Thursday, 31 July 2014

ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ကန်တော့ခြင်း (၂)

ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ကန်တော့ခြင်း (၂)
===============================




ဒါကြောင့် ကျွန်မ ကတော့ အဖိတ်နေ့။လပြည့် နေ့၊ လပြည့် ကျော် တစ်ရက် တွေ မှာ မှန် မှန် ကန် တော့ ဖြစ်ခဲ့ပါတယ်၊ နေ့ တိုင်း မကန် တော့ တာ ကတော့ လေးလေး နက်နက် မလုပ် ဖြစ်မှာစိုးလို့ပါ..။
အဖိတ်နေ့ ညနေ တွေ မှာ *ပန်း၊ သစ် သီးတွေ ၁၀ မျိုး ၊ ဖယောင်းတိုင် ၁၀ တိုင်၊ ချောကလက်၊ ကိတ် မုန့် ဝယ်ပြီး၊သောက် တော် ရေ ၁၀ ခွက်* တို့ကို အာမိသ ပူဇာ အဖြစ်လှူ ပြီး အဲ ဒီနေ့ ည မှာ ကန် တော့တယ်..။
ပဋ္ဌာန်း တို့ ဓမ္မ စင်္ကြာ၊ ပရိတ်ကြီး (၁၁)သုတ်၊ အနတ္တလက္ခဏသုတ် တို့ပါ ရွတ် ဆိုပြီး ဓမ္မပူဇာ အဖြစ် ပူဇော် လိုက် ပါတယ်..။
ဆရာတော် ဟော တာ ကတော့ လှူ ဘွယ် များစွာ နဲ့ ကြိုက် သလို လှူ ပါ..။ အစစ် အမှန် ကြည် ညို ဘို့ သာ အဓိ က ဖြစ်ပါတယ် တဲ့..။
ဒီတော့ ရက်တို့ ၊ လှူဘွယ်ပစ္စည်း တို့ ဆိုတာ ကိုယ် ကြိုက်သလို ရွေးချယ်နိုင်ပါတယ်
ဘုရား ကန် တော့ ငါးပါးသီလ ၊ ယူပေါ့လေ။ ကျွန်မ ကတော့ အာ ဇီဝဋ္ဌမ္မ ကသီလ ဆောက် တည် ပါတယ်။
• ဒီနေရာမှာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ စကားအတိုင်း နာယူ ရွတ်ဆို ပူဇော် ကန်တော့ ပေးကြပါနော်*
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သတ္တဝါတွေအပေါ် အင်မတန် မေတ္တာ
ဂရုဏာ ကြီးမားတယ်နော်။ သုမေဓာ ရသေ့ဘဝမှာ နိဗ္ဗာန်ရလိုက ရနိုင်ပါသော်
လည်း သတ္တဝါတွေအပေါ် သနားတဲ့စိတ် ကရုဏာဓာတ် အင်မတန်ကြီးမားတာ
ကြောင့် ဘုရားဆုပန်ခဲ့တယ်နော်။
ဘုရားဆိုတာသည် မိသားစုအတွက် မဟုတ်ပါ
ဘူး။ ရပ်ရွာတစ်ခု၊ မြို့ရွာတစ်ခု၊ တိုင်းပြည်တစ်ခု၊ ကမ္ဘာတစ်ခုအတွက် မဟုတ်
ပါဘူး။ စကြာဝဠာရှိ သတ္တဝါ အားလုံးအတွက်နော်။ ဒီလိုမေတ္တာ ဂရုဏာပိုင်ရှင်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးတောင်မှ မိုက်မဲတဲ့
ပုဂ္ဂိုလ်များအတွက် ကျွတ်တန်းဝင်ရန် ဓာတ်တော်ချန်ပေး ခဲ့တယ်။
အဓိဋ္ဌာန်ပေးခဲ့တယ်နော်။
ဓာတ်တော်သည် ဘုရားကိုယ်စား ဘုရားပါပဲလို့ မှတ်ကြ။
အဲဒီဓာတ်တော်ကို သက်ရှိထင်ရှားလို့ အောက်မေ့ကြပါ။ ဒါကြောင့်မို့ အားလုံးရဲ့
သဏ္ဌာန်ရှေ့၌ သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရားကြီး ကြွရောက်နေပါပြီ …။
“သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရား၊ ဘုရားတပည့်တော်သည် မသိ၊ မလိမ္မာ ခင်က မိုက်မဲစွာ ပြစ်မှားမိတဲ့ ကံတွေရှိခဲ့ပါ၏။ ထိုကံ ခင်က မိုက်မဲစွာ ပြစ်မှားမိတဲ့ ကံတွေရှိခဲ့ပါ၏။ ထိုကံသတ္တိနှင့် တန်ပြန်မှု အပြစ်တွေ သတ္တိနှင့် တန်ပြန်မှု အပြစ်တွေ
ပျောက်ခြင်းငှာ ရှင်တော်မြတ်ဘုရား အဆုံးအမကို ခံယူလျက်၊ ရှင်တော်မြတ်ဘုရား
ထံ၌ပင် ...
တောင်းပန်ကန်တော့ခြင်း အခွင့်ကို ပေးတော်မူပါဘုရား။ ကန်တော့ခြင်း အခွင့်ကို ပေးတော်မူပါဘုရား။
ကန်တော့ခြင်း အခွင့်ကို ပေးတော်မူပါဘုရား။”
ရွတ်ဆိုပူဇော် ရန် မှာ..။
* ၁။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့
တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်
ကြီး တို့၏အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်
ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါ စေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ မြတ်စွာဘုရား။
၂။ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၏အပေါ်၌
ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်
ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(ဉာဏ်ဆန်းကြယ်မှ ကံဆန်းကြယ်တယ်နော်။ မိမိနဖူးထိရာ အရပ်သည်
ဘုရားရှင်ရဲ့ ခြေဖမိုးတော်ကို ထိသကဲ့သို့ ရအောင်ကြိုးစားပြီး ပုံဖော်နော်။
ရင်ထဲအေးချမ်းပါစေ။ အအေးဓာတ်ကို စိမ့်နေပစေ။ ရအောင်ကြိုးစားပြီး
ကန်တော့ပါ။)
၃။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ
အရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်
ပြစ်မှားမိသည်ရှိခဲ့ပါသော်ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(ကြက်သီးမွေးညှင်း ထလောက်အောင် အအေးဓာတ် စိမ့်ထွက်ပစေ၊ အဲဒါဆို ပိုကောင်းပါတယ်။ ကြိုးစားကြနော်။ တဖြည်းဖြည်းနဲ့ ရလာပါလိမ့်မယ်။)
၎။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊
ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို
ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(အဂ္ဂသာဝက၊ မဟာသာဝက ဆိုတာ ဘုရားရှင်ရဲ့ ပါရမီကို
လေးပုံတစ်ပုံဖြည့်ရတယ်။ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ရတာနော်။
အဂ္ဂသာဝကဆိုတာ တခြား မဟုတ်ဘူး။ လက်ဝဲရံ လေးဆယ်၊ လင်္ကျာရံ
လေးဆယ်၊ စုစုပေါင်း ရှစ်ဆယ်ပေါ့။ အဲဒီမှာ ဦးဆောင်တဲ့ ပုဂ္ဂိုလ်ဟာ
အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလန် ပုဂ္ဂိုလ်နှစ်ပါးနော်။ အဂ္ဂသာဝက
လို့ခေါ်တယ်။ ဖွဲ့စည်းပုံတွေ ကောင်းသထက်ကောင်းအောင် အချိန်ပေးပြီး ပါရမီ
ဖြည့်ခဲ့ရတာ။ ကျန်တဲ့ (၇၈)ပါးသော ပုဂ္ဂိုလ်တွေဟာ ကမ္ဘာတစ်သိန်းဖြည့်ရတဲ့
မဟာသာဝက ရဟန္တာကြီးတွေ လို့မှတ်ပါ။ ရိုးရိုးရဟန္တာတွေက ပါရမီ အတိုင်းအတာ
မရှိဘူး။)
၅-၆။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော မိခင်၊ ဖခင် တို့၏အပေါ်၌ ကာယကံ၊ ဝစီကံ၊
မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို
ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(မိဘနှစ်ပါးရှိသေးတယ်ဆိုရင် နေ့စဉ် နဖူးနဲ့ ခြေထောက်ထိပြီး ကန်တော့ကြပါ။
အိပ်ယာဝင်ခါနီးတိုင်း ကန်တော့ပြီးမှ အိပ်ပါ။ အခွင့်မသာရင်တော့ ဓာတ်ပုံကိုဘဲ
ပူဇော်ပါ ရပါတယ်။ ခြေရာကို မသေသေးရင် ရအောင်တောင်းထားကြနော်။
အဲဒီခြေရာကို ရိုရိုသေသေနဲ့ သွားလေရာဆောင်ထား။ မိဘရဲ့ မေတ္တာစေတနာ
ကြောင့် အစစအရာရာ အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
အမွေထက် စိတ်ချရ
တယ်။ မိဘကို စိတ်ကညွှတ်တဲ့အခါ အအေးဓာတ်နဲ့ ညွှတ်နော်။ ကိုယ့်ခေါင်း
အထက်မှာ ပုံဖော်ထား၊ အကြိမ်ကြိမ် ကန်တော့ရင် သိသာပါလိမ့်မယ်။
ဘဝပြောင်းလဲမှု များပါလိမ့်မယ်။ အကောင်းပြောင်းလဲတာလို့ မှတ်ပါ။)
၇။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော
ဆရာတို့၏ အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှား
မိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(ဒါဟာ စာပေလိမ္မာ၊ အသက်မွေးဝမ်းကြောင်း အလိမ္မာတွေကို ကျွမ်းကျင်လိမ္မာ
အောင် သင်ကြားပေးတဲ့ လောကီဆရာသမားတွေကို ပြောတာနော်။)
၈။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို
ဆည်းပူးဖြည့်ကျင့်လျှက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်
တို့၏ အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှား
မိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(ရင်ထဲမှာ အေးချမ်းနေပစေ၊ ဆန္ဒမစောနဲ့။ မာန်လျော့ထားပါနော်)
၉။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသဆုံးမ
တတ်သော ဆရာသမားတို့၏ အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော
ကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း ကျိုးငှာ
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(နောက်ဆုံးပိတ် ခင်ပွန်းဆိုတဲ့ စကားဟာ ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှ ခင်ပွန်းလို့
သုံးတယ်နော်။ ထမင်းတစ်လုပ်ဖြစ်စေ၊ ရေတစ်မှုတ်ဖြစ်စေ၊ ဖျာလေး တစ်နေရာစာ
စသည်ဖြင့် ထောက်ပံ့ဘူးတဲ့ ပုဂ္ဂိုလ်မှန်သမျှသည် ကျေးဇူးရှင်ခင်ပွန်းထဲ
ထည့်ထားနော်။)
၁၀။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင့်
ပေးကမ်းချီးမြှင့် ထောက်ပံ့ ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌ ကာယကံ၊
ဝစီကံ၊ မနောကံ - (မနောကံဆိုတဲ့နေရာမှာ အရေးကြီးတယ်နော်။ ပုဂ္ဂိုလ်
တစ်ယောက်ကို ပုံဖော်တဲ့နေရာမှာ အပြစ်တွေတင်ပြီး မကျေမနပ်နဲ့တွေးရင် ပြစ်မှား
နေတယ်လို့မှတ်ပါ။ မကြည်မလင်နဲ့ အပြစ်တွေရှာ၊ အားနည်းချက်တွေရှာပြီး
စိတ်ထဲက အဲဒီအားနည်းချက်တွေကို ပြောနေမယ်ဆိုရင် ပြစ်မှားနေတာပါပဲ။
နှုတ်နဲ့ပြစ်မှားနေတာကို မဟုတ်ဘူးနော်။ မနောနဲ့ပြစ်မှားနေတာကို ပြောတာ။
ဒါကြောင့် နိဗ္ဗာန်လိုချင်ရင်၊ ချမ်းသာချင်ရင် သူများအတင်းမပြောနဲ့၊
စိတ်ကူးနဲ့တောင် မဖော်ကြနဲ့နော်။
ပုံဖော်ရင်လည်း ပြုံးရွှင်နေတဲ့ပုံကိုပဲ ဖော်ရတယ်။
ကျေးဇူးဂုဏ်လေးတွေကိုတွေးပြီး ချစ်လာအောင်ဖော်ကြနော်။ ဒီတော့မှ ကိုယ့်ဘဝ
တိုးတက်မယ်လို့ မှတ်ကြပါ။ ဒီမှာလည်းစဉ်းစား၊ သူများအတင်းပြောခဲ့တာသည်
နည်းသလား၊ များသလားလို့နော်။
သူများမကောင်းကြောင်းတွေ မကျေနပ်ချက်
တွေ များရင်တော့ စွမ်းအားကျမယ်၊ စီးပွားလည်းကျမယ်နော်။ မလုပ်မိအောင်
ကြိုးစားကြနော်…။) သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်
ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏
မြတ်စွာဘုရား။
“ဘုရားရှင်ကို ပိုပြီး ကြည်ကြည်လင်လင် အာရုံယူပြီး ရှိခိုးနိုင်အောင် တညီတညာ
တည်း ငါးမာန်အောင်မြင် ဘုရားရှိခိုးဖြင့် ရှိခိုးကြရအောင်”
*ငါးမာန်အောင်မြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*ကိလေသာကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*သစ္စာသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*အနန္တဂုဏ်အင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*ငြိမ်းအေးသခင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*သံသရာကယ်တင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*နိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*ပရိနိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
သာဓု - သာဓု - သာဓု
ဆုတောင်းခန်း ဆုတောင်းခန်း
=====================
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကောင်းမှုကံ
စေတနာ တို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ်အပေါင်းတို့မှ ကင်းဝေး
ပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို
ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ စံဝင်နိုင် သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း
လွယ်ကူ လျှင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။
ကန်တော့ခန်း ကန်တော့ခန်း
ဣမာယဓမ္မာနု၊ ဓမ္မပဋိပတ္တိယာ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်
တည်းဟူသော ဤလောကုတ္တရာတရား၊ ကိုးပါးအားလျော်သော ကျင့်ဝတ်
ပဋိပတ်ဖြင့် ဗုဒ္ဓံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယဓမ္မာနု၊ ဓမ္မပဋိပတ္တိယာ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်
တည်းဟူသော ဤလောကုတ္တရာတရား၊ ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်
ဖြင့် ဓမ္မံ တရားတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယဓမ္မာနု၊ ဓမ္မပဋိပတ္တိယာ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်
တည်းဟူသော ဤလောကုတ္တရာတရား၊ ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်
ဖြင့် သံဃံ သံဃာတော်မြတ် ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
မေတ္တာပို့ အမျှဝေ
ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည်၊ ရွှေပြည်
ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို၊ ထိုထိုဘဝ ကျင်လည်ရလည်း အနိဋ္ဌ
ဘေးဒဏ် ရန်၊ မာန် အပေါင်း မကောင်းဟူသမျှ မတွေ့ရဘဲ သဗ္ဗIစ္ဆာ မင်္ဂလာကို
ရွယ်တာ တတိုင်းရစေသော်…။ ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ
မျိုးသဟာနှင့် ကိုယ့်မှာစောင့်ကြပ်
ကိုယ်စောင့်နတ်က အရင်းစ၍ ရှိသမျှအလုံးစုံ
ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးမျှဝေသည် ….
များထွေသာဓုခေါ်စေသောဝ်….. ဝသုန္ဒရေ ဤမြေပံသု သီလာထုလည်း သက်သေ
အမှု တည်စေသောဝ် …..။
ကုသိုလ် … အမျှ … အမျှ … အမျှ ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု
ရင် ထဲမှာ ကိန်းနေတဲ့ အာ ဃာတ တွေ အ ညှိုး အတေးတွေ ၊ အမုန်းတရား တွေ စာရင်းရှင်း လိုက် တဲ့အ တွက် ကြည်လင် လန်း ဆန် ပေါ့ ပါး မှုကို လက် ငင်းခံစားရပါလိမ့်မယ်။
အပိုင်း (၃) ကို ဆက်ပါအုံးမည်။
ThanThan Sein's photo

သူငယ်ချင်းသို့



သူငယ်ချင်းသို့
========
အစ္စရေး ဂါဇာ ဒီကမ္ဘာမှာ
သူဆော်ငါဆော် တကြော်ကြော်နဲ့
မိုးထိလျှံလို သတင်းပျံလို့..
လူတွေသိတယ် သူငယ်ချင်း…

ဒို့တိုင်းရင်းသား လျှိုမြောင်ကြားမှာ
ဟိုပြေးဒီပြေး စစ်ဆင်ရေးတဲ့
လူမသိသူမသိ သင်္ဂြိုင်းမရှိ
သေသူတွေရှိတယ် သူငယ်ချင်း…

ငြိမ်းချမ်းရေးအော် တကြော်ကြော်
အော်နေသော်လည်း အသံမစဲ
စစ်ပွဲတွေလည်း ဖြစ်နေစဲ
မင်းသိစေချင်တယ် သူငယ်ချင်း…
-----------------------------
သျှန်းလူငယ် (29-7-2014)

ဒိသာဖရဏ မေတ္တာပွားနည်း


မင်းကွန်းဆရာတော်ကြီး၏
ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ ဒိသာဖရဏ မေတ္တာပွားနည်း




၁။ အရှေ့ အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၂။အနောက် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၃။မြောက် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၎။ တောင် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၅၊၊အနောက် တောင်ထောင့် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၆၊၊အနောက် မြောက်ထောင့် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၇၊၊အရှေ့ မြောက်ထောင့် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၈၊၊အရှေ့ တောင်ထောင့် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။
၉။အောက် အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တ စကြဝဠာ အပါယ်ဘုံသား အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၁၀။အထက်အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တ စကြဝဠာ အနန္တ နတ်ဗြဟ္မာတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်းးအေးချမ်းကြပါစေ။
 အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း

