Thursday, 29 January 2015

သတိ


Htin Aung
သတိပဋ္ဌာန်ကို ပွားများမယ် အားထုတ်မယ်
အကြိမ်ကြိမ်လုပ်မယ်ဆိုရင် ဘယ်ပုံ လုပ် ရမ
လဲ ၊လုပ်ပုံ လုပ်နည်းကို မြတ်စွာဘုရားက အ
သေးစိတ် ရှင်းပြတယ် ၊ဒီသုတ္တာန်မှာ အဲဒါကို
ရှင်းပြ တော့မလို့  မြတ်စွာဘုရားက ရဟန်းတွေ
ကို ဒီအာနာပါနဿတိကမ္မဋ္ဌာန်းကို ပေးတာ ။
"ကထံ ဘာဝိတော စ ဘိက္ခဝေ အာနာပါနဿတိ
၊ကထံဗဟုလီက တော" ၊ဘယ်လိုပွားရင် ဘယ်
လိုအကြိမ်ကြိမ်အထပ်ထပ်လုပ် ရင် အာနာပါန
-ဿတိဆိုတာ အများကြီးအကျိုးကို ဖြစ်ထွန်း
စေသလဲဆိုပြီး မြတ်စွာဘုရားက ဒီမေးခွန်းမေး
ပြီးတော့ အားထုတ်ပုံ အားထုတ်နည်းကို အ သေး
စိတ်က စ ပြောတာ ၊အ သေးစိတ်ဆိုတာ အားထုတ်
ရမယ့် နေရာ ပြောတယ်။
ဒီကမ္မဋ္ဌာန်းကို အားထုတ်တော့မယ်ဆိုလို့ ရှိရင်
တဲ့ 'အရည ' တောမှာပဲဖြစ်ဖြစ် အားထုတ် ၊
ဘာဖြစ်လို့ မြို့ အားမထုတ်ခိုင်းတာတုန်းဆိုရင်
မြို့ တွေ ရွာတွေထဲမှာဆိုရင် ဆူညံတယ်လေ 
အဲဒီတော့ တိတ်ဆိတ်ငြိမ်သက်တဲ့တောအရပ်
ကိုသွား ၊တောထဲမှာအားထုတ် ၊တောထဲရောက်
တဲ့အခါမှာ ဘယ်နေရာမှာ အားထုတ် ရမှာတုန်း
ဆိုရင် သစ်ပင် ရင်း ၊သစ်ပင်အောက် ထိုင်ပြီး
တော့ တယ်၊ 'အရညဂ တော ဝါ ၊ရုက္ခမူလဂ
တော ဝါ ၊သုညာဂါရ တောဝါ 'တရားအားထုတ်
နေပြီဆိုရင် တောအရပ်မှာဖြစ်စေ သစ်ပင်
အောက်မှာဖြစ်စေ၊နောက်တစ်ခုကျ သုညာဂါရ
ဒါကမြို့ ထဲ ရွာထဲမှာပဲဖြစ်ဖြစ် တိတ်ဆိတ်တဲ့
နေရာမှန်သမျှ သုညာဂါရပဲ ၊တောလို့ ဆိုတာ
ယေဘုယျပြောလိုက်တဲ့စကားပေါ့နော်၊တောဆို
တာ ယေဘုယျအားဖြင့် လူတွေရဲ့ အသံ တိတ်
ဆိတ်တယ်၊မရှိဘူး၊ကိုယ့်လာပြောမယ့်သူလည်း
မရှိဘူး၊တစ်ယောက်တည်း နေတဲ့အခါမှာ အဲဒီ
တောအရပ်ဆိုတာ အလွန်လွတ်လပ်တယ်
လွတ်လပ်တယ်ဆိုတာ တော ဟာကြောက်စရာ
လည်း မရှိတော့ဘူး၊တွေးကြောက်တဲ့သူက ကြောက်မှာပေါ့နော်၊ရှက်စရာ ဘာမှမရှိဘူး။
မြတ်စွာဘုရားဟောထားတဲ့တရားထဲမှာ တစ်
ဦးတည်းနေရတာ ဘယ်လောက်အကျိုးရှိတယ်၊
ဘယ်လောက်လွတ်လပ်တယ် ဆိုတာကို တစ်
ခါတ လေ ပြောတာ၊မှတ်သားစရာလည်းကောင်း
တယ် ၊ဘုရားက ဘယ်လိုပြောတုန်းဆိုရင် 'အေး
ရှေ့မျှော်ကြည့်လိုက် တစ်ယောက်မှမရှိဘူး၊
နောက်လှည့်ကြည့်လိုက် တစ်ယောက်မှမရှိဘူး
အဲဒီအချိန်မှာတဲ့ နောက်ဖေးနောက်ဖီ သွားလို့ 
တောင် လွယ်တယ် ' တဲ့၊ဒါဘုရားဟောတဲ့စကား
ပဲ၊ဟုတ်ကဲ့လား။
တစ်ယောက်တည်း နေရတဲ့ဟာကို လူတိုင်း
သိအောင် နားလည်အောင် ပြောလိုက်တာ၊ဟုတ
တယ်လေ၊လူတွေ အောင့်ထားစရာ မလိုဘူးလေ၊
မြို့ ထဲ ရွာထဲဆိုရင် Toilet မရှိရင် အောင့်နေ
ရမှာလေ၊တောထဲဆိုရင် အောင့်စရာ မလိုတော့
ဘူးတဲ့၊ရှေ့လှမ်းကြည့်လိုက် နောက်လှည့်ကြည့်
လိုက် တစ်ယောက်မှမ တွေ့ ဘူးဆိုပြီးသိပ်လွယ်
တာပဲတဲ့၊သိပ်လွတ်လပ်တာတဲ့၊နောက်ဆုံးမှာ
နောက်ဖေးနောက်ဖီ သွားတာတောင် မှ လွယ်
သေးတယ်တဲ့၊ဒီလိုဟောတာရှိတယ်၊နာဂိတသုတ်
မှာ ဘုရားကိုယ်တိုင် တစ်ယောက်တည်းနေရတဲ့
အကျိုးကျေးဇူးကို ဒီလိုဟောခဲ့တာ။
အဲဒါကြောင့်မို့  အရည ရုက္ခမူလ၊အဲဒါ မရနိုင် ဘူးဆိုရင် သုညဂါရ အာဂါရဆိုတာ
အ ဆောက်အဦးတစ်ခု၊သုညဆိုတာ ဘယ်သူ
မှ မရှိတဲ့ အ ဆောက်အဦးတစ်ခု၊ဒီလိုဆိုလိုတာ
နော်၊ခုတော့ သုည တော့မဖြစ်ဘူး ဘာလို့ တုန်း
ဆို Group Meditation တွေကများတာကိုး
Group Meditation တွေဆိုတော့ အိပ်
နေ တော့ ဟိုက ခေါခေါ ၊ဒီက ခေါခေါ ၊အသံ
တွေတေည့ စုံတာပေါ့နော်၊ သုည တစ်ဦးတစ်
ယောက်တည်းဆိုရင် သမာဓိပိုပြီးတော့ ဖြစ်လွယ်
တယ်တဲ့၊သုညာဂါရ၊ဒါ ကမ္မဋ္ဌာန်းအားထုတ် ရ
မယ့်နေရာကို မြတ်စွာဘုရားက ဒီသုတ္တာန်မှာ
ညွန်ကြားပြီးတော့ ပေးတာ။
*ဆက်လက်ပူဇော်ပါဦးမည်။*
မှတ်ချက်။ ။ပါမောက္ခချုပ်ဆရာတော် အရှင်
ဒေါက်တာနန္ဒမာလာဘိဝံသ၏"အာနာပါန
ဿတိသုတ်အနှစ်ချုပ် "စာအုပ်မှကူးယူ
ပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာနိုင်ကြပါစေ။
 —  with Su HtweShwe TunThant Gyi,Tthaw ThawDevi KhinThway ThitVen May DiyaOhmar ShinMthaw Thaw,Thandar Swe OoNang Mie Mie Htun,Uhtaywin UhtaywinAyemyint Ayemyint,Su ThandarSabel Tunကြာဖြူတစ်ပွင့် ကြာဖြူတစ်ပွင့်Po Po HtwePien Nia Sari,Htayhtayyee YeeAyethi Dar OoM Mimi LeiWin Myamya HlaingHtun AyeTin Myo LwinIdeology C ThuraTiny Tu Tu,Myowin AungHtin KyawDhamma NusariAungsan OoKo Kyisoe,Upasakaratana UpasakaYin Myint,Lamin AungNwe Nwe AungPhyo Haymar KhinMar LarNaing WinMar MarThatlin Soeဦး ငယ်NweMar Than,Ohnmar AungThu ZarPa PaNayhtoo NayhtooAngel DaewiTint LwinThan Chaungလှိုင် တိုးMee Kuအလင်း တန်း,Wine Tone ChitPhyo PhyoZaw Myo MinU Lay Gyiမယ် တင်Ei PhyuMoh Moh ThantPhyu Pyar AungLa Yake PhyuLa Min PhyuThit Sar MhanThin Thin NweEaindar AungDhamma YadanarZahan MonShin ShinApril SoeNaingSan MyintThin Thin Khaing,Thin Thin AungThin Thin AungThin Thin AungThin Nwe Aye Thinnweaye,Nann MayniHlaing Pwintwaiမိုးတိမ် လွင်ပြင်အိ သက်Myat Nyein Thu,သက်သက် မွန်ပန်း အိဖြူပန်း ချစ် သူ,အလင်း ငယ်Winn Ko Ko Htunထက် ပိုင်,ထက် ထက်Unty MeeKhin Aye Nyein,Snow PoemMaw Ba ThanPan Lay,Thu Thu HlaingJewel ShwewarChitsu WayKhin AyeKhin Aye MyintDaw Khin Nwet YeeThinhtet Zaw and Daw Khin Aye

ကျန်းမာရေး

ဖတ်မိသမျှကျန်းမာရေးဆောင်းပါးများ- ရွှေအိမ်စည်
သင့်ခန္ဓာကိုယ် အစိတ်အပိုင်းများက ပြောပြနေသော သင့်ကျန်းမာရေး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သေးငယ်သော နားရွက်များရှိလျှင်

