Sunday, 29 June 2014

ရုပ်ကိုလည်းပြင် ၊ စိတ်လည်းပြင်

“ ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင် ”
••••••••••••••••••••••••••••••••

နေထွက်နေဝင် ကိုးဂုဏ်ရှင်
နေ့စဉ်ရှိခိုးမယ်။

အနန္တငါး၊ ဂုဏ်တော်များ
ညွှတ်တွားကန်တော့မယ်။

မျက်နှာသစ်လျှင် ရေကိုမြင်
မြင်စဉ်မေတ္တာပွားပါ့မယ်။

သစ်ရင်းသစ်ရင်း လျော့ယိုယွင်း
ရုပ်ဆင်းသတိထားပါ့မယ်။

တန်းတူတွေ့ရင် မေတ္တာဝင်
မဝင်နိုင်က၊ ပြိုင်တတ်တယ်။

ပြိုင်မဲ့အစား မေတ္တာပွား
စိတ်ထားပြုပြင်ပြောင်းပါမယ်။

ကိုယ့်အောက်တွေ့ရင် ကရုဏာဝင် 
မဝင်နိုင်က နိုင်တတ်တယ်။

နိုင်မဲ့အစား ကရုဏာပွား 
စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင်
မဝင်ဣဿ ယိုင်တတ်တယ်။

ယိုင်မဲ့အစား မုဒိတာပွား
စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။

( မစိုးရိမ် ပဋ္ဌာန်းကျောင်းဆရာတော်
အရှင်ဝိသုဒ္ဓါဘိဝံသ )
 

No comments:

Post a Comment