အစိန္တေယျ ဘုရားရှိခိုးကြီး


ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ
အစိန္တေယျ ဘုရားရှိခိုးကြီး









နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(၁) အစိန္တေယျ၊ အပ္ပမေယျ၊ သေဌ ဇေဌ ဓ အတုလရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓဿ၊ အနုတ္တရ မာရဇိ၊ တိလောကန္တဂူ၊ သယမ္ဘူ ဘဝိဿရ၊ ဤသို့စသား အသေင်္ချယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဌ် ဖြင့်၊ ဇဗ္မူဒိပ်မှတက်၍၊ ဘဝဂ် တိုင်ကြေညာလျက်၊ ကာမ ရူပ၊ အရူပဟု၊ သြကာသ သုံးရပ်၊ လောကဓာတ်၌၊ အမြတ်ထက် အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာကဝိန်၊ သုခမိန်တို့သည်၊ ပညိနြေ္ဒ ရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍ မဆုံး မကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော်အပုံ၊ ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော် မူပေထသော…။
(၂) အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည်၊ မာန်မူ ဖက်ပြိုင်ခြင်းငှာ မထိုက်၊ မကိုဋ် မင်္ဂလာ၊ ဤကမ္ဘာ၌၊ ပထမာဓိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြု ပြည်ပြု၊ သမုတိဒေဝရာဇ် နေနွယ်ဖြစ်၍၊ စင်စစ် အမျိုးတော်အားဖြင့်၊ မြင့်မြတ်လှသော၊ ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွတ်ရုံး ကော်ရော်၊ ပူဇော်ဦးညွှတ်ရာ၊ ဖြစ်၍၊--- စင်စစ် ဘုန်းတော်အားဖြင့် အလွန်မြတ်သော ပုညမဟတ္တ ဂုဏ်---။
ဝသုန်သေလာ၊ အဏ္ဏဝါကို၊ မြူလွှာပြုလျက် နှိုင်းတုစက်လည်း ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည် ဖြစ်၍၊ စင်စစ် ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ်---။
ဤသုံးစုံကြောင့် လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ ၊ တစ်ဆူတည်းသော၊ အပ္ပဋိပုဂ္ဂိုလ် ဖြစ်တော်မူ ပေထသော…။
(၃) ဇမ္ဗူကျက်သရေ၊ ချက်ဗွေဘူမိ၊ အပရာဇိခရိုင် ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလ၌၊ ကာမ လောကဓာတ်၊ ခုနှစ်ရပ်လုံး၊ ဆတ်ဆတ်လှိုက်ခုန်တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီး သေဌ်နင်း၊ မာန်နတ်မင်းကို---ဖြည့်တင်းတော်မူခဲ့သော၊ ပါရမီဥာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန် လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊ သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာနာပါန၊ ဘာဝနာ ဖြင့် ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာဝဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီ၊ အဓိဌာနဝသီ၊ ဝုဋ္ဌာန ဝသီတည်းဟူသော၊ ဝသီဘော် ငါးတန်ဖြင့်၊ အဖန်ဖန်လေ့လာတော် မူပြီးလျှင်...။
ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဘူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည် အမျိုးစသော ၊ ပရမတ် ပညတ် တို့ကို၊ တပ်အပ်သိနိုင်စွမ်းသော၊ ပုဗ္ဗေနိဝါသဥာဏ်…။
သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျတို့၏ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန် ဌာနနှင့်တကွ၊ ဒုရ ပရိစ္ဆန္န၊ သဏှ သုခုမ ဖြစ်သော၊ ရူပါရုံတို့ကို အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဥာဏ်…။
လေးတန်သြဃ၊ အာသဝနှင့် ယောဂဂန္ထာ၊ လေးဖြာဥပါဒါန်၊ ခြောက်တန် နီဝရဏ၊ အနုဿယ ခုနှစ်အင်၊ သံယောဇဉ် ဆယ်တန်၊ ခြံရံ လျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို၊ စင်စွာပယ်ဖြတ်၊ အလွန်မြတ်သောကြောင့် အရဟတ္တမဂ္ဂ အမည်ရသော အာသဝက္ခယဥာဏ်…။
ဤသုံးတန်သောဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူအထွတ်။ လူတမွတ်ဟု။ မချွတ် သမိုက်အပ်ထသော…။
(၄) ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ ဟူသမျှတို့ ရခြင်းငှာမထိုက်၊ သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျပုဂ္ဂိုလ်တို့၏ အလိုဆန္ဒ၊ အာသယကိန်းဟန်ကို၊ ဧကန်သိမြင်နိုင်သော၊ အာသယာနုဿယဥာဏ်…။
ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့်သိနိုင်စွမ်းသော၊ ဣနြ္ဒိယ ပရောပရိယတ္တိဥာဏ်…။
ပရမတ်၊ ပညတ် အလုံးစုံကို၊ အကုန် အစင်သိမြင်နိုင်သော၊ သဗ္ဗညုတဥာဏ်…။
သင်္ခါရ၊ ဝိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ် တည်းဟူသော၊ ဉေယျဓံငါးအင်ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာပိတ်ပင်ခြင်း မရှိသော အနာဝရဏဥာဏ်…။
ယမိုက်ပြာဋိဟာလွှတ်ခြင်း အရာ၌ လေ့လာတော်မူနိုင်သော ယမကပါဋိဟာရိယဥာဏ်...။
သနားထိုက်လှစွာသော၊ ဝေနေယျ သတ္တဝါကို၊ လွန်စွာသနားတော်မူသော၊ မဟာကရုဏာ သမာပတ္တိဥာဏ်...။
ဤ ခြောက်တန်သော ဆ အာသာဓါရဏ၊ ဥာဏ လျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍၊ ဝေးနီး စကြာဝဠာ၊ သမန္တာရပ်၊ လောကဓါတ်တို့ကို၊ ထုတ်ခပ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော ပသာဒစက္ခု၊ ဥာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခုတည်းဟူသော၊ မျက်စိတော်ငါးလုံးဖြင့် အဆုံးဖြင့်မြင် တော်မူပြီးထသော...။
( ၅ ) ပလ္လင်၊ အနိမိသ၊ စင်္ကမ မှသည် စတုတ္ထ သတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်၌၊ မွေ့သိမ်စံပယ် တော်မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်၊ အသားတော်၊ အရိုးတော်စု၊ ဝတ္ထု ပသာဒိနြေ္ဒအလုံးမှ၊ ပြိုးပြိုးပြက်ပြက်၊ ရိုးရိုးရက် တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသောရောင်ခြည်တော်…။
ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသောရောင်ခြည်တော်…။
ကသစ်ခေါင်ရမ်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ နီသောရောင်ခြည်တော်…။
သာခွာဘော်ကြူ၊ ဖွေးဖွေးလူ သကဲ့သို့ ဖြူသောရောင်ခြည်တော်…။
ပြာလျှံ ညိုလျှံ၊ ခိုလျှံ စုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်…။
ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော်… တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း ကွန့်မြူးစေလျက်၊ လနေ အတိ၊ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြဝဠာ၊ ထွန်းလင်းဖြာသော၊ ဗြဟ္မာကြီး တို့၏ ကိုယ်ရောင် ကိုယ်လျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော၊ ကိုယ်တော်ရောင်တို့ဖြင့်အထောင်အသောင်းသော၊ လောကဓာတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသော...။
(၆) ပရိဗိုဇ် တက္ကတွန်း၊ ရဟန်း ရသေ့၊ မုနေ့အရည်း၊ ဦးပြည်းတပသီ၊ ဗေရာဂီတို့၏၊ ဝါဒီ အလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော သာသနာ့ဗာဟီ၊ လောကီ သီလ တို့ထက် ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလ ဟုသမုတ်အပ်သော၊ အာပတ်ခုနှစ်ပုံကို၊ လုံခြုံစွာစောင့်ကြောင်းဖြစ်သော ပါတိမောက္ခ သံဝရသီလ…။
ဣနြေ္ဒခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ဣိနြ္ဒိယသံဝရသီလ…။
မိစ္ဆာဇီဝမှ ကြဉ်ခွာလျက်၊ စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ...။
ပစ္စည်းလေးဖြာကို ပစ္စဝက္ခဏာတင်၊ ဆင်ခြင်သုံးသပ် ခြင်းဟူသော၊ ပစ္စယသန္နိဿိတသီလ…။
ဤလေးဝသော၊ စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော သီလဝိသုဒ္ဓိ...။
မဟဂ္ဂုတ် လောကုတ္တရာဈာန် ၌သာလျှင်၊ မြဲမြံစွာလေ့လာခြင်း တည်းဟူသော စိတ္တဝိသုဒ္ဓိ…။
ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ဝိတဏ္ဍီ ညစ်ကြေးမှ ကင်းဝေး ဖြူစင်လျက်၊ အယူ၏စင်ကြယ်ခြင်း တည်းဟူသော ဒိဋ္ဌိဝိသုဒ္ဓိ…။
တစ်ဆယ့်ခြောက်ပါးသော၊ ယုံမှားသင်္ကာ ကို ဖြတ်ခွာ လွန်မြောက်နိုင်သော၊ ဥာဏ်၏ စင်ကြယ်ခြင်း တည်းဟူသော ကင်္ခါဝိတရဏ ဝိသုဒ္ဓိ…။
မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော ဥာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော မဂ္ဂါ မဂ္ဂဥာဏဒဿနဝိသုဒ္ဓိ...။
မဂ်သို့ရောက်ကြောင်း အကျင့်ကောင်းကို မြင်နိုင်သော၊ ဥာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော ပဋိပဒါဥာဏဒဿန ဝိသုဒ္ဓိ…။
မဂ်လေးရပ်နှင့် သဟဇာတ် သမ္ပယုတ် ဖြစ်၍ သစ္စာလေးတန်ကို ၊ဆယ့်ခြောက်နက် ဝေဖန်ပြီး ဧကန်သိမြင်နိုင်သော ၊ ဥာဏဒဿနဝိသုဒ္ဓိ… တည်းဟူသော ဝိသုဒ္ဓိ ခုနှစ်ပါး၊ တရားဘွဲ့ဖြူ သရဖူမကိုဋ်၊ ဦးစိုက်မင်္ဂလာ၊ မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်...။
တဒင်္ဂ ဝိမုတ္တိ၊ ဝိက္ခမ္ဘန ဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိဿမ္ဘနဝိမုတ္တိ၊ နိဿရဏဝိမုတ္တိ တည်းဟူသော ဝိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာတ်အလုံး၊ ညွှတ်ကျုံး ပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ တို့ထက် ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ အတုလ မုနိလည်း ဖြစ်တော်မူထသော...။
(၇) သုံးဆယ့်နှစ်ပါးသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ တင့်တယ်ယိုဖိတ်၊ အင်္ဂါတော်အစိတ်ကို လင်္ကာရိပ် ပြရာ၌ နားပန်တော် အစုံနှစ်ဘက်မှသည်၊ နဖူးတော် ဆံစမှ ယှက်ကူးကာတောက်ပသော ဥဏှီသ သင်းကျစ်တော်တဖြာ…။
နရကာရွှေစင်၊ နဖူးတော် အပြင်၌၊ စို့သက်တန့် အသွင်ဖြင့်၊ ကော့ညွှတ်ပျော့ပေါ်လွင်သည့် နှစ်ဖက်သော မျက်မှောင်တော်တစ်တန်၊ ပဘံကရ မျက်မှောင်တော် အစမှာ၊ လောမထူးထွေ၊ ညာရစ်ခွေဖြင့်၊ ငွေရောင်ခြည် တစ်တန်၊ တစ်လံဝက်လောက်၊ ဝန်း၍တောက်သော၊ ဥဏ္ဏလုံ မွေးရှင်…။
ပိတုန်းရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကျောက်နဝရတ်သဖွယ်၊ သောက်ရှူးကြယ်တဝ၊ ရှုကြည့်တိုင်းတောက်ပသော၊ မံသ စက္ခုတော် နှစ်ဖြာ…။
ပြယိုးယားပွင့်၊ ရွှေပန်းဆိုင်း ဆင့်သကဲ့သို့၊ မမြင့်မမောက် မကောက်မချွန်၊ အလွန်လျှင်၊ ရှုချင်ဖွယ်ရာသော နှာတံနှာသီးတော်မြတ်…။
လျောက်ပတ်သားနား၊ ကွန့်ကွန့်လျားသော၊ ပါးတော်မြတ်နှစ်သွယ်...။
ပုလဲရတနာ၊ သာခွာဘော်ကြူ ဖွေးဖွေးလူလျက်၊ ဖြူစင်ကြယ် လှစွာသော သွားတော်မြတ်လေးဆယ်၊ စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊ လျှာတော်မြတ် စသည့် ကိုယ်အင်္ဂါတော် အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်းလျှက်၊ ချီးမွမ်းအံ့သြ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကျူး အထူးသပ္ပာယ်တော် မူထသော…။
(၈) ကာမဘဝါ၊ ဒိဋ္ဌာ ဝိဇ္ဇော၊ သြဃလေးဖြာ၊ သံသရာစက် ဝဲဂယက်၌၊ တဝဲလည်လည် မတည်မရပ် ချာချာပတ်လျက်၊ ရဟတ်ဆုံနွား၊ ကဲ့အလားသို့၊ မျောပါးရှည်ကြာ၊ ဝေနေယျာတို့ကို၊ အဏ္ဏဝါ ဂယက်သြဃနက်မှ၊ ညာလက်ဆွဲငင်၊ ကယ်တင်တော်မူခြင်းငှာ၊ ပဉ္စတာလီ၊ ဝါဝဿီဝယ်၊ နာရီမလစ်၊ မဂ်ဆီ ညှစ်၍၊ ဖွင့်လှစ်ဟောပြ၊ ဆုံးမတော်မူရာ၊ ဒေသနာတော်သည်...။
ဝိနယ + သုတ္တန် + ဘိဓမ္မံ ဟု သုံးတန်ပြားလာ၊ သာသနာတော် နည်းအားဖြင့်လည်းသုံးရပ်...။
ကထာနည်း အားဖြင့်လည်းသုံးရပ်၊ အာဏာဝေါဟာ ပရမတ္တာ ဟူ၍လည်း သုံးရပ်...။
ဤသို့အားဖြင့် သုံးတန်အပြား၊ ပိဋကတ် ဒေသနာတော်သုံးပါးတို့ကို၊ ဟောကြားြ>ွမက်ဟ၊ ဆုံးမတော်မူသည်၏ အဖြစ်ကြောင့်၊ လူနတ်တို့၏ ဆရာအစစ်လည်း ဖြစ်တော်မူထသော…။
(၉) ခပ်သိမ်းသော တရားအပေါင်းကို၊ မိမိအလိုလို၊ ကိုယ်တော်တိုင်သာလျှင်၊ ကောင်းစွာထင်ထင်၊ သိမြင်တော်မူသည် ဖြစ်၍၊ များဖျင်သတ္တဝါ၊ ဝေနေယျာကို၊ ခေမာအောင်မြို့ ကူးစေဖို့ငှာ၊ ဒေသနာရေအေး နိဗ္ဗာန်တည်းဟူသော အမြိုက်ဆေးကို၊ တိုက်ကျွေးဖြန်းဆွတ် တော်မူသည်၏ အဖြစ်ကြောင့်၊လောကသုံးရပ် ဘုံသုံးထပ်၌၊ ယှဉ်ကပ် သော်လည်း မနိုင် ပြိုင်သော်လည်း မတူ၊ တစ်ဆူတည်းသာလျှင် ဖြစ်တော်မူထသော…။
(၁ဝ) ဤ မဟာဘဒ္ဒ၊ ကမ္ဘာမ၌၊ ကကုသန္ဓာ၊ ကောဏာ ဂမန၊ ကဿပဟု၊ လောကထွဋ်ထား၊ ဘုရားသုံးဆူ၊ သယမ္ဘူတို့ ထီးဖြူ အရဟတ္တဖိုလ်၊ ရိပ်ခိုနန်းမြင့် သုံးကြိမ်ဆင့်၍ ပွင့်တော်မူ ကြကုန်ပြီးသည့်နောက်---
လေးဆင့်မြောက် အကျ စတုတ္ထ အောင်ပွဲတွင်၊ ညေယျငါးအင်၊ ကုန်စင်သိမှု၊ သမန္တစက္ခု၊ သဗ္ဗညုတ၊ ဥာဏခိုင်ဖြီး ဥာဏ်တော်ကြီးကို ၊ ပိုင်စီးလက်ရောက်၊ ဆက်ခါလျှောက်၍ ၊ ပွင့်မြောက်တော်မူသည်၏ အဖြစ်ကြောင့်၊ ဗြဟ္မာနတ်လူ ၊ သုံးဘုံသူကို၊ ကြည်ဖြူမေတ္တာ၊ ကရုဏာဖြင့် သာယာစွာဆုံးမ၊ ဟောပြတော်မူသည်လည်းဖြစ်တော်မူ ထသော…။
(၁၁) ဒီပင်္ကရာ၊ ထွဋ်ချာမှန်ကင်း၊ သုံးလှု့မင်း၏ ခြေရင်းတော်အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ် ပန်းကို၊ ဆွတ်လှမ်းခံယူတော်မူစဉ်ကပင်၊ သာဝကဥာဏ်၊ ပါရမီသာမာန်ဖြင့်၊ နိဗ္ဗာန်ကို ကူးယူလျှင်၊ ရလောက်တော်မူပါလျက်…။
တစ်ယောက်တည်း၊ ငါတစ်မူ၊ နိဗ္ဗာန်ကို ယူချေလျှင် ဘယ်တွင် အကျိုးမရှိချေ။ သမ္ဗောဓိမှန်၊ သဗ္ဗညု ရွှေဥာဏ်ကို၊ သွေမလှန် ငါရမှ၊ တရားမြတ်၊ ဖောင်စင်္ကြာဖြင့်၊သတ္တဝါ ဝေနေယျကို၊ သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ ကျွန်းခေမာသို့ တင်ကာဆောင်ပို့မည်ဟု...
'တိဏ္ဏောတာရေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ၊ မုတ္တောမောစေယျံ' သုံးခွန်းသော ဝစနံကို ရွှေနှုတ်တော်လှစ်ဖွင့်၍ ကျူးရင့်တော် မူခဲ့ပြီးသည့်နောက်---။
လေးအသင်္ချေ၊ လွန်လေကုန်မြောက် ကမ္ဘာတစ်သိန်း အလွန်သို့ရောက်အောင်၊ လူသာမာန် ပုဂ္ဂိုလ်တို့ အလွန်တရာ ဖြည့်ကျင့်ရှာမှီးနိုင်ခဲသော၊ ပါရမီ ဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးစသော၊ သမ္မာသမ္ဗောဓိ အဖြစ်တည်းဟူသော ဆုကြီးကို ရှာမှီးတော်မူပြီး ထသော…။
(၁၂) ဂင်္ဂါ၊ ဝါဠု သဲစု မြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန်သော၊ ဆူဆူမြတ်စွာစောသတ္တာ တို့၏သွားရာလမ်းကြောင်း စရိုက်ကောင်း မူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယ သံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိသြတပ္ပ၊ ဗာဟုသစ္စ၊ ဝီရိယ၊ ပညာ လေးဖြာ ဈာန်တည်းဟူသော၊ စရဏ တရား (၁၅)ပါးတို့ကို အားသစ် ကျင့်ဆောင်တော်မူသဖြင့်…။
သယမ္ဘူတကာ ပြည့်စုံရာသာ၊ နာနာကုလ တို့၏ ဝေါဟာရ သဒ္ဒါ အနက်ကို၊ အချက်ကျသိနိုင်သော၊အတ္တ ပဋိသမ္ဘိဒါ…။
ဝါစာဂီရတ် နှုတ်သံလွှတ်က၊ ဇာတ်တူတူ မတူတူ၊ ဘာသာဟူသမျှ တို့က ဧကန်သိနိုင်သော၊ ဓမ္မ ပဋိသမ္ဘိဒါ…။
တစ်ခု တစ်ခုသော ပုဒ် အက္ခရာကို၊ သဒ္ဒါ၏ အလို၊ ဝိဂြိုဟ် ဝစနက်၊ ဓါတ်၊ ပစ္စည်း၊ လိင်၊ အန်ဖြင့် ဝေဖန်၍ သိနိုင်သော နိရုတ္တိ ပဋိသမ္ဘိဒါ…။
ကိုယ်တိုင်သိသမျှ တရားတို့ကို သူတစ်ပါးသိစိမ့်သောငှာ၊ သဒ္ဒါ ပညတ်သို့တင်၍ စုံလင်စွာ မြွက်ဆိုတတ်သော ပဋိဘာန ပဋိသမ္ဘိဒါ တည်းဟူသော သမ္ဘိဒါ လေးပါး…။
ဣဒ္ဓိဝိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသတည်း- ဟူသော အဘိဥာဏ် ခုနှစ်ပါး…။
ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်အားဖြင့် သမာပတ်ရှစ်ပါး၊ ကျေးဇူးတော် တစ်ဆယ့်ရှစ်ပါး၊ ထူးပြား ဆန်းကြယ်၊ အံ့ဖွယ်တော် တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို ဥဿုံစိုးပိုင်တော် မူပြီး ထသော…။
(၁၃) ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်၊ ဤ ငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ သတိပဌာန်၊ ဝေဒနာနုပဿနာ သတိပဌာန်၊ စိတ္တာနုပဿနာ သတိပဌာန်၊ ဓမ္မာနုပဿနာ သတိပဌာန် တည်းဟူသော သတိပဌာန်လေးပါး...။
ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ် ကံတို့ကို တဖန် အသစ်မဖြစ် စေခြင်း။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင်လုံ့လပြုခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွား စည်ပင်စိမ့်သောငှာ လွန်စွာလုံ့လပြုခြင်း တည်းဟူသော သမ္မပ္ပဓာန် လေးပါး...။
ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး….။
သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ တည်းဟူသော ဣနြေ္ဒငါးပါး....။
သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါး.…။
သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယ သမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင် ခုနှစ်ပါး…။
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး…။
ဤသို့အားဖြင့်၊ ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနှစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မ အကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီး ဗိုလ်ချုပ်တင်လျက်၊ အသင်္ချေ၊ တွက်ရေမဆုံး၊ ပတ်ကုံး ကိလေသာ၊ မာရ်ဗိုလ်ပါတို့ကို ဆံလွှာ မြ<ွကင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော...။
(၁၄) လေးအသင်္ချေ၊ လွန်လေတစ်သိန်း တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း ဖြည့်စွမ်း ဆည်းပူးတော်မူ ခဲ့သော…...။
ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီ ပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ၊ ကုသိုလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော် အလောင်းတော်ဖြစ်ခါစကပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ မဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက်၊ ဆယ်ဆတက်စီသော အားကိုဆောင်နိုင်သည်ဖြစ်၍၊ ယောင်္ကျား ဗိုလ်ခြေ၊ ကုဋေ တစ်သောင်း တို့၏ ကာယဗလ၊ ဌာန ဌာန၊ ကောသလ္လဉာဏ်၊ ဝိပါကဥာဏ်၊ သဗ္ဗတ္ထဂါမိနီဥာဏ်၊ နာနာဓာတုဥာဏ်၊ အဓိမုတ္တိဥာဏ်၊ ဣန္ဒြိယပရော ပရိယတ္တိဥာဏ်၊ ဈာနာဒိသံကိလေသဥာဏ်၊ ပုဗ္ဗေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသဝက္ခယဥာဏ်၊ တည်းဟူသော ဆယ်ပါးသောဥာဏ ဗလကို ရတော်မူသည်ဖြစ်၍ ...။
လူ့ပြည် နတ်ရပ် ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣသရိယဘုန်းတော်…။
လောကုတ္တရာ တရား၊ မြတ်ကိုးပါးသို့ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်…။
နရဂ်၊ ဘဝဂ်၊ အောက်ထက်ပျံ့လှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စော တော်မူခြင်းတည်းဟူသော၊ ယသဘုန်းတော်…။
သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါမြုတေ၊ ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူခြင်း တည်းဟူသော သိရီဘုန်းတော်….။
အလိုတော်ရှိသမျှ၊ တခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်း တည်းဟူသော ကာမဘုန်းတော်…။
နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို ကြည်ဖြူစွာလှ၊ သင်ဆုံးမသောကြောင့်၊ လောကလုံး ကိုးကွယ်ရာ၊ ဆရာ အဖြစ်သို့ ရောက်တော်မူခြင်း တည်းဟူသော ပယတ္တဘုန်းတော်…။
ဤခြောက်ဖော်သော၊ ဘုန်းတော်အမြတ် ၊ ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး။ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါ ဟူသော ဘွဲ့ ပုံတော် အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပ အပ်သည်လည်း ဖြစ်ထသော…။
(၁၅) အဍ္ဎ ဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တ ဘဝ ဖြစ်ဖြစ်သမျှ တို့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယ ပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂတည်း ဟူသော၊ စွန့်ခြင်းကြီး ငါးအင်၊ မဂ္ဂင်ဖောင်ပျံ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်း လွန်မြောက်၍၊ အထောက်မတန် ပြုခဲ့သော၊ ဟေတုသမ္ပဒါ၊ မြတ်သမ္ဘာကြောင့်၊ အဏိမာ၊ လင်္ဃီမာ၊ မဟိမာ၊ ပတ္တိမာ ကမ္မာ၊ ဤသိတာ၊ ဝသိတာ၊ ယတ္တကာမဝသယိတာ ဟူသော ဘာသာမဂဓို၊ ရာဇဂြိုလ်၊ ဥဒါန်းနှင့်အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊ မြင်လောက်ရုံသော၊ အဏုမြူပမာ၊ သိမ်မွေ့စွာသော ကိုယ်တော်ကို၊ ငယ်အောင် ဖန်ဆင်းတော်မူနိုင်ခြင်း…။
ရေပြင်မြေမိုး၊ ပျံလျှိုး ငုတ်လွှား၊ သွားတော်မူနိုင်ခြင်း၊ ကြီးစေလိုက မြင့်မိုရ်ပြန်ရာ ထို့ထက်သာ၍၊ စကြာဝဠာပတ်လုံး၊ အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော်ပြည့်အောင်၊ တရှိ ထိုင်တော် မူနိုင်ခြင်း၊ မြေထု ရေထူ မေရုပဗ္ဗတာ၊ သီလာ တောင်ထပ်၊ အတွင်းရပ်ကို၊ ကျဉ်းကျပ် ပိတ်ဆီးခြင်း မရှိ၊ ပကတိကောင်းကင်၊ ဟင်းလင်းပြင်ကဲ့သို့၊ လျှိုးဝင်ထွင်းဖောက်၊ ကြွရောက်တော်မူနိုင်ခြင်း…။
မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာ ကမ္မ ဟူသမျှကို၊ ကုံင ပြီးမြောက်တော်မူနိုင်ခြင်း…။
သုံးဆယ်တစ်ဘုံ အလုံးစုံကို ဥဿုံစိုးပိုင်တော်မူနိုင်ခြင်း…။
လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း…။
သက်မရှိသည့်၊ ဂီရိ ဗဟို၊ တောင်မြင့်မိုရ်မှလည်း၊ လိုတော်လိုက်က၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော၊ တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊ မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော၊ စကြာဝဠာ တိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရား အစစ်လည်း ဖြစ်တော်မူထသော...။
(၁၆) လောကသုံးရွာ၊ သတ္တဝါတို့၏၊ ခန္ဓာ ရုပ် နာမ်ဝယ်၊ အဖန်ဖန် ကပ်ညိလျက်၊ ဖိစီးနှိပ်စက်တတ်သော၊ ပိဠနအနက်…။
ကံ ၊စိတ်၊ ဥတု၊ အဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့သည် ပြုပြင်စီရင် အပ်သော သင်္ခတ အနက်…။
မရောင့်ရဲစွာ၊ သတ္တဝါ တို့ကို လောင်ဆာပူ ပန်စေတတ်သော၊ သန္တာပ အနက်…။
ဇရာ၊ မရဏ၊ သောက၊ ပရိဒံတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမ အနက်…။
တည်းဟူသော လေးပါးသော ဒုက္ခသစ္စာ အနက်တို့ကို လည်းကောင်း…။
အစမထင်၊ သံသရာ၌၊ လူးလာ စုံဆန်၊ အဖန်ဖန် သွားလာစေခြင်းငှာ၊ အားထုတ်တတ်သော၊ အာယူဟန အနက်…။
ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလ ဖြစ်သော နိဒါန အနက်…။
ဝဋ်ဆင်းရဲ၌၊ အမြဲပျော်ရွှင်၊ တမင်မင်ဖြင့်၊ ကျင်လည်စေတတ်သော၊ သံယောဂ အနက်…။
ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော၊ မဂ္ဂသစ္စာကို ဆီးကာ၊ တားမြစ်တတ်သော၊ ပလိဗောဓ အနက်…။
တည်းဟူသော လေးပါးသော သမုဒယ သစ္စာ၏ အနက်တို့ကိုလည်းကောင်း။
သံသရာဝဋ်မှ၊ ထွက်လွန်ကူးမြောက် ပြီးသော နိဿရဏ အနက်…။
ပြုပြင်ရာသင်္ခါရတို့မှ ဆိတ်သော၊ ဝိဝေက အနက်…။
သေခြင်းစသော ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာသော၊ အမတအနက်…။
တည်းဟူသော လေးပါးသော နိရောဓသစ္စာ၏ အနက် တို့ကို လည်းကောင်း…။
ဝဋ်ဒုက္ခ အပေါင်းတို့မှ ကောင်းစွာ ထွက်မြောက်တတ်သော၊ နိယျာနိက အနက်…။
နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဟေတုအနက်…။
နိဗ္ဗာန်ကို မြင်တတ်သော ဒဿန အနက်…။
သင်္ခါရတရားတို့ကို၊ အစိုးရသော အဓိပတေယျ အနက်...။
တည်းဟူသော လေးပါးသော၊ မဂ္ဂသစ္စာ၏ အနက်၊ တို့ကို လည်းကောင်း…။
အကြာင်း အကျိုးအားလျော်စွာ၊ လေးသစ္စာတို့ကို ဒဿနာကာရဖြင့် သောဠာသ ဝေဖန်၍၊ ရွှေဥာဏ်တော်ထင်ထင်၊ ရွှေလက်တင် ပတ္တမြား ကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့်အလျောက်၊ အထောက်အခံ၊ ကဥာဏ်ကြီးရင့်၊ ပွင့်ထိုက်သော သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေ နှလုံးဖြင့်၊ စွေချုန်းထစ်ကြိုး၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန် ပြင်းဝှန်၊ ရွာဖျန်းသွန်သော၊ မေဃဝန်တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး၊ ပေးတော်မူပေတတ်သော…။
သုံးရပ်လုံးဆရာ၊ ဒေဝါဒိ ဒေဝိန္ဒ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ၊ အဘိဘူပါမောက္ခ၊ အနုတ္တရသင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို...။
ခန္ဓာပဉ္စက၊ ဒြပ်မျှကို၊ ပေါင်းထယှဉ်ဖော်၊ ဘုရားတပည့်တော်သည်၊ ဝန္ဒေ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာရိုကျိုး လက်စုံမိုး၍၊ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား.....။

 အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း

Tuesday, 29 July 2014

"ကူဋဒန္တသုတ်" အလှူ

အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း
(နာဖူးထပ်မံ)

အလှူအတန်းကြီး လုပ်ပြီဆိုရင် အခုက သံဃာတွေ ဆွမ်းလောင်းတယ်ဆိုပေမယ့် ကြည်ညိုဖွယ်ရာဆောင်တဲ့ သံဃာ ပါချင်ပါမယ်၊ ကြည်ညိုဖွယ်ရာမဆောင်တဲ့ သံဃာ ပါချင်ပါလာမယ်။ ဘယ်လိုစိတ်ထားမလဲ ?

တချို့ကျတော့ ဆွမ်းကြီးလောင်းရင်းကနေ ကိုရင်ကလေးတွေကို ငေါက်တာတွေ ဘာတွေ တွေ့တယ်။
မလုပ်ကြနဲ့၊ အဲဒါမျိုးက။

ဘယ်လိုစိတ်ထားရမလဲ ဆိုတာကို "ကူဋဒန္တသုတ်" မှာ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။

ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုပွဲကို လူတွေက အမျိုးမျိုး လာလိမ့်မယ်။ အသေးစိတ်တော့ မပြောဘူး၊ ကောင်းတဲ့လူတွေ မကောင်းတဲ့လူတွေ ပါလာလိမ့်မယ်။

ဆိုပါစို့၊ ပါဏာတိပါတရှောင်တဲ့ သူတော်ကောင်းလည်း လာမယ်၊ ပါဏာတိပါတလုပ်တဲ့ သူလည်း လာမယ်။
အဲဒီလို လာပြီဆိုတဲ့အခါမှာ ဘယ်လိုနှလုံးသွင်းရမလဲဆို ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို အာရုံပြု၊
စိတ်ထဲမှာ ကြည်နူးအောင်လုပ်ပါ။

မကောင်းတဲ့ ပုဂ္ဂိုလ်တွေကို အပြစ်မြင်ပြီး ရန်တွေ့မနေပါနဲ့တဲ့။
ဒါက အရေးကြီးတာပေါ့နော်။

စိတ်ထဲမှာ ကုသိုလ်ဖြစ်ဖို့က အရေးကြီးတယ်။

စိတ်ထဲမှာ ကုသိုလ်မဖြစ်ဘဲနဲ့ အကုသိုလ်ဖြစ်ပြီဆိုလို့ရှိရင် ခုနကပြောတဲ့"ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ"ကိုယ်လုပ်တာက ကုသိုလ်၊ ရတာက အကုသိုလ်၊ ဒီလိုဖြစ်တယ်။

ဒါကြောင့်မို့ ကုသိုလ်လုပ်တဲ့အချိန်မှာ ကိုယ့်စိတ်ကို စင်စင်ကြယ်ကြယ်လေး ကုသိုလ်ပဲရအောင် ကြိုးစားမယ်၊ အားလုံး အရာရာမှာ ကုသိုလ်ရဖို့ပဲ၊ စိတ်ကြည်နူးမှုပေါ်မှာပဲထားပြီးတော့ ဘယ်ကိစ္စပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ်တစ်ခု အောင်မြင်အောင် ကုသိုလ်စိတ်နဲ့ပဲ ဆောင်ရွက်ဖို့ လိုအပ်တယ်။
အဲဒီလို လုပ်မှသာလျှင် ကုသိုလ်ဟာ ပြည့်ပြည့်၀၀ ရကြမှာ။

အဲဒီလို မဟုတ်လို့ရှိရင် ဆရာတော်ကြီး အမိန့်ရှိသလိုပဲ "ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ" ဖြစ်ပြီးတော့ အဲဒီအကုသိုလ်ရဲ့ အကျိုးကို ခံကြရတယ်တဲ့။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ အခု ဘုရားပွဲနဲ့ ပတ်သက်၍လည်းကောင်း၊ တရားပွဲနဲ့ ပတ်သက်၍လည်းကောင်း မှတ်ရမှာပဲ၊
သံဃာပွဲနဲ့ ပတ်သက်ပြီးတော့လည်း မှတ်ရမှာပဲ၊
ကုသိုလ်ပွဲတွေနဲ့ ပတ်သက်လာလို့ရှိရင် ကုသိုလ်ပြည့်ပြည့်၀၀ရအောင် စိတ်ထားတတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

စိတ်ထားတတ်မှ မြတ်တယ် လို့ ဆိုတဲ့ စကားဟာ အလွန်မှန်ကန်တယ်

ကုသိုလ်ရအောင် စိတ်ထားတတ်ဖို့ အရေးကြီးတယ် ဆိုတာ
ကိုယ်စီကိုယ်စီ မှတ်သားပြီးတော့
ကုသိုလ်တရား ဖြစ်ပွားအောင် သတိကြီးစွာထားပြီး
ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

ပါချုပ်ဆရာတော်ကြီး



ဧရာဝတီနှင့် ရေလှောင်တမံ

နည်းစနစ်ကျကျအတွေးအခေါ်
ဧရာဝတီနှင့် ရေလှောင်တမံ
Written by အောင်ချိန်ဘွား

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ရေအရင်းအမြစ် အကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်တယ်။အလွန်ကြီးမားပြီး မိုင်ပေါင်း ၁၂၄၆ ဒသမ ၂ မိုင်ရှည်တဲ့ ဧရာဝတီမြစ်ကြီးဟာ မြန်မာတစ်ပြည်တည်းပိုင်တဲ့ ရှားရှားပါးပါး အဖြစ်မျိုးရှိတဲ့ မြစ်ကြီးပေပဲ။ ဒီလိုပါပဲ မိုင်ပေါင်း ၇၅၀ ရှည်ပြီး မြန်မာတစ်ပြည် တည်းပိုင်တဲ့ ချင်း တွင်းမြစ်ကြီးလည်း ရှိသေးတယ်။ နောက်ပြီး မိုင်ပေါင်း ၁၇၅၀ ရှည်တဲ့ သံလွင်မြစ်ကြီးဟာ မြန်မာနိုင်ငံ အတွင်းမှာ တစ်ဝက်နည်းပါးဖြတ် စီးပြီး မြန်မာနိုင်ငံကပဲ မုတ္တမကွေ့ထဲကို စီးဝင်တယ်။

မဲခေါင်မြစ်ဆိုတာ မိုင် ၂၇၀၀ ရှည်ပြီး အာရှရဲ့ ခြောက်နိုင်ငံ ကို ဖြတ်စီးရာ မှာ မြန် မာနိုင်ငံ အရှေ့နားနယ်စပ်ကို ကပ်ပြီး မြန်မာ့ပိုင်နက်ထဲ ၀င်ရောက်ဖြတ် စီးသေး တယ်။

