Saturday, 14 February 2015

သဘာဝ ပိုးသတ်ဆေး

NAY YAN LWIN "သဘာဝပိုးသက်ဆေး(သို့)ပိုးနှင်ဆေး"

(1)တမာရွက် ၂၅ကျပ်သားကိုနုတ်နုတ်စင်းပြီး ရေတစ်ဂါလံတွင်တစ်ညစိမ်ထားပါ။အဲဒီစိမ်ရေ နို့ဆီခွက်တစ်ခွက်စာကို ရေလေး ဂါလံနဲ့ရောပြီး အပင်များကိုဖြန်းပေးပါ။ 
တမာသီး သီးချိန်တွင်တမာသီးကိုကြိတ်ပြီးစိမ်၍သုံးပါက
ပိုးအစွမ်းထက်ပါတယ်။

(2)သြဇာရွက် ၂၅ကျပ်သားကိုနုတ်နုတ်စင်းပြီးရေတစ်ဂါလံတွင် တစ်ညစိမ်ထားပါ။ အဲဒီစိမ်ရေနို့ဆီခွက်တစ်စာကို ဆပ်ပြာမှုန့်ဟင်းစားဇွန်းတစ်ဇွန်း၊ငရုတ်သီးမှုန့်
တစ်ဇွန်းနဲ့ရောပြီး ရေလေးဂါလံဖြင့်အပင်များကို ဖြန်း
ပေးပါ။

(3)ဆေးရွက်ကြီးအမှုန့် တစ်ပိဿာကို ရေ သုံးဂါလံဖြင့် တစ်ညစိမ်ပါ။အဲဒီစိမ်ရေတစ်လီတာကို ရေလေးဂါလံဖြင့်
အပင်များကို ဖြန်းပေးပါ။

(4)လောက်သေအပင်နဲ့ဥ ၂၅ကျပ်သားကို ရေတစ်ဂါလံ
ဖြင့်တစ်ညစိမ်ပါ။အဲဒီစိမ်ရေ တစ်လီတာကို ရေလေးဂါလံဖြင့်အပင်များကိုဖြန်းပေးပါ။

(5)ဆေးလိပ်တို အခု ၃၀ (သို့)၄၀ကိုရေတစ်လီတာဖြင့် တစ်ညစိမ်ပါ။အဲဒီစိမ်ရေ နို့ဆီခွက် ၂ခွက်စာကို ရေလေး
ဂါလံဖြင့်အပင်များကိုဖြန်းပေးပါ။

စိုက်ခင်းအလယ်တွင် စပါးလင်ပင်၊ထပ်တစ်ရာပန်းပင်တွေကို စိုက်ပေးထားရင် ပိုးတွေမလာအောင် တားပေးပါတယ်။

စိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့
မိတ်ဆွေတို့ ကိုယ်နဲ့နီးစပ်ရာအပင်များကို အကျိုးရှိစွာအသုံးပြုနိင်ပါစေ။ဖော်ပြပါအုံးမယ်.....

No comments:

Post a Comment