Monday, 30 November 2015
Thursday, 11 June 2015
စပါး အထွက်တိုးရေး နည်းပညာ
မြန်မာအင်ဂျင်နီယာဖိုရမ် > သုတစွယ်စုံ > သတင်းပဒေသာ > အထွေထွေ ဗဟုသုတ > စပါးအထွက်တိုးရေး နည်းပညာ ... .. .
View Full Version : စပါးအထွက်တိုးရေး နည်းပညာ ... .. .
Dragon Warrior
10-22-2010, 04:16 PM
ဒီအကြောင်းအရာကတော့ ဘယ်နည်းပညာခေါင်းစဉ်အောက်ထဲ ထည့်ရမယ်မသိလို့ အထွေထွေဗဟုသုတအောက်ထဲကို ထည့်ပြီးဖွင့်လိုက်ပါတယ် ... ပိုကောင်းမယ့် ခေါင်းစဉ်တွေ့ရင်လည်း ပြောင်းပေးကြပါ တာဝန်ရှိသူများခင်ဗျာ ... ;D ;D ;D
အခန်း (၁)
စပါးမျိုး ရွေးချယ်ခြင်း
၁.၁ ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးချယ်စိုက်ပျိုးပါ။
ဘာကြောင့်ရွေးချယ်ရသလဲ ... .. .
• သီးနှံပင် သန်စွမ်းတယ်၊ ဖြစ်ထွန်းတယ်။
• အထွက်ကောင်းတယ်။
• ဈေးကွက်ရှိတယ်။
ဘယ်လိုရွေးချယ်မလဲ ... .. .
• ကြိတ်ခွဲရာမှာ ဆန်ထွက်ကောင်းရမယ်။
• ချက်ပြုတ်ရာမှာ အိုးတက်ရမယ်။
• စားသုံးရာမှာ ကောင်းရမယ်။
• အထွက်ကောင်းရမယ်။
• အထွက်နှုန်း တည်ငြိမ်ရမယ်။
• ပိုးမွှားဒဏ် ခံနိုင်ရမယ်။
• မိုးလို မိုးခေါင်ဒဏ် ခံနိုင်ရမယ်။
• ရေကြီး နစ်မြုပ်ဒဏ်ခံနိုင်ရမယ်။
• ပင်ပွားထွက်အားကောင်းရမယ်။ ဒါမှ ပေါင်းမြက်ကို ဖိနှိမ်နိုင်မယ်။ ပင်ပွားများပြီး အထွက်ကောင်းရမယ်။ အပင်ယိုင်လဲမှု ကင်းရမယ်။ ဓာတ်မြေသြဇာ နည်းနည်းထည့်သော်လည်း သင့်တင့်တဲ့စပါးအထွက်ရှိရမယ်။
ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ... .. .
• ရွေးချယ်ထားတဲ့မျိုးကို သုံးရာသီခန့်စိုက်ပျိုးပါ။ အထက်မှာ ဖော်ပြထားတဲ့ အရည်အချင်းတွေရှိရင် ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးလို့ ဆုံးဖြတ်ချက်ချနိုင်ပါပြီ။
၁.၂ စိုက်ပျိုးရေး သုတေသန(ရေဆင်း)က ထောက်ခံထားတဲ့ ရေ မြေ ဒေသစိုက်စနစ်အလိုက် ရွေးချယ်စိုက်ပျိုးရမည့် မျိုးများ။
ရေတော် မိုးတော် ဒေသများ ... .. .
• ကျော်ဇေယျ၊ မနောသုခ၊ ရွှေဝါထွန်း၊ ရွှေသွယ်ထွန်း၊ ဆင်းသိဂီ၊ ဆင်းဧကရီ-၂၊ ဆင်းဧကရီ-၃၊ ဆင်းသီရိ၊ ဆင်းရွှေဝါ၊ ဆင်းသွယ်လတ်၊ ဆင်းနွယ်ရင်၊ မှော်ဘီ-၁၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ မှော်ဘီ-၅၊ ရွှေသွယ်ရင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ပုလဲသွယ်၊ ရွှေသွယ်လေး၊ ရွှေသွယ်ထွန်း၊ လုံးသွယ်မွှေး။
ရေနေရေထိုင် တောင်ဆုပ်/တစ်တောင်ခန့်ရှိ လယ်ကွက်ဒေသများ ... .. .
• ကျော်ဇေယျ၊ ဧရာမင်း၊ ရွှေမန်း-၁၊ အင်းမရဲဘော်၊ ငကျွဲ၊ ပေါ်ဆန်းမွှေး၊ပေါ်ဆန်းရင်၊ ရွှေတစ်ဆုပ်၊ ရေနက်-၃၊ ရေနက်-၄။
ရေနက်ကွင်းဒေသများ ... .. .
