Thursday, 29 January 2015

သတိ


Htin Aung
သတိပဋ္ဌာန်ကို ပွားများမယ် အားထုတ်မယ်
အကြိမ်ကြိမ်လုပ်မယ်ဆိုရင် ဘယ်ပုံ လုပ် ရမ
လဲ ၊လုပ်ပုံ လုပ်နည်းကို မြတ်စွာဘုရားက အ
သေးစိတ် ရှင်းပြတယ် ၊ဒီသုတ္တာန်မှာ အဲဒါကို
ရှင်းပြ တော့မလို့  မြတ်စွာဘုရားက ရဟန်းတွေ
ကို ဒီအာနာပါနဿတိကမ္မဋ္ဌာန်းကို ပေးတာ ။
"ကထံ ဘာဝိတော စ ဘိက္ခဝေ အာနာပါနဿတိ
၊ကထံဗဟုလီက တော" ၊ဘယ်လိုပွားရင် ဘယ်
လိုအကြိမ်ကြိမ်အထပ်ထပ်လုပ် ရင် အာနာပါန
-ဿတိဆိုတာ အများကြီးအကျိုးကို ဖြစ်ထွန်း
စေသလဲဆိုပြီး မြတ်စွာဘုရားက ဒီမေးခွန်းမေး
ပြီးတော့ အားထုတ်ပုံ အားထုတ်နည်းကို အ သေး
စိတ်က စ ပြောတာ ၊အ သေးစိတ်ဆိုတာ အားထုတ်
ရမယ့် နေရာ ပြောတယ်။
ဒီကမ္မဋ္ဌာန်းကို အားထုတ်တော့မယ်ဆိုလို့ ရှိရင်
တဲ့ 'အရည ' တောမှာပဲဖြစ်ဖြစ် အားထုတ် ၊
ဘာဖြစ်လို့ မြို့ အားမထုတ်ခိုင်းတာတုန်းဆိုရင်
မြို့ တွေ ရွာတွေထဲမှာဆိုရင် ဆူညံတယ်လေ 
အဲဒီတော့ တိတ်ဆိတ်ငြိမ်သက်တဲ့တောအရပ်
ကိုသွား ၊တောထဲမှာအားထုတ် ၊တောထဲရောက်
တဲ့အခါမှာ ဘယ်နေရာမှာ အားထုတ် ရမှာတုန်း
ဆိုရင် သစ်ပင် ရင်း ၊သစ်ပင်အောက် ထိုင်ပြီး
တော့ တယ်၊ 'အရညဂ တော ဝါ ၊ရုက္ခမူလဂ
တော ဝါ ၊သုညာဂါရ တောဝါ 'တရားအားထုတ်
နေပြီဆိုရင် တောအရပ်မှာဖြစ်စေ သစ်ပင်
အောက်မှာဖြစ်စေ၊နောက်တစ်ခုကျ သုညာဂါရ
ဒါကမြို့ ထဲ ရွာထဲမှာပဲဖြစ်ဖြစ် တိတ်ဆိတ်တဲ့
နေရာမှန်သမျှ သုညာဂါရပဲ ၊တောလို့ ဆိုတာ
ယေဘုယျပြောလိုက်တဲ့စကားပေါ့နော်၊တောဆို
တာ ယေဘုယျအားဖြင့် လူတွေရဲ့ အသံ တိတ်
ဆိတ်တယ်၊မရှိဘူး၊ကိုယ့်လာပြောမယ့်သူလည်း
မရှိဘူး၊တစ်ယောက်တည်း နေတဲ့အခါမှာ အဲဒီ
တောအရပ်ဆိုတာ အလွန်လွတ်လပ်တယ်
လွတ်လပ်တယ်ဆိုတာ တော ဟာကြောက်စရာ
လည်း မရှိတော့ဘူး၊တွေးကြောက်တဲ့သူက ကြောက်မှာပေါ့နော်၊ရှက်စရာ ဘာမှမရှိဘူး။
မြတ်စွာဘုရားဟောထားတဲ့တရားထဲမှာ တစ်
ဦးတည်းနေရတာ ဘယ်လောက်အကျိုးရှိတယ်၊
ဘယ်လောက်လွတ်လပ်တယ် ဆိုတာကို တစ်
ခါတ လေ ပြောတာ၊မှတ်သားစရာလည်းကောင်း
တယ် ၊ဘုရားက ဘယ်လိုပြောတုန်းဆိုရင် 'အေး
ရှေ့မျှော်ကြည့်လိုက် တစ်ယောက်မှမရှိဘူး၊
နောက်လှည့်ကြည့်လိုက် တစ်ယောက်မှမရှိဘူး
အဲဒီအချိန်မှာတဲ့ နောက်ဖေးနောက်ဖီ သွားလို့ 
တောင် လွယ်တယ် ' တဲ့၊ဒါဘုရားဟောတဲ့စကား
ပဲ၊ဟုတ်ကဲ့လား။
တစ်ယောက်တည်း နေရတဲ့ဟာကို လူတိုင်း
သိအောင် နားလည်အောင် ပြောလိုက်တာ၊ဟုတ
တယ်လေ၊လူတွေ အောင့်ထားစရာ မလိုဘူးလေ၊
မြို့ ထဲ ရွာထဲဆိုရင် Toilet မရှိရင် အောင့်နေ
ရမှာလေ၊တောထဲဆိုရင် အောင့်စရာ မလိုတော့
ဘူးတဲ့၊ရှေ့လှမ်းကြည့်လိုက် နောက်လှည့်ကြည့်
လိုက် တစ်ယောက်မှမ တွေ့ ဘူးဆိုပြီးသိပ်လွယ်
တာပဲတဲ့၊သိပ်လွတ်လပ်တာတဲ့၊နောက်ဆုံးမှာ
