အစပြုလို့ ကိုယ်နဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်က အင်းငယ်တွေ အိုင်ငယ်တွေကို ကြည့်ရင်သိနိုင်ပါတယ်။
ရေညှိရေမျှောတွေ ဗေဒါတွေ ဒိုက်ပင်တွေ အရမ်းသန်စွမ်းနေပြီး ရေကလဲ ပုပ်အဲ့အဲ့ အနံရနေတယ်ဆိုရင် ဒီပြသနာဖြစ်နေဖို့ ရာနှုံးများပါတယ်။ တဖြေးဖြေးနဲ့ ရေနေသတ္တ၀ါတွေကို သေကြေပျက်စီးသွားစေပါမယ်။ အင်းလေးမှာဆိုရင် တောင်ပေါ်ကနေ ဖျန်းချလိုက်တဲ့ ပိုးသတ်ဆေးနဲ့ သုံးစွဲလိုက်တဲ့ မြေသြဇာတွေကြောင့် အချို့ ငါးမျိုးစိတ်တွေနဲ့ အဲ့ဒီငါးတွေကို စားကြတဲ့ ငှက်မျိုးစိတ်တွေ ပျက်သုဉ်းပျောက်ကွယ်လုလုဖြစ်နေတဲ့အတွက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အငြိမ်းစားပါမောက္ခကြီးတွေနဲ့ အခြားပညာရပ်နယ်ပယ်က မြန်မာ့ ပညာရှင်တွေ ကမ္ဘာ့ ပညာရှင်တွေဟာ နေ့မအား ညမနား အင်တိုက်အားတိုက်နဲ့ ပညာပေးတွေ နည်းဗျူဟာတွေ လှုပ်ရှားဆောင်ရွက်နေတာ တွေ့ ရပါ့မယ်။
၉။ မြေသြဇာတွေကို လိုတာထက် ပိုကျွေးခြင်းက ရေထုညစ်ညမ်းတာအပြင်အခြားသော ပြသနာတွေကိုလဲ ဖန်တီးပါသေးတယ်။ နိုက်ထြိတ်နိုက်ထိုဂျင်NO3- တွေဟာ ဆား(salt) တွေဖြစ်တဲ့အတွက် မြေထဲမှာ အလွန်များနေရင် အဲ့ဒီမြေကို ရေ ငတ်ပြသနာဖြစ်စေပါတယ်။
ဒါ့အပြင် အပြင်းစား ဓါတ်တိုးစေတဲ့ အရာတွေ (Oxidizer) လဲ ဖြစ်တဲ့အတွက် မြေထဲက အော်ဂဲနစ်မတ္တာတွေကို ပိုပြီး မြန်မြန် လောင်ကျွမ်းစေပါတယ်။ အော်ဂဲနစ်မတ္တာတွေ လောင်ကျွမ်းတဲ့ အခါ အာဟာရဓါတ်ကို အပင်က စုပ်ယူနိုင်တဲ့ အနေအထားရောက်သွားတာ ကောင်းတယ် ဆိုပေမယ့်လို့ အပင်က မစုပ်ယူနိုင်လောက်အောင် လျင်လျင်မြန်မြန်နဲ့ ပိုပိုလျှံလျှံ လောင်ကျွမ်းသွားမယ်ဆိုရင်တော့ အဲ့ဒီမြေဟာ နှစ်အနဲငယ်အတွင်းမှာ ဘာမှ လုပ်လို့ မရအောင် ပျက်စီးသွားပါတော့မယ်။
၁၀။ သဘာဝမှာတော့ ထွက်လာတဲ့ နိုက်ထြိုဂျင်နဲ့ အပင်က စုပ်လိုက်တာနဲ့ မျှနေတော့ အော်ဂဲနစ်မတ္တာတွေ လောင်ကျွမ်းတာ ပြသနာမဟုတ်ပေမယ့်လို့ လူကနေ လော်လီပြီး ပိုပိုသာသာကျွေးလိုက်တဲ့ လူလုပ်နိုက်ထြိုဂျင်တွေကတော့  ကမ္ဘာနဲ့ ချီပြီး ယနေ့ ရင်ဆိုင်နေရတဲ့ ပြသနာ အကြီးစားပါပဲ။