• ရေနက်-၁၊ ရေနက်-၅၊ ဆစ်ပွား၊ တတောင်ပို၊ တောင်ထိ၊ ယိုးဒယား။
ဆားငန်ရေ၀င်ဒေသများ ... .. .
• ဆားငန်ခံ-၂၊ ဆားငန်ခံ-၃၊ ဆားငန်ခံ-၄၊ လက်ရုံးကြီး၊ ရခိုင်သူမ။
မိုးပါးရေရှားဒေသများ ... .. .
• ယာ-၂၊ ယာ-၄၊ ယာ-၅၊ ယာ-၈၊ ယာ-၉၊ ယာ-၂ ထွန်း၊ ခေါက်ဒင်။
တောင်ပေါ်ဒေသများ ... .. .
• လယ်စပါးအတွက် - သီးထပ်ရင်၊ ဆင်းရွှေဝါ၊ မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ စိန်တလေး၊ ရွှေရင်အေး၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ဘာစမာတီ-၃၇၀၊ ကုန်းမြင့်-၂၊ ကုန်းမြင့်-၄။
• ယာစပါးအတွက် - ဒေသစပါးများ။
နွေစပါး(မျိုးစေ့တိုက်ရိုက်ချစနစ်) ... .. .
• ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ရတနာအောင်၊ ရွှေမြန်မာ၊ ရေဆင်းလုံးသွယ်၊ သုခရင်၊ ရေဆင်း-၂၊ ဆင်းနွယ်ရင်၊ ရတနာတိုး။
၁.၃ မျိုးစေ့ကောင်းကိုသာ စိုက်ပျိုးပါ။
မျိုးစေ့ကောင်းဆိုတာဘာလဲ ... .. .
• မျိုးသန့်တယ်။
• အစေ့အဆံပြည့်ဖြိုးတယ်။
• အစေ့အရွယ်အစားညီညာတယ်။
• အပင်ပေါက်နှုန်း ၈၀ ရာခိုင်နှုန်း အထက်ရှိတယ်။ (အစေ့ ၁၀၀ မှာ အနည်းဆုံး ၈၀ စေ့ အပင်ပေါက်တယ်)
• ပိုးထိုးလောက်ကိုက်ကင်းတယ်။ ရောဂါကင်းတယ်။
• ပေါင်းစေ့၊ အခြားစပါးစေ့နဲ့ အဖျင်းအမှော် ဖုံ၊ခဲ၊သဲ ကင်းစင်တယ်။
မျိုးစေ့ကောင်းကို ဘာကြောင့်စိုက်ပျိုးရသလဲ ... .. .
• မျိုးစေ့နှုန်းကို လျှော့ချနိုင်တယ်။
• အစေ့ ၁၀၀ မှာ ၈၀ စေ့ (၈၀ ရာခိုင်နှုန်း) အပင်ပေါက်တယ်။
• ကျင်းပျောက်ပင်ပျောက် ဖာထေးရသက်သာတယ်။
• အပင်ညီညာတယ်။
• အပင်ကြီးထွားမြန်တယ်။ ဒါကြောင့် ပေါင်းကိုစီးနိုင်တယ်။
• ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိတယ်။ သာမန်မျိုးစေ့နဲ့ စိုက်ပျိုးလို့ စပါးတင်း ၁၀၀ ထွက်တယ်ဆိုရင် မျိုးစေ့ကောင်းကို အသုံးပြုမယ်ဆိုပါက စပါး ၁၀၅ တင်းမှ ၁၂၀ တင်းအထိထွက်တယ်။ အနည်းဆုံး ၅ တင်းမှ အများဆုံး ၂၀ တင်း (၅ မှ ၂၀ ရာခိုင်နှုန်း) အထိ ပိုမိုထွက်ရှိနိုင်တယ်။
မျိုးစေ့ကောင်းကို ဘယ်လိုရနိုင်သလဲ ... .. .
• မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးသုတေသနဌာန (ရေဆင်း၊ ပျဉ်းမနား နေပြည်တော်) တို့ထံမှ ၀ယ်ယူရရှိနိုင်တယ်။
• ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်မျိုးကိုယ်ထားစနစ် ကျင့်သုံးနိုင်တယ်။
၁.၄ ကိုယ့်အားကိုယ်ကိုး ကိုယ့်မျိုးကိုယ်ထားစနစ် ဆောင်ရွက်ပုံနည်းလမ်း။
• မြေဆီထက်သန်တဲ့ လယ်မြေကို ရွေးချယ်ပါ။
• မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (သို့) စိုက်ပျိုးရေးသုတေသနဌာန(ရေဆင်း/ပျဉ်းမနား-နေပြည်တော်)မှ မျိုးစေ့ကို ၀ယ်ယူပါ။
• သမန်းပြင်ညီညာအောင်၊ သမန်းပုတ်အောင်၊ သမန်းညက်အောင်၊ ကောက်မစိုက်မီ သမန်းအိပ်အောင် လုပ်ဆောင်ပါ။
• တိုတုတ်သန်မာပြီး အမြစ်ဖွံ့ဖြိုးတဲ့ ပျိုးပင်တွေရရှိအောင် ဧရိယာကျဉ်း အစိုပျိုးထောင်နည်းစနစ်ကို ကျင့်သုံးပါ။
• ပျိုးသက်(၁၅-၂၀)ရက်သားကို ၁ ကျင်း ၂ ပင်နှုန်းနဲ့ ပင်ကြား ၉ လက်မ၊ တန်းကြား ၉ လက်မ အကွာအဝေးထားပြီးစိုက်ပါ။
• ဓာတ်မြေသြဇာကို ထောက်ခံနှုန်းထားအတိုင်း အသုံးပြုပါ။
• ပင်ပွားအများဆုံးထွက်ချိန်၊ အနှံထွက်ချိန်နဲ့ စပါးမရိတ်သိမ်းမီအချိန်မှာ မျိုးကွဲပေါင်းမြက်နဲ့ ပိုးမွှားရောဂါကျရောက်နေတဲ့ အပင်များကို နှုတ်ပယ်ပါ။
• မောင်းညိုချိန် (အစေ့ ၁၀၀ မှာ အစေ့ ၈၀ မှ ၈၅ စေ့ခန့် ကောက်ရိုးရောင်ပြောင်းချိန်) မှာ ရိတ်သိမ်းပါ။
• သီးခြားချွေလှေ့ ပြာတီးသန့်စင်ပါ။ ချွေစက်နှင့် တောင်းများအတွင်း အခြားစပါးမျိုးစေ့များ လုံးဝမပါအောင်သန့်စင်ပါ။)
• အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် အခြောက်လှန်းပါ။ (စပါးစေ့ကို ရှေ့သွားနဲ့ ဖိညှပ်ပြီးကိုက်လို့ ထောက်ခနဲအသံမည်ပါက အစိုဓာတ် ၁၂ မှ ၁၄ ရာခိုင်နှုန်း ရှိတယ်လို့သတ်မှတ်နိုင်ပါတယ်။)
• ခြောက်သွေ့တဲ့စပါးကို စည်ပိုင်း၊ စဥ့်အိုး၊ ပလပ်စတစ်ပုံး၊ ပုတ် စသည်တို့အတွင်း အပြည့်အသိပ်ထည့်သွင်းပြီး လေလုံသိုလှောင်ထားပါ။
• အေးပြီး ခြောက်သွေ့သန့်ရှင်းတဲ့နေရာမှာ ထားပါ။
ကဲ ... ခေါင်းစဉ်သစ် စလိုက်ပြန်ပါပြီ .. နောက်တော့မှ မနိုင်မနင်းဖြစ်ကာမှ ဖြစ်ကရော့ ... :4: :4: :4:

11-01-2010, 09:09 PM
အခန်း (၂)
စပါးပျိုးခင်း စိုက်ခင်းအတွက် မြေယာပြုပြင်ခြင်း
၂.၁ မြေယာပြုပြင်မှုဟာ ဘယ်လောက်အရေးပါသလဲ။
• စပါးစိုက်ပျိုးထုတ်လုပ်ရေးမှာ အခြားလုပ်ငန်းတွေဘယ်လောက်ကောင်းကောင်း မြေယာပြုပြင်မှုမကောင်းရင် စပါးအထွက်မကောင်းဘူး။
• မြေယာပြုပြင်တဲ့လုပ်ငန်းဟာ စပါးစိုက်ပျိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်။