အဲဒီလို ၁၂ ရာသီ အမြဲရေစီးနေတဲ့ ဧရာမမြစ်ကြီးတွေရှိရာ မြန်မာနိုင်ငံ လေ၊ ရေ အရင်းအမြစ် ပေါရမှာ ပေါ့။ ဒါထက် ပြည်တွင်းမှာ မိုင် ၃၀၀ နီးပါးကနေ ၃၀၀ ကျော် ရှည်တဲ့မြစ်တွေ အများကြီးရှိတယ်။ မူးမြစ်က ၃၀၀ နီးပါး ၂၇၀ မိုင်၊ စစ်တောင်းမြစ်က မိုင် ၃၀၀၊ မြစ်ငယ်မြစ်က ၃၂၈ မိုင်၊ ရွှေလီမြစ်က ၃၈၀ မိုင်စတဲ့ ၁၂ ရာသီလုံး ရေစီးေ နတဲ့ မြစ်အလတ်စားတွေ ရှိတယ်။ မိုင် ၂၀၀ ကျော်တဲ့ မြစ်သာမြစ်၊ တနင်္သာရီမြစ်၊ ကု လားတန်မြစ်၊ မဏိပူရမြစ်တွေလည်း ရှိတယ်။ မိုင် ၁၅၀ ၀န်းကျင်ရှည်တဲ့ ပဲခူးမြစ်၊ ဒုဋ္ဌ၀တီမြစ်၊ ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်၊ ယူးမြစ်၊ ဥရုမြစ်တွေ ရှိတယ်။

မြစ်အမည်မခံဘဲ ရှည်လျားတဲ့ ချောင်းကြီးတွေဆိုရင် ယော ချောင်းဟာ ၁၄၈ မိုင်၊ မုန်းချောင်းက ၁၉၆ ရှည်ပြီး ယင်းချောင်း၊ ပင်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း၊ ဘီလူးချောင်း၊ နမ်းလာ လိုင်းချောင်းတွေဟာ မြစ်လိုပဲ ရှည်ကြတယ်။
မြန်မာ့မြေပုံကို သေချာကြည့်ရင် ပြည်နယ်တိုင်း၊ ဒေသကြီးတိုင်းမှာ မြစ်တွေ ချောင်းတွေ ကွန်ရက်လို့ ယှက်ဖြာ များပြားလွန်းတာကို တွေ့ရမှာ ဖြစ်တယ်။
ဒီတော့ ဒီနေ့ကမ္ဘာမှာ ရေအရင်းအမြစ် ရှားပါးမှုနဲ့ ကြုံတွေ့ရတော့မယ် ဆိုပြီး နိုင်ငံ အများအပြားက ရေ အရင်းအမြစ်ဆိုင်ရာ ပညာရှင်တွေ စိတ်ပူနေကြရ သ လို မြန် မာနိုင်ငံအတွက် စိတ်ပူစရာ သိပ်မရှိဘူးလို့ဆိုနိုင်တယ်။ဒါပေ မဲ့ သေချာစဉ်းစားကြည့်ပါ။

ကမ္ဘာကြီးက ပူနွေးလာရင် တောင်ထွတ်တွေရှိ ရေခဲတွေ အရည်ပျော် မယ်။ နောက် ထပ် ရေမခဲတော့ရင် နှင်းဖုံးတောင်တွေ လျော့နည်းရာက ပျောက်ကွယ်သွားမယ်။ ဒီလိုဖြစ် ရင် ရေခဲမြစ်၊ ရေခဲချောင်း၊ ရေခဲက ရေအဖြစ် စီးဆင်းနေလို့ ရေအလျင် အဆက်မပြတ်ရရှိနေတဲ့ မြစ်များ ဆိုတာတွေ ရှိပါဦးတော့မလား။ ဒါဆို မေခ၊ မလိ အစရှိတဲ့ ဧရာဝတီမြစ်ကြီးရဲ့ မြစ်များက မြစ်တွေရေစီး လာနိုင်တော့မလား၊ စဉ်ဆက်မပြတ် စိမ့်ပျော်ထွက်လာနေတဲ့ ရေအလျင်တွေ လျော့နည်းလာချိန်၊ မိုးတွေ မြစ်ညာမှာ ရွာသမျှကိုသာ အားကိုးရတဲ့အချိန် မိုးကလည်း နည်းလာတဲ့ အချိန်မျိုး ရောက်လာရင် ဧရာဝတီ မြစ်ကြီး အခုလို ၁၂ ရာသီလုံးလုံး စဉ်ဆက် မပြတ် ရေစီးဆင်း နေနိုင်ဦးတော့မလား။ စဉ်းစားကြည့်ပါ။
မြစ်တွေ ချောင်းတွေ ၁၂ ရာသီ စဉ်ဆက်မပြတ် စီးဆင်းနေတဲ့ ရေတွေ ဘယ်ရောက်သွားသလဲ။ မြစ်ချောင်း တစ်လျှောက် ဘေးဝဲယာကို လျှံထွက်ဖိတ်စဉ် သွားတာလည်း ရှိမယ်။ မြစ်ကြောင်း တစ်လျှောက်လုံး နေပူ ဒဏ်ခံရလို့ ရေငွေ့ ပျံ လျော့နည်းတာလည်း ရှိမယ်။ မြစ်ကြောင်း တစ်လျှောက် လုံး ရေအောက်မြေ ကစုပ်ယူ သွားလို့ လျော့နည်းတာလည်း ရှိမယ်။မြစ်ဘေးဝဲယာကလူတွေ နည်းမျိုးစုံနဲ့ သုံးပစ်လိုက်လို့ လျော့နည်းတာလည်း ရှိမယ်။ အများဆုံး လျော့သွား တာကတော့ မြ စ်ကြီးမြစ်ငယ်က ရေတွေဟာ ပင်လယ်ထဲကို အဆက်မပြတ် စီးဝင်ကုန်ဆုံးသွားတာ အဓိ ကပါပဲ။

ဒါကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေမှာ မြစ်ကြီးတွေထဲကရေတွေ ပင်လယ်ထဲအသားလွတ် စီးဝင် ကုန်ဆုံးသွားတာကို ထိုင်ကြည့် မနေကြဘူး။ သင့်လျော်တဲ့နေရာတွေမှာ မြစ်ကိုတမံတုတ်ပြီးတာ ဖို့ပြီး ရေတွေ ဆည်ထားကြ တယ်။ ရေလှောင်ကန်တွေနဲ့ သိုလှောင်ထားကြတယ်။ စနစ်တကျ လိုတိုး ပိုလျှော့ လုပ်ပေးနေကြတယ်။ဒီလို ပင်လယ်ထဲစီးဆင်းသွားတဲ့ ရေတွေ အလဟဿမ ဆုံးရှုံးရလေအောင် ပိုင်နိုင်တတ်ကျွမ်းတဲ့ နည်းပညာ တွေနဲ့ တာတမံကြီးတွေ တည်ဆောက်ပြီး ရေထိန်းတံခါးတွေနဲ့ ထိန်းချုပ်တယ်။ လှောင်လို့ရတဲ့ ရေတွေကို လယ်မြေပေါင်းများစွာဆီ ပို့လွှတ်ပြီး ဆည်ရေသောက် လယ်ယာတွေမှာ သီးနှံရိက္ခာ ပိုတိုးစေတယ်။

မြို့ရွာ လူထုတွေအတွက် သောက်သုံးရေတွေ အမြဲမပြတ်ရေ အာင် ပေးဝေတယ် ။ ရေအားလျှပ်စစ် ဓာတ် အားပေးစက်ရုံတွေ တည်ဆောက်ပေးမယ်။ ရေရှည်အတွက် ကြီးစွာ အကျိုးဖြစ်စေတယ်။ ဒါပေမဲ့ မြစ်ကြီး တွေကိုတားပြီး တာတမံဖို့ ဆည်ဆော က်တဲ့ အလုပ်ဟာ အလွန်ခက်ခဲပါတယ်။ မလုပ်တတ်ရင် အလွန် အန္တရာယ်ကြီး ပါတယ်။ တည်ဆောက်ရမယ့်နေရာ အရွေးမှားလို့ကတော့ ပြည်သူများ ဒုက္ခရောက်ေ စနိုင် တယ်။

ဥပမာ- ဧရာဝတီမြစ်ရဲ့ မေခ-မလိခ မြစ်ဆုံမှာ တာတမံဆောက် ဆယ်ဖို့တယ် ဆို ပါစို့။ အဲဒီ ဆည်က အဲဒီ နားကနယ်မြေကို ဘာတွေဘယ်လောက် အကျိုးပြု လို့လဲ။ ရေတွေလှောင်ထားပြီး ဘယ်လောက် များများ နေထိုင်နေတဲ့ လူဦးရေအတွက် ရေပေးဝေမှာလဲ။ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီး ဘယ်စက်မှုဇုန်၊ ဘယ်အထူးစီးပွားရေးဇုန်အတွက် လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးပေး မှာလဲ။ အလွန်ဝေးလံတဲ့ဆီကို မဟာဓာတ် အားပေးလိုင်းကြီးတွေ သွယ်တန်းပြီး ပို့လွှတ်ရင် စီးပွားရေး တွက်ခြေကိုက်လို့လား။အဲဒီလို မြစ်အလတ်စား မိုင် ၂၀၀ ကျော် နဲ့ မိုင် ၃၀၀ ကျော် မြစ်နှစ်စင်းက စီးဆင်းလာတဲ့ ရေထုအင်အားကို တားဆီးနိုင်အောင် ဘယ်လောက်ကြီးကျယ်ခိုင်မာတဲ့ တာတမံကြီးတွေ ဘယ်ေ လာက် အရည်အသွေး ပြည့်မီတဲ့ ဆည်တွေ၊ ဘယ်လောက်ကြာကြာခံအောင် တည်ဆောက်နိုင်လို့လဲ။ ဒီတာကြီးကျိုးရင်ဘယ်လို ကာကွယ်ပြီး ရေလွှဲ လမ်းကြော င်းတွေ ဘယ်ကို ဦးတည်ပေးမှာလဲစတဲ့ အချက်တွေကို သေချာတွက်ချက် ဖို့ လိုပါတယ်။

အဲဒီလို လေ့လာမှု၊ သုတေသနလုပ်မှု၊ တွက်ချက်မှုကြီးစွာ အပိုင်လုပ်ပြီးမှ ဧရာဝ တီမြစ်ကြီးရဲ့ ဘယ်နားမှာ တာတမံ တည်ဆောက်ပြီး ဘယ်လို ရေကိုသိုလှောင်မှ ဘယ်ဒေသအတွက် ဘယ်လောက် အကျိုးရှိစေ မယ်ဆိုတာ အတိအကျ လုပ်တတ် ရမှာ ဖြစ်ပါတယ်။ လုပ်တတ်အောင် ကြိုးစားပြီး လုပ်ကို လုပ်ပေးရမှာ ဖြစ်ပါတယ်။
ဒါတွေ လုပ်ဖို့ လိုအပ်နေပြီ။ လုပ်ကို လုပ်ရတော့မယ်ဆိုတဲ့ အသိရှိစွာနဲ့ သတိကြီးစွာထားပြီး အတတ်ပညာကြီးစွာနဲ့ လုပ်နိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

မဇ္ဈိမ သတင်းဆောင်းပါး မှ


"မွေးနေ့မင်္ဂလာ သံဃပူဇာ" မဟာစည်ဆရာတော်

မောင်တင်မောင် -တောင်ကြီး
"

နှလုံးသားအာဟာရ's Facebook Wall မှ

ပြန်လည်ကူးယူဖော်ပြခြင်းပါ။
.......

"မွေးနေ့မင်္ဂလာ သံဃပူဇာ"

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့တစ်ဆယ်၊ ၁၉၀၄-ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့တွင် အထက်မြန်မာပြည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဆိပ်ခွန်ကျေးရွာတွင် အဖ ဦးကံတော်၊ အမိ ဒေါ်အုပ်တို့မှ ဒုတိယ သားရတနာ ‘မောင်သွင်’ကို မွေးဖွားခဲ့သည်။ မောင်သွင်သည် အသက် ၁၂ နှစ်သားမှ စ၍ ရှင်သာမဏေဘောင်သို့ ဝင်ရောက်ခဲ့ပြီး အသက် ၂၀ ခန့်တွင် မြင့်မြတ်သော ရဟန်းဘဝကို ခံယူတော်မူသည်။ ဘွဲ့အမည် ‘အရှင် သောဘန’ဟု တွင်သည်။

ထိုအရှင်မှာ နောင်အခါတွင် သီတင်းသုံးရာ ကျောင်းတိုက်ရှိ အလွန်ကြီးမားသော မင်္ဂလာစည်တော်ကြီးကို အကြောင်းပြုကာ ဌာနကို စွဲမှီ၍ ဖြစ်သော အမည်နာမတော်ဖြင့် ယနေ့တိုင် ကမ္ဘာအရပ်ရပ်သို့ ထင်ရှားကျော်ဇောနေသော “မဟာစည် ဆရာတော်ဘုရားကြီး” ဖြစ်ပါသည်။

မဟာစည်ဆရာတော်ဆရာတော်ကြီးနှင့် မင်းကွန်းတိပိဋကဆရာတော်ကြီးတို့သည် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်တွင် အမေးဆရာတော် ပုစ္ဆက နှင့် အဖြေ ဝိသဇ္ဇက ဆရာတော်အဖြစ် အသီးသီး တာဝန်ထမ်းရွက်တော် မူခဲ့သည်။

ဆဋ္ဌသင်္ဂါယနာတင်ရန် ကြံစည်ကြစဉ်က အဖြေဆရာတော်အတွက် မင်းကွန်းတိပိဋကဆရာတော်မှာ ပြိုင်စံရှားသူဖြစ်၍ ကန့်ကွက်မည့်သူ မရှိပေ။ သို့သော် မဟာစည်ဆရာတော်၏ ပရိယတ်အစွမ်းကို မသိနိုင်ကြသေးသော ဆရာတော်ကြီးအချို့မှာမူ မဟာစည်ဆရာတော်သည် အမေးပုစ္ဆကရာထူးအတွက် သင့်တော်ပါမည်လားဟု စိုးရိမ်တော်မူကြသည်။ နာယက ညောင်ရမ်းဆရာတော် ဘုရားကြီး၏ အားပေးထောက်ခံမှုကို အပြည့်အဝရထားသော်လည်း ကမ္မဋ္ဌာန်းဘုန်းကြီးလေးမျှသာဖြစ်သည့် မဟာစည်ဆရာတော်ကို စိတ်မချနိုင်ကြသော ဆရာတော်ကြီးအချို့သည် သင်္ဂါယနာတင်ခါနီး ရက်ပိုင်းအလိုမှ မဟာစည်ဆရာတော်ကို နောက်ဆုတ်ပေးရန် ဝိဇ္ဇာလင်္ကာရဆရာတော်မှ တဆင့် ညွှန်ကြားတော်မူကြသည်။

မဟာစည်ဆရာတော်က အသာတကြည်ပင် နောက်ဆုတ်ပေးရုံမျှမက မင်းကွန်းဆရာတော်နှင့် အစမ်းတိုက်ထားသော အမေးအဖြေ လျှောက်ထားပုံ စာရွက်နှင့် တိပ်ခွေများကိုပါ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆဋ္ဌသင်္ဂါယနာ မတင်ခင် ထေရဝါဒနိုင်ငံအသီးသီးရှိ ဆရာတော်ကြီးများထံ အဖွဲ့လိုက် သွားရောက်ဆွေးနွေးတိုင်ပင်စဉ်ကတည်းက အမေးပုစ္ဆကဆရာတော်အတွက် မဟာစည်ဆရာတော်ကို ရွေးချယ်ထားကြောင်း ကမ္ဘာက သိနှင့်ကြပြီ ဖြစ်သည်။ သို့သော်လည်း ဆရာတော်မှာ ဂုဏ်သိက္ခာနှင့် မာနကို မငဲ့ကွက်ဘဲ နိဝါတတရားဖြင့် အံ့ချီးဖွယ် နာခံလွယ်သော ရဟန်းမြတ် ဖြစ်ပေသည်။

ဆဋ္ဌသင်္ဂါယနာ စတင်သည့်နေ့တွင် အမေးပုစ္ဆကနေရာတွင် အစားထိုး ဆောင်ရွက်တော်မူသော ဆရာတော်ဘုရားကြီးသည် မင်းကွန်းဆရာတော်နှင့် ကြိုတင်ပြင်ဆင်ချိန် သိပ်မရ၍ပေလော၊ နှစ်နှင့်ချီကာ အပင်ပန်းခံ၊ အကုန်ကျခံ ပြင်ဆင်ထားခဲ့သော ဆဋ္ဌသင်္ဂါယနာသဘင်ကြီး၏ ပထမနေ့သည် သမ္မတကြီးနှင့် ဧည့်သည်တော်များ၊ နိုင်ငံတကာမှ ဆရာတော်ကြီးများရောက်ပြီး မိနစ်အနည်းငယ်အတွင်းမှာ အံ့အားသင့်ဖွယ် ပြီးဆုံးသွားရာ နိုင်ငံတော် ဝန်ကြီးချုပ်က ကမ္ဘာ့ပရိသတ်အလယ်တွင် များစွာ အရှက်ရပြီး ဆရာတော်များကို ကြီးကျယ်ခန်းနားသော ဆဋ္ဌသင်္ဂါယနာသဘင်ကြီးနှင့် လိုက်ဖက်အောင် အစီအစဉ်ဆွဲပါရန် လျှောက်ထားတောင်းပန်တော့သည်။

ထိုအခါမှ မဟာစည်ဆရာတော်ကို ပြန်၍ တာဝန်ပေးကြသည်။ မဟာစည်ဆရာတော်ကလည်း စိတ်ဆိုးစိတ်ကောက်ခြင်း အလျင်းကင်းလျက် အသာတကြည်ပင် ပြန်လည်လက်ခံပြီး ခမ်းနားကြီးကျယ်သော သင်္ဂါယနာနှင့် လိုက်ဖက်အောင် ကျရာတာဝန်ကို ဆောင်ရွက်ခဲ့သည်။ ဤနေရာတွင် ဒေါသ၊ မာန်မာနကြီးမားသူ ပုဂ္ဂိုလ်တစ်ဦးဆိုလျှင် ဤသို့ ရှုံ့ချည် နှပ်ချည် ကိစ္စမျိုးကို ဤမျှ လွယ်လွယ်ကူကူ သည်းခံနိုင်ကောင်းမှ သည်းခံပေမည်။