သေးငယ်တဲ့ နားရွက်ရှိတာက ဆွဲဆောင်မှု ပိုမိုရှိစေပေမယ့် နှင်းခူရောဂါနဲ့ကျောက်ကပ်ရောဂါတွေကို ပိုဖြစ်လွယ်စေပါတယ်။ “သေးငယ်တဲ့ နားရွက်တွေဟာ သေးငယ်တဲ့ နားစည်တွေ ရှိနေပါတယ်။ ဒါကြောင့် နားရွက်မှာ နှင်းခူဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်” လို့ နား၊ နှာခေါင်း၊ လည်ချောင်း ခွဲစိတ်ဆရာဝန် ဂျော့ရှ်က ဆိုပါတယ်။ နားစည်က တခြား ခန္ဓာကိုယ်ပြင်ပရှိ အရေပြားတွေလိုပဲ အရေပြား ဖုံးထားတာကြောင့် နှင်းခူအဖတ်တွေဖြစ်ကာ ကွာကျတတ်ပါတယ်။ တကယ်တော့ အဲဒီလိုဖြစ်ရင် နားအပြင်ကို လွင့်သွားသင့်ပေမယ့် သေးငယ်တဲ့ နားစည်က ဖယ်ထုတ်နိုင်စွမ်း ခက်တဲ့အတွက် အထဲမှာ စုဆောင်းကာ ယားယံမှု ဖြစ်တတ်ပါတယ်။ နားရွက်သေးငယ်တာက ကျောက်ကပ် ဝေဒနာနဲ့လည်း ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။ သေးငယ်တဲ့ နားရွက်အစုံရှိရင် ဘာကြောင့် ကျောက်ကပ်ရောဂါ ဖြစ်ရတာလဲ ဆိုတာ မသိကြသေးပါဘူး။ သေးငယ်တဲ့ နားရွက်တွေရှိရင် နောင်တစ်ချိန်မှာ ကျောက်ကပ်ရောဂါ ရနိုင်ခြေ များတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

လျှာကြီးလျှင်

အိပ်ပျော်စဉ် အသက်ရှူ ခေတ္တရပ်တဲ့ဝေဒနာအဖြစ်များပြီး ဗြိတိန်သက်လတ်ပိုင်း အမျိုးသား လေးရာခိုင်နှုန်းနဲ့ သက်လတ်ပိုင်း အမျိုးသမီး နှစ်ရာခိုင်နှုန်းတို့မှာ အဖြစ်များတဲ့ ဝေဒနာပါ။ “သင့်လျှာက ကြီးနေရင် ဒါမှမဟုတ် အာသီးက ကြီးနေရင် အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေ များပါတယ်။ ဒါက အသေးအမွှား ပြဿနာဖြစ်ပါက အိပ်ရင် ဟောက်သံထွက်ပါလိမ့်မယ်။ ပြင်းထန်တဲ့ ပြဿနာဖြစ်ရင် အိပ်ရင်း စက္ကန့် ၃၀ လောက် အသက်ရှူ ခေတ္တရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်နိုင်ပါတယ်။ လျှာက မေးရိုးနဲ့ ဆက်စပ်နေတာကြောင့် လျှာကြီးတဲ့အခါ မေးရိုးက နောက်ဘက်ကို ပြန်ရောက်သွားပြီး အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့နိုင်ခြေ ပိုများပါတယ်။ အိပ်ပျော်စဉ် အသက်ရှူခေတ္တရပ်တာနဲ့ သွေးတွင်း အောက်ဆီဂျင်ပမာဏ ရုတ်တရက် လျော့ကျမှုတို့က ဆက်စပ်နေပြီး သွေးတိုးတာနဲ့ နှလုံးသွေးကြောစနစ် အပေါ်မှာလည်း ဖိအားသက်ရောက်မှု ဖြစ်စေပါတယ်။

တင်ပါကြီးလျှင်

သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေ အနေနဲ့ သွေးဆုံးပြီးချိန်မှာ မှတ်ဉာဏ်စွမ်းအား ကျဆင်းနိုင်ခြေ များပါတယ်။ ချီကာဂိုရှိ အနောက်မြောက်တက္ကသိုလ် လေ့လာသူတွေက အသက် ၆၅ နဲ့ ၇၈ ကြား သွေးဆုံးပြီး အမျိုးသမီး ၈၇၅၀ ဦးရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ မှတ်ဉာဏ်စစ်ဆေးမှု ရမှတ်ကို လေ့လာခဲ့ရာ တင်ပါးကြီးလေလေ၊မှတ်ဉာဏ်စစ်ဆေးမှု ရမှတ်နည်းပါးလေလေ ဖြစ်တာကို တွေ့ရပါတယ်။ တင်ပါးအဆီတွေဟာ ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကို ကန့်သတ်ထားနိုင်တာကြောင့် တွေးခေါ်မြော်မြင်နိုင်စွမ်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ “လေ့လာမှုအရ BMI ရမှတ် ၃၀၊ ၃၁ လောက်ရှိတဲ့ အမျိုးသမီးအားလုံးဟာ တွေးခေါ်မြော်မြင်နိုင်စွမ်းအား ကျဆင်းနေကြတယ်လို့ သိရပါတယ်။ တင်ပါးအရွယ်အစား ပိုကြီးလေလေ၊ မှတ်ဉာဏ်ရမှတ် ပိုလျော့နည်းလေလေ ဖြစ်နေပါတယ်” လို့ ဘားနတ်ဆေးရုံက သားဖွားမီးယပ်အထူးကု နီတူက ဆိုပါတယ်။ တင်ပါးကြီးတာက မကောင်းတာ မဟုတ်ပါဘူး။ ခါးပတ်လည်မှာထက် တင်ပါးတစ်ဝိုက် အဆီတွေ စုပုံနေတာက ဆီးချိုရောဂါနဲ့နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုအရ ပန်းသီးပုံခန္ဓာကိုယ်ရှိသူတွေက နာတာရှည်ရောဂါ ပိုအဖြစ်များတာကို တွေ့ရှိထားတာကြောင့် ဖြစ်ပါတယ်။

လက်ချောင်းများ ရှည်သွယ်လျှင်

အမျိုးသားတစ်ဦးရဲ့ လက်ချောင်းအလျားဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုဖော်ပြနေပါတယ်။ ဝါးဝစ်ခ်တက္ကသိုလ် လေ့လာမှုအရ ကျန်းမာရေးကောင်းတဲ့ အမျိုးသား သုံးထောင်နဲ့ ဆီးကျိတ်ကင်ဆာရှိသူ ၁၅၀၀ ဦးတို့ရဲ့ လက်ချောင်းတွေကို နှိုင်းယှဉ်လေ့လာခဲ့ရာ လက်ညှိုးက လက်သူကြွယ်ထက် ပိုရှည်တဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်နှုန်း သိသိသာသာ လျော့နည်းကြောင်း တွေ့ရပါတယ်။ အကြောင်းကတော့ မမွေးဖွားခင် တက်စတိုစတီရုန်းအဆင့် ထိတွေ့မှုနည်းတာက လက်ညှိုးကို ပိုရှည်စေပြီး နောက်တစ်ချိန်မှာ ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တာကြောင့်ပါ။အယ်လ်ဘာတာတက္ကသိုလ် လေ့လာမှုတစ်ရပ်အရ မိန်းကလေးလို လက်ချောင်းရှည်သွယ်တဲ့ အမျိုးသားတွေက စိတ်ဓာတ်ကျနိုင်ခြေ ပိုများကြောင်း သိရပါတယ်။ အော်တစ်ဇင်ရောဂါရှိသူ ကလေးတွေမှာ လက်ညှိုးထက် လက်သူကြွယ်က ပိုရှည်ကြပါတယ်။အကြောင်းကတော့ မမွေးခင် တက်စတိုစတီရုန်းထိတွေ့မှု မြင့်မားနေလို့ ဖြစ်ပါတယ်။

ခြေချောင်းများ ရှည်လျှင်

သင့်ခြေညှိုးက ခြေမထက် ပိုရှည်ရင် ခြေထောက်နာကျင်တဲ့ ဝေဒနာ ပိုအဖြစ်များပါတယ်။ ခြေညှိုးရှည်တဲ့သူတွေ လမ်းလျှောက်တဲ့အခါ နာကျင်မှုကို ခံစားရတတ်ပါတယ်။ အကြောင်းကတော့ ခြေထောက်အရိုးတစ်ခုဟာ ပုံမှန်မဟုတ်တဲ့အားသက်ရောက်မှု ရှိနေလို့ပဲ ဖြစ်ပါတယ်။ ကုသမှုအနေနဲ့ နာကျင်မှု သက်သာစေဖို့ စတီးရွိုက်ထိုးဆေးကို သုံးဖို့လိုသလိုခွဲစိတ်ကုသမှုလည်း လိုအပ်ပါတယ်။ ခြေချောင်းတွေက ခြေဖမိုးနဲ့ ယှဉ်လို့ သိသိသာသာ ရှည်လျားလွန်းရင် တာတိုအပြေးပြိုင်ရာမှာ ထူးချွန်တတ်ပါတယ်။ ခြေချောင်းရှည်လေ၊ ခြေထောက်ပိုသန်စွမ်းလေဖြစ်ပြီး မြေပြင်နဲ့ ကြာကြာထိတွေ့အားကောင်းတာကြောင့်ပါ။

ပေါင်သေးလျှင်

ပေါင်တုတ်တာကြောင့် ရှက်ရွံ့နေသလား။ပေါင်သေးတိုင်းလည်း မကောင်းပါဘူး။ ပေါင်သေးသွယ်တာကြောင့် နှလုံးရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ပိုများကြောင်း အမျိုးသား၊ အမျိုးသမီး သုံးထောင်နီးပါးအား ဒင်းနစ်လေ့လာမှုအရ သိရပါတယ်။ ပေါင်ကြွက်သားထုထည် နည်းပါးတဲ့အတွက်အင်ဆူလင် တုံ့ပြန်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိစေတာကြောင့် နှလုံးထိခိုက်မှု ဖြစ်ရတယ်လို့ လေ့လာသူတွေက ထင်မြင်ထားကြပါတယ်။