၂.၂ မြေယာပြုပြင်ရတဲ့ ရည်ရွယ်ချက်။
• ကန်သင်းလုံရမယ် (ရေနေရေထိုင်ကို လိုသလိုထိန်းနိုင်တယ်။ ကိုယ့်လယ်ကွက်ထဲမှာရှိတဲ့ မြေဆီသြဇာတွေ ရေစီးနဲ့မျောပါမသွားနိုင်ဘူး။ ပေါင်းပင်ပွားများမှုသက်သာတယ်။)
• သမန်းပုပ်ရမယ်၊ သမန်းညက်ရမယ် (မြေသားဖွဲ့စည်းမှုကောင်းတယ်၊ မြေသြဇာတိုးပွားတယ်၊ ပေါင်းသက်သာတယ်၊ စပါးပင်ကို သမန်းပူမလောင်ဘူး၊ အမြစ်စွဲမှုကောင်းတယ်။)
• သမန်းပြင်ညီညာရမယ် (စိုက်ပျိုးရေကို အပိုအလိုမရှိအသုံးပြုနိုင်တယ်၊ အပင်ပေါက်ကောင်းတယ်၊ သန်စွမ်းတယ်၊ အရွယ်ညီညာတယ်၊ ရင့်မှည့်ချိန်ညီညာတယ်၊ ပေါင်းမြက်ထက်ဝက်ခန့် သက်သာတယ်၊ လုပ်အားသက်သာတယ်၊ လယ်ကွက်ပြည့်အသုံးပြုနိုင်တယ်၊ အထွက်တိုးတယ်။)
• မျိုးစေ့ချချိန်/ကောက်စိုက်ချိန်မှာ သမန်းအိပ်ရမယ် (တိုက်ရိုက်မျိုးစေ့ချစပါးအတွက် ပေါက်နှုန်းကောင်းတယ်၊ အပင်သန်စွမ်းတယ်၊ အဖြစ်ဖွံ့ဖြိုးတယ်၊ ကောက်စိုက်စပါးအတွက် ကောက်ချက်အနက် လက်တစ်သစ်ခန့်ထားပြီး စိုက်ပျိုးနိုင်တယ်၊ အမြစ်စွဲမြန်တယ်၊ ကောက်ပင်လှန်တာမြန်တယ်။)
၂.၃ လယ်ကွက်မြေမျက်နှာပြင်ကို ညီညာအောင်ပြုပြင်ပါ။
ဘာကြောင့်လဲ။
• စပါးစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ လယ်ကွက်ရဲ့မြေမျက်နှာပြင်ကို ညီညာအောင်လုပ်ဆောင်မှုက အဓိကအကျဆုံးဖြစ်တယ်။
ဘယ်လိုကောင်းကျိုးတွေရသလဲ
• စိုက်ပျိုးရေကို ထိထိရောက်ရောက် အသုံးပြုနိုင်တယ်။ ဒါကြောင့် ...
သွင်းရေပမာဏကို လျော့ချနိုင်တယ်။ အပင်ပေါက်ကောင်းတယ်။ အပင်ကြီးထွား သန်စွမ်းတယ်။ အပင်အရွယ်အစား ညီညာတယ်။ ရင့်မှည့်ချိန်ညီညာတယ်။
• သီးနှံ ပိုမိုထွက်ရှိတယ်။
ဥပမာ ၅၀ ထွက်လယ်ကွက်ဟာ ၅၈ တင်းခန့်မှ ၆၂ တင်းထိ (၁၅ မှ ၂၄ ရာခိုင်နှုန်း) ပိုပြီးထွက်တယ်။
• ပေါင်းမြက်လျော့နည်းတယ်။
မြေယာကို စနစ်တကျပြုပြင်မယ်ဆိုရင် ပေါင်းမြက်ထက်ဝက်ခန့် (၄၀ ရာခိုင်နှုန်းခန့်) လျော့နည်းသွားတယ်။
• လုပ်အားလျော့ချနိုင်တယ်။
ဥပမာ မြေမျက်နှာပြင်မညီညာတဲ့ ၁ ဧကအကျယ်လယ်ကွက်မှာ ပေါင်းရှင်းရင် တစ်ရက်လျှင် လူ ၈ ယောက်ခန့်လိုတယ်။ မြေမျက်နှာပြင်ညီညာရင် လူ ၂ ယောက်သာလိုတယ်။
• လယ်ကွက်မြေနေရာကို စွမ်းအားပြည့်အသုံးချနိုင်တယ်။
ဥပမာ မြေမျက်နှာပြင်မညီညာရင် အကွက်လိုက်ကျင်းပျောက် ပင်ပျောက်တွေ့ရမယ်။ ညီညာရင်လယ်ကွက်ပြည့် စပါးပင်တွေရှိနေမယ်။
လယ်ကွက် ၁ ဧကကို မြေညှိရန် အချိန်ဘယ်လောက်ကြာသလဲ။
• ကျွဲ/နွားကို သုံးရင် ၁၂ ရက်ခန့်
• လက်တွန်းထွန်စက်ကိုသုံးရင် ၈ ရက်ခန့်
• ထွန်စက်ကိုသုံးရင် နောက်တွဲကိရိယာပေါ်မူတည်ပြီး အနည်းဆုံး ၄ နာရီမှ အများဆုံး ၈ နာရီခန့်
