Sunday, 27 July 2014

စိုက်ပျိုးရေးတွင် အရေးကြီးသည့် ရေ၏ အရည်အသွေး

စိုက်ပျိုးရေးတွင် အရေးကြီးသည့် ရေ၏ အရည်အသွေး

July 3, 2014 at 5:45pm


ရေရှိရင် အပင်စိုက်လို့ရတယ်ဆိုပေမယ့် ရေကြောင့်ပဲ သီးနှံပင်နဲ့ မြေဆီလွှာမှာ အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်နိုင်တယ်ဆိုတာ စိုက်ပျိုးသူတောင်သူဦးကြီးများ နဖူးတွေ့၊ ဒူးတွေ့ကြုံဖူးကြမှာ မလွဲအမှန်ပါဘဲ။ စိုက်ပျိုးတဲ့အခါမှာ လိုအပ်တဲ့ စိုက်ပျိုးရေမှာ ရှိသင့်တဲ့
အရည်အသွေး—-အသုံးပြုလိုက်တဲ့ စိုက်ပျိုးရေကြောင့် ဖြစ်ပေါ်နိုင်တဲ့ပြဿနာ—–ဘယ်လိုဖြေရှင်းရမလဲဆိုတာ—–တောင်သူ ဦးကြီးများဆီသို့——
သီးနှံများစိုက်ပျိုးရာတွင် အသုံးပြုသော စိုက်ပျိုးရေ၏ အရည်အသွေးသည် အရေး ကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ သွင်းရေအရည်အသွေးကို စိုက်ပျိုးရေးတွင် အသုံးပြု ၍ သင့်တော်ခြင်း၊ မသင့်တော်ခြင်းဟူ၍ အဆင့်အတန်း ခွဲခြားထားပါသည်။အဘယ် ကြောင့်ဆိုသော် သွင်းရေတွင် အချို့ပျော်ဝင်နိုင်သော ဆားများပါဝင်ခြင်းကြောင့် ဖြစ် ပါသည်။ စိုက်ပျိုးရေ အရည်အသွေးသည် ရေတွင်ပျော်ဝင်နိုင်သော ဆားများ၏ ပမာဏနှင့် ဆားအမျိုးအစားပေါ် မူတည်ပါသည်။     သွင်းရေတွင် ပျော်ဝင်နေသော ဆား အမျိုးအစားနှင့် ပျော်ဝင်မှုပမာဏအလိုက် သီးနှံစိုက်ပျိုးမြေတွင် ပြဿ     နာအမျိုးမျိုး ဖြစ်ပေါ်နိုင်ပါသည်။ ပြဿ     နာဖြစ်ပေါ်မှု သည် သွင်းရေအရည်အသွေးအပြင် မြေ၊ ရာသီဥတု၊ သီးနှံအမျိုးအစားနှင့် အသုံးပြုသူ၏ ကျွမ်းကျင်မှုပေါ်တွင်လည်း များစွာမူ တည်ပါသည်။ အများဆုံးဖြစ်ပေါ်နေသော ပြဿ     နာများမှာ-
(၁)    မြေဆီလွှာဆားပေါက်မှုပြဿ     နာ
(၂)     ရေ၀င်နှုန်းလျော့ကျမှုပြဿ     နာ
(၃)    သီးနှံများ အဆိပ်သင့်မှုပြဿ     နာများ ဖြစ်ကြပါသည်။

(၁) မြေဆီလွှာဆားပေါက်မှုပြဿ     နာ

မြေအောက်ရေမျက်နှာပြင် မြင့်တက် လာခြင်းကြောင့်လည်းကောင်း၊ သွင်းရေတွင် ဆားများပါဝင်ခြင်းကြောင့် လည်း ကောင်း၊ အမြစ်ဇုန်တွင်ဆားများစုပုံလာ ခြင်းဖြင့် မြေတွင်းရေ၏ osmotic potential သည် နိမ့်ကျလာပြီး သီးနှံပင်မှ ရေစုပ်ယူရန် ခက်ခဲစေပါသည်။ မြေတွင်းရေအသင့် အတင့်ရှိသော်လည်း သီးနှံပင်ရေငတ်ခြင်း ဖြစ်ပေါ်စေပြီး သီးနှံအထွက်နှုန်းများ လျော့ကျစေပါသည်။ ဤသို့ အထွက်နှုန်း လျှော့ ကျမှုသည် သီးနှံအမျိုးအစားအလိုက် ဆားငံဒဏ်ခံနိုင်မှု အနည်းအများအရ ကွဲ ပြားပါသည်။ မြေဆီလွှာဆားပေါက်သဖြင့် သီးနှံပင်ထိခိုက်သော လက္ခဏာသည် ရေငတ်သော လက္ခဏာနှင့်ဆင်တူပါသည်။ ဆားပေါက်မြေတွင် မြေတွင်းရေမြင့်မား နေရန် ရေကိုမကြာခဏ သွင်းပေးရခြင်းနှင့် အမြစ်ဇုန်မှဆားများကို ဆေးချရခြင်းကို အထူးဂရုပြုဆောင်ရွက်ရမည်။ သီးနှံ အထွက်နှုန်းသည် အမြစ်ဇုန်တစ်လျှောက် မြေတွင်းရေတွင် ပျမ်းမျှဆားပါဝင်မှုနှင့် တိုက်ရိုက်အချိုးကျပါသည်။