မျက်စိကြီးလျှင်

မျက်စိကြီးမားလေလေ၊ အနီးမှုန်ဖြစ်နိုင်ခြေ များလေလေ ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်စိအတိုင်းအတာက ပျမ်းမျှ အရွယ် ၂၄ မီလီမီတာထက် တစ်မီလီမီတာ ပိုများရင်တောင်အနီးမှုန်ဖြစ်နိုင်ခြေ များပါတယ်။ အကြောင်းကတော့ အလင်းရောင်ဟာ မျက်စိအာရုံခံလွှာ အရှေ့ရှိ တစ်မီလီမီတာပေါ်မှာ ဆုံချက်ကျရောက်စေတာကြောင့် ဖြစ်ပါတယ်။

ခြေထောက်တိုလျှင

ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ ဘရစ္စတောလေ့လာမှုတစ်ခုအရ ခြေထောက် အရှည် ၄ ဒသမ ၃ စင်တီမီတာ ရှည်တိုင်း ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၁၉ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ “သင့်မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာရှိစဉ် အာဟာရမပြည့်ဝခဲ့တာကြောင့် သင့်မှာပိုသေးငယ်တဲ့ ခြေထောက်တွေ ရှိနေတာဖြစ်နိုင်ပါတယ်။ အလားတူပဲ ဝမ်းဗိုက်ထဲမှာ အာဟာရနည်းတဲ့အတွက် မွေးပြီးချိန်မှာ အင်ဆူလင်ထုတ်လုပ်တဲ့ ပန်ကရိယက အဆီနဲ့ ကာဗိုဟိုက်ဒရိတ်ပုံမှန် ပမာဏကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် ခြေထောက်တိုတဲ့ သူတွေအနေနဲ့ သက်လတ်ပိုင်းအရွယ်မှာ အမျိုးအစား (၂) ဆီးချိုရောဂါလို ကူးစက်မဟုတ်တဲ့ ရောဂါဖြစ်နိုင်ခြေ များရတာပါ” လို့ လန်ဒန် ဟော်မုန်းဗေဒဆရာဝန် မာ့ခ်က ရှင်းပြပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Untitled Album · Yesterday at 12:15am · View Full SizeSend as MessageReport Photo

ရော်ဘာ

မြန်မာ့ ရော်ဘာ အရည်အသွေး အာဆီယံ အဆင့်မီဖို့ ဆိုလျှင်
ရော်ဘာ သည် စက်မှု လုပ်ငန်းသုံး ပစ္စည်း အဖြစ် မရှိ မဖြစ် နေရာယူ ထားသည်။ အပင်မှ ထွက်သော စက်မှု လုပ်ငန်းသုံးပစ္စည်း များ အနက် ရော်ဘာ သည် နိုင်ငံခြား ငွေ မြင့်မားစွာ ရရှိနိုင်သော ထုတ်ကုန် ဖြစ်သည်။ နိုင်ငံ တကာ ဈေးကွက်တွင် ပထမတန်စား အရည် အသွေးကောင်း ရော်ဘာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁,၀၀၀ မှ ဒေါ်လာ ၁,၂၀၀ ခန့်ဈေးပေါက် နေသည်။
သို့သော် မြန်မာ့ ရော်ဘာသည် တစ် တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၀ မှ ဒေါ်လာ ၇၀၀ ပင် အနိုင် နိုင် ရောင်းနေ ရသည်။ ဈေးနှုန်းထက်ဝက်မျှ ကွာနေသည် ကို တွေ့ရသည်။ ဓိကအကြောင်းရင်း ကို လေ့လာသုံးသပ်ကြည့်သော် မြန်မာ့ ရော်ဘာ သည် အရည်အသွေး မမီ၊ ကမ္ဘာ့ ဈေးကွက် တွင် ရောင်းပန်း မလှ၊ ဈေးကောင်း မရဖြစ် နေသည်။
အဘယ်ကြောင့် မြန်မာ့ ရော်ဘာသည် အရည်အသွေး မမီရ သနည်း။ ဆန်းစစ် ကြည့်သော် ရော်ဘာ အစေးလှီး ပြီး ရရှိလာသော ရော်ဘာ အစေး များကို နည်းစနစ် မှန်မှန် မဆောင်ရွက် ခြင်းက အဓိက တရားခံ ဖြစ်နေ သည်ကို တွေ့ရှိ ရသည်။ ရော်ဘာ အရည် အသွေး ကျရခြင်း သည် (က) ပြင်ပ ပယောဂကြောင့် ကျဆင်းရခြင်း၊ (ခ) နည်းစနစ် လိုက်နာမှု မ မှန်ကန်ခြင်းကြောင့် ကျဆင်း ရခြင်း တို့ကြောင့် ဖြစ်ပေါ် ရသည်။ 
ပြင်ပ ပယောဂတွင် အသုံးပြု သော ခြံသုံးပစ္စည်းများ (ဥပမာ-အစေးလှီးဓား၊ အစေးခံခွက်) မသန့်ရှင်း ခြင်း၊ ရော်ဘာ ကျွမ်းကျင် လုပ်သား ရှားပါး လာခြင်း၊ အစေး လှီးခြံ၏ အင်္ဂါရပ်များနှင့် မညီညွတ်
ခြင်း စသည်တို့ဖြစ်သည်။ နည်းပညာလိုက်နာမှု မမှန်ကန်ခြင်းတွင် အသုံးပြုသော ဓာတုဆေး နှုန်းထားများ မမှန်ကန်ခြင်း၊ အသုံးပြုသော ဆေးများ အမျိုးအစား မမှန်ကန်ခြင်း၊ ထုတ်လုပ်မှု နည်းပညာကို ကဃနဏ မသိ /မရှိခြင်း၊ အစေးလှီးနည်း၊ အစေးလှီးစနစ်များ မမှန်ကန်ခြင်း၊ ရော်ဘာအစေးခံခြင်း၊ အခြောက်ခံခြင်း၊ မှိုင်းခံခြင်းစသည့်နည်း စနစ်အဆင့်ဆင့်တို့တွင် အားနည်းချက်၊ ချို့ယွင်း ချက်များ ရှိနေခြင်း တို့သည် အကြောင်း ရင်းခံများ ဖြစ်ကြသည်။
အရည်အသွေးကောင်း ရော်ဘာ ရရှိစေရန် လိုက်နာ ရမည့် နည်းပညာများ၊ နည်းစနစ် များ များစွာ ရှိပါသည်။ နည်းပညာများကို စနစ်တကျလိုက်နာကျင့်သုံးမှသာလျှင် ရော်ဘာခြံရှင်ကြီးများသည် အဆင့် မြင့်အရည်အသွေးကောင်း ရော်ဘာများကို ရရှိနိုင်မည် ဖြစ်ပါသည်။ ပထမဦးစွာ ရော်ဘာခြံအစေးလှီး လုပ်သားများသည် ရော်ဘာခြံအစေးလှီး ဓား၊ အစေးစီးကျမည့် ရေတံလျှောက်၊ အစေး ခံခွက်များကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြောပြီးမှသာ အသုံးပြုရမည် ဖြစ်သည်။
အစေးလှီးဓား၊ အစေးကျမည့် ရေတံလျှောက်၊ အစေးခံခွက်များသည် ညစ်ပတ်နေပြီး၊ အမှုန်အမွှား၊ သံချေး၊ သံမှုန် များကပ်နေပါက ရော်ဘာအစေးတွင် ရောနှောပါလာပြီး ရော်ဘာစေးအရည်အသွေးကို ထိခိုက်စေပါသည်။ အစေးလှီးပြီး၊ အစေးသိမ်းဆည်းချိန် ရောက်ပါကလည်း ရော်ဘာအစေးများကို စုဆောင်းမည့် ပုံး၊ ခွက်များကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီးမှ အသုံးပြုရမည်ဖြစ်သည်။ သာမန်တွင် အစေးစုစည်းပုံများ၊ ခွက်များ ကို ဆေးကြောခြင်းမပြုဘဲ နေ့စဉ်ဆက်တိုက် အသုံးပြုနေ
ကြသည်ကို တွေ့ရှိရသည်။ ၎င်းမှ တစ်ဆင့် ရော်ဘာ အစေး စုစည်း မည့်ပုံးများ ကို အမှုန်အမွှား၊ အမှိုက်များမှ ရော်ဘာစေးအရည်တွင် ရောနှောပါလာပြီး၊ အချဉ် ဖောက်ကာ အရည်အသွေးကို ကျစေ ပါသည်။
ရော်ဘာအစေးခဲရာတွင် ရေကို မဖြစ်မနေ အသုံးပြုရပါသည်။ ရေသည် သန့်ရှင်း သောရေဖြစ်ရန် လိုပါသည်။ ရေညစ်ပတ်ပါက ရော်ဘာအစေးလည်း ညစ်ပေသွား မည်ဖြစ်သည်။ ရေကို ညသိပ်ထားပြီး၊ ၈၀ စကာဖြင့် သေချာစွာစစ်ပြီးမှသာ အစေးခဲရာတွင် အသုံးပြုရန် အထူးသတိပြုရမည့် အချက်ဖြစ်သည်။ လက်တွေ့တွင် ရော်ဘာခြံများ၌ ရော်ဘာအစေးခဲရန် ရေကိုရရာရေဖြင့် အသုံးပြု နေကြသည်ကို တွေ့ရသည်။
နောက်တစ်ချက်မှာ ရော်ဘာအစေးရည်ကို ၄၀၊ ၆၀၊ ၈၀ အပေါက်အရွယ်ဇကားများဖြင့် အထပ်ထပ် စစ်ရန်လိုအပ်ပါသည်။ ခြံများတွင် ဇကာများ အရွယ်အစား အလုံအလောက် အသုံးမပြုဘဲ ရော်ဘာ အစေးရည်ကို စစ်နေကြသည်ကို တွေ့ရှိရပါသည်။ မည်သို့မျှ အရည်အသွေး ကောင်းရော်ဘာပြား မရရှိနိုင်ပါ။ ရော်ဘာအစေးခဲကန်များကို အသုံး ပြုရာတွင် စနစ်တကျတည်ဆောက်ထား သော၊ သို့မဟုတ် စနစ်တကျပြုပြင်ထုတ် လုပ်ထားသော အစေးခဲကန်များကိုသာ အသုံးပြုရမည်ဖြစ်သည်။ စနစ်တကျမရှိ သော အစေးခဲကန်သည် မည်သို့မျှ အရည် အသွေးကောင်းသော ရော်ဘာပြားကို ထုတ်လုပ်ပေးနိုင်မည် မဟုတ်ပါ။
ရော်ဘာ အစေး ခဲရာတွင် ဖောမစ် အက်စစ် အသုံးပြုပါက ရော်ဘာ၏ ရုပ်ဂုဏ်သတ္တိရော၊ ဓာတ်ဂုဏ် သတ္တိပါ ကောင်းစေ ပါသည်။ ဖောမစ်အက်စစ် တစ်အောင်စလျှင် ရော်ဘာ ၁၃ ပေါင် မှ ၁၈ ပေါင်သာ အသုံးပြုရန်ဖြစ်ပါသည်။ ဆာလ်ဖြူရစ်အက်စစ် အသုံးပြုနေပါက မည်သို့မျှ ရော်ဘာအရည်အသွေး ကောင်းကို မပေးနိုင်ပါ။ ဆာလ်ဖြူရစ်အက်စစ် အသုံးပြုပါက မှိုင်းခံရာတွင် ရော်ဘာပြား ပြတ်ကျစေသည်။ ဆာလ်ဖြူရစ်အက်စစ်သည် (In-Organic Acid) ဖြစ်ပြီး၊ ဖောမစ်အက်ဆစ်သည် (Organic-Acid)ဖြစ်ပါ သည်။
ရော်ဘာအစေးခံပြီး တစ်နာရီခွဲမှ (၂) နှစ်နာရီကြာလျှင် အစေးခဲကန်အတွင်းသို့ သန့်ရှင်းစင်ကြယ် သော ရေဖြင့် ရေလျှံကျသည်အထိ ရေထပ်မံဖြည့်ပေးရန် လိုအပ်ပါသည်။ ရော်ဘာအစေးခဲစေရန် အသုံးပြုသည့် ဖော့မစ်အက်စစ်ပမာဏသည် ထည့်သွင်းသော အစေးခဲပစ္စည်း၊ အစေးခဲသော အချိန်၊ ရာသီဥတု၊ အစေးအရည်၏ အစေးသားပါဝင်မှု ပေါ်မူတည်၍ အက်စစ် လိုအပ်ချက် ပြောင်းလဲ
နိုင်ပါသည်။ အက်စစ်ကို အသုံးပြုရာ တွင် ရေရောပြီး အက်စစ်အပျော့ကိုသာ အသုံးပြုရမည်။ အက်စစ် ပျော့အရည်နှင့် ရော်ဘာ အစေးရည်ကို သမ အောင်မွှေပေးရ မည်ဖြစ်သည်။ အစေးခဲပြီးပါက အစေးခဲဗန်း၊ သို့မဟုတ်ကန်ကို ဖုံ၊ ခဲ၊ အမှိုက်များ မ၀င်အောင် ပလပ်စတစ်ဖြင့် ဖုံးပေးထားရန် လိုပါသည်။ ခဲသွားသော ရော်ဘာပြားများကို အပြင်သို့ ထုတ်ယူပြီး ရေစစ်ပြီးပါက ရော်ဘာပြားများကို ကြိတ်စက်ဖြင့် လိုအပ်သည့် အရွယ်အစားရောက်အောင် ကြိတ်ပေးရမည်။ ရော်ဘာအစေပြား၏ အထူကို သုံးမီလီမီတာမှ လေးမီလီမီတာရရှိအောင် ကြိတ်ရမည်။
အစေးခဲရာတွင်DRC (Dry Rubber Content)မှာ (၁ မှ ၁.၅ထိ)သာရှိစေရန် လိုအပ်သလို ရေရောစပ်ပေးရမည်ဖြစ်သည်။ ရော်ဘာပြားများကို မှိုမတက်စေရန် တန်းတွင် ရေကောင်းစွာ စစ်ပြီးမှသာ မှိုင်းရုံသို့ မှိုင်းခံရန် သွင်းရမည်ဖြစ်သည်။ မှိုင်းရုံ၏ အပူချိန်ကို နေ့အလိုက်
မြှင့်တင်ပေး ထားရန် လိုအပ်ပါသည်။ အပူချိန်ပြင်းလွန်းပါက ရော်ဘာပြားတွင် လေပူပေါင်းများ၊ အစင်းများ၊ အစက်ပျောက်များထစေပြီး၊ အရည်အသွေးကျစေပါသည်။
ပထမနေ့ ၁၁၀ ဒီဂရီဖာရင်ဟိုက် ဒုတိယနေ့ ၁၂၀ ဒီဂရီဖာရင်ဟိုက် တတိယနေ့ ၁၃၀ ဒီဂရီဖာရင်ဟိုက် စတုတ္ထနေ့ ၁၄၀ ဒီဂရီဖာရင်ဟိုက် ထားရှိရန် လိုအပ်ပါသည်။ အရည်အသွေးကောင်း ရော်ဘာရရှိ စေရန် ထုတ်လုပ်ရာတွင် ဓာတုပစ္စည်းများကို အသုံးပြုရပါသည်။ ရော်ဘာပြား အရောင်တောက်ပ စေရန် ဆိုဒီယမ်မက်တာဘိုင်ဆာလ်ဖိုဒ် သုံးအောင်စကို ရော်ဘာ ပေါင် ၁၀၀ အတွက် အစေးခံချိန် တွင် ရောစပ် အသုံးပြုနိုင်ပါသည်။
ရော်ဘာပြားများကို မှိုမတက်စေရန် အတွက် PNP (Para Nitro Phenol) ဖျော်ရည် (Stock Solution) ၅ ဂါလံကို ရေဂါလံ ၅၀ နှင့်ရောပြီး၊ ရော်ဘာပေါင် ၁၀၀ ကို ဆေးကြော ပေးရန် လိုအပ်သည်။ ရော်ဘာ အစေးပြားများ တစ်ခုနှစ်တစ်ခု၊ တစ်ထုပ်နှင့်တစ်ထုပ် မကပ်စေရန် တယ်လ်ကန်ပေါင်ဒါကို အသုံးပြုရန် လိုအပ်ပါသည်။ ရော်ဘာ အစေးမခဲစေရန်အတွက် အမိုးနီးယား
အရည် ဂါလံဝက် အတွက် ရော်ဘာပေါင် ၁,၀၀၀ အတွက် အသုံးပြုနိုင်ပါသည်။
မှိုင်းခံပြီး ရော်ဘာပြားများကို ကျွမ်းကျင် သူဖြင့် အတန်း အစား ခွဲခြားရန် လိုအပ် ပါသည်။ အရည် အသွေးပြည့်မီသော ရော်ဘာပြားသည် နေရောင်တွင် ထောင် ကြည့်ပါက ကြည်လင်တောက်ပနေပြီး တစ်ပြားလုံး ပယင်းရောင်ထနေသည်။ အစက် အပြောက်၊ အစင်းလုံးဝမပါရှိသည်ကို တွေ့ရှိရသည်။ ရော်ဘာကို ထုပ်ပိုးရာတွင် Press Box ကို အသုံးပြု၍ ကျစ်လစ်အောင် ထုပ်ပိုးပြီး ပြည်ပ
သို့ တင်ပို့နိုင်ပါသည်။ အထက်ပါနည်းပညာများကို လိုက် နာကျင့်သုံးခြင်းဖြင့် နိုင်ငံတကာအဆင့်မီ အရည်အသွေး ကောင်းရော်ဘာများ ထုတ်လုပ်နိုင် ပါသည်။