ညောင်ရမ်းဆရာတော်ဘုရားကြီး အရှင်ရေဝတက_

“သုဏာတု မေ ဘန္တေ သံဃော၊ မဟတီ အယံ ပရိသာ၊ ဧဝရူပါယ ပရိသာယ န သုကရာ သဗ္ဗသော ကထံ သာဝေတုံ၊ တသ္မာ အာယသ္မ တော စ သောဘနဿ သာသနာ့ရိပ်သာရာမာဓိဝါသိနော အာယသ္မ တော စ ဝိစိတ္တသာရာ ဘိဝံသဿ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဿ ဝိနယပုစ္ဆန ဘာရဉ္စ ဝိနယဝိဿဇ္ဇန ဘာရဉ္စ အာဝဟိတုံ သြကာသံ ဒမ္မိ၊ ကရောထ တုမှေ အာဝုသော ဆဋ္ဌသင်္ဂီတိ ပုဗ္ဗင်္ဂမာနိ ဝိနယပုစ္ဆန ဝိနယဝိဿဇ္ဇန ကိစ္စာနိ ယထာဓမ္မံ ယထာဝိနယံ…”

ဟု ခွင့်ပေးလိုက်သည်နှင့် မဟာစည်ဆရာတော်နှင့် မင်းကွန်း တိပိဋကဆရာတော်တို့သည် ဆဋ္ဌသင်္ဂါယနာ အမေးအဖြေကို သုတိသာယာစွာဖြင့် ခမ်းနားစွာ စတင်တော့သည်။ (တိပိဋက ယောဆရာတော်က သင်္ဂါယနာအမေးအဖြေကို နားထောင်ရတိုင်း ငါ၏ နားနှင့် ကိုယ် အရတော်ပေစွဟု ပီတိဖြစ်ရကြောင်း မိန့်ခဲ့ဖူးသည်)

သင်္ဂါယနာအမေးအဖြေတွင် အမေးဆရာတော်၏ အစွမ်းမှာ ထုတ်ဖော်ပြသခွင့်မသာဘဲ အဖြေဆရာတော်ဖြစ်သော မင်းကွန်းတိပိဋကဆရာတော်၏ မဟာ ဝိသိဋ္ဌအစွမ်းသည်သာလျှင် ထင်ရှားပေသည်။ မင်းကွန်းဆရာတော်သည် အဖြတ်အတောက်မှန်မှန်၊ အသံအနေအထား ပီပီသသဖြင့် မြင်းကောင်းကို အသားကျစီးသကဲ့သို့ ပိဋကတ်တော်များကို ပါဠိလို မေးက ပါဠိလို ဖြေပြီး၊ မြန်မာလိုမေးက မြန်မာလို ဖြေသည်။

အဋ္ဌကထာ သင်္ဂါယနာစိစစ်ခန်းတွင်မူ မဟာစည်ဆရာတော်သည် ရေနက်ရာတွင်မှ မြူးပျော်သော ဧရာမငါးကြီးတို့ကဲ့သို့ အဋ္ဌကထာတို့ကို သူ့ခေတ်နှင့် သူဟပ်ပြခြင်း၊ အသိခက် ဝိဝါဒကွဲစရာနေရာများ၌ ကျမ်းကိုးပြ၍ သက်ဝင်စေခြင်း၊ သမိုင်းသုတေသီတို့ အဆိုအမိန့်ကို ညှိနှိုင်းပြခြင်း၊ သမယန္တရဝါဒများကို ဖော်ထုတ်ခြင်း စသည်ဖြင့် ပညာရှင်များ ငေးလောက်သော အစွမ်းအစများ ပေါ်ထွက်လာတော့သည်။

သီဟိုဠ်မှ အရှင်အာနန္ဒမေတ္တယျ မထေရ်ကြီးက မေးသမျှ ပြဿနာအခက်အခဲတို့ကို မဟာစည်ဆရာတော်က တမုဟုတ်ချင်း ဖြေရှင်းပြနိုင်သည်ကို ကြုံရသဖြင့် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံ အာဂုမ်ဆောင် (၂) ပါးရှိသည်၊ မဟာစည်ဆရာတော်ကို ‘အဋ္ဌကထာ ဋီကာ ဓရ’ ဟု ဆိုချင်ပါသည်ဟု ဖော်ထုတ် ချီးကျူးခဲ့သည်။

မဟာစည်ဆရာတော်သည် ရန်ကုန်ဘုရားကြီးဆရာတော်၊ ဗားဂရာဆရာတော်၊ သီရိလင်္ကာအရှင် ဗုဒ္ဓဒတ္တနှင့် ဝိဇ္ဇာလင်္ကာရဆရာတော်တို့နှင့် အတူ ပိဋကတ်တော်များကို သုဓ်သင်ရသော သြသာနသောဓေယျ ပတ္ထပါဌက အဖွဲ့ဝင်ဖြစ်သည်။ (ယခု သံဃမဟာနာယက ဥက္ကဋ္ဌ) ဗန်းမော်ဆရာတော်လေးက ဆဋ္ဌမူတွင်ထည့်သွင်းရန် ပါဠိပုဒ်တစ်ပုဒ်ကို ကျမ်းညွှန်းရှာလိုသည့်အခါ ပိဋကတ်ပင်လယ်ထဲ အပ်ပျောက်သလို ဖြစ်ရတိုင်း မဟာစည် ဆရာတော်ထံ လျှောက်ထား မေးမြန်းလျှင် ခေတ္တခဏအတွင်း အဖြေပေါ်သည့်အတွက် အကြိမ်ကြိမ် ဦးချရှိခိုးသည်။ (နောင်တွင် ဗန်းမော်ဆရာတော်သည် မဟာစည် ဝိပဿနာရှုနည်းကျမ်းကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားတော် မူခဲ့သည်။ ဝိပဿနာရှုနည်းကျမ်းကို အင်္ဂလိပ်ဘာသာသို့ ဦးမင်းကျော်က ဘာသာပြန်ပြီး ဒေါက်တာနန္ဒမာလာဘိဝံသက ထိုအင်္ဂလိပ်ဘာသာကို ဆိုလိုရင်း မလွဲရအောင် တည်းဖြတ်တော်မူသည်။)

ဤသို့သော အရည်အချင်းများကို သိသော ဝိဇ္ဇာလင်္ကာရဆရာတော်က ပိဋကတ်သုံးပုံကို အဆီအနှစ်ထုတ်ကာ ကျင့်စဉ်များကို အပြည့်အစုံဖော်ပြထားသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာကို မဟာစည်ဆရာတော် တစ်ပါးတည်း သုဓ်သင်ခွင့်ပေးခြင်းပင် ဖြစ်သည်။ သင်္ဂါယနာသမိုင်းတွင် ကျမ်းတစ်ကျမ်းကို တစ်ပါးတည်းသုဓ်သင်ခွင့်ရသည်မှာ မဟာစည်ဆရာတော်တစ်ပါးသာ ရှိသည်။

ထို့ပြင် အရှင်မဟာဗုဒ္ဓဃောသအပေါ် ပရဝါဒီတို့၏ စွပ်စွဲချက်ကို ဖြေရှင်းလျက်၊ ရာဇဝင် ပိဋကတ်တို့ကို စပ်ဟပ်ပြသော ဝိသုဒ္ဓိမဂ္ဂနိဒါနကထာ (ဝိသုဒ္ဓိမဂ် နိဒါန်း)ကို အလွန်အဆင့်အတန်းမြင့်သော ပါဠိ စုဏ္ဏိယ စကားပြေဖြင့် ရေးသားတော်မူသည်။ ထိုနိဒါန်းကို ရေးသားရန်တာဝန်ပေးအပ်စဉ်က အနီးစခန်းဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်နှင့် အရှင်သီလာနန္ဒာဘိဝံသ လေးပါးစလုံးကို အပ်ခြင်းဖြစ်သော်လည်း ကျန်ဆရာတော်များက မဟာစည်ဆရာတော်ကို တာဝန်လွှဲကြသဖြင့် တစ်ပါးတည်းသာ အပြီးအစီး ရေးသားတော်မူသည်။ ဆဋ္ဌသင်္ဂါယနာအဖွဲ့ကြီးက ဆရာတော်ရေးသားသော နိဒါန်းကို ပြင်ဆင်ပယ်ဖျက်ခြင်း မရှိဘဲ ခြွင်းချက်မဲ့လက်ခံကာ စာအုပ်ထုတ် ဖြန့်ဝေခဲ့သည်။

ကျေးဇူးရှင် မစိုးရိမ် ဆရာတော်ဘုရားကြီးကလည်း “မဟာစည်ဆရာတော်ဟာ တို့များထက် ဉာဏ်သာတယ်။ တို့များ မမြင်တဲ့ စာမှားပေမှားများကို မြင်အောင် ကြည့်နိုင်တယ်။ အရှင်အနုရုဒ္ဓါတို့၊ ဋီကာကျော်ဆရာတို့၊ အခြားကျမ်းဆရာတို့ မမြင်နိုင်တဲ့ အမှားများကိုတောင် မြင်အောင်ကြည့်နိုင်တယ်။ ဒီကရှေ့ မဟာစည်ဆရာတော်ထက် သာသူမပြောနဲ့၊ တန်းတူပုဂ္ဂိုလ်ကိုတောင် တွေ့ရဖို့ မလွယ်ဘူး” ဟု အားပါးတရ မိန့်မြွက်ပြီး ခေတ်ကာလအဆက်ဆက်တွင် ကျမ်းအိပ်ကြီးဖြစ်နေခဲ့သော ဝိသုဒ္ဓိမဂ်မဟာဋီကာကြီးကို နိဿယရေးရန် မဟာစည်ဆရာတော်ကို တိုက်တွန်းတော်မူသည်။ ထို့ပြင် ဝိသုဒ္ဓိမဂ်အဋ္ဌကထာနှင့် မဟာဋီကာ၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် အဋ္ဌကထာ၊ မိလိန္ဒပဥှာပါဠိတော်တို့ကို မပြတ်ပို့ချရန် မဟာစည်ဆရာတော်ကို တာဝန်ပေးအပ်တော်မူသည်။

ဤတွင် သကျသီဟ ဓမ္မာစရိယအောင် ပါဠိတက္ကသိုလ်ကျောင်းအုပ် ဖြစ်သော ကျမ်းစာပေါင်းများစွာတို့ကို ရေးသားပြုစုနေသည့် ဆရာတော်ကြီးတစ်ပါးက ‘မဟာစည်ဆရာတော် မဟာဋီကာကြီးကို နိဿယ ပြီးအောင် ရေးနိုင်ပါ့မလား’ဟု အချင်းချင်း မေးမြန်းဖူးသည်ဆို၏။ ထိုဆရာတော်ကြီးသည် ပရိယတ်အစွမ်း အလွန်မြင့်မားပြီး ကိုယ်တိုင်လည်း ကျမ်းစာပေါင်းများစွာကို ပြုစုရေးသားနေသူဖြစ်သည့်အလျောက် ရှေးဟောင်း အိန္ဒိယ ဟိန္ဒူ ဒဿနပေါင်းများစွာ ပါဝင်နေသော မဟာဋီကာကြီး၏ အလွန်ခက်ခဲနက်နဲပုံကို ကောင်းစွာ သိနားလည်သူဖြစ်သည်။

မဟာစည်ဆရာတော်သည် သက္ကတကျမ်းများ၊ အင်္ဂလိပ်ဘာသာကျမ်းများ၊ ယိုးဒယားနှင့် သီရိလင်္ကာရှိ မူကွဲများကို အထပ်ထပ်အဖန်ဖန် စေ့ငုံသုံးသပ်လျက် ဤမျှ အခက်တကာ့အခက်တို့ဖြင့် ကျော်ကြားသော ဝိသုဒ္ဓိမဂ်မဟာဋီကာကြီးကို နိဿယ ရေးသားတော်မူသည်။ အများရှင်လူတို့ အကျိုးများစေရန် ဝိသုဒ္ဓိမဂ် အဋ္ဌကထာကိုပါ မြန်မာပြန်၍ စာအုပ်ထုတ်ဝေသည်။ ဤအချက်များကို ထောက်ဆလျှင် မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ်ကို သက်ဝင်နိုင်စွမ်းမှာ ထိပ်ဆုံးအဆင့်မှာ ရှိကြောင်း သိသာနေပါပြီ။

ဤသို့ဖြင့် မဟာစည်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတွင် မိမိ၏ ပရိယတ်အရည်အသွေးကို ထင်ရှားစွာပြသတော်မူခဲ့သည်။ ဆရာတော်ကြီးတစ်ပါးထံမှ “မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးသည် ဆဋ္ဌသင်္ဂါယနာမတင်ခင်က အသင့်အတင့်သာ ဖြစ်ပြီး ဆဋ္ဌသင်္ဂါယနာတင်ပြီးမှ အလွန်မြင့်မားသွားသည်” ဟူသော ထင်မြင်ချက်ကို တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်သုမင်္ဂလာလင်္ကာရက တဆင့် ပြန်ဆွေးနွေးဖူးသည်။ ဆဋ္ဌသင်္ဂါယနာမတင်ခင်ကတည်းက မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးမြင့်မားကြောင်း သိချင်လျှင် “ဝိပဿနာရှုနည်းကျမ်း”ကို ကြည့်ပါဟု ချမ်းမြေ့ဆရာတော်က ဖြေရှင်းသက်သေထူခဲ့သည်။ ထိုကျမ်းကြီးကို ဖတ်ရှုပြီး သက်သေထူခဲ့သည့်အတိုင်း မှန်ကန်ပါပေစွဟု အရှင်သုမင်္ဂလာလင်္ကာရက အဖန်ဖန် ကြည်ညိုခဲ့ပြီး ပိဋကတ်တော်လာ သောဘနသုတ်တော်ဖြင့် ဆရာတော်ကြီးကို ပူဇော်ခဲ့သည်။

ဤသို့လျှင် မဟာစည်ဆရာတော်သည် ပရိယတ်အစွမ်းဖြင့် ဆဋ္ဌသင်္ဂါယနာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်တော်မူခဲ့သည်။ ဆရာတော်ရေးသားသော ကျမ်းစာများကို ဖတ်ရှုကြည့်လျှင် သိပ်သည်းကျစ်လျစ်စွာ ထောင့်စေ့အောင် ပြုစုရေးသားသည်ကို အတိုင်းသား သိမြင်နိုင်သည်။ ဝိပဿနာနည်းကို ပြသရာတွင်လည်း ပရိယတ်နှင့် အစဉ်ညီညွတ်သော သဘာဝအဓိပ္ပာယ် အံကျကိုက်ညီသော နည်းကိုသာ ပြသလေ့ရှိသည်။

သို့ပါသော်လည်း အချို့က မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးကို မသိမမြင်နိုင်ဘဲ “မိမိလည်း ကမ္မဋ္ဌာန်းဆရာ၊ မဟာစည်လည်း ကမ္မဋ္ဌာန်းဆရာ” ဟူသော မာန်မာနဖြင့် တန်းညှိကာ ဝေဖန်ပုတ်ခတ်ခဲ့ကြသည်။ ဆရာတော်ကြီး ထင်ရှားရှိစဉ်က ဝေဖန်ပုတ်ခတ်လာသူတို့ကို အချက်ကျကျ ဓမ္မဓိဋ္ဌာန်ဖြင့် ဖြေရှင်းတော်မူခဲ့သော်လည်း ဆရာတော်ကြီးလွန်ပြီးမှ ဝေဖန်ပုတ်ခတ်လာသူတို့ကို မဖြေရှင်းသာတော့ပြီ။ ယနေ့ ပဋိပတ်လောကတွင် မဟာစည်ကို ကျမ်းစာကြီးငယ်ထုတ်ကာ ပုတ်ခတ်ပြီးမှ မိမိ၏ ဝါဒကို ပြသသော အစဉ်အလာ ဖြစ်နေခဲ့သည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။

မဟာစည်ဆရာတော်၏ ပရိယတ်အရည်အသွေးကို မဟာစည်ဆရာတော်ကဲ့သို့ ပရိယတ်အရည်အသွေးရှိသူကသာ အကုန်အစင် သိမြင်နိုင်ပေမည်။ အဘိဓဇမဟာရဋ္ဌဂုရု ညောင်ရမ်းဆရာတော်ဘုရားကြီး ဦးရေဝတ၊ ဥက္ကဋ္ဌ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးသူရိယာဘိဝံသ၊ သပြေကန်ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသ၊ အနီးစခန်းဆရာတော် ဦးဉာနုတ္တရ၊ ဝိဇ္ဇာလင်္ကာရဆရာတော် ဦးဝိသုဒ္ဓါဘိဝံသ၊ ပခုက္ကူမဟာဝိသုတာရာမတိုက် ဆရာတော်ကြီးများ၊ မင်းကွန်းတိပိဋကဆရာတော်၊ အစရှိသည့် အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သုံးပုံကျွမ်းကျင် နှံ့စပ်တော်မူသော ဥဇုဂုဏ်နှင့် ပြည့်စုံသည့် ဆရာမြတ်တို့ကသာ မဟာစည်ဆရာတော်၏ အရည်အသွေးကို သိမြင်လက်ခံနိုင်စွမ်းရှိကြသည်။ သိမြင်သည့်အတိုင်းလည်း ချီးကျူးလေးစား ကြသည်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မဟာစည်ဆရာတော်၏ မြင့်မားသော ပရိယတ်အရည်အသွေးသည် မချွတ်ဧကန် အမှန်ရှိသော ဂုဏ်တစ်ပါး ဖြစ်သောကြောင့်ပင်တည်း။

(ဤစာစုဖြင့် ယနေ့ ၂၉ ရက်၊ ဇူလိုင်လ၊ ၂၀၁၄ ခုနှစ်တွင် သက်တော် တစ်ရာ့တစ်ဆယ် ပြည့်ပြီဖြစ်သော မဟာစည်ဆရာတော်ဘုရားကြီး၏ ပရိယတ်ဂုဏ်ကို ရည်မှန်း ပူဇော်ပါသည်)

• စာကိုး။ ။
o ထေရုပ္ပတ္တိအကျဉ်း ပထမပိုင်း (ဒေါက်တာသီလာနန္ဒာဘိဝံသ)
o ထေရဝုတ္တန္တဝိလာသိနီ (ပ+ဒု) (ပခုက္ကူ အရှင်ကေလာသ)
o မဟာစည် ရာပြည့်မော်ကွန်း

(Credit to Wai Soe Thein)

