Saturday, 14 February 2015

မုယားကြီး


Nine Emerald Threads/NET-ABKC
(ပိုးသတ်ဆေးအာနိသင်ရှိအပင်များ)

#မုယားကြီး

အမည် -မုရားကြီး(ရွက်ပါး)

အင်္ဂလိပ်အမည် - Malabar Nut Tree

ရုက္ခဗေဒအမည် - Justicia adhatoda/Adhatoda vasica

မျိုးရင်းအမည် - Acanthaceae

ခြုံပုတ်ပင်အမျိုးအစားဖြစ်၍(၃)ပေအထိမြင့်နိုင်သည်။
*[(၄)ပေမှ(၈)ပေအထိမြင့်သည်။]
ကိုင်းဖြတ်ကိုပျိုး၍စိုက်ပျိုးနိုင်သည်။
ပရဆေးအနေဖြင့်လည်းအသုံးပြုကြသည်

#အသုံးပြုသည့်အစိတ်အပိုင်း - အရွက်

#ပါဝင်သောဓာတ်

Vasicine
Vasicinone
Bataine
Essential oil

#အစွမ်းသတ္တိ

အစားအသောက်ပျက်ဆေး(Anti-feedent)
ပိုးသတ်ဆေး(Insecticide)
မွှားသတ်ဆေး(Acaricide)

#နှိမ်နင်းနိုင်သောပိုးများ

လက်ဖက်မွှားနီ(Red tea mite)

#အသုံးပြုနည်း

နည်း(၁)

မုယားကြီးရွက် -(၆၀)ကျပ်သား/(၁ ကီလိုဂရမ်)
ရေ -(၅)ပုလင်း/(၅ လီတာ)

မုယားကြီးရွက်လတ်လတ်ဆတ်ဆတ်(၆၀)ကျပ်သားကို
ခူယူ၍ခုတ်စင်းကာရေ(၅)ပုလင်းနှင့်(၂၄)နာရီကြာ
စိမ်ထားပါ။
ပိတ်စိမ်းပါးဖြင့်စစ်ယူ၍ရရှိသောစစ်ကျရည်တွင်
ဆပ်ပြာအနည်းငယ်ရော၍ပက်ဖျန်းအသုံးပြုနိုင်သည်။

နည်း(၂)

မုယားကြီးပင်မှကိုင်းများကိုချိုးယူ၍စပါးစိုက်ခင်းအတွင်း
ထိုးစိုက်ပေးခြင်းဖြင့်စပါးဖျက်ပိုးများကိုကာကွယ်နိုင်သည်။

#Source : ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေး

ရေးသူ - မောင်ဌေးအန့်

No comments:

Post a Comment