• လေဆာကိရိယာ တပ်ဆင်ထားတဲ့ထွန်စက်ဆိုရင် အနည်းဆုံး ၂ နာရီမှ အများဆုံး ၄ နာရီခန့် ကြာနိုင်ပါတယ်
မြေညှိအပြီးမှာ ဘာလုပ်ဆောင်သင့်သလဲ။
• မြေသားပါးလွှာတဲ့နေရာများမှာ တီစူပါဓာတ်မြေသြဇာနဲ့ မြေဆွေးထည့်ပေးပါ။ ထယ်ထိုးရာမှာ ခရုပတ်နဲ့ ရင်ခွဲထယ်ထိုးနည်းကို အလှည့်ကျအသုံးပြုပါ။ ဒါမှလယ်ကွက်ရဲ့အလယ်သား ဟောက်သွားခြင်း (သို့) မောက်သွားခြင်း မဖြစ်နိုင်ပါ။
ရင်းနှီးကုန်ကျစရိတ် ကြေတဲ့နှစ်။
• လယ်ကွက်မြေမျက်နှာပြင် ညီညာအောင်ညှိအပြီး ဒုတိယသီးနှံရိတ်သိမ်းချိန်မှာ ရင်းနှီးကုန်ကျစရိတ်ကြေပါတယ်။ (ထရံထောင်လယ် အကော အ၀ှမ်းလယ်ဖြစ်နေသမျှ ကာလပတ်လုံး စပါးအထွက်မတိုးဘူး။)
၂.၄ မြေယာပြုပြင်စဉ် သတိထားရန်အချက်များ။
• လယ်ကွက်တစ်ကွက်လုံး ရေစပ်စပ်ဖုံးလွှမ်းအောင် ရေတင်သွင်းပါ။ (ရေချိန်နဲ့ မြေမျက်နှာပြင်ကို ညီညာအောင်ပြုပြင်ဖို့ဖြစ်ပါတယ်။)
• အစိုထွန်ရေး/ထယ်ရေး ၀င်ပြီးတိုင်း လယ်ကွက်မှာ ရေနေရေထိုင် ၆ လက်မခန့်ထားရှိရမယ်။ (ရိုးပြတ်နဲ့ အခြားအပင်များ ပုပ်ဆွေးပြီးထွက်ရှိလာတဲ့ အပင်အာဟာရဓာတ်များ အငွေ့အဖြစ်မပျောက်ဆုံးနိုင်ဘူး။ ထွန်ရေး/ထယ်ရေး ပက်လက်ထားမယ်ဆိုရင် ယူရီးယားဓာတ်မြေသြဇာထဲမှာပါတဲ့ နိုက်ထရိုဂျင်ဓာတ်ဟာ အနည်းဆုံး ၅ ပိဿာမှ ၁၇၂ ပိဿာအထိ ဆုံးရှုံးနိုင်တယ်။ စပါးခြောက်တင်းထွက်တိုင်း ကောက်ရိုးပိဿာ ၂၀၀ ထည့်ပေးရင် မြေဆီသြဇာ လျော့မသွားဘူး။)
• စပါးပင် နီတိုဖြစ်လေ့ရှိတဲ့ စိုက်ကွက်တွေမှာ ထွန်ရေး/ထယ်ရေး တိမ်ရမယ်။
စပါးနီတိုဖြစ်ရတဲ့ အကြောင်းရင်းဟာ သံဓာတ်အဆိပ်သင့်တဲ့အတွက် (သို့) ကြက်ဥပုပ်နံ့ရှိတဲ့ H2S ဓာတ်ငွေ့လောင်တဲ့အတွက်ဖြစ်တယ်။ နီတိုသက်သာစေတဲ့နည်းလမ်းက ထွန်ရေး/ထယ်ရေး မနက်စေရ။ သမန်းပုပ်ချိန်မရရင် ရိုးပြတ်နဲ့ မြက်ခေါင်းတွေ ကုန်စင်အောင်ကောက်ပါ။ ထုံး ၅ အိပ်ခန့်ထည့်ပါ။ သို့မဟုတ် စက်ဖွဲပြာများများထည့်ပါ။ ပျိုးထောင်ကောက်စိုက်စပါးဆိုရင် ပျိုးသက်ကြီးကြီးနဲ့ လက်ဆများများစိုက်ပါ။ ရေကိုပြောင်စင်အောင် ခါထုတ်ထားပါ။ စပါးအပြီး စပါးအစား ပဲတစ်မျိုးမျိုးကို သီးလှည့်အဖြစ်စိုက်ပါ။
• အညာဒေသမှာဆိုရင် ဆိုဒီယမ်ဓာတ်ဆားကြောင့် အလားတူ နီတိုလက္ခဏာမျိုးတွေ့ရနိုင်တယ်။ သွင်းရေမှာ ဆားဓာတ်ပျော်ဝင်နေလို့ (သို့) အ၀ီစိတွင်းရေမှာ အငန်ဓာတ်ပါလို့ဖြစ်နိုင်တယ်။ ဂျစ်ပဆန်မြေသြဇာနဲ့ သဘာဝဓာတ်မြေသြဇာ ထည့်ပေးရင်သက်သာနိုင်ပါတယ်။ ရေရှည်ဆိုရင် စိုက်ပျိုးမြေတွေ ဆားဓာတ်ပေါက်ပြီးပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ယာသီးနှံ ပြောင်းလဲစိုက်ပျိုးရေးကို အလေးအနက်ထား စဉ်းစားသင့်ပါတယ်။

