ငါးမိနစ်အတွင်း ခေါင်းတစ်ခြမ်း ကိုက်တဲ့ ဝေဒနာကို
ပျောက်ကင်းစေမယ့်နည်း
ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေဟာ အဲဒီနာကျင်ကိုက်ခဲမှုဝေဒနာ ဘယ်လောက်ဆိုးရွားပြီး ခြေကုန်လက်ပန်းကျစရာကောင်းလဲဆိုတာ သဘောပေါက်ကြပါတယ်။
အလုပ်ပါပျက်ပြီး အဲဒီနာကျင်မှုဝေဒနာကို မခံမရပ်နိုင်အောင် အကြိမ်ကြိမ် နာကျင်နေတတ်ပါတယ်။ အဆိုးဆုံးက နာကျင်မှုဝေဒနာ တော်ရုံတန်ရုံနဲ့ မသက်သာတတ်ပါဘူး။
ဒါဟာလည်း အကိုက်အခဲပျောက်ဆေး မကြခဏ စားရတာကြောင့်မို့ ဖြစ်ပါတယ်။
အကိုက်အခဲပျောက်ဆေးကို ပိုက်ဆံပေးဝယ်မယ့်အစား သဘာဝကုထုံးနဲ့ မိမိဘာသာကုသကြည့်သင့်ပါတယ်။
လိုအပ်တဲ့အရာတွေကတော့
သံပုယိုရည်၊ ဆား နဲ့ သံပုယိုသီးခွံအနည်းငယ်
ဖော်စပ်ပုံဖော်စပ်နည်း
သံပုယိုအခွံခွာယူ၊ သံပုယိုသီး (၂) လုံးကို အရည်ညှစ်ယူပြီး ဆား (၂) ဇွန်းထည့်ပေးရပါမယ်။ ပန်းကန်တစ်လုံးထဲ အကုန်ထည့်ပြီး ဖန်ခွက်တစ်ခွက်စာရေနဲ့ ကောင်းစွာမွှေ ပေးပါ။ ပြီးသွားပါက အရသာ သိပ်ကောင်းတာကြောင့် တစ်ငုံချင်း သောက်ပေးပါ။ ၅ မိနစ်အတွင်း နာကျင်မှုဝေဒနာ ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါမှမဟုတ် သိသိသသာသာ အနည်းဆုံး လျော့နည်းသက်သာလာပါလိမ့်မယ်။
ဆားငန်ဓာတ်က သွေးတက်စေနိုင်တာမို့ သွေးတိုးရှိမရှိတော့
သတိပြုရပါမယ်။
Credit to Trend Myanmar
K.K(ကနောင်)

No comments:
Post a Comment