- အောင်ဆန်း (စိုက်ပျိုးရေး)

Ref; The Farmer Media 

ဝန်ခံချက် - ဆရာ အောင်ဆန်း (စိုက်ပျိုးရေး)၏ မူရင်းဆောင်းပါးကို အနည်းငယ် Edit ထားပါသည်။

ဖရဲ နှင့် သခွါး

ဖရဲသီးနှင့် သခွားသတိထား

မြန်မာ နိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော ဖရဲသီး များကို တရုတ် နိုင်ငံသို့ (ခန့်မှန်း) ၁၉၈၅ ခုနှစ် ၀န်းကျင် တွင် စတင် တင်ပို့ ရောင်းချ
ခဲ့ပြီး တစ်နှစ်ပြီး တစ်နှစ် ပိုမိုတင်ပို့ ရောင်းချ ခဲ့ရာမှ ၂၀၁၃-၁၄ ဖရဲသီး ရာသီတွင် တန်ချိန် ပေါင်း ၄၅၃,၁၉၃ တန် ကား အစီးရေ
၃၀,၆၆၈ စီးထိ တင်ပို့ ရောင်းချ ခဲ့ရပါသည်။

၂၀၁၃-၁၄ ဖရဲ ရာသီတွင် ဖရဲသီးတင် ပို့ရောင်းချ မှုပမာဏ စံချိန်တင် ခဲ့သလို ရောင်းချသည့် ဈေးနှုန်း မှာလည်း တင်ပို့ ရောင်းချ
သည့် သက်တမ်း တစ်လျှောက် စံချိန်တင် ဈေးနှုန်း မြင့်မားစွာ ရရှိခဲ့ ပါသည်။ အစေ့ပါ ဖရဲသီး တစ်ကီလို ခြောက်ယွမ်၊ အစေ့မဲ့
ဖရဲသီး တစ်ကီလို ၇ ဒသမ ၅ ယွမ်ထိ ရရှိခဲ့ပါသည်။ ဖရဲသီး ဖြစ်ထွန်း အောင်မြင် အောင် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချနိုင်
ခဲ့သော မြန်မာ ပြည်အနှံ့ အပြားမှ ဖရဲသီး စိုက်တောင်သူ များမှာလည်း မကြုံစဖူး အကျိုးအမြတ် ထူးများ ရရှိ ခဲ့ကြပြီး ဖရဲသီး စိုက်
ပျိုးခြင်း လုပ်ငန်း ကိုလည်း မြန်မာပြည် အနှံ့ လူတန်းစား အလွှာစုံ စိတ်ပါဝင်စား သောလုပ်ငန်း တစ်ခု ဖြစ်လာ ပါသည်။