11-01-2010, 09:17 PM
အခန်း (၃)
ပျိုးထောင်ခြင်း
၃.၁ ပျိုးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
• တို တုတ် သန်မာတယ်၊ အမြစ်ဖွာတယ်။
• အရွယ်အစား ညီညာတယ်။
• ရောဂါကင်းတယ်။
၃.၂ ပျိုးကောင်းရအောင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်။
• ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးချယ်ပါ။
• မျိုးကောင်း မျိုးသန့်ကိုသုံးပါ။
• အစေ့အဆံပြည့်ဖြိုးပြီး အရွယ်ညီညာတဲ့မျိုးစေ့တွေရရှိအောင် လုပ်ဆောင်ပါ။ (ဆန်ကောဆန်ခါနဲ့ သုံးကြိမ်ခန့် ပြာတီးသန့်စင်ရမယ်။)
• အစေ့ ၁၀၀ မှာ အနည်းဆုံး အစေ့ ၈၀ အပင်ပေါက်/မပေါက်သိအောင် အပင်ပေါက်နှုန်းစမ်းသပ်ပါ။
• စာပါးစပ်ပြူရုံ မျိုးညှောက်ဖောက်ပါ။
• ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်ပါ။
၃.၃ ဧရိယာကျဉ်း အစိုပျိုးဘောင်နဲ့ ပျိုးထောင်နည်း။
ဘာကြောင့်ဒီနည်းကို အသုံးပြုတာလဲ ...
• တိုတုတ်သန်မာပြီး အမြစ်ဖွာတဲ့ပျိုး၊ အရွယ်ညီတဲ့ပျိုး၊ ရောဂါကင်းတဲ့ပျိုးတွေရတယ်။
• ပျိုးသက် ၁၅ ရက်မှ ၂၀ ရက်သားအတွင်း ပျိုးအမြင့် ၈ လက်မခန့်ရှိတယ်။ ဒါကြောင့် ပျိုးသက်ငယ်ငယ်နဲ့ ကောက်စိုက်နိုင်တယ်။
• ကောက်စိုက်အပြီး ၃ ရက်မြောက်မှာ ကောက်ပင်လှန်တယ်။
• ကျင်းပျောက်/ပင်ပျောက်နည်းလို့ ကောက်ပင်ဖာထေးရ သက်သာတယ်။
• အပင်ငယ်စဉ်မှာ ကြီးထွားမြန်လို့ ပေါင်းမြက်ကိုစီးနိုင်တယ်။
ပျိုးဘောင်အရွယ်အစား ဘယ်လောက်ရှိရမလဲ ...
• စိုက်ခင်းတစ်ခုလုံးရဲ့ အပုံ ၁၀၀ မှာ ၁ ပုံ အရွယ်အစားဟာ လုံလောက်တဲ့ပျိုးခင်း အကျယ်အ၀န်းဖြစ်တယ်။ (ဥပမာ - စိုက်ခင်း ၁ ဧကအတွက် ပျိုးဘောင်အရွယ်အစားဟာ အနံ ၃ ပေ အလျား ၁၅၀ ပေ အကျယ်အ၀န်းသာလိုအပ်တယ်။)
မျိုးစေ့ပမာဏ ဘယ်လောက်လိုသလဲ ...
• မျိုးစေ့အရွယ်အစားနဲ့ အစေ့ ၁၀၀၀ အလေးချိန်၊ ပင်ကြားတန်းကြား အကွာအဝေးနဲ့ လက်ဆအပေါ်မူတည်ပြီး မျိုးစေ့လိုအပ်ချက် ပမာဏကွဲပြားတယ်။ ဥပမာ - အစေ့ ၁၀၀၀ မှာ အလေးချိန် ၁၉ ဂရမ်မှ ၂၀ ဂရမ်အထိလေးတဲ့ မနောသုခနဲ့ သီးထပ်ရင်ကို ကောက်ကွက် ၈ လက်မ ၆ လက်မထားပြီး တစ်ကျင်း ၃ ပင်နှုန်း လက်ဆနဲ့စိုက်မယ်ဆိုရင် မျိုးစေ့ ၈ ပြည်လိုအပ်ပြီး အစေ့ ၁၀၀၀ မှာ ၂၄ ဂရမ်မှ ၂၆ ဂရမ်လေးတဲ့ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ကျော်ဇေယျ၊ ပေါ်ဆန်းရင် စပါးမျိုးကို အလားတူကောက်ကွက်/လက်ဆနဲ့ စိုက်ရင် ၁၀ ပြည်သာလိုအပ်တယ်။ (သတိပြုရမှာက အစေ့ ၁၀၀ မှာ ၈၀ စေ့အပင်ပေါက်ရမယ်။ ပြာတီးသန့်စင်ထားတဲ့ မျိုးစေ့ကောင်းတွေဖြစ်ရမယ်။)
ပျိုးဘောင်ကို ဘယ်လိုဖော်မလဲ ...