(၂) ရေ၀င်နှုန်းလျော့ကျမှုပြဿ     နာ

သွင်းရေ၌ ဆိုဒီယမ် (Na)သည်  ကယ်လဆီယမ် (Ca)နှင့် မဂ္ဂနီဆီယမ် (Mg) တို့ထက် ပိုမိုပါဝင်လျှင်  မြေမှုန်ဖွဲ့စည်းမှုကို ပျက်စီးစေကာ မြေစေးမှုန့်များက ရေပေါက် လေပေါက်များကိုပိတ်၍ မြေကြပ်ခြင်း ဖြစ်ပေါ်ပါသည်။ ဤသို့ မြေကြပ်၍ ရေ၀င်နှုန်း
လျော့ကျပါက မိုးရွာ သို့မဟုတ် ရေသွင်းလျှင် မြေမျက်နှာပြင်၌ ရေများကြာရှည် စွာတင်ရှိနေ၍  မျိုးစေ့ပုတ်ခြင်း၊ ရေငတ်၍ အပင်သေခြင်း၊ ခြောက်လျှင်ပတ်ကြား ကွဲခြင်း၊ အဟာရရှိမှု ဟန့်တားခြင်း၊ ထယ် ထွန်ရန် ခက်ခဲခြင်းများအပြင် အပင်အတွက် လိုသောရေကို ပြန်လည်သွင်းပေးရန် ခက်ခဲ ခြင်းများ ဖြစ်ပေါ်လာပါသည်။  ရေ၀င်နှုန်း လျော့ကျမှုပြဿနာသည် သွင်းရေအမျိုး အစားသာမက  မြေဆီလွှာအမျိုးအစား၊ မြေမှုန်ပေါင်းစပ်မှု၊ မြေစေးပါဝင်မှုနှင့် မြေကျစ်မှု၊ ပွမှုအခြေအနေများအပေါ် မူ တည်ပါသည်။

(၃) သီးနှံများအဆိပ်သင့်မှုပြဿ     နာ

သီးနှံများ အဆိပ်သင့်မှုသည် အများအားဖြင့် ကလိုရိုဒ်၊ ဆိုဒီယမ်နှင့် ဘိုရွန် တို့ကြောင့် ဖြစ်ပါသည်။ မြေတွင်းရေရှိ အိုင်းယွန်းများကို အမြစ်မှစုပ်ယူပြီး နောက်ဆုံးအဆင့် အရွက်များသို့ ရောက်ရှိစုပုံနေကာ သီးနှံပင်အဆိပ်သင့်နိုင်သော ပမာဏသို့ရောက်ရှိကာ အရွက်ဖျားများ၊ အရွက် နားများနှင့် အရွက်အလယ်ပိုင်းတို့တွင် လောင်ကျွမ်းမှုကို ဖြစ်ပေါ်စေပါသည်။ အဆိပ်သင့်မှုဖြစ်ပေါ်ခြင်းသည် သီးနှံ တစ်မျိုးနှင့်တစ်မျိုးမတူဘဲ နှစ်ရှည်ခံ ပင်စည်မာ အပင်ကြီးများတွင် ပို၍ဖြစ်ပေါ်စေပါသည်။ ဤသို့ အဆိပ်သင့်မှုသည် ရေသုံးစွဲမှု နည်း သော ဆောင်းရာသီထက် ရေသုံးစွဲမှုများ သော နွေရာသီတွင်  ပိုမိုဖြစ်ပေါ်စေပါ သည်။ အထက်ဖော်ပြပါ ပြဿနာ များကို ဖြေရှင်းရန်အတွက် ရေသွင်းစိုက်ပျိုးမှုကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။