၂၀၁၃-၁၄ ဖရဲ သီးရာသီ ဖရဲသီး၊ သခွားသီး ဈေးကောင်း ရောင်းရခြင်း၏ အဓိက အကြောင်း အရင်းမှာ ဖိလစ်ပိုင် နိုင်ငံ ကိုဝင်
ရောက် တိုက်ခတ် သွားသည့် အင်အားပြင်း ဟိုက်ရန် မုန်တိုင်း အရှိန်ကြောင့် ဟိုင်နန် ကျွန်းရှိ ဖရဲသီး၊ သခွားသီး ခင်းများ အားလုံး
လောက်နီးနီး ပျက်စီး သွားသည့် အတွက် မြန်မာပြည်မှ ထွက်ရှိသည့် ဖရဲသီး များမှာ တရုတ် နိုင်ငံ၏ ဈေးကွက် ၀ယ်လိုအားကို
မဖြည့် တင်းနိုင် သည့် အနေ အထားသည် အဓိကအကြောင်းအရင်း ဖြစ်ခဲ့ပါသည်။

သခွားသီးလည်း ဖရဲသီး ကဲ့သို့ပင် ၂၀၁၃-၁၄ ရာသီတွင် စံချိန်တင်ဈေးနှုန်း တစ်ကီလို ၁၆ ဒသမ ၅ ယွမ်အထိ ရရှိခဲ့ သည့်အတွက်
ယခု ၂၀၁၄ ခုနှစ်အတွင်းတွင် စက်တင်ဘာလလောက်မှ စတင်ပြီး မြန်မာ နိုင်ငံတစ်နှံ့ တလျားသွားလေရာ ဖရဲသီး၊ သခွားသီးခင်း
များ စိုက်ပျိုးထားသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံ သို့ တင်ပို့ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ဖရဲသီးစိုက်ပျိုးကြပြီး မစိုက်သော ပြည်နယ်နှင့် တိုင်းဒေသကြီးမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီ
တိုင်းဒေသကြီးသာကျန်ပါတော့သည်။

ဖရဲသီးနှင့် သခွားသီးသည် ကုန်စိမ်း သီးနှံမျိုးဖြစ်သည့်အတွက် ၀ယ်လိုအားကရောင်းလိုအားထက်ပိုလျှင် ဈေးတက်ပြီး ရောင်းလို
အားက ၀ယ်လိုအားထက်ပိုပါက ဈေးကျမည်ဖြစ်ပါသည်။ ယခုလက်ရှိ ၂၀၁၄ ခုနှစ် အနေအထားစိုက်ပျိုးကြသော ပမာဏ အရ
ရောင်းလိုအားမှာ ၀ယ်လိုအားထက် ပိုလျှံနေသည့်အတွက် နိုဝင်ဘာလနှင့် ဒီဇင် ဘာလတွင် မြန်မာပြည်မှထွက်ရှိသော ဖရဲ သီး၊ သခွားသီးမှာ ယခင် ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများစွာ နိမ့်ကျသည့်အနေအထားနှင့် ကြုံတွေ့နေရပါသည်။ ဈေး
နိမ့်ကျရသည့် တခြားအကြောင်းအရင်းတစ်ခုမှာ အသီး၏ အရည်အသွေးပိုင်းနှင့်လည်း သက်ဆိုင်ပါသည်။ ယခုနှစ် တန်ဆောင်
မုန်းလတွင် မြန်မာပြည်အနှံ့ ရွာသွန်းသော မိုးကြောင့် ဖရဲခင်း၊ သခွားခင်းများစွာပျက်စီးစေပြီး အသီး၏ အရည်အသွေးကို များစွာ
နိမ့်ကျစေပါသည်။

၁၀၅ မိုင်ဈေးကွက်သို့ ရောက်ရှိလာသော ဖရဲသီး၊ သခွားသီးများ၏ ၉၀ ရာခိုင်နှုန်း ကျော်မှ အဝေးတင်ခံသည့် Export အရည်အ
သွေးမမီသည့် အသီးများ ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်သာ အသီးကောင်း အဆင့်မီ အသီးများရှိပါသည်။ ၀ယ်လိုအား ထက် ရောင်း
လိုအား များပြားပြီး အရည် အသွေး နိမ့်ကျသည့်အတွက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလလယ်ထိ ၁၀၅ မိုင်မှ ဖရဲသီး၊ သခွားသီးရောင်းရ
သောငွေပမာဏမှာ ကားခပေးရန်ပင် မလုံလောက်သော အနေအထားမျိုး တချို့သောသူများ တွေ့ကြုံနေကြရပါသည်။

အသီးများ၏ အရည်အသွေးနိမ့်ကျ ခြင်းမှာ ရာသီဥတုဖောက်ပြန်ဆိုးရွားခြင်း သည် အဓိကကျသော အကြောင်းအရင်း တစ်ခုဟု မှတ်ချက်ချနိုင်သော်လည်း စိုက် ပျိုးသောသူများ၏ လုပ်ဆောင်ချက်သည် လည်း အကြောင်းအရင်းတစ်ခု ဖြစ်ပါ သည်။ ဖရဲသီး၊ သခွားသီးသည် တရုတ်ပြည်က အကန့်အသတ်မရှိ ၀ယ်ယူသော ကုန်စည် မျိုးမဟုတ်ပါ။ စားသောက်ကုန်ဖြစ်သည့် အတွက် စားနိုင်သလောက် ၀ယ်ယူကြမည်ဖြစ်ပြီး စားသုံးနိုင်သော ပမာဏထက် ပိုမို တင်ပို့ရောင်းချပါက ဈေးနှုန်းကျဆင်းသွား သည်မှာ မှန်ကန်သောသဘောတရားဖြစ်ပါသည်။

နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်န၀ါရီ လများမှာ တရုတ်နိုင်ငံ၏ ရာသီဥတု အလွန် အေးသောကာလများဖြစ်ပြီး ဖရဲသီး၊ သခွားသီး
များကို အများပြည်သူအားလုံး စားသုံးခြင်းမဟုတ်ဘဲ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်များ၊ အပန်းဖြေ KTV များတွင် သာစား
သုံးခြင်းဖြစ်သည့်အတွက် ဖြုန်းနိုင် သည့် ပမာဏကြီးမားခြင်း မရှိပါ။

မူဆယ် ၁၀၅ မိုင်တွင် လာရောက် ၀ယ်ယူသော တရုတ်နိုင်ငံမှ သခွားသီး၊ ဖရဲသီး ၀ယ်လက်ကုန်သည်များသည် တရုတ်နိုင်ငံ အနှံ့
အပြားမှဖြစ်ပြီး မြန်မာပြည်နှင့်အနီးဆုံး ဈေးကွက်ကြီးဖြစ်သည့် ကူမင်းဈေးကွက် သည်ပင်လျှင် ၁၀၅ မိုင်နှင့် ကီလိုမီတာ ၇၀၀
ကျော် ကွာဝေးပါသည်။ ရန်ကုန်၊ မန္တလေး ခရီးထက် အနည်းငယ်ပိုဝေးပြီး အဝေးဆုံး ဈေးကွက်ဖြစ်သည့် ရှင်းကျန်း ပြည်နယ်နှင့်
ဟေလုံကျန်းပြည်နယ်ဆိုလျှင် ကီလိုမီတာ ၄,၀၀၀ ကျော်ကွာဝေးပါသည်။ ၁၀၅ မိုင်မှ ဆက်လက်တင်ပို့ရသည့် ခရီးမှာ ဝေးကွာ သည့်အတွက် အသီး၏ အရည်အသွေးမှာ အဝေးတင်ခံနိုင်သည့် စံချိန်ပြည့်မီခြင်းမရှိ ဘဲ မာကြောမှုမရှိပါက ရောင်းတန်းဝင် စံချိန်
မမီဘဲ ရွေးချယ်ပယ်ထုတ်ခံရမည်ဖြစ်ပါသည်။

အရည်အသွေး အဆင့်မီအဝေးတင်ခံ ဖရဲသီး၊ သခွားသီးကောင်းများ စိုက်ပျိုးထွက် ရှိနိုင်ရန်အတွက် စိုက်ပျိုးရေး၏ အဓိက ဆောင်
ပုဒ်ဖြစ်သော မြေမှန်၊ မျိုးမှန်၊ စိုက် နည်းမှန်၊ ရာသီမှန်အောင် စိုက်ဆိုသော ဆောင်ပုဒ်ကို လျစ်လျှူရှု မထားရပါ။ မြေ ကောင်းဖို့လို
သလို မျိုးကောင်းဖို့လည်း လို အပ်ပြီး စိုက်ပျိုးနည်းပညာနှင့် သွင်းအားစု များ နည်းမှန်လမ်းမှန်အချိန်မှန် ထည့်သွင်းပြီး မိမိဒေသ
ရာသီဥတုနှင့် ကိုက်ညီနိုင် သည့် ရာသီချိန်မှန်ကို ရွေးချယ်တတ်နိုင်ဖို့သည်လည်း လွန်စွာအရေးကြီးလှပါ သည်။ နိုင်ငံခြားပို့ကုန် စိုက်ပျိုးသီးနှံစိုက်ပျိုး ရေးဖြစ်သည့်အတွက် ဈေးကွက်မှ တောင်း ဆိုလာသော အရည်အသွေးမျိုးရအောင် လိုအပ်သော နည်းပညာ
များ မဖြစ်မနေ လေ့လာဆည်းပူးရပါမည်။ တရုတ်နိုင်ငံ ဈေး ကွက်သည် လွန်ခဲ့သောကာလ၌ ၎င်းင်းတို့၏ ဖရဲသီး၊ သခွားသီး ၀ယ်လိုအားသည် မြန်မာ ပြည်မှထွက်ရှိသော ရောင်းလိုအားပမာဏ ထက်များစွာပိုမိုစဉ်က အရည်အသွေး စိစစ်ခြင်း မပြင်းထန်ခဲ့
သော်လည်း ယခုအခါ တရုတ်နိုင်ငံသည် စီးပွားရေးတွင် ကမ္ဘာ့ အဆင့်နှစ်အထိ ဖွံ့ဖြိုးလာခြင်း၊ မြန်မာပြည် မှ ဖရဲသီး၊ သခွားသီး
ရောင်းလိုအားသည် တစ်ခါတစ်ရံတွင် ၎င်းင်းတို့ ၀ယ်လိုအားထက်များသွားခြင်းကြောင့် အရည်အသွေး ပိုမို စိစစ် လာသည်ကို
တွေ့ရှိရပါသည်။