• ပျိုးခင်းမှာ စက်ဖွဲပြာထည့်ပါ။ ပျိုးနှုတ်ရာမှာ ပျိုးပင်မနာဘူး။
• သမန်းပြင်ညီညာအောင် သမန်းပုပ်အောင် သမန်းညက်အောင် ဦးစွာလုပ်ပါ။
• သမန်းပြင်မှာ အကျယ် ၃ ပေ၊ အရှည် ၁၅၀ ပေ အရွယ်ရှိတဲ့ ပျိုးဘောင်တွေ ပေါ်လာအောင် ရေဖြည့်ထားတဲ့ သောက်ရေအိုးကို ကြိုးချည်ပြီး ဖြောင့်ဖြောင့်တန်းတန်းဆွဲပါ။
• အကျယ် ၃ ပေ၊ အရှည် ၁၅၀ ပေရှိတဲ့ ပျိုးဘောင်တစ်ဘောင်ဟာ စိုက်ခင်းတစ်ဧကအတွက် လုံလောက်တဲ့ပျိုးပင်တွေ ရရှိတဲ့အပြင် ကျင်းပျောက်/ပင်ပျောက်တွေကိုပါ ဖာထေးဖို့ ပျိုးလက်ကျန်လုံလောက်ပါတယ်။
မျိုးစေ့ကို ဘယ်လိုချမလဲ ...
• မျိုးစေ့ကို စာပါးစပ်ပြူရုံ မျိုးညှောက်ဖောက်ပါ။
ပျိုးဘောင်အကျယ် ၃ ပေ အရှည် ၃ ပေ အကွက် ၁ ကွက်မှာ ဆင်းသွယ်လတ်၊ ဧရာမင်း၊ ကျော်ဇေယျ၊ ပေါ်ဆန်းရင် စတဲ့စပါးမျိုးတွေဆိုရင် နို့ဆီဗူး ၁ ဗူးခွဲချပါ။ အစေ့အရေအတွက်အားဖြင့် ၈၀၀၀ ကျော်ရှိမယ်။ မနောသုခ၊ သီးထပ်ရင် စတဲ့စပါးမျိုးဆိုရင် နို့ဆီဗူး ၁ ဗူးနဲ့ သုံးပုံတစ်ပုံခန့်ချပါ။
• မန်ကျည်းစေ့အရွယ် အကွက်တစ်ကွက်အတွင်းမှာ မျိုးစေ့တစ်စေ့နှုန်းချပါ။ မျိုးစေ့တွေ မထပ်အောင်ဂရုစိုက်ပါ။
• မျိုးစေ့ချပြီးပါက မျိုးစေ့အပေါ်မှာ စက်ဖွဲပြာလက်မ၀က်ခန့်ဖုံးပေးပါ။ (ရည်ရွယ်ချက်က မိုးသည်းရိုက်တဲ့ဒဏ် မခံရအောင်ဖြစ်ပါတယ်။ အကယ်၍ မျိုးစေ့ချအပြီး မိုးသည်းသည်းမဲမဲ ရွာမယ့်လက္ခဏာရှိရင် ပျိုးဘောင်တစ်ခုလုံးမြုပ်အောင် ရေသွင်းထားပါ။)
ပျိုးခင်းကို ဘယ်လိုစောင့်ရှောက်မလဲ ...
• ပျိုးဘောင်မှာ အစိုဓာတ်ရှိနေသမျှ ကာလပတ်လုံး ပျိုးခင်းမှာ ရေပြောင်အောင်ထားပါ။
• ရေပြောင်အောင်ထားခြင်းအားဖြင့် ပျိုးမြစ်တွေလေကောင်းစွာရရှိတယ်။ ဒါကြောင့် ပျိုးပင်တွေတိုတုတ်သန်မာပြီး အမြစ်ဖွံ့ဖြိုးတယ်။
• ပျိုးခင်းမှာ ဓာတ်မြေသြဇာထည့်ပေးဖို့ မလိုဘူး။ ပျိုးပင်ငယ်လေးဟာ ၁၄ ရက်သားအထိ အစေ့ထဲကအစာကိုသာ စားတယ်။ မြေထဲမှာ ရှိနေတဲ့အာဟာရကို မစားဘူး။
• ဆစ်ပိုးတွေကျလေ့ရှိရင် ပျိုးဘောင်ပေါ်မှာ ဖြူ ရာဒန် သရီးဂျီကို အညွှန်းအတိုင်း ထည့်သွင်းပေးပါ။
• ပျိုးသက် ၁၅ ရက်မှ ၂၀ ရက်သားအတွင်း ပျိုးနှုတ်/ကောက်စိုက်ပါ။
• ပျိုးမနှတ်မီ မြေအခြေအနေအရ ၃ ရက်ခန့်ကြိုတင်ပြီး ပျိုးဘောင်တွေ မြုပ်အောင်ရေသွင်းထားပါ။ ဒါမှ ပျိုးနှုတ်ရတာ လွယ်ကူမယ်။
ပျိုးပင်ကို ဘယ်လိုနှုတ်မလဲ ...