(၁) မြေဆီလွှာဆားပေါက်မှုပြဿ     နာများကို ဖြေရှင်းရန်အတွက်

(က)    မြေအောက်ရေ မြင့်တက်မလာစေရန် ထိန်းထားခြင်း။
(ခ)    ဆားများ စုပုံမလာစေရန် ရေဆေးချ ခြင်းနှင့် ရွာသွန်းသောမိုးရေကို အကျိုးရှိစွာ အသုံးချခြင်း။
(ဂ)    ဆားငန်ဒဏ်ခံနိုင်သော သီးနှံများ စိုက်ပျိုးခြင်း။
(ဃ)    စနစ်တကျ စိုက်ပျိုးခြင်း။
- မြေကို ညီညာစွာ တပြေးညီဖြစ် အောင် ညှိထားခြင်း။
- ရေကို အချိန်မှန်မှန်သွင်းပေးခြင်း။
- မျိုးစေ့ကို ဆားစုပုံသည့်နေရာမှ လွှဲ၍ ချပေးခြင်း။
- မျိုးစေ့မချမီ ရေသွင်းပေးခြင်း။
- ရေသွင်းနည်းစနစ်ကို မှန်ကန်စွာ အသုံးချခြင်း။

(၂) ရေ၀င်နှုန်း လျှော့ကျမသွားစေရန် အတွက်

(က)    မြေဆီလွှာနှင့် သွင်းရေတွင် ဓာတု ပစ္စည်းများ ထည့်သွင်းခြင်း။ ဓာတုပစ္စည်းအဖြစ် ဂေါ်ဒန်မှုန့် (ွပဈကာ) ကို အများဆုံးအသုံးပြုပါသည်။ ဓါတုပစ္စည်း ထည့်သွင်းခြင်းသည် ငွေကုန် ကြေးကျများသဖြင့် ပိုမိုထွက်ရှိလာမည့် သီးနှံနှင့်နှိုင်းယှဉ်၍  စီးပွားရေးတွက်ခြေ
ကိုက်မကိုက်ကို ဆန်းစစ်ရန် လိုအပ်ပါသည်။ ဂေါ်ဒန်မှုန့်ကို မြေတွင်ထည့်သွင်း ရာတွင် တစ်ဟတ်တာအကျယ် တစ်မီတာ အနက်ရှိမြေမှ ၁၀၀ ရာခိုင်နှုန်း ဂေါ်ဒန်မှုန့် ၁၂ ဒသမ ၅ တန်ခန့် လိုအပ်ပါသည်။
(ခ)    အရည်အသွေးညံ့သော ရေကို အရည်အသွေးကောင်းသော ရေဖြင့်ရော၍အသုံးပြုခြင်း။ ရေညံ့ကို ရေသန့်ဖြင့်ရောလိုက်ခြင်း ဖြင့်  ဧရိယာဧက ပိုမိုစိုက်လာနိုင်ပါသည်။ ရေသန့်နှင့် ရေညံ့ကိုမရောဘဲ တစ်လှည့်စီ သုံးပါက ရေသန့်ကုန်ဆုံးချိန်တွင် ရေ၀င် နှုန်းလျှော့ကျမှု ပိုမိုဖြစ်လာနိုင်ပါသည်။နွေရာသီတွင် ရေညံ့ဖြင့်စိုက်ပြီး မိုးတွင်းတွင် မိုးရေဖြင့် စိုက်ပါက အလားတူ ရေ၀င်နှုန်း လျှော့ကျမှုဒဏ်ကို ခံရပါသည်။ ဤအခြေအနေတွင် မိုးမကျမီ တစ်ဟက်တာလျှင် ဂေါ်ဒန်မှုန့် ၁ ဒသမ ၂ တန်နှုန်းခန့်  မြေ မျက်နှာပြင်တွင် ကြဲပက်ခြင်းဖြင့် ကာကွယ် နိုင်ပါသည်။
(ဂ)    မြေကို နက်စွာထယ်လှန်ခြင်းနှင့် ကြား ထွန်လိုက်ခြင်း။
မြေကျစ်လွှာကို ခွဲရန်အတွက် ထယ်ကို နက်နက်လှန်ပြီး၊ မြေကြပ်ခြင်းကို ကာကွယ်ရန် ကြားထွန်ဝင်ခြင်း စသည့် လုပ်ငန်းများကို အခါအားလျော်စွာ လုပ်ပေးရသည်။ မြေအစိုဓာတ်အခြေအနေတွင် ထယ် ကို နက်နက်ထိုးပေးပါက မြေစိုင်ခဲများ ဖြစ်ပေါ်၍ မြေစိုင်ခဲများအကြောင်းသို့ ရေ
များ ၀င်သွားနိုင်ပါသည်။ ကြားထွန်လိုက် ခြင်းသည် ပေါင်းမြက်နှိမ်နင်းရန်နှင့် မြေဆီလွှာ၌ လေ၀င်လေထွက် ကောင်းစေရန် အပြင် မျက်နှာပြင်ရေစီးနှုန်းကိုလည်း နှေးစေသောကြောင့် မြေဆီလွှာအတွင်း ရေကို ပိုမိုစိမ့်ဝင်စေပါသည်။
(ဃ)    အော်ဂဲနစ်ပစ္စည်းများထည့်ပေးခြင်း။
သီးနှံအကြွင်းအကျန်နှင့် အခြား အော်ဂဲနစ်ပစ္စည်းများကို မြေဆီလွှာတွင် ရောမွှေပေးပါက ရေ၀င်နှုန်းကို မြင့်တက် စေပါသည်။ ရေ၀င်နှုန်းမြင့်တက်စေရန်  အခြေအနေကိုလိုက်၍ အော်ဂဲနစ်ပစ္စည်း များကို တစ်ဟတ်တာလျှင် (၄၀-၄၀၀) တန်
လောက်ထိ ထည့်ပေးရန်လိုအပ်ပါသည်။ ထည့်သွင်းရာတွင်လည်း အပေါ်ယံမြေဆီ လွှာထဲသို့ ရောမွှေပေးရပါမည်။
(င) သွင်းရေကို စနစ်တကျအသုံးချခြင်းတွင်
(က) မကြာခဏ ရေသွင်းပေးခြင်း
(ခ)  မျိုးစေ့မချမီ ရေသွင်းပေးခြင်း
(ဂ)  ရေကို အချိန်ကြာရှည်စွာ  ရေသွင်းပေးခြင်း
(ဃ) သင့်တော်သော ရေသွင်းနည်း စနစ်ကို ပြောင်းလဲအသုံးပြုခြင်းတို့ ဖြစ်ပါသည်။