Sunday, 27 July 2014

သဘာဝနည်းကျ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်

သဘာဝနည်းကျ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်

June 24, 2014 at 3:13pm
အော်ဂဲနစ်စနစ်ဟူသည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်နေသော စီမံခန့်ခွဲမှုစနစ်တစ်ခုဖြစ်ပြီး၊ ဤစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့်၊ သဘာဝဂေဟစနစ်ကို ပိုမိုတိုးတက်ကောင်း မွန်စေသော ဇီဝမျိုးစိတ်များပွားများစေခြင်း၊ ဇီဝဖြစ်စဉ်ရှင်သန် စေခြင်းနှင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ ပိုမိုမြင့်မားလာစေခြင်း၊ မြေသားနှင့် မြေဆီလွှာကို အမှီ သဟဲပြု၍ အပြန်အလှန်ကောင်းကျိုးပြုစေပြီး၊ လူသားတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြုစေမည့် လယ်ယာသီးနှံ စိုက်ပျိုးခြင်းနှင့် အစာအာဟာရထုတ်လုပ်ခြင်းစနစ်များ ကိုပါ ရည်ညွှန်းသည်ကို တွေ့ရသည်။
နိုင်ငံတကာတွင် အော်ဂဲနစ်စနစ် ကျင့်သုံးကြသည်မှာ တစ်နေရာနှင့်တစ်နေရာ မတူကြသော်လည်း ယေဘုယျအားဖြင့် တူညီသောအချက်များ ရှိသည်ကို တွေ့ရသည်။ ၄င်းတို့မှာ ကောင်းမွန်သော မြေဆီလွှာရွေးချယ်ခြင်း၊ ဓာတု ဆေးဝါး လုံးဝအသုံးမပြုခြင်း၊ သဘာဝပစ္စည်းများဖြင့်သာ မြေဆီလွှာကို ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ အသုံးပြုသီးနှံမျိုးနှင့် အရည်အသွေးကောင်းမွန်ခြင်း၊ အင်းဆက်ပိုးမွှားများ၊ အပင်ရောဂါများနှင့် ပေါင်းပင်များ နှိမ်နှင်းရာတွင် ဇီဝနည်းပညာဖြင့် ကာကွယ်ထိန်းချုပ်ခြင်း၊ စိုက်ခင်းမြေနေရာ၊ ရေရရှိမှု သိုလှောင်သယ်ယူပို့ဆောင်ရေး နှင့် ဈေးကွက်စသည်တို့ကို စနစ်တကျ သတ်မှတ်ထားခြင်းတို့ပါဝင်သည်။
ပထမအချက်အနေဖြင့် အော်ဂဲနစ်စိုက်ပျိုး ရေးတွင် မြေဆီလွှာနှင့် မြေအမျိုးအစားသည် အရေးကြီးသောအပိုင်းမှ ပါဝင်သည်။ မြေဆီလွှာ ဖွဲ့စည်းမှု (ရုပ်ဂုဏ် သတ္တိ)၊ မြေချဉ် ငန်ဓာတ် (pH)နှင့် အာဟာရဓာတ်ပါဝင်မှု(ဓာတ်ဂုဏ်သတ္တိ) တို့ကို စစ် ဆေးလုပ်ဆောင်ရမည်ဖြစ်သည်။ မြေဆီလွှာတွင် ဖွဲ့စည်းမှုမတူကြသော သဲနုန်းမြေ၊ မြေစေးနုန်းမြေ၊ သဲ မြေဈေးနုန်းမြေဟု တွေ့ရပြီး အပင်များအတွက် မြေသားထူပြီး ရေစိမ့်ဝင်လွယ်သည့် သဲနုန်းမြေနှင့် မြေစေးနုန်းမြေများကို ရွေးချယ် သင့်သည်။ မျှတသည့် ချဉ်ငန်ဓာတ် pH7 ရှိ မြေတွင်အာဟာရဓာတ် ပျော်ဝင်လွယ်စေသည်။ pH များလွန်းလျှင် ကန့်မှုန့်ဖြင့် ထိန်းညှိပေးနိုင်ပြီး pH နည်းလွန်းလျှင် ထုံးထည့်ပေးခြင်းဖြင့် ပြုပြင်နိုင်ပေသည်။
အော်ဂဲနစ်စိုက်ပျိုးရေးတွင် ဓာတုဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေး လုံးဝအသုံးမပြုရပါ။ ဓာတုဆေးဝါးများသည် သီးနှံစိုက်တောင်သူများ၏ ကျန်းမာရေးကို ထိခိုက်ရုံသာမက ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုပါ ဖြစ်စေသည်။ နောက်ထပ် အကျိုးဆက်အဖြစ် သီးနှံများတွင် ဓာတ်ကြွင်းပါဝင်မှုများကြောင့် လူနှင့် လူ့ပတ်ဝန်းကျင်အတွက် ထိခိုက် မှုဖြစ်စေသဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တွင် ဓာတုဆေးဝါးများ လုံးဝအသုံးမပြုရကြောင်း တွေ့ရှိရသည်။
မြေဆီလွှာထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တွင် အဓိကကျပေသည်။ စိုက်ခင်းကြီးများတွင် ကြီးမားသော ထွန်စက်ကြီးများ၊ ရေသွင်း လုပ်ငန်းကြီးများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး သုံးစွဲခြင်းများ၊ သီးနှံတစ်မျိုးတည်း ကို စိုက်ခြင်းတို့သည်လည်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်မှု ညံ့ဖျင်းစေသည်။ အထူးသဖြင့် မြေဆီလွှာ ဆားပေါက်ခြင်း၊ တိုက်စားခံရခြင်း၊ ရေဝပ်ခြင်း၊ ရေထုတ်ရန် ခက်ခဲခြင်း၊ မူလမြေဆီညံ့ဖျင်းခြင်း၊ မြေချဉ်ပေါက် ခြင်း၊ မြေဆွေးဓာတ်နည်းခြင်း၊ အစိုဓာတ် မထိန်းနိုင်ခြင်းများ ဖြစ်လေ့ဖြစ်ထ ရှိသည်။ အော်ဂဲနစ်စိုက်ပျိုးရေးတွင် သဘာဝ မြေဩဇာနှင့် ဇီဝမြေဩဇာများအသုံးပြု၍ မြေဆီလွှာထိန်းသိမ်းခြင်းကို ဆောင်ရွက် ကြသည်။
သဘာဝမြေဩဇာမှာ လူတို့စွန့်ပစ်သော အမှိုက်များကို ဆွေးမြေ့စေခြင်း၊ စိုက်ပျိုးသော အပင်၏ ကျန်သောအစိတ်အပိုင်းများကို မြေဩဇာအဖြစ် ပြန်သုံးခြင်း တို့ဖြစ်ပြီး သက်ရှိ များဖြစ်သော အပင်နှင့် တိရိစ္ဆာန်များမှ ထွက်ပေါ်လာသော နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ ငှက်ချေး၊ ကောက်ရိုး၊ မြေပဲရိုး၊ ပဲဖတ်၊ နှမ်းဖတ်၊ အရိုးမှုန့် စသည်တို့ကို အသုံးပြုခြင်းတို့ ပါဝင်သည်။ လူတို့၏ အညစ်အကြေး (မိလ္လာ)များဖြင့် သုံးစွဲစိုက်ပျိုးခြင်း မပြုရပါ။
ဇီဝမြေဩဇာမှာ ရေကျောက်ခက်၊ ထရိုင်ခိုဒါးမား(ကပ်ပါးမှို)၊ အီးအမ် (အကျိုးပြု အဏုဇီဝပိုး)၊ ရိုင်ဇိုဘီယမ်(ပဲမြစ်ဖုမြေဩဇာ)၊ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းမှ ထွက်ရှိသောအရည်၊ တီကျစ်စာခဲ စသည်တို့ဖြစ်သည်။ အဆိုပါ သဘာဝ မြေဩဇာ နှင့် ဇီဝမြေဩဇာများကို အသုံးပြုခြင်းအားဖြင့်
၁။ စိုက်ပျိုးမြေတွင် စေးသောမြေကိုမွစေပြီး ဖွယ်သောမြေကို စေးစေသည်။
၂။ အစိုဓာတ်နှင့် အပူချိန်ကို ထိန်းညှိပေးစေသည်။
၃။ မြေချဉ်ငန်ဓာတ် (pH) ကို သမမျှတစေသည်။
၎။ မြေဆီလွှာအတွင်း အာဟာရဓာတ်ပျက်စီး ဆုံးရှုံးမှုများကို ထိန်းသိမ်း ကာကွယ်ပေးသည်။
၅။ အဓိက အာဟာရဓာတ် (N,P,K) ပါဝင်ပြီး အပင်ကြီးထွားသန်မာစေ သည်။
၆။ အနည်းလို အာဟာရဓာတ် များကိုပါ ဖြည့်တင်းပေးနိုင်ပြီး အထွက် နှုန်း ကောင်းလာစေသည်။
၇။ မြေဆီလွှာမှ အာဟာရဓာတ် စုပ်ယူမှုအားကောင်းပြီး အသီးအရွက် ကြီးထွားအောင် မြင်စေသည်။
အော်ဂဲနစ်စိုက်ပျိုးရေးတွင် သီးနှံမျိုးနှင့် အရည်အသွေးသည်လည်း အရေးကြီးပေသည်။ ပိုးမွှားရောဂါခံ နိုင်ရည်ရှိသော မျိုးကောင်းများရွေးချယ်သင့်ပြီး (၃) နှစ်ကျော် လွန်သော မျိုးများ ပြန်သုံးခြင်း၊ ခေတ်မီနည်းအရ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော စပ်မျိုးများ အသုံးမပြုရပါ။ သီးနှံတစ်မျိုးတည်းကို ထပ်တလဲလဲစိုက်ပျိုးခြင်း မလုပ်ဘဲ၊ အလှည့်ကျ သီးညှပ်၊ သီးလှည့် စိုက်ပျိုး ခြင်းပြုလုပ်ရမည်ဖြစ်သည်။
အော်ဂဲနစ်စိုက်ပျိုးရေး၌ အင်းဆက်ပိုးမွှားများ၊ အပင်ရောဂါများ၊ ပေါင်းပင်များ နှိမ်နှင်းရာတွင် ဇီဝ နည်းပညာဖြင့် ကာကွယ်ထိန်းချုပ်ခြင်း ပြုလုပ်သည်ကို တွေ့ရသည်။ အင်း ဆက်ပိုးမွှားများ နှိမ်နှင်းရာတွင် စိုက်နည်းစနစ်ပြောင်းခြင်း၊ မြေပြင်ခြင်း အဆင့်၌ ထယ်ထိုးထွန်မွှေခြင်း၊ မြေ လှပ်ထားခြင်း၊ အပင် အကြွင်းအကျန်များ မဖျက်ဆီးခြင်း (မီးမရှို့ခြင်း) သီးလှည့် စိုက်ခြင်း၊ သီးရောစိုက်ပျိုး ခြင်း၊ ထောင်ချောက်ပင်များ စိုက်ပျိုး ခြင်းတို့အပြင် အပင်သန် စွမ်းအား ကောင်းစေမည့် အာဟာရဓာတ် ဖြည့်တင်းခြင်းတို့ကိုလည်း လုပ်ဆောင်ရန် လိုသည်။ အပင်၏ ပတ်ဝန်းကျင်ကို ပြုပြင်ခြင်းအဆင့်၌ လက်ဖြင့် ပိုးကို ကောက်ယူဖျက်ဆီးခြင်း၊ မီးထောင် ချောက်များ အသုံးပြုခြင်း၊ သဲအုပ်ခြင်း၊ မြေကို အတန်ကြာ ရေလွှမ်းစေခြင်း၊ အပင်သို့ ရေအရှိန်ပြင်းစွာ လောင်း ခြင်း၊ အလူမီနီယံ ရောင်ပြန်များ ဖုံးအုပ် ခြင်း၊ ပိုက်ကြဲဖြင့် အုပ်ခြင်းစသည် တို့ပါဝင်သည်။ ပိုးမွှားဒဏ် ခံနိုင်ရည် ရှိသော မျိုးများ စိုက်ပျိုးခြင်း၌ အရွက် တွင် အမွှေးထူသော ပဲပင်မျိုး၊ နေရောင်မလာမီပန်းပွင့်သော နှံစား ပြောင်းမျိုး၊ ပင်စည်တောင့်တင်းခိုင်မာ သော စပါးမျိုး၊ အရွက်ထူသော ဂေါ်ဖီထုပ်မျိုး၊ အသားဓာတ် ပါဝင်မှုများ ပြီး သကြားဓာတ်ပါဝင်မှုနည်းသော ပန်း ဂေါ်ဖီမျိုး စသည်တို့ကို ရွေးချယ် စိုက်ပျိုးသင့်သည်။
ဖျက်ပိုးမွှားများ တိုက်ဖျက်ရေး အဆင့်တွင် သားရဲကောင်များ၊ နကျယ်ကောင်များ လွှတ်ပေးတိုက်ခိုက် ခြင်းအဆင့်၌ ဖားပြုတ်၊ ငှက်၊ အင်း ဆက်စား ပိုးကောင်(ပင့်ကူ) လိပ်ခုံး ကျိုင်း၊ အစိမ်းရောင် ဇာတောင်ပိုး၊ ဓားပြယင် ဓားခုတ်ကောင်၊ သေးငယ် သော နကျယ်ကောင်များကို အသုံးပြုသည်။ ထို့အပြင် သဘာဝ ပိုးသတ် ဆေးများအနေဖြင့် တမာပင်၊ ဆေး ဂန္ဓမာပင်၊ ဆေးရွက်ကြီးပင်၊ ဟုမ်းပင်၊ ပင်စိမ်းရိုင်း၊ မဲရိုင်းပင် အစရှိသည်တို့မှ ထုတ်ယူထားသော ပိုးသတ်ဆေးများ ကို အသုံးပြုနိုင်ကြသည်ကို တွေ့ရ သည်။ ယင်း သဘာဝ ပိုးသတ်ဆေး အသုံးပြုခြင်းဖြင့် လူတို့အား ဆိုးကျိုးဖြစ်စေမှုနည်းခြင်း၊ မြေထဲတွင် လွယ်ကူစွာ ပြိုကွဲနိုင်ခြင်း၊ အပင်နှင့် တိရစ္ဆာန်တို့၏ တစ်ရူးထဲတွင် ဓာတ်ကြွင်းပုံစံမျိုး မကျန်ရှိခြင်း၊ အာနိသင်ကြာရှည်စွာ တည်မြဲမှု မရှိခြင်းတို့ကြောင့် အော်ဂဲနစ်စိုက်ပျိုးရေးတွင် ထိရောက်စွာ အသုံးပြုကြသည်။
အဓိကအပင်ရောဂါများဖြစ်သည့် မှိုရောဂါများ၊ ဘက်တီးရီးယား ရောဂါများ၊ နီမတုတ်ရောဂါများ၊ ဗိုင်းရပ်စ်နှင့် မိုက်ကိုပလာစမာရောဂါများကို သဘာဝ ဆေးဖက်ဝင်အပင်များ အသုံးပြုနှိမ်နှင်း နိုင်သည်။ ဂျင်း၊ ကြက်သွန်ဖြူတို့နှင့် ဖော်စပ်ထားသော ဆေးရည်သည် ပိုးမွှားသာမက၊ ဖားဥမှိုကဲ့သို့ သော အရွက်တွင်ကျသည့် မှိုရောဂါများကို လည်းကောင်း သက်သာ ပျောက်ကင်းစေနိုင်သည်။ လက်ရှိမြန်မာ နိုင်ငံတွင် သုံးနေသော ခိုက်တိုစန်၊ တီကောင် မြေဩဇာအရည်စသည်တို့သည်လည်း အပင်ရောဂါ ကာကွယ်ဆေး အဖြစ် တွေ့ရှိရသည်။ အပင်ရောဂါ ကာကွယ်ရေးတွင်-
(၁) ရောဂါကို အားမပေးနိုင်ရန် ပတ်ဝန်း ကျင်ကို တတ်နိုင်သမျှ ထိန်းချုပ်ခြင်း၊
(၂) မိမိသီးနှံပင်များကို ကျန်းမာသန်စွမ်းစေရန် ပြုစုပျိုးထောင်မှု အပြည့်ပေး ခြင်း၊
(၃) ရောဂါပိုးကို အားမကြီးလာစေရန် ဖိနှိမ်ထားခြင်းကိုလည်း လုပ်ဆောင်ရန် လိုအပ်ပေသည်။
ပေါင်းမြက်ပင်များ နှိမ်နှင်းရာတွင် အပင်ခြေ ရင်းအမြစ်များအား အပင်ဆွေးများဖြင့် ဖုံးအုပ်ပေးခြင်း၊ လက်ဖြင့်ပေါင်းလိုက်ပေးခြင်း၊ မီးရှို့ပေးခြင်း၊ မြက်ပင် ပေါင်းပင်များအား စားတတ်သော တိရစ္ဆာန်များလွှတ်ပေးခြင်း၊ အပင်ရင်းများအား ပလပ်စတစ် (သို့မဟုတ်) ပြုလုပ်စီမံထားသော အအုပ်အဆိုင်းများဖြင့် အုပ်ထားခြင်း၊ စသည်တို့ ဆောင်ရွက်ပေးရ မည်ဖြစ်သည်။
အော်ဂဲနစ်စိုက်ပျိုးမြေများသည် ဓာတုဓာတ် မြေဩဇာနှင့် ဆေးဝါးများကို အနည်းဆုံး(၃)နှစ် မတိုင်မီအထိ သုံးစွဲထားခြင်းမရှိသော မြေများဖြစ်ရန်လိုသည်။ (မှတ်တမ်းများ ထားရှိရန်) ဓာတုပစ္စည်း သုံးစွဲထားသော လယ်ယာမြေများနှင့် နယ်နိမိတ် ဘောင်ခြားကန့်သတ်ထားသော စည်းခြားစိုက်ကွင်း များ ဖြစ်ရန်လိုသည်။ အခြားအခင်းမှ ဆေးကြွင်း အငွေ့ အသက်များ လေထဲကနေ မဝင်အောင် လေကာပင် အမြင့်များ၊ ကြားခံစိုက်ပျိုးထားရန် လိုအပ်ပြီး၊ ကိုယ့်စိုက်ခင်းကမြင့်နေလျှင် ၁၅-ပေ အကျယ်၊ အမြင့်တူနေလျှင် ၃၀-ပေအကျယ်နှင့် ကိုယ့်စိုက်ခင်းက နိမ့်နေလျှင် ၄၅-ပေအကျယ်ကြားခံ ဇုန်ရှိရမည်ဖြစ်သည်။ ယင်းကြားခံ ဇုန်များတွင် သင့်တော်ရာ သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ၄င်းအပြင် ဓာတုစွန့်ပစ် ပစ္စည်းနှင့် စွန့်ပစ်ရည်များ ထွက်ရှိနိုင်သော စက်ရုံအလုပ်ရုံများနှင့်လည်း ဝေးကွာရန်လိုသလို၊ သန့်ရှင်းသော ရေအရင်းအမြစ်ရရှိရန်လည်း အရေးကြီးပေသည်။ တိရစ္ဆာန်များကို စားကျက်မြက်ခင်းများတွင် လွှတ်၍ ကျောင်းခြင်း၊ ကောက်ရိုးမြက်ခြောက်တို့ကို ရောနှော ကျွေးမွေးခြင်းကို အလှည့်ကျ အသုံးပြုခြင်းဖြင့် တိရစ္ဆာန်များ သက်သောင့် သက်သာ ဖြစ်စေမှုနှင့် ကျန်းမာရေး စောင့်ရှောက်နိုင်မှုကိုပါ ဖြစ်စေသည်။
ထို့ပြင် ရိတ်သိမ်း၊ ခြွှေလှေ့၊ သိုလှောင်၊ ထုပ်ပိုး၊ သယ်ပို့ ရောင်းချသည့် အဆင့်တိုင်းတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်အောင်လည်း ဆောင်ရွက်ရန် လိုသည်။ အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူသည် သဘာဝနှုန်းစံ ဥပဒေများနှင့်အညီတိကျစွာ လိုက်နာမှု ရှိ မရှိကို သက်ဆိုင်ရာ အစိုးရအသိအမှတ်ပြု လက်မှတ်ထုတ် ပေးရေး အရာရှိများက သွားရောက် စစ်ဆေးမှုကို ခံယူကြရမည်လည်းဖြစ်သည်။ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့၊ ကုမ္ပဏီများသည် အော်ဂဲနစ်အသိ အမှတ် ပြုလက်မှတ်လက်ခံ ရရှိရေးနှင့် ဈေးကွက်တွင် “အော်ဂဲနစ်” စာတမ်းပါ စားသောက် ကုန်ပစ္စည်းများ တရားဝင်ရောင်းချနိုင်ရေးတို့ကိုပါ ဒေသဆိုင်ရာ အော်ဂဲနစ် အဖွဲ့အစည်းများ၏ သတ်မှတ်ချက်၊ နှုန်းစံများ၊ နည်းဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် စနစ်ကျသော သဘာဝကျသော အော်ဂဲနစ်စိုက်ပျိုးရေး စနစ်ကို ဖော်ဆောင် နိုင်ကြကြောင်း တင်ပြလိုက်ပါသည်။

