သူငယ်ချင်းသို့
========
အစ္စရေး ဂါဇာ ဒီကမ္ဘာမှာ
သူဆော်ငါဆော် တကြော်ကြော်နဲ့
မိုးထိလျှံလို သတင်းပျံလို့..
လူတွေသိတယ် သူငယ်ချင်း…
ဒို့တိုင်းရင်းသား လျှိုမြောင်ကြားမှာ
ဟိုပြေးဒီပြေး စစ်ဆင်ရေးတဲ့
လူမသိသူမသိ သင်္ဂြိုင်းမရှိ
သေသူတွေရှိတယ် သူငယ်ချင်း…
ငြိမ်းချမ်းရေးအော် တကြော်ကြော်
အော်နေသော်လည်း အသံမစဲ
စစ်ပွဲတွေလည်း ဖြစ်နေစဲ
မင်းသိစေချင်တယ် သူငယ်ချင်း…
--------------------------
သျှန်းလူငယ် (29-7-2014)
No comments:
Post a Comment