၁၁။ စားနပ်ရိက္ခာလိုအပ်ချက်အရ အသုံးပြုနေရတဲ့ လူလုပ်မြေသြဇာတွေကို အနာဂါတ်မှာလဲ သုံးနေရဦးမှာကိုလဲ မငြင်းနိုင်ပါဘူး။ အထက်ပါ ပြသနာတွေကြောင့် လူလုပ်မြေသြဇာအသုံးပြုမှုကို လုံးလုံးကြီး ချက်ချင်း ရပ်တန့်ပစ်ရမယ်လို့ မဆိုလိုသော်ညားလဲ တဖြေးတဖြေးချင်းတော့ နဲနိုင်သမျှနဲအောင် စိုက်ပျိုးထွက်ကုန်ထုတ်လုပ်မှုနှုံးကိုလဲ မထိခိုက်အောင် နည်းလမ်းတွေကို ကြံဆ တီထွင်ဖို့ လိုအပ်တာတော့ အမှန်ပါပဲ။
၁၂။ နောက်ပိုင်းမှာ သုတေသနအသီးအပွင့်တွေအဖြစ် နိုက်ထြိုဂျင်ကို ဆုံးးရှုံးမှု နဲနိုင်သမျှနဲအောင် အပြင်ကနေ တခုခုနဲ့ အုပ်ထားတဲ့ ပုံစံ coated nitrogen ဒါမှမဟုတ် အခြားအာဟာရဓါတ်တွေနဲ့ ပေါင်းစပ်ပြီးတော့ မြေထဲကို တဖြေးဖြေးချင်း ထွက်လာမယ့်ပုံစံ compound or slow release fertilizer တွေအဖြစ် ပြုလုပ်အသုံးပြုလာခဲ့ကြပါတယ်။
အီ အထိကား နိဒါန်း အီကား စကားချီး။
----------------------------------------------------------------------
နောက် တပိုင်း ထပ်တင်ချင်ပါတယ်။ အချို့ သော လူလုပ်မြေသြဇာတွေရဲ့ မြေထုအပေါ်ဆိုးကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
ကြေငြာတွေတော်တော်များများမှာ ကျနော်တို့ ကုမ္ပဏီက ပစ္စည်းကတော့ဖြင့် မတရားသဖြင့် သုံးရင် မြေနဲ့ မြေရဲ့ အကျိုးပြုအဏုဇီဝပိုးတွေကို ဘယ်လို ဒုက္ခပေးမယ်လို့တော့ ပြောပြီး ကြေငြာလေ့မရှိပါဘူး။
များများထွက်ချင်ရင် များများထဲ့ပါလို့ပဲ ပြောတာများပါတယ်။
ဒါကြောင့် အခြားသော မြေသြဇာတွေရဲ့ ဆိုးကျိုးတွေကိုလဲ ချင့်နှိုင်း တွေးတောလို့ရအောင် ဥပမာအချို့ ပေးပြီး လူလုပ်မြေသြဇာတွေရဲ့ ဆိုးပြစ်တွေကို ဖော်ထုတ်ချင်ပါတယ်။
တောင်သူတွေအကျိုးတစ်ခုတည်းအတွက်ပဲ အဓိက ရည်ရွယ် ဘာသာပြန်ပါတယ်။ ခက်ခက်ခဲခဲ နဲနဲနက်နက်တွေမပါတဲ့အတွက်လဲသိပြီးသား တတ်ပြီးသားလူတွေအတွက် မရည်ရွယ်ပါဘူး။ စိုက်ပျိုးရေးနယ်ပယ်က မဟုတ်တဲ့သူတွေလဲ ကိုးတန်း ဆယ်တန်းက နိုက်ထိုဂျင်စက်ဝန်းလောက် သင်ဖူးရင်ကိုပဲ နားလည်မြင်ယောင်နိုင်အောင် ဆီလျော်အောင် ဘာသာပြန်ပေါင်းစပ်ထားတာမို့ လိုအပ်ချက်တွေ အဆီအငေါ်မတဲ့တာတွေတွေ့ ရင် ခွင့်လွှတ်နားလည်ပေးစေလိုပါတယ်။
ပုံတွေကို ကလစ်ထောက်ကြည့်စေချင်ပါတယ်။ နိုက်ထိုဂျင်စက်ဝန်းကို နွေးပေးချင်တဲ့ သဘောရယ်၊ ရေထုညစ်ညမ်းနေတဲ့ ပုံလေးတွေရယ် ရယ်ပါ။ အားလုံးတွေ့ နေကြ မြင်နေကြသဘောပါပဲ။ အင်တာနက်ကနေ ရယူထားတာပါ။
ဘုတ်ဆုံမ

No comments:
Post a Comment