(၃) သီးနှံအဆိပ်သင့်မှု ပြဿ     နာ ဖြေရှင်းရန်အတွက်

သီးနှံအဆိပ်သင့်မှု ပြဿ     နာမဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာ အဆိပ်သင့်မှုဖြစ်စေသော ရေကိုမသုံးရန် ဖြစ်ပါသည်။ ဆိုဒီယမ်ကလိုရိုဒ်နှင့် ဘိုရွန်အဆိပ်သင့်မှုကို မြေဆီလွှာအောက်သို့ ဆေးချခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ဆေးချရန် အတွက် ရေလိုအပ်မှုအလွန်များ၍ ဆောင်ရွက်လျှင် ခံနိုင်ရည်ရှိသည့် သီးနှံပင်များကို ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်းများဖြင့် ဆောင်ရွက်ရပါ မည်။ သို့ဖြစ်ပါသောကြောင့် စိုက်ပျိုးရေ၏ အရည်အသွေးကို ခွဲခြားရန်လိုအပ်ပါသည်။
စိုက်ပျိုးရေ၏ အရည်အသွေးကို ခွဲခြား လေ့လာရာတွင်
(က)    စိုက်ပျိုးရေ၏ အချဉ်၊ အငန်ဓာတ် (pH)
(ခ)      စိုက်ပျိုးရေတွင် ပါဝင်သော ဆားများ၏ပြင်းအား (EC)
(ဂ)      စိုက်ပျိုးရေတွင် ပါဝင်သော ဆားတစ်မျိုးဖြစ်သည့် ဆိုဒီယမ်နှင့် တခြားဆားများဖြစ်သော ကယ်လ် ဆီယမ်၊ မဂ္ဂနီဆီယမ်တို့၏ ပါဝင်မှု အချိုး(SAR)
(ဃ)    စိုက်ပျိုးရေတွင် ပါဝင်သောဘိုရွန်၏ ပြင်းအားနှင့် အခြား အင်အော်ဂဲနစ်များ
(င)      စိုက်ပျိုးရေတွင် ပါဝင်သော ကာဗွန်နိတ်နှင့် ဘိုင်ကာဗွန်နိတ်များ
(စ)      ကလိုရိုဒ်နှင့် ဆာလဖိတ်တို့၏ စိုက်ပျိုးရေတွင် ပါဝင်မှု
အထက်ပါ စိုက်ပျိုးရေ၏ အရည် အသွေးကို အောက်ပါနည်းလမ်းများဖြင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် စစ်ဆေးတိုင်းတာလျက်ရှိပါသည်။
သီးနှံအထွက်နှုန်း မြင့်မားစေရန် မိမိအသုံးပြုမည့်သွင်းရေ၏ အရည်အသွေး ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

- ဒေါက်တာခင်မာဌေး(စိုက်/သု)

Source: http://thefarmermedia.com

No comments:

Post a Comment