အကျိုးပြုအနုဇီဝပိုးပါဝင်မှုများတဲ့
" ငှက်ပျောပင်ဇီဝမြေသြဇာအရည်ပြုလုပ်နည်း"
မနက်အစောပိုင်နေမထွက်ခင်မှာငှက်ပျောပင်ကိုအမြစ်ပါ ပါအောင်တူးပါ။နေမထွက်ခင်တူးရင် အနုဇီဝပိုးပါဝင်မှု
များပါတယ်။(အရွက်အချဉ်ဖောက်ရည် လုပ်ရင်လဲအရွက်
ကိုနေအထွက်ခင်ခူးပါ။)ငှက်ပျောပင်တပင်လုံးကို အတုံးသေးသေးလေးတွေဖြစ်အောင် စင်းပါ။စင်းထားတဲ့ငှက်ပျောတုံး ၃ပိဿာကို တင်လဲရည်(ထန်းလျက်၊သကြားညို
လဲသုံးလို့ရပါတယ်) ၁ပိဿာနဲ့ရောပြီးပလက်စတစ်ပုံး(သို့)စဥ့်အိုးထဲသို့ထည့်ပါ။မနက်တစ်ကြိမ် ညနေတစ်ကြိမ်မွှေပေးပါ။၇ ရက်ပြည့်တဲ့အခါမှာ အသုံးပြုလို့ရပါပြီ။
အသုံးပြုနည်း။ ။
ငှက်ပျောပင်ဇီဝမြေသြဇာအရည် တစ်ဆကို
ရေအဆ ၁၀၀၀ထိရောပြီး အပင်တွေကို လောင်းပေး ၊
ဖြန်းပေးပါ။
စိုက်ပျိုးရေးဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မိတ်ဆွေများအဆင်ပြေအောင်မြင်ပါစေ...
{BBC ဦးဝင်းမြင့်ထံမှတဆင့်ပြန်မျှဝေခြင်းဖြစ်ပါတယ်}
No comments:
Post a Comment