ဝင်းနိုင်ဦး (ဒဿ     နိက)

Source:  http://agrotechni-pedia.com

စိုက်ပျိုးရေးတွင် အရေးကြီးသည့် ရေ၏ အရည်အသွေး

စိုက်ပျိုးရေးတွင် အရေးကြီးသည့် ရေ၏ အရည်အသွေး

July 3, 2014 at 5:45pm


ရေရှိရင် အပင်စိုက်လို့ရတယ်ဆိုပေမယ့် ရေကြောင့်ပဲ သီးနှံပင်နဲ့ မြေဆီလွှာမှာ အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်နိုင်တယ်ဆိုတာ စိုက်ပျိုးသူတောင်သူဦးကြီးများ နဖူးတွေ့၊ ဒူးတွေ့ကြုံဖူးကြမှာ မလွဲအမှန်ပါဘဲ။ စိုက်ပျိုးတဲ့အခါမှာ လိုအပ်တဲ့ စိုက်ပျိုးရေမှာ ရှိသင့်တဲ့
အရည်အသွေး—-အသုံးပြုလိုက်တဲ့ စိုက်ပျိုးရေကြောင့် ဖြစ်ပေါ်နိုင်တဲ့ပြဿနာ—–ဘယ်လိုဖြေရှင်းရမလဲဆိုတာ—–တောင်သူ ဦးကြီးများဆီသို့——
သီးနှံများစိုက်ပျိုးရာတွင် အသုံးပြုသော စိုက်ပျိုးရေ၏ အရည်အသွေးသည် အရေး ကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ သွင်းရေအရည်အသွေးကို စိုက်ပျိုးရေးတွင် အသုံးပြု ၍ သင့်တော်ခြင်း၊ မသင့်တော်ခြင်းဟူ၍ အဆင့်အတန်း ခွဲခြားထားပါသည်။အဘယ် ကြောင့်ဆိုသော် သွင်းရေတွင် အချို့ပျော်ဝင်နိုင်သော ဆားများပါဝင်ခြင်းကြောင့် ဖြစ် ပါသည်။ စိုက်ပျိုးရေ အရည်အသွေးသည် ရေတွင်ပျော်ဝင်နိုင်သော ဆားများ၏ ပမာဏနှင့် ဆားအမျိုးအစားပေါ် မူတည်ပါသည်။     သွင်းရေတွင် ပျော်ဝင်နေသော ဆား အမျိုးအစားနှင့် ပျော်ဝင်မှုပမာဏအလိုက် သီးနှံစိုက်ပျိုးမြေတွင် ပြဿ     နာအမျိုးမျိုး ဖြစ်ပေါ်နိုင်ပါသည်။ ပြဿ     နာဖြစ်ပေါ်မှု သည် သွင်းရေအရည်အသွေးအပြင် မြေ၊ ရာသီဥတု၊ သီးနှံအမျိုးအစားနှင့် အသုံးပြုသူ၏ ကျွမ်းကျင်မှုပေါ်တွင်လည်း များစွာမူ တည်ပါသည်။ အများဆုံးဖြစ်ပေါ်နေသော ပြဿ     နာများမှာ-
(၁)    မြေဆီလွှာဆားပေါက်မှုပြဿ     နာ
(၂)     ရေ၀င်နှုန်းလျော့ကျမှုပြဿ     နာ
(၃)    သီးနှံများ အဆိပ်သင့်မှုပြဿ     နာများ ဖြစ်ကြပါသည်။

(၁) မြေဆီလွှာဆားပေါက်မှုပြဿ     နာ

မြေအောက်ရေမျက်နှာပြင် မြင့်တက် လာခြင်းကြောင့်လည်းကောင်း၊ သွင်းရေတွင် ဆားများပါဝင်ခြင်းကြောင့် လည်း ကောင်း၊ အမြစ်ဇုန်တွင်ဆားများစုပုံလာ ခြင်းဖြင့် မြေတွင်းရေ၏ osmotic potential သည် နိမ့်ကျလာပြီး သီးနှံပင်မှ ရေစုပ်ယူရန် ခက်ခဲစေပါသည်။ မြေတွင်းရေအသင့် အတင့်ရှိသော်လည်း သီးနှံပင်ရေငတ်ခြင်း ဖြစ်ပေါ်စေပြီး သီးနှံအထွက်နှုန်းများ လျော့ကျစေပါသည်။ ဤသို့ အထွက်နှုန်း လျှော့ ကျမှုသည် သီးနှံအမျိုးအစားအလိုက် ဆားငံဒဏ်ခံနိုင်မှု အနည်းအများအရ ကွဲ ပြားပါသည်။ မြေဆီလွှာဆားပေါက်သဖြင့် သီးနှံပင်ထိခိုက်သော လက္ခဏာသည် ရေငတ်သော လက္ခဏာနှင့်ဆင်တူပါသည်။ ဆားပေါက်မြေတွင် မြေတွင်းရေမြင့်မား နေရန် ရေကိုမကြာခဏ သွင်းပေးရခြင်းနှင့် အမြစ်ဇုန်မှဆားများကို ဆေးချရခြင်းကို အထူးဂရုပြုဆောင်ရွက်ရမည်။ သီးနှံ အထွက်နှုန်းသည် အမြစ်ဇုန်တစ်လျှောက် မြေတွင်းရေတွင် ပျမ်းမျှဆားပါဝင်မှုနှင့် တိုက်ရိုက်အချိုးကျပါသည်။

(၂) ရေ၀င်နှုန်းလျော့ကျမှုပြဿ     နာ

သွင်းရေ၌ ဆိုဒီယမ် (Na)သည်  ကယ်လဆီယမ် (Ca)နှင့် မဂ္ဂနီဆီယမ် (Mg) တို့ထက် ပိုမိုပါဝင်လျှင်  မြေမှုန်ဖွဲ့စည်းမှုကို ပျက်စီးစေကာ မြေစေးမှုန့်များက ရေပေါက် လေပေါက်များကိုပိတ်၍ မြေကြပ်ခြင်း ဖြစ်ပေါ်ပါသည်။ ဤသို့ မြေကြပ်၍ ရေ၀င်နှုန်း
လျော့ကျပါက မိုးရွာ သို့မဟုတ် ရေသွင်းလျှင် မြေမျက်နှာပြင်၌ ရေများကြာရှည် စွာတင်ရှိနေ၍  မျိုးစေ့ပုတ်ခြင်း၊ ရေငတ်၍ အပင်သေခြင်း၊ ခြောက်လျှင်ပတ်ကြား ကွဲခြင်း၊ အဟာရရှိမှု ဟန့်တားခြင်း၊ ထယ် ထွန်ရန် ခက်ခဲခြင်းများအပြင် အပင်အတွက် လိုသောရေကို ပြန်လည်သွင်းပေးရန် ခက်ခဲ ခြင်းများ ဖြစ်ပေါ်လာပါသည်။  ရေ၀င်နှုန်း လျော့ကျမှုပြဿနာသည် သွင်းရေအမျိုး အစားသာမက  မြေဆီလွှာအမျိုးအစား၊ မြေမှုန်ပေါင်းစပ်မှု၊ မြေစေးပါဝင်မှုနှင့် မြေကျစ်မှု၊ ပွမှုအခြေအနေများအပေါ် မူ တည်ပါသည်။

(၃) သီးနှံများအဆိပ်သင့်မှုပြဿ     နာ

သီးနှံများ အဆိပ်သင့်မှုသည် အများအားဖြင့် ကလိုရိုဒ်၊ ဆိုဒီယမ်နှင့် ဘိုရွန် တို့ကြောင့် ဖြစ်ပါသည်။ မြေတွင်းရေရှိ အိုင်းယွန်းများကို အမြစ်မှစုပ်ယူပြီး နောက်ဆုံးအဆင့် အရွက်များသို့ ရောက်ရှိစုပုံနေကာ သီးနှံပင်အဆိပ်သင့်နိုင်သော ပမာဏသို့ရောက်ရှိကာ အရွက်ဖျားများ၊ အရွက် နားများနှင့် အရွက်အလယ်ပိုင်းတို့တွင် လောင်ကျွမ်းမှုကို ဖြစ်ပေါ်စေပါသည်။ အဆိပ်သင့်မှုဖြစ်ပေါ်ခြင်းသည် သီးနှံ တစ်မျိုးနှင့်တစ်မျိုးမတူဘဲ နှစ်ရှည်ခံ ပင်စည်မာ အပင်ကြီးများတွင် ပို၍ဖြစ်ပေါ်စေပါသည်။ ဤသို့ အဆိပ်သင့်မှုသည် ရေသုံးစွဲမှု နည်း သော ဆောင်းရာသီထက် ရေသုံးစွဲမှုများ သော နွေရာသီတွင်  ပိုမိုဖြစ်ပေါ်စေပါ သည်။ အထက်ဖော်ပြပါ ပြဿနာ များကို ဖြေရှင်းရန်အတွက် ရေသွင်းစိုက်ပျိုးမှုကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။

(၁) မြေဆီလွှာဆားပေါက်မှုပြဿ     နာများကို ဖြေရှင်းရန်အတွက်

(က)    မြေအောက်ရေ မြင့်တက်မလာစေရန် ထိန်းထားခြင်း။
(ခ)    ဆားများ စုပုံမလာစေရန် ရေဆေးချ ခြင်းနှင့် ရွာသွန်းသောမိုးရေကို အကျိုးရှိစွာ အသုံးချခြင်း။
(ဂ)    ဆားငန်ဒဏ်ခံနိုင်သော သီးနှံများ စိုက်ပျိုးခြင်း။
(ဃ)    စနစ်တကျ စိုက်ပျိုးခြင်း။
- မြေကို ညီညာစွာ တပြေးညီဖြစ် အောင် ညှိထားခြင်း။
- ရေကို အချိန်မှန်မှန်သွင်းပေးခြင်း။
- မျိုးစေ့ကို ဆားစုပုံသည့်နေရာမှ လွှဲ၍ ချပေးခြင်း။
- မျိုးစေ့မချမီ ရေသွင်းပေးခြင်း။
- ရေသွင်းနည်းစနစ်ကို မှန်ကန်စွာ အသုံးချခြင်း။

(၂) ရေ၀င်နှုန်း လျှော့ကျမသွားစေရန် အတွက်

(က)    မြေဆီလွှာနှင့် သွင်းရေတွင် ဓာတု ပစ္စည်းများ ထည့်သွင်းခြင်း။ ဓာတုပစ္စည်းအဖြစ် ဂေါ်ဒန်မှုန့် (ွပဈကာ) ကို အများဆုံးအသုံးပြုပါသည်။ ဓါတုပစ္စည်း ထည့်သွင်းခြင်းသည် ငွေကုန် ကြေးကျများသဖြင့် ပိုမိုထွက်ရှိလာမည့် သီးနှံနှင့်နှိုင်းယှဉ်၍  စီးပွားရေးတွက်ခြေ
ကိုက်မကိုက်ကို ဆန်းစစ်ရန် လိုအပ်ပါသည်။ ဂေါ်ဒန်မှုန့်ကို မြေတွင်ထည့်သွင်း ရာတွင် တစ်ဟတ်တာအကျယ် တစ်မီတာ အနက်ရှိမြေမှ ၁၀၀ ရာခိုင်နှုန်း ဂေါ်ဒန်မှုန့် ၁၂ ဒသမ ၅ တန်ခန့် လိုအပ်ပါသည်။
(ခ)    အရည်အသွေးညံ့သော ရေကို အရည်အသွေးကောင်းသော ရေဖြင့်ရော၍အသုံးပြုခြင်း။ ရေညံ့ကို ရေသန့်ဖြင့်ရောလိုက်ခြင်း ဖြင့်  ဧရိယာဧက ပိုမိုစိုက်လာနိုင်ပါသည်။ ရေသန့်နှင့် ရေညံ့ကိုမရောဘဲ တစ်လှည့်စီ သုံးပါက ရေသန့်ကုန်ဆုံးချိန်တွင် ရေ၀င် နှုန်းလျှော့ကျမှု ပိုမိုဖြစ်လာနိုင်ပါသည်။နွေရာသီတွင် ရေညံ့ဖြင့်စိုက်ပြီး မိုးတွင်းတွင် မိုးရေဖြင့် စိုက်ပါက အလားတူ ရေ၀င်နှုန်း လျှော့ကျမှုဒဏ်ကို ခံရပါသည်။ ဤအခြေအနေတွင် မိုးမကျမီ တစ်ဟက်တာလျှင် ဂေါ်ဒန်မှုန့် ၁ ဒသမ ၂ တန်နှုန်းခန့်  မြေ မျက်နှာပြင်တွင် ကြဲပက်ခြင်းဖြင့် ကာကွယ် နိုင်ပါသည်။
(ဂ)    မြေကို နက်စွာထယ်လှန်ခြင်းနှင့် ကြား ထွန်လိုက်ခြင်း။
မြေကျစ်လွှာကို ခွဲရန်အတွက် ထယ်ကို နက်နက်လှန်ပြီး၊ မြေကြပ်ခြင်းကို ကာကွယ်ရန် ကြားထွန်ဝင်ခြင်း စသည့် လုပ်ငန်းများကို အခါအားလျော်စွာ လုပ်ပေးရသည်။ မြေအစိုဓာတ်အခြေအနေတွင် ထယ် ကို နက်နက်ထိုးပေးပါက မြေစိုင်ခဲများ ဖြစ်ပေါ်၍ မြေစိုင်ခဲများအကြောင်းသို့ ရေ
များ ၀င်သွားနိုင်ပါသည်။ ကြားထွန်လိုက် ခြင်းသည် ပေါင်းမြက်နှိမ်နင်းရန်နှင့် မြေဆီလွှာ၌ လေ၀င်လေထွက် ကောင်းစေရန် အပြင် မျက်နှာပြင်ရေစီးနှုန်းကိုလည်း နှေးစေသောကြောင့် မြေဆီလွှာအတွင်း ရေကို ပိုမိုစိမ့်ဝင်စေပါသည်။
(ဃ)    အော်ဂဲနစ်ပစ္စည်းများထည့်ပေးခြင်း။
သီးနှံအကြွင်းအကျန်နှင့် အခြား အော်ဂဲနစ်ပစ္စည်းများကို မြေဆီလွှာတွင် ရောမွှေပေးပါက ရေ၀င်နှုန်းကို မြင့်တက် စေပါသည်။ ရေ၀င်နှုန်းမြင့်တက်စေရန်  အခြေအနေကိုလိုက်၍ အော်ဂဲနစ်ပစ္စည်း များကို တစ်ဟတ်တာလျှင် (၄၀-၄၀၀) တန်
လောက်ထိ ထည့်ပေးရန်လိုအပ်ပါသည်။ ထည့်သွင်းရာတွင်လည်း အပေါ်ယံမြေဆီ လွှာထဲသို့ ရောမွှေပေးရပါမည်။
(င) သွင်းရေကို စနစ်တကျအသုံးချခြင်းတွင်
(က) မကြာခဏ ရေသွင်းပေးခြင်း
(ခ)  မျိုးစေ့မချမီ ရေသွင်းပေးခြင်း
(ဂ)  ရေကို အချိန်ကြာရှည်စွာ  ရေသွင်းပေးခြင်း
(ဃ) သင့်တော်သော ရေသွင်းနည်း စနစ်ကို ပြောင်းလဲအသုံးပြုခြင်းတို့ ဖြစ်ပါသည်။

(၃) သီးနှံအဆိပ်သင့်မှု ပြဿ     နာ ဖြေရှင်းရန်အတွက်

သီးနှံအဆိပ်သင့်မှု ပြဿ     နာမဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာ အဆိပ်သင့်မှုဖြစ်စေသော ရေကိုမသုံးရန် ဖြစ်ပါသည်။ ဆိုဒီယမ်ကလိုရိုဒ်နှင့် ဘိုရွန်အဆိပ်သင့်မှုကို မြေဆီလွှာအောက်သို့ ဆေးချခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ဆေးချရန် အတွက် ရေလိုအပ်မှုအလွန်များ၍ ဆောင်ရွက်လျှင် ခံနိုင်ရည်ရှိသည့် သီးနှံပင်များကို ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်းများဖြင့် ဆောင်ရွက်ရပါ မည်။ သို့ဖြစ်ပါသောကြောင့် စိုက်ပျိုးရေ၏ အရည်အသွေးကို ခွဲခြားရန်လိုအပ်ပါသည်။
စိုက်ပျိုးရေ၏ အရည်အသွေးကို ခွဲခြား လေ့လာရာတွင်
(က)    စိုက်ပျိုးရေ၏ အချဉ်၊ အငန်ဓာတ် (pH)
(ခ)      စိုက်ပျိုးရေတွင် ပါဝင်သော ဆားများ၏ပြင်းအား (EC)
(ဂ)      စိုက်ပျိုးရေတွင် ပါဝင်သော ဆားတစ်မျိုးဖြစ်သည့် ဆိုဒီယမ်နှင့် တခြားဆားများဖြစ်သော ကယ်လ် ဆီယမ်၊ မဂ္ဂနီဆီယမ်တို့၏ ပါဝင်မှု အချိုး(SAR)
(ဃ)    စိုက်ပျိုးရေတွင် ပါဝင်သောဘိုရွန်၏ ပြင်းအားနှင့် အခြား အင်အော်ဂဲနစ်များ
(င)      စိုက်ပျိုးရေတွင် ပါဝင်သော ကာဗွန်နိတ်နှင့် ဘိုင်ကာဗွန်နိတ်များ
(စ)      ကလိုရိုဒ်နှင့် ဆာလဖိတ်တို့၏ စိုက်ပျိုးရေတွင် ပါဝင်မှု
အထက်ပါ စိုက်ပျိုးရေ၏ အရည် အသွေးကို အောက်ပါနည်းလမ်းများဖြင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် စစ်ဆေးတိုင်းတာလျက်ရှိပါသည်။
သီးနှံအထွက်နှုန်း မြင့်မားစေရန် မိမိအသုံးပြုမည့်သွင်းရေ၏ အရည်အသွေး ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

