လှိုင် တိုး
ဘက်စုံစွယ်စုံရ တရားတော်
*******************
``မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေကို စုံစုံစေ့စေ့ နှံ့နှံ့စပ်စပ် မလေ့လာဖူးကြတဲ့ ပုဂ္ဂိုလ်များက မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ နိဗ္ဗာန်ရောက်ရေး၊ တမလွန်ကောင်းစားရေး သက်သက်ပဲလို့ ယူဆကြတယ်။ နှံ့နှံ့စပ်စပ် မလေ့လာဖူးကြတော့ ပစ္စုပ္ပန်ချမ်းသာရေးအတွက် ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်တွေကို မတွေ့ဖူးကြဘူး။ ဒီတော့ တမလွန်ကောင်းစားရေးနဲ့ နိဗ္ဗာန်ချမ်းသာရေး သက်သက်ပဲလို့ ယူဆကြတယ်။
အမှန်တော့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူတဲ့ တရားတော်တွေထဲမှာ လက်ရှိ ပစ္စုပ္ပန်ဘဝမှာ အစစအရာရာ အပြစ်ကင်းပြီး ချမ်းသာစေနိုင်တဲ့ စိတ်ထားနည်း၊ စည်းစနစ်ကျကျနေနည်း၊ ထိုင်နည်း၊ ပြောနည်း၊ ဆိုနည်း၊ ဝတ်နည်း၊ စားနည်း၊ ကျင့်နည်း၊ ကြံနည်းတွေကို ညွှန်ကြားတော်မူထားတာ သူ့နေရာနဲ့သူ အများကြီးပါပဲ။ ဆိုလိုတာက ရှင်တော်မြတ်ဘုရားရဲ့ အဆုံးအမတွေမှာ လောကီရော လောကုတ်ရော နှစ်ဖက်စလုံးရတဲ့ ဘက်စုံစွယ်စုံရ တရားတော်တွေ အများကြီးပါပဲ။
လောကီမှာလည်း ရှင်တော်မြတ်ဘုရား ညွှန်ကြားထားတဲ့အတိုင်း ဆုံးမထားတဲ့အတိုင်း လိုက်နာကျင့်ကြံနိုင်ရင် ချမ်းချမ်းသာသာ စိတ်ထားတတ်တယ်။ နေတတ်ထိုင်တတ်တယ်။ လောကုတ္တရာအနေနဲ့ဆိုရင်လည်းပဲ ရှင်တော်မြတ်ဘုရား ဆုံးမထားတဲ့အတိုင်း ကျင့်ကြံပွားများအားထုတ်ရင် မဂ်ဉာဏ်ဖိုဉာဏ်ရပြီး နိဗ္ဗာန်မျက်မှောက်ပြုနိုင်တယ်၊ ချမ်းသာစစ် ချမ်းသာမှန် ရနိုင်တယ်´´
ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီး
ဘက်စုံစွယ်စုံရ တရားတော်
***************
``ျမတ္စြာဘုရားေ
အမှန်တော့ ရှင်တော်မြတ်ဘုရ
လောကီမှာလည်း ရှင်တော်မြတ်ဘုရ
ချမ်းမြေ့ရိပ်သာ
No comments:
Post a Comment