ဖရဲသီး၊ သခွားသီးများကို သမားရိုးကျ စိုက်ပျိုးပြီး အရည်အသွေးခပ်ညံ့ညံ့ကို ဖြစ် သလို တင်ပို့ရောင်းချသွားမည်ဆိုပါက အကျိုး
အမြတ်ထက် ဆုံးရှုံးမှုနှင့်သာ ကြုံ တွေ့ဖို့များရမည်။ အရည်အသွေးကောင်းကောင်းနှင့် အထွက်နှုန်းကောင်းအောင် စိုက်ပျိုးနိုင်မှ
သာ ဖရဲသီး၊ သခွားသီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းမှ အကျိုးအမြတ်ရရှိနိုင်တော့မည့် အနေ အထားမျိုး တစ်နေ့တစ်ခြားပီပြင်စွာ ပြောင်းလဲလာနေသည်ကို ပါဝင်ပတ်သက်နေသူများအားလုံး သတိပြုမိစေရန်အတွက် သတိပေးရေးသား
အပ်ပါသည်။

- ဦးစိုင်းမြင့်ဗိုလ်

Ref; The Farmer Media

ဖရဲ

ဖရဲအတွက် လိုက်နာသင့်သော အချက်တစ်ချက်

Green Way Editor; Fri, 01/09/2015 - 09:57

ဥယျာဉ်ခြံသီးနှံပင်တွေထဲက Fruit vegetable တစ်မျိုးဖြစ်တဲ့ ဖရဲသီးနှံဟာ သီးနှံဖြစ်ထွန်း အောင်မြင်အောင်စိုက်နိုင်ပြီး ဈေးကောင်းမိရင် စီးပွားရေးအရ အင်မတန်တွက်ချေကိုက်သော သီးနှံတစ်ခုပါ။ ဒီသီးနှံမှာ အခြားသီးနှံတွေနဲ့ မတူတာက သီးနှံဖြစ်ထွန်းအောင်မြင်ဖို့ ခက်သလို ဈေးကောင်းမိဖို့လည်း ခက်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်းပြောရရင်တော့ သူဌေးဖြစ်ခွေးဖြစ် သီးနှံလို့လည်း ပြောလို့ရတာပေါ့။ ဘာကြောင့်လဲဆိုတော့ သီးနှံဖြစ်ထွန်းပြီး ဈေးကောင်းမိလိုက်ရင် အတိုင်းအတာတခုအထိ အဆင်ပြေနိုင်လို့ သူဌေးဖြစ်တယ်လို့ တင်စားနိုင်သလို ဈေးကောင်းမမိသော်လည်း သီးနှံဖြစ်ထွန်းအောင်မြင်ရင် အတိုင်းအတာတခု ပြန်ရနိုင်ပါသေးတယ်။ နောက်ဆုံးအဆင့်ရောက်ခါနီးမှ အကြောင်းအမျိုးမျိုးကြောင့် သီးနှံပျက်ရင်တော့ အရှုံးနဲ့ရင်ဆိုင်ရပြီး နွားရောင်း၊ မြေပေါင်၊ ရွှေရောင်း၊ အိမ်မိုးထားတဲ့ သွပ်ခွာရောင်း၊ အတိုးယူပိုက်ဆံချေးနဲ့ အကြွေးသံသရာလည်ပြီး ခွေးဖြစ်တော့တာပါပဲ။ ဖရဲနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေက အများကြီးပါ။

ဖရဲစိုက်ပြီး ဘဝပျက်ရလွန်းလို့ ''ဖရဲ သရဲထက် ကြောက်စရာကောင်းတယ်'' လို့တောင် ပြောကြတယ်။ တစ်နှစ်ကဆို သီးနှံက ဖြစ်ထွန်းအောင်မြင်ပါရဲ.။ စိုက်လိုက်ကြတာ တရုတ်ဈေးကွက်ကို အားကိုးပြီးတော့။ တနိုင်ငံလုံး ဖရဲ ဖရဲနဲ့။ ဟော၊ သီးနှံပေါ်ချိန်လည်း ရောက်ရော၊ ဝယ်မယ့်သူမရှိတော့လို့။ ဖရဲခင်းနားမှာ ဆိုင်းဘုတ်တောင် ချိတ်ထားရသတဲ့။ ''ဒီအခင်းနားကဖြတ်သွားပြီး ဖရဲသီး ဝင်မခူးတဲ့အကောင် ငါ့သားကွာ'' ဆိုပြီး။ ပြောချင်တာကတော့ ဖရဲမှာ ဈေးကွက်သဘောတရားကို ချိန်ဆပြီး စိုက်ဖို့ အရေးကြီးသလို ရင်မတန်ရှုပ်ထွေးတဲ့ ပိုးမွှားရောဂါပြသနာ၊ အပင်အာဟာရ ဟန်ချက်ညီအောင်ထည့်သွင်းဖို့တွေကိုလည်း ဂရုစိုက်ဖြေရှင်းဖို့လိုပါတယ်။ ဖရဲဟာ တောင်သူစကားနဲ့ပြောရရင်တော့ သခင်ကို စွန့်သွားတတ်တဲ့ သီးနှံတစ်မျိုးပါ။

ဖရဲပြသနာတွေထဲက တွေ့ရတတ်တဲ့ ပြသနာတစ်ခုက ဖရဲနဲ့ပတ်သက်ဖူးတဲ့ စိုက်ပျိုးရေးညီနောင်များအားလုံး ကြုံဖူးကြမှာပါ။ အညွန့်နောက်ပြန်လှန်သွားတဲ့ ပြသနာပါ။ တချို့လည်း အနည်းလိုအာဟာရဓာတ် ဘိုရွန်ချို့တဲ့လို့ ဖြစ်တဲ့ ပြသနာလို့ ယူဆပါတယ်။ တချို့လည်း ရောဂါ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်လို့ ပြောပါတယ် (ဒီစာမှာ ဒါဘာကြောင့်ဖြစ်တယ်ဆိုတာကို အကျယ်တဝန့် ပြောလိုတာ မဟုတ်ပါဘူး)။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီပြသနာဖြစ်ရင်တော့ နေ့ချင်းညချင်းကို သီးနှံက ပျက်တော့တာပါပဲ။ အပင်အာဟာရ ရှုထောင့်က ဖြေရှင်းရှင်း၊ ပိုးမွှားရောဂါ ရှုထောင့် ဖြေရှင်းရှင်း၊ မရတော့တာတော့ ကျိမ်းသေပါပဲ။ ဘယ်ဆေးနဲ့ ကုကု မရတော့၊ တောင်သူတော့ ရှုံးပြီပေါ့။ ဒီပြသနာကနေ တောင်သူတွေကြားထဲမှာ ဆိုရိုးစကားတစ်ခုတောင် ဖြစ်လာပါတော့တယ်။ ''ဖရဲနောက်ပြန် ထယ်ထိုးလှန်'' တဲ့။ မရတော့ဘူးပေါ့။ တခင်းလုံး ထယ်ထိုးမှောက်ပလိုက်တော့ ဆိုတဲ့သဘော။ ဒါကိုပဲ တောင်သူတစ်ယောက်က ဘာပြောလဲဆိုတော့ - ''ဆရာတို့သာ၊ ဒီဖရဲနောက်ပြန်တဲ့ ပြသနာကို ဖြေရှင်းဖို့ ဆေးမရှိတာ၊ ကျနော်တို့ရွာမှာ ဆေးဖော်ထားတာ ရှိပါ့၊ ဆေးနံမည်က နွားညီနောင် နီတစ်'' တဲ့။ သူဆိုလိုတာကတော့နွားနှစ်ကောင်ကောက်ပြီး နီ-၁ မြ ထယ်နဲ့သာ ထိုးပလိုက်ပါတော့တဲ့ (နီ-၁ မြထယ်သွား ဆိုတာ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းနယ်မှာ နာမည်ရှိတဲ့ ထယ်သွားတံဆိပ်ပါ)။

ဒါဟာ ဖရဲပြသနာတွေထဲက ဥပမာတစ်ခုပါ။ အခြား ပြသနာပေါင်းများစွာ ရှိပါတယ်။ ရောဂါပိုးမွှားပြသနာတွေရဲ့ သဘောသဘာဝအတိုင်း ပထမစိုက်ခါစနှစ်မှာ ပြသနာမရှိပေမယ့် နောင်နှစ်တွေမှာ ပြသနာတွေတန်းစီပြီ လာတော့ တာပါပဲ။ ရာသီပေါ်သီးနှံပင်တိုင်းလိုလိုမှာ ဒီလိုပြသနာမျိုးကြုံတွေ့ရပေမယ့် ဖရဲက အခြားသီးနှံတွေထက် အများကြီး ပိုပါတယ်။ ကြုံလို့ပြောရရင်တော့ ဒီအချက်ကို တရုတ်က ကောင်းကောင်းသိပါတယ်။ သူတို့ဆီမှာ ဒီလို ပြသနာတွေကြုံလာတော့ မြန်မာပြည်ဘက်ကို လာပြီးမြေငှားပြီး စိုက်ပါတော့တယ်။ မြန်မာတောင်သူအများစုကလည်း သီးနှံဈေးကမကောင်း၊ ပိုးသတ်ဆေးမြေသြဇာ ဈေးကကြီး၊ ရာသီဥတုကမမှန်တော့ ကိုယ်တိုင်စိုက်တာထက် မြေကိုငှားလိုက်တာကမှ ပိုက်ဆံရတာ သေချာတယ်ဆိုပြီး တရုတ်တွေကို ဖရဲစိုက်ဖို့ မိမိတို့ မြေတွေကို ငှားလိုက်ပါတော့တယ်။ ကိုရွှေတရုတ်တွေက လူလည်တွေပါ။ တနေရာကို ဖရဲစိုက်ဖို့ တရာသီစာအတွက်ပဲ ငှားပါတယ်။ ပြီးရင် တခြား ဖရဲမစိုက်ရသေးတဲ့၊ ဖရဲမစိုက်ဘူးသေးတဲ့ မြေကို လိုက်ရှာငှားပြီး စိုက်ပါတယ်။ တောင်သူတွေ ရလိုက်တာက ပိုက်ဆံထက် ပြသနာတွေနဲ့ ကျန်ခဲ့တဲ့ မြေပါ။ နောက်နှစ် အဲဒီမြေမှာဖရဲစိုက်ဖို့ လုံးဝ မဖြစ်နိုင်တော့သလို ကျန်တဲ့ အုပ်စုတူ သီးနှံပင်တွေကိုပါ ဒုက္ခပေးပါတော့တယ်။ ဖရဲစိုက်ပျိုးပြီး မြေမှာ နောက်ဆက်တွဲပြသနာတွေဟာ အခုဆိုရင် မကြာခဏကြားကြားနေရပါပြီ။

ဖရဲမှာ အဲ့ဒီဒုက္ခပေးတဲ့ ပြသနာက ဘာလဲ။ ဖြစ်နိုင်ချေအကြောင်းအချက် များစွာရှိတဲ့အထဲက တစ်ခုကတော့ ရောဂါပါ။ ရောဂါတွေထဲကမှ မှိုရောဂါတစ်ခုဆိုရင် ရောဂါဖြစ်စေတဲ့ သက်ရှိမှိုမျှင်ဟာ မြေထဲမှာ ၁၀-၁၅ နှစ်အထိရှင်သန်ပြီး အပင်တွေကို အမြစ်ကနေဝင်ရောက်ပြီး ဒုက္ခပေးတယ်လို့ တွေ့ရပါတယ်။ သူ့ကို ဓာတုဗေဒနည်း (Chemical control) နဲ့ နှိမ်နင်းဖို့ မဖြစ်နိုင်ဘူးလို့ သုတေသနတွေက ဆိုပါတယ်။ တစ်ခုတည်းသော နည်းလမ်းကတော့ သီးလှည့်စိုက်ပျိုးဖို့ပါပဲ။ ကျနော် ဖတ်ဖူးသလောက် ဖရဲနဲ့ ပတ်သတ်တဲ့ စာအုပ်၊ သုတေသနစာတမ်းတွေမှာ ဒီအကြောင်းအချက်ပြသနာကို ရှားရှားပါးပါး ထောက်ပြတာဆိုလို့ အမေရိကန်နိုင်ငံကရေးတဲ့ စာအုပ် ၂ အုပ်မှာပဲ တွေ့ဖူးပါတယ်။ အမှတ်မမှားဘူးဆိုရင်တော့ Southern Horticulture (1950 ပတ်ဝန်းကျင်က စာအုပ်) မှာရယ်။ နောက်တစ်အုပ်ကလည်း အတော်ဟောင်းနေပါပြီ၊ James Hertbert Beattie နဲ့ Sears Polydore Doolittle တို့ရေးတဲ့ Watermelons ဆိုတဲ့ စာအုပ်မှာပါ။ နှစ်အုပ်စလုံးရဲ့ ထောက်ခံချက်ကတော့ ''ဖရဲစိုက်ပြီးသားမြေမှာ နောက်ထပ် ၈နှစ်ကနေ ၁၀ နှစ်အတွင်း ဖရဲပြန်မစိုက်ပါနဲ့'' လို့ လမ်းညွှန်ထားပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဖရဲစိုက်ဖို့ စဉ်းစားရင်ပဲဖြစ်ဖြစ်၊ သူများကို ဖရဲစိုက်မှာကို မြေငှားဖို့ပဲ ဖြစ်ဖြစ်၊ ဒီအချက်ကို အထူးဂရုပြုဖို့ လိုမယ်လို့ လက်ဆင့်ကမ်း အကြံပြုပါရစေ။ ။ ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

2:00 PM

22-12-2014 (Monday)

တိရစ္ဆာန် စွန့်ပစ်ပစ္စည်း

တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမစင်များဖြင့် မြေဩဇာဖျော်ရည် ပြုလုပ်သုံးစွဲနည်း

Green Way Editor on Fri, 01/09/2015 - 09:59

တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမစင်များဖြင့် ပြုလုပ်ထားသော မြေဩဇာဖျော်ရည်သည် စိုက်ပျိုးရာသီအတွင်း အပင်များအတွက်လိုအပ်သော အာဟာရဓာတ်များကို လျှင်မြန်စွာ ထောက်ပံ့ပေးနိုင်သော သဘာဝမှရသည့် အပင်အာဟာရဓာတ် ရင်းမြစ်တစ်ခု (Natural plant food) ဖြစ်ပါသည်။ သဘာဝ မြေဩဇာရည်သည် စနစ်တကျ အသုံးပြုပါက အပင်၏ အရွက်များပေါ်မှပင် ဖျန်းပက် အသုံးပြုနိုင်သည်။ အလွန်အကျိုး ကျေးဇူးများသော သဘာဝမြေဩဇာဖြစ်သည်။ ၎င်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် သီးနှံပင်များအတွက် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုနှင့် အသီးတင်မှုနှုန်းကို အားပေးပါသည်။ ၎င်းမြေဩဇာရည်ကို ဟင်းသီးဟင်းရွက်များ၊ ပြောင်းနှင့် အခြားနှံစားသီးနှံပင်များတွင် အသုံးပြုနိုင်ပါသည်။ ကိုင်တွယ်အသုံးပြုရ လွယ်ကူ၍ တိရစ္ဆာန်များကိုလည်း အန္တရာယ်မဖြစ်စေပါ။

သဘာဝ မြေဩဇာဖျော်ရည် အသုံးပြုရခြင်း၏ ကောင်းကျိုးများ

- နိုက်ထရိုဂျင်ဓာတ်ကို ထောက်ပံ့ရရှိစေသောကြောင့် အပင်အား ကျန်းမာသန်စွန်းစေပြီး အပင်၏သီးပွင့်နိုင်စွမ်းကို ကောင်းစေပါသည်။

- ဖျော်ရည်ပြုလုပ်အသုံးပြုရန် လွယ်ကူ၍ ကုန်ကျစရိတ် မများပါ။

- ပူပြင်းခြောက်သွေ့သောရာသီများတွင် သီးနှံပင်အား ရေရရှိမှု အစိုဓာတ်ကိုပါ ဖြစ်စေသည်။
- သဘာဝပစ္စည်းကိုသာ အသုံးပြုသဖြင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိပေ။

သဘာဝ မြေဩဇာဖျော်ရည် အသုံးပြုရခြင်း၏ ဆိုးကျိုးများ

- မြေဧရိယာကျယ်ပါက ဖျော်ရည်ပြုလုပ် အသုံးပြုရန် ခက်ခဲနိုင်ပါသည်။
- ငွေကြေးမတတ်နိုင်သော လယ်သမားများအတွက် ဖျော်ရည်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများအတွက် ကုန်ကျစရိတ်အခက်အခဲရှိနိုင်ပါသည်။

လိုအပ်သောပစ္စည်းများ

- ကျွဲနွား၊ ကြက်ငှက်၊ ဆိတ်၊ ယုန် စသည့် အိမ်မွေးတိရစ္ဆာန်တို့မှရသော လတ်ဆတ်သည့် မစင်အညစ် အကြေးများ။ (၎င်းအညစ်အကြေးမစင်များ၏ မြေဩဇာဓာတ်ထက်သန်ကြွယ်ဝမှုသည်တိရစ္ဆာန်တို့အား ကျွေးခဲ့သော အစာအာဟာရပေါ် မူတည်ပါသည်။)

- ၂၀ဝ လီတာ (သို့) ၄၀ ဂါလံ ဝင်ဆန့်သော စည်ပိုင်း

- ခိုင်ခံ့သောအိတ် (သို့) ဂုန်နီအိတ် (အပေါက်ငယ်များပါသော နိုင်လွန်အိတ်ဖြစ်ပါကပိုသင့်တော်ပါသည်။)

- ခိုင်ခံသော တုတ်ချောင်း

- ကြိုး

- စည်ပိုင်းကို ဖုံးအုပ်ရန် ပလပ်စတစ် အစတို့ ဖြစ်သည်။

ဖျော်ရည်ဖျော်စပ်ခြင်း

- မစင်အညစ်အကြေးများကို ဂုန်နီအိတ် (သို့) နိုင်လွန်အိတ်ထဲသို့ ထည့်၍ ကြိုးနဲ့ချည်ပါ။ စည်ပိုင်း တစ်ပိုင်းစာအတွက် လိုအပ်သော တိရစ္ဆာန်မစင်အညစ်အကြေးပမာဏမှာ ၅၀ ကီလိုဂရမ် (၃၀ ပိသာ) ခန့် ဖြစ်သည်။

- စည်၏ ၄ ပုံ ၃ ပုံ အထိ ရေဖြည့်၍ မစင်အညစ်အကြေးအိတ်ကို စည်ပိုင်းအတွင်းမှ ရေတွင် နှစ်ထားရမည်။ (အိတ်ကို ပုံပါအတိုင်း တုတ်တွင် ချည်နှောင်၍ ရေတွင် တွဲလောင်း ခိုနေစေရမည်။)

- မစင်များကို စည်ပိုင်းအတွင်း ၂-၃ ပတ် ကြာအောင် ထားပါ။ နိုက်ထရိုဂျင်ဓာတ်ငွေ့များပျောက်ကွယ် ဆုံးရှုံးမှုမရှိစေရန် စည်ပိုင်းအပေါ်မှ တစ်ခုခုဖြင့် ဖုံးအုပ် ပေးထားရမည်။

- အညစ်အကြေးအိတ်အားမ၍ ၃-၅ ရက်ခြားတစ်ကြိမ် တုတ်ဖြင့် အထက်အောက်မွှေပေးရမည်။

- ၂-၃ ပတ်ကြာသောအခါ စည်ပိုင်းထဲရှိရေသည် အညစ်အကြေးထဲရှိ အာဟာရဓာတ်များ ရေတွင်ပျော်ဝင် သွားပြီးဖြစ်သောကြောင့် မည်းနက်၍လာသည်။ ဖျော်ရည် မည်းနက်လေလေ ဖျော်ရည်၏ အာဟာရဓာတ် ပါဝင်မှု များလေလေဖြစ်သည်။ ဖျော်ရည်သည် အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်သောကြောင့် စည်အတွင်းမှ အညစ်အကြေးအိတ်အား ဖယ်ရှားပစ်ရမည်။

ဖျော်ရည်အား အသုံးပြုခြင်း

- ဖျော်ရည် တစ်ဆလျှင် ရေ ၂ ဆဖြင့် ရောစပ်အသုံးပြုပါ။ ဖျော်ရည်အရောင် အလွန်မည်းနက်ပါက ရေ ၃ ဆ အထိ ရောစပ်အသုံးပြုနိုင်ပါသည်။ 

- အပင်တစ်ပင်လျှင် ဖျော်ရည် ၂၅၀ မှ ၅၀ဝ စီစီ ခန့် လောင်းပေးပါ။ ဖျော်ရည်အား အရွက်မျက်နှာပြင်များပေါ်သို့ မကျစေဘဲ အပင်ခြေပတ်လည်တွင် တစ်ပတ်လျှင် ၂-၃ ကြိမ်ဖြင့် ၃-၄ ပတ်အထိကြာအောင် အသုံးပြုပေးရမည်။ (မှတ်ချက်။ ။ မူရင်းစာစောင်တွင် အပင်အမျိုးအစား၊ အပင်၏သက်တမ်း၊မြေအနေအထားအလိုက် လမ်းညွှန်ထောက်ခံထားသော နှုန်းထားများ ဖော်ပြမထားသောကြောင့် စမ်းသပ်အသုံးပြုချင်သူများအနေဖြင့်မိမိစိုက်ပျိုးထားသော အပင်အမျိုးအစားနှင့် အပင်သက်တမ်း ခံနိုင်ရည်အားပေါ် မူတည်ပြီးနှုန်းထားနည်းနည်းဖြင့်သာ စတင်အသုံးပြုသင့်ကြောင်း အကြံပြုလိုပါသည်။)

- ကြီးထွားမှုတုန့်နှေးပြီး အရွက်များဝါနေသော နိုက်ထရိုဂျင်ဓာတ်ချို့တဲ့မှု လက္ခဏာ ပြနေသည့် အပင်များတွင် အသုံးပြုက ပို၍ အကျိုးရှိစေသည်။ များသောအားဖြင့် ပဲမျိုးရင်းဝင်အပင်များ နှင့် အမြစ်စား၊ ဥစားအပင်များ (မုန်လာဥ၊ အာလူး၊ ကန်စွန်းဥ၊ ကြက်သွန်၊ သစ္စာပန်း စသည်) တွင် အပင်ပေါ်မှ ပက်ဖျန်းအသုံးပြုရန် မလိုအပ်ပေ။

ဆောင်ရန် ရှောင်ရန်များ

- အထူးသဖြင့် နိုက်ထရိုဂျင် ချို့တဲ့မှုပြနေသော အပင်များကိုသာ အပင်ပေါ်မှ ပက်ဖျန်း အသုံးပြုပေးရန်လိုအပ်ပါသည်။

- အပင်၏အရွက်များပေါ်တွင် ပက်ဖျန်း အသုံးမပြုရပေ။

- ဖျော်ရည်အား ရေနှင့် ရောစပ်ခြင်းမရှိဘဲ အသုံးမပြုရပေ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

22-8-2009 (4:30 PM)

(SustainableAgriculture Extension Manual ပါ “Manure Tea” အကြောင်းအား သင့်တော်သလို ဘာသာပြန်ရေးသားထားခြင်းဖြစ်ပါသည်။)

ရှားစောင်းလက်ပတ်


Min Zaw Swe
ရှားစောင်းလက်ပတ် (Aloe vera)

(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)
ရှားစောင်းလက်ပတ်ပင်သိပ်ကို အသုံးဝင် သော၊တန်ဖိုးရှိသော ၊ချစ်စရာကောင်း သောအပင်လေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတာ သိရအောင် စု တု ပြု ထားတာလေးတွေကို share ပေးလိုက်ပါတယ်နော်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်ဝ ပါသည်။အူမကြီးကို ရှင်းလင်းပေးသည့် ၀မ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ

● ဆီး ၊ ၀မ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊
● အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း
● အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမ၀င်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။ ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ၀င်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ၀င်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

အားလုံးက ကွန်ပြုတာသမားတွေဖြစ် ကြမှာပါ။ မျက်စိဝေဒနာ လည်းသေချာပေါက်ရှိကြမှာပါ။ ရှားစောင်း လက်ပတ် အတွင်းသားကို ဇွန်းလေးနဲ့ ခြစ်၊ ပြီးရင် ရေသန့်သန့် လေးနဲ့ ရေဆေး ပြီး ပန်းကန်ထဲ ထည့်ပါ။ ညဘက်ကိုယ် အနားယူတဲ့ အချိန်မှာ ပက်လက်အိပ် အနေထားမှာ မျက်လုံးပေါ်မှာ အ၀တ်ပါးပါးလေးခံ ပြီး အနှစ်ကို မျက်လုံးပေါ် တွင်15မိနစ်လောက်ကပ်ပေးထားပါ။(သီချင်းလေးနားထောင်ရင်းပေါ့) ။ပြီးရင်ခွာပြီးမျက်နှာသစ် ပေးလိုက်ပါ မျက်စိပူ၊မျက်ရည်ယို ၊မျက်သားတက် တာတွေ အတွက် အရမ်းကောင်းတဲ့ သဘာဝနည်းလေးပါ။တစ်ပတ်တစ် ကြိမ် ဒါမှမဟုတ် ရက်ခြားလုပ်ပေးပါနော် အားလပ်တဲ့ တစ်ရက်ရက်လေးပေါ့။ ( ဒီလိုလုပ်ပေးပါက မျက် စိကျန်းမာရေးတင်မကပါဘူး မျက်ကွင်းညိုတာနဲ့ မျက်လုံး ပတ်လည်က အရေးကြောင်းတွေကိုပါ သက်သာစေမှာပါ)

နောက်တစ်ခု က လှချင်ပါတယ်ဆိုတဲ့ ပျိုပျိုမေများအတွက် လှချင်ရက် သားနဲ့ မလှချင်ဘူးပြောတဲ့ ကိုကိုများပါ ဒီရှားစောင်း လက်ပတ်က အရမ်းအသုံးဝင်ပါတယ်။

နေပူထဲသွားတာများလို့နေလောင်ပြီး အသားမည်းလာရင်၊ ၀က်ခြံတွေ ဖြစ်ပြီးအမာရွတ်ကျန် နေခဲ့ရင်၊ မှဲ့ခြောက်တွေများလွန်းလို့ အလှပျက်နေရင် ၊ အသားရေမွဲခြောက်ခြာက် ၊ ဆံပင်တွေမွဲခြောက် ခြောက် ဖြစ်နေလို့စိတ်ညစ်နေရင် ရှားစောင်း လက်ပတ်ကို သတိရလိုက်ပါနော်

ကိုယ်ရဲ့အားလပ်ချိန် လေးမှာရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပြီး လှသည်ထက်လှ ကြမယ်နော်။ လုပ်ရမှာက ရှားစောင်းလက်ပတ်အတွင်းသားလေးကို ဇွန်းနဲ့ခြစ်ယူပြီး ရေဆေးလိုက်ပါ။ ပြီးရင် ခွက်တစ်ခုမှာထည့်ပြီး ခေါက်ပါ ။ပျားရည် 2 ဇွန်းထည့်ပြီးရောမွှေပေးရင်ပိုကောင်းပါတယ်။ ရပြီ ဆိုရင် မျက်နှာပြင် အနှံ့ ညီညီ ညာညာ လေးသုတ်လိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ လှပတင်းရင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးပါနော်။ ( ကမ္ဘာ ကျော် အလှကုန်တွေဟာ aloe vera က မပါမဖြစ်ဆိုတာမမေ့နဲ့နော်)

နောက်တစ်ခုကဆီးပူ ဆီးအောင့်သမား အတွက်။ ရှားစောင်းလက် ပတ် အနှစ် ကိုယူ ဆန်ဆေးရေမှာ 10 မိနစ် လောက်စိမ်ထား ပြီးရင် အဲဒီ အနှစ်ရယ် သကြားရယ် နောက်ဆန်ဆေးရေ အသစ်ရယ် ရောပြီး သောက်ပေးပါ။ ဆီးခုံမှာ အရမ်းပူနေရင် ဆီးခုံမှာပါကပ်ပေးပါ။ သက်သာ သွားပါလိမ့်မယ်နော်။ ဒါပေမဲ့ ကိုယ်က ၀မ်းလျော လွယ်တယ်၊ကိုယ်ဝန်ရှိတယ်၊ နို့တိုက်နေရတယ်၊အသက် အရမ်းကြီးတယ်၊တခြားရောဂါကြီး ရှိတယ်ဆိုရင်တော့ မသောက်ပါနဲ့နော်

နောက်ဆုံးတစ်ခု က ပိန်လို့ အားမရှိလို့ ၀မ်းချုပ်လွန်းလို့ ပါဆိုတဲ့သူတွေ အတွက်ပါနော်

ရှားစောင်း လက်ပတ်၊ မန်ကျဉ်းသီး၊ကြိတ်မှန်ရွက်၊ ကြက်သွန်နီ ၊ ထန်းလျက် ရော ကျို ထားသော ချက်ဆေး ကို ပျားရည်နှင့်ရောပြီး တစ်နေ့ တစ်ဇွန်း စားပေးပါက မီးယပ်သွေးပူခြင်း၊ သွေးခန်း ခြင်း အကြောတက်ခြင်း ကောက် ကွေး နာကျင်ခြင်း သက်သာစေပြီး ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်း များ သက်သာစေပြီး သွေးသား စိုပြေ ကာကျန်း မာဝဖြိုး အလှတိုးလာပါလိမ့် မည်။

နှုတ်ခမ်းအတွက်
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက်

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားမည်။ ကဲ ဒီလောက်ဆို ရင်ရှားစောင်းလက်ပတ် ပင်လေးကိုမြင်ရင် မျက်လုံး အတွက် ကော၊လှဖို့ကော၊၀ ဖို့ကော အရမ်းချစ်ဖို့ကောင်းတဲ့ အပင်လေးပါလားလို့ သတိရပြီး ယုယုယယစိုက်ပျိုးထားပါလို့……….။
credit to BMTM Mdy and မှတ်စုစာအုပ်