- ဒေါက်တာခင်မာဌေး(စိုက်/သု)

Source: http://thefarmermedia.com

အူအတက်ရောင် ရောဂါ

အူအတက်ရောင် ရောဂါ (ဒေါက်တာအောင်ခင်ဆင့်)
ဗိုက်နာတာ၊ ဗိုက်အောင့်တာ ဗိုက်ရဲ့ညာဘက်အောက်ပိုင်း Right Iliacfossa ဆိုတဲ့နေရာမှာ ဗိုက်နာရင်၊ အောင့်ရင်တော့ ယေဘုယျ အားဖြင့် Acute Appendicitis အူအတက်ရောင်ရောဂါလို့ ခေါ်ပါတယ်။ လူအများခေါ်ဝေါ်ကြတာကတော့ အူအတက်ပေါက်ရောဂါလို့ အများက ခေါ်ကြပါ...တယ်။
ဗိုက်ညာဘက်နာတာအပြင် ဗိုက်အမြှေးပါးရောင်တဲ့ လက္ခဏာတွေလည်း တွေ့ရတယ်။ Sign of Peritonitisလို့ခေါ်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့ -
(၁) ဗိုက်ညာဘက်နာတယ် (PAIN)
(၂) အဖျားဝင်လာတယ် (FEVER)
(၃) နာတဲ့နေရာထိလိုက်ရင် ပိုနာတယ်၊ TENDERNESS လို့ခေါ်တယ်။
(၄) နာတဲ့နေရာကို အသာလေးဖိလိုက်ပြီး ရုတ်တရက်ဖိထားတာကို လွှတ်လိုက်ရင် ပိုနာလာလို့ လူနာက 'အမယ်လေးဗျ'လို့ အော်တော့ တာပါပဲ။ ဒီလိုနာတာမျိုးကို REBOUND TENDERNESS လို့ ခေါ်ပါတယ်။
(၅) ဗိုက်ဘယ်ဘက်က တင်းမနေဘဲ ညာဘက်က တင်းမာနေတယ်၊ RIGIDITY လို့ခေါ်ပါတယ်။
(၆) ဆရာဝန် လူနာနားကပ်လိုက်ရင်ကိုပဲ မျက်နှာက နာတဲ့ပုံသဏ္ဌာန် ပြလိုက်ပါတယ်။ CONSCIOUS PAIN လို့ခေါ်ပါတယ်။ GUARDING လို့လည်း ပြောကြပါတယ်။
အထက်ပါ လက္ခဏာတွေအားလုံးဟာ အူအတက်ရောင်(အူအတက်ပေါက်) နာတွေရဲ့ လက္ခဏာတွေဖြစ်ကြောင်း တင်ပြလိုက်ပါရစေ။
တိတိကျကျ ပြောလို့မရပါ
အူအတက်ရောင်ရောဂါ ဟုတ် ၊ မဟုတ်ကို တိတိကျကျ ပြောလို့မရပါဘူး။ အကြောင်းရင်းကတော့ -
(၁) အထက်ပါလက္ခဏာတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘဲ အမျိုးမျိုးခြားနားကြလို့ဖြစ်တဲ့ရောဂါဟာလည်း အူအတက်ပေါက်ရောဂါလို့ တိတိကျကျ မပြောနိုင်ပါဘူး။
(၂) အူအတက်ရောင်ရောဂါက အူသိမ်နေရာ(ILEUM)နဲ့ အူမကြီး (CAEUM) တို့ တွေ့ဆုံဆက်တဲ့နေရာမှာရှိလို့ ဗိုက်ရှေ့ပိုင်းမှာလည်း ရှိတတ်တယ်။ ရှေ့မှာဆိုရင် ဗိုက်ရှေ့က သိပ်နာတတ်ပါတယ်။ နောက်မှာရောက်နေခဲ့ရင် ဗိုက်ရှေ့မှာ မနာမအောင့်ဘဲ နောက်ဘက်မှာ နာတတ်အောင့်တတ်ပါတယ်။ ဗိုက်နောက်ပိုင်းမှာ အောင့်ရင်၊ နာရင် အူအတက်နာအောင့်တယ်လို့မထင်ဘဲ သည်းခြေအိတ်ထဲ ကျောက် တည်တဲ့ရောဂါကြောင့် အောင့်တယ်ထင်တတ်တာရယ်၊ ကျောက်ကပ်ထဲက ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်ရောဂါတို့နဲ့ အူ အတက်ပေါက်ရောဂါတို့ မှားယွင်းကုသတတ်တဲ့အကြောင်း ဆေးပညာမှာ ဆိုရိုးစကားရှိပါတယ်။
ဗိုက်ခွဲပြီးမှ အူအတက်ပေါက်တာ မတွေ့လို့၊ မဟုတ်လို့ မထူးပါဘူးဆိုပြီး အခြေအနေကောင်းရင် အူအတက်ကို ဖြတ်တောက်လိုက် တတ်ကြပါတယ်။
အူအတက်ပေါက်တာဟုတ်၊ မဟုတ်ကိုတော့ အခုစမ်းသပ်စစ်ဆေးတဲ့ (FACILITY) စက်တွေ ပေါ်နေပါပြီ။ ဥပမာ - ULTRASOUND စမ်းသပ်စက်တို့ဖြစ်ပါတယ်။
အဲဒီလို အာထရာဆောင်းစက်ဖြင့် ဖိစမ်းသပ်လိုက်တဲ့အခါမှာ လူနာက နာတယ်နာတယ် လို့ထအော်တတ်ပါတယ်။ စက်ကလည်း ကောင်းမယ်၊ စမ်းသပ်တဲ့ဆရာဝန်ကလည်း တော်မယ်ဆိုလို့ရှိရင် အူအတက်ရောင်တာ၊ ပေါက်နေတာတို့ကို ကောင်းကောင်း မြင်ရ တယ်လို့ ပြောပါတယ်။ အဲဒီလို အူအတက်ပေါက်ခြင်း သိသိသာသာ သိသာရင်တော့ ခွဲစိတ်ဖို့ကို ခွဲစိတ်အထူးကုဆရာဝန်ကြီးတို့က လုပ်ပေးကြပါတယ်။
အူအတက်မခွဲရင် ဘာဖြစ်တတ်သလဲ
အူအတက်ရောင်တာကို မခွဲစိတ်ဘူးဆိုပါရင် နောက်ထပ် ဘာတွေဖြစ်နိုင်ပါသလဲဆိုတာကို ကျွန်တော်ပြောပြရပါတော့မယ်။
အူအတက်ရောင်တာကို မခွဲရင် ကောင်းတာလည်းဖြစ်နိုင်တယ်။ မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ တချို့အူအတက်ရောင်တာမှာ လည်း Type တွေက အမျိုးမျိုးရှိတယ်။
(၁) Catarnal Type မှာတော့ နည်းနည်းလေးရောင်ပြီး အနည်းငယ် Partially ပိတ်နေပါတယ်။ Catarnal နာတာလည်း သိပ်အဆိုးကြီး မဟုတ်ပါဘူး။ Type အနေနဲ့ မပိတ်ဆို့နေတဲ့ Non Obstructive အမျိုးအစားဖြစ်လာတယ်။
(၂) Obstructed Type မှာတော့ ပိတ်တဲ့ဟာတွေက Faeces တို့၊ စမြင်းတုံးတွေ၊ နောက် မာလကာသီးအစေ့တွေ၊ ဆီးစေ့တွေဖြစ်ပါ တယ်။ ဒါတွေနဲ့ မပိတ်ရင်တောင်မှ အဲဒီ Appendix မှာရှိတဲ့ Lyphoid Follicles ကြီးလာပြီး ပိတ်တတ်ပါတယ်။
အဲဒီတော့ အူအတက်ကြွက်သားတွေက ညှစ်ရတယ်။ ညှစ်ရတဲ့အခါကျတော့ တစ်ချက်တစ်ချက် ပိုနာပြီး Complication တွေလည်း ဖြစ် တတ်တယ်။ ကံကောင်းတဲ့လူနာတွေမှာ သူ့ဘာသာ Resolve ဖြစ်ပြီး သူ့ဟာသူပျောက်သွားတယ်။ တကယ်လို့ ရောင်ပြီးပိတ်နေရင် တော့ ဒီရောင်တဲ့ဟာက ပိုပိုကြီးလာပြီး အူအတက်ကိုသွားတဲ့ သွေးကြောလေးတွေပါရောင်ပြီးတော့ သွေးခဲနဲ့ ပိတ်သွားပါတယ်။
အဲဒီသွေးမစီးတဲ့အခါကျတော့ ရောင်နေတဲ့အူအတက်က ပုပ်သွားတယ်။ ပုတ်ပြီးတော့မှာ ပေါက်ထွက်သွားတယ်။ Burst Appendix ပေါ့။
အဲဒါဆိုရင် အူအတက်ထဲမှာရှိတဲ့ ပိုးတွေ၊ မစင်တွေက ၀မ်းဗိုက်ခေါင်းထဲပျံ့နှံ့ပြီး Peritonium ၀မ်းဗိုက်အမြှေးပါးပါ ရောင်ရမ်းကာ ပိုးတွေ က ထုတ်ပေးတဲ့ အဆိပ်တွေကြောင့် သွေးဆိပ်တတ်လာပြီး ဒုက္ခရောက်တတ်ပါတယ်။
လူနာက Resistant ကိုယ်ခံအားကောင်းတယ်၊ ရောင်တဲ့အချိန်မှာ ဘေးနားကအူတွေနဲ့ Omentum လို့ခေါ်တဲ့ ၀မ်းတွင်းအဆီပြင်တွေက လာရောက်ဖုံးအုပ်တဲ့အခါကျတော့ Appendicular Mass ဖြစ်သွားပါတယ်။
Appendicular Mass ကနေပြီးတော့မှ ဆေးတွေပေးတဲ့အခါမှာ ရောဂါပျောက်ကင်းပြီး Resolve ရနိုင်တယ်။ တချို့ကျတော့ Appendicular Mass ကနေတစ်ဆင့် ပေါက်ထွက်ပြီးတော့မှ ပြည်တည်နာ ဖြစ်သွားတယ်။
ပြည်တည်တာ ဖြစ်လာပြီဆိုရင်တော့ အဖျားကလည်း ပိုတက်လာတယ်။ Mass ကလည်းပဲ ပိုပြီးတော့နာလာတယ်။ အဲဒီအခါမှာ သမားတော်အနေနဲ့ လူနာရဲ့အခြေအနေကို ကြည့်ရပါတယ်။
ဒီမှာလည်း ကျွန်တော်တို့က Two Schools of Thought ပေါ့။ အယူအဆနှစ်မျိုးရှိတယ်။ မခွဲသင့်သေးတဲ့ အခြေအနေနဲ့ ခွဲသင့်ပြီဆိုတဲ့ အခြေအနေ နှစ်မျိုးပါပဲ။
Caurse and Complication ရောဂါအခြေအနေနဲ့ ပြောမယ်ဆိုရင် -
နံပါတ်(၁)က ရောဂါပျောက်ကင်းပြီး ကောင်းသွားနိုင်တယ်။
နံပါတ်(၂)က ပေါက်ကွဲ Burst ဖြစ်သွားနိုင်တယ်။
နံပါတ်(၃)က Mass အလုံးအကျိတ် ဖြစ်သွားနိုင်တယ်။
နံပါတ်(၄)က Abscess ပြည်တည်နာဖြစ်နိုင်တယ်။
နံပါတ်(၅) ကတော့ လူကို ဒုက္ခအများကြီးပေးနိုင်တဲ့ အခြေအနေလို့ပဲပြောလိုက်ပါရစေ။
ဒါကြောင့် စောစီးစွာ ခွဲစိတ်ကုသလိုက်တာ အကောင်းဆုံးပါပဲလို့ ပြောလိုပါတယ်။
ကျွန်တော်ပြောချင်တာ နောက်တစ်မျိုးကတော့ မာလကာစေ့တွေ၊ ခရမ်းချဉ်သီးအစေ့၊ ငရုတ်သီးခြောက်အစေ့ ဒါတွေကြောင့် Appendicitis ဖြစ်တတ်တယ်ဆိုတာကိုတော့ ကျွန်တော် ပြောပါရစေဦး။
Appendicitis မဖြစ်အောင်တော့ ထူးခြားတဲ့ ကာကွယ်နည်း သီးသန့်မရှိပါဘူး။ ၀မ်းချုပ်မခံဘူး။ အစေ့ပါတဲ့ မာလကာသီး၊ ဆီးသီး စတာတွေကို မစားရဘူး။
Viral Infection ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ထိထိရောက်ရောက် ကုသပေးရင်တော့ ထိုက်သင့်သလောက် အဖြစ်နှုန်း လျော့သွားနိုင်ပါတယ်။
Appendicitis မဖြစ်အောင် အခုနတုန်းက မာလကာသီးက အစေ့တွေ၊ ဆီးစေ့တွေပါအောင် မစားတော့ဘူးဆိုရင်တော့ အဲဒီဟာတွေ ကြောင့်ဖြစ်မယ့် လူနာတွေအတွက်တော့ ကာကွယ်လို့ရမှာဖြစ်ပါတယ်။
တချို့ Viral Infection ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ (Dengue Virus) ဆိုတာတွေမှာလည်း အူအတက် အနည်းငယ်ရောင်နေတတ် ပါတယ်။ သတိထားသင့်တဲ့ ကိစ္စတစ်ရပ်ပါပဲ။
လူတွေအများဆုံးသိလိုတဲ့ အကြောင်းတစ်ရပ်ကတော့ Appendix က ခန္ဓာကိုယ်အတွ့် သိပ်မလိုအပ်ဘူး။ အဲဒါကြောင့် Appendicitis မဖြစ်ခင် တချို့ကလည်း ကြိုပြီးတော့ ခွဲသင့်တယ်ပေါ့။ အခုနောက်ပိုင်းကျတော့လည်း Appendix ကမလိုအပ်ဘူးရယ် မဟုတ်ဘူးပေါ့။ သူက Micro Organism တွေ ခိုအောင်းလို့ရတယ်။ ဒီ Organism တွေက အူလမ်းကြောင်းအတွက် အကျိုးပြုတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရာတစ်ခုအနေနဲ့ဖြစ်လာတော့ ကျွန်တော့်အနေနဲ့ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် Appendix က သိပ်ပြီးတော့ Essential တော့မဟုတ်ပါဘူး။ လူတွေမှာလည်း (၁၀၀)မှာ Appendicitis က ဖြစ်မယ်ဆိုရင်လည်း လေး၊ငါးယောက်ပေါ့။ လေး၊ငါးယောက်အတွက် ကျန်ခဲ့တဲ့ (၉၀)ကျော်က ခွဲခံရမယ်ဆိုရင်တော့ မသင့်ဘူးလို့ ထင်တယ်လေ။
ဘယ်လိုလူမျိုးတွေမှာ အကြံပြုနိုင်မလဲဆိုရင် ဥပမာ တချို့ခရီးဝေးသွားရမယ်။ Medical Facility ကမရှိဘူး။ တောတွေဘာတွေမှာ အလုပ်သွားလုပ်ရတယ်။ မိုင်းတွေဘာတွေ သွားရှာရတဲ့ မိုင်းလုပ်တဲ့လူတွေက သွားရေးလာရေး ခက်ခဲတယ်။ ဒီဟာမျိုးတွေမှာတော့ လူနာရဲ့ဆန္ဒရှိရင်တော့ လုပ်ပေး၊ ခွဲပေးသင့်ပါတယ်။
စာဖတ်ပရိသတ်တွေကို အကြံပြုပြောကြားချင်တာကတော့ Acute Abdomen ဆိုတာဟာ လူတွေ့ရဲ့အသက်ကိုပါ အန္တရာယ်ပေးနိုင် ပါတယ်။ ဒါနံပါတ်(၁)အချက်ပေါ့။ နံပါတ်(၂)ကတော့ Acute Abdomen ဖြစ်နိုင်တဲ့ Causes တွေကလည်း အများကြီးရှိတာကြောင့် တိတိကျကျ ဘာကြောင့်နာတယ်ဆိုတာ မပြောနိုင်ပါဘူး။ ရောဂါအဆင့်ဆင့် အခြေအနေနဲ့ စမ်းသပ်ပုံကို ပြောပါရစေ။
(၁) ဗိုက်နာတဲ့အခါ အသာဖိကြည့်ပါ။ ဖိကြည့်လိုက်လို့ နာတာက အဖိကိုခံနိုင်တယ်၊ ဖိထားရင် သက်သာတယ်ဆိုရင် သိပ်အရေးမကြီး ပါဘူး။
(၂) ဒါပေမဲ့ ဗိုက်နာခြင်းက ပြင်းထန်မယ်၊ စဉ်ဆက်မပြတ် နာကျင်မှုဖြစ်မယ်၊ အသက်ရှူရင် လူနာက ရင်ဘတ်နဲ့ရှူပြီး ၀မ်းဗိုက်မှာ တင်း မာမယ်၊ အသက်ရှူတဲ့အခါ ဗိုက်က မလှုပ်ရှားဘူး၊ ဗိုက်ကို လက်ဖ၀ါးနဲ့စမ်းသပ်ရင် အထိမခံနိုင်ဘဲ နာကျင်မယ်ဆိုပါက ဖြစ်နိုင်ရင် ဆေးရုံ ကို အမြန်ပြဖို့ လိုအပ်ပါတယ်လို့ ကျွန်တော် အူအတက်ရောင်ရောဂါအကြောင်း ပြောကြားခြင်းကို နိဂုံးချုပ်လိုက်ရပါတယ်။
ဒေါက်တာ အောင်ခင်ဆင့်