• ပျိုးပင် ၂ ပင် ၃ ပင်ကို ပျိုးပင်အခြေမှာ ခဲတံကိုင်သလိုကိုင်ပြီး စွေစောင်းစောင်း အနေအထားနဲ့ နှုတ်ပါ။ ဒါမှ ပျိုးခေါင်းပြုတ် ပျိုးခါးကျိုး ပျိုးခါးကြေ သက်သာမယ်။
• ပျိုးမြစ်တွေကို ရေထဲနှစ်ပြီး လှုပ်ခါလိုက်ရင် ပျိုးချေးတွေစင်သွားမယ်။
• ခြေရိုက်ပျိုး လုံးဝ မလုပ်ပါနဲ့။
• ပျိုးပင်တွေကို ဖွဖွရွရွလေး စည်းနှောင်ပါ။ ကောက်မစိုက်မီ ပျိုးစည်းတွေကို အရိပ်မှာထားပါ။
၃.၄ ပျိုးခင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာနဲ့ ဖြေရှင်းချက်များ။
ဘာကြောင့်ပျိုးပင်အရွယ်အစား မညီညာသလဲ ...
• ပျိုးခင်း မြေမျက်နှာပြင် မညီညာဘူး။
• မျိုးစေ့ အရွယ်အစား မညီညာဘူး။
• မျိုးစေ့ ကြဲပက်ရာမှာ မညီညာဘူး။
• ဓာတ်မြေသြဇာ ကြဲပက်ရာမှာ မညီညာဘူး။
ဘာကြောင့် ပျိုးလှီ ပျိုးနွဲ့ ပျိုးခါးရှည် ဖြစ်ရသလဲ ...
• အစေ့အဆန် ပြည့်ဖြိုးပြီး အလေးချိန်စီးတဲ့ မျိုးစေ့ကိုမသုံးဘူး။
• မျိုးစေ့နှုန်း လိုတာထက်ပိုပြီး အဆမတန်သုံးတယ်။
• ပျိုးခင်းမျက်နှာပြင် မညီညာဘူး။
• ပျိုးခင်းမှာ ရေနေရေထိုင်များပြီး ရေကိုအမြဲတမ်းလှောင်ထားတယ်။
ဘာကြောင့် ပျိုးမြစ်များ မသန်ရတာလဲ ...
• ပျိုးခင်းမှာ ရေကိုပြောင်စင်အောင် ခါထုတ်လေ့မရှိဘူး။ (ဥပမာ - ကုန်းပျိုးတွေဟာ ရေပျိုးထက် အမြစ်ပိုပြီး သန်စွမ်းတယ်။)
သန်စွမ်းပြီး အရွယ်ညီတဲ့ ပျိုးတွေရအောင် ဘယ်လိုဆောင်ရွက်မလဲ ...
• ကိုယ့်လယ်ကွက် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့မျိုးကို ရွေးပါ။
• မျိုးစေ့ကောင်းကို အသုံးပြုပါ။
• ပျိုးခင်းကို သမန်းပုပ် သမန်းညက် သမန်းပြင်ညီညာအောင် လုပ်ဆောင်ပါ။
• ဧရိယာကျဉ်း အစိုပျိုးထောင်နည်းကို အသုံးပြုပါ။
ပျိုးပင်မနာအောင် ဘယ်လိုလုပ်ဆောင်မလဲ ...
• ပျိုးမနှုတ်မီ မြေအခြေအနေအရ ပျိုးဘောင်တွေ နစ်မြုပ်အောင် ၃ ရက်ခန့် ကြိုတင်ပြီး ရေတင်သွင်းထားပါ။
• ပျိုးပင် ၂ ပင်မှ ၃ ပင် အခြေကို ခဲတံကိုင်သလိုကိုင်ပြီး စွေစောင်းစောင်း အနေအထားဖြင့် နှုတ်ပါ။
• ပျိုးချေးတွေကို