နောက်ဖေးနောက်ဖီ သွားတာတောင် မှ လွယ်
သေးတယ်တဲ့၊ဒီလိုဟောတာရှိတယ်၊နာဂိတသုတ်
မှာ ဘုရားကိုယ်တိုင် တစ်ယောက်တည်းနေရတဲ့
အကျိုးကျေးဇူးကို ဒီလိုဟောခဲ့တာ။
အဲဒါကြောင့်မို့  အရည ရုက္ခမူလ၊အဲဒါ မရနိုင် ဘူးဆိုရင် သုညဂါရ အာဂါရဆိုတာ
အ ဆောက်အဦးတစ်ခု၊သုညဆိုတာ ဘယ်သူ
မှ မရှိတဲ့ အ ဆောက်အဦးတစ်ခု၊ဒီလိုဆိုလိုတာ
နော်၊ခုတော့ သုည တော့မဖြစ်ဘူး ဘာလို့ တုန်း
ဆို Group Meditation တွေကများတာကိုး
Group Meditation တွေဆိုတော့ အိပ်
နေ တော့ ဟိုက ခေါခေါ ၊ဒီက ခေါခေါ ၊အသံ
တွေတေည့ စုံတာပေါ့နော်၊ သုည တစ်ဦးတစ်
ယောက်တည်းဆိုရင် သမာဓိပိုပြီးတော့ ဖြစ်လွယ်
တယ်တဲ့၊သုညာဂါရ၊ဒါ ကမ္မဋ္ဌာန်းအားထုတ် ရ
မယ့်နေရာကို မြတ်စွာဘုရားက ဒီသုတ္တာန်မှာ
ညွန်ကြားပြီးတော့ ပေးတာ။
*ဆက်လက်ပူဇော်ပါဦးမည်။*
မှတ်ချက်။ ။ပါမောက္ခချုပ်ဆရာတော် အရှင်
ဒေါက်တာနန္ဒမာလာဘိဝံသ၏"အာနာပါန
ဿတိသုတ်အနှစ်ချုပ် "စာအုပ်မှကူးယူ
ပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ ချမ်းသာနိုင်ကြပါစေ။
 —  with Su HtweShwe TunThant Gyi,Tthaw ThawDevi KhinThway ThitVen May DiyaOhmar ShinMthaw Thaw,Thandar Swe OoNang Mie Mie Htun,Uhtaywin UhtaywinAyemyint Ayemyint,Su ThandarSabel Tunကြာဖြူတစ်ပွင့် ကြာဖြူတစ်ပွင့်Po Po HtwePien Nia Sari,Htayhtayyee YeeAyethi Dar OoM Mimi LeiWin Myamya HlaingHtun AyeTin Myo LwinIdeology C ThuraTiny Tu Tu,Myowin AungHtin KyawDhamma NusariAungsan OoKo Kyisoe,Upasakaratana UpasakaYin Myint,Lamin AungNwe Nwe AungPhyo Haymar KhinMar LarNaing WinMar MarThatlin Soeဦး ငယ်NweMar Than,Ohnmar AungThu ZarPa PaNayhtoo NayhtooAngel DaewiTint LwinThan Chaungလှိုင် တိုးMee Kuအလင်း တန်း,Wine Tone ChitPhyo PhyoZaw Myo MinU Lay Gyiမယ် တင်Ei PhyuMoh Moh ThantPhyu Pyar AungLa Yake PhyuLa Min PhyuThit Sar MhanThin Thin NweEaindar AungDhamma YadanarZahan MonShin ShinApril SoeNaingSan MyintThin Thin Khaing,Thin Thin AungThin Thin AungThin Thin AungThin Nwe Aye Thinnweaye,Nann MayniHlaing Pwintwaiမိုးတိမ် လွင်ပြင်အိ သက်Myat Nyein Thu,သက်သက် မွန်ပန်း အိဖြူပန်း ချစ် သူ,အလင်း ငယ်Winn Ko Ko Htunထက် ပိုင်,ထက် ထက်Unty MeeKhin Aye Nyein,Snow PoemMaw Ba ThanPan Lay,Thu Thu HlaingJewel ShwewarChitsu WayKhin AyeKhin Aye MyintDaw Khin Nwet YeeThinhtet Zaw and Daw Khin Aye

No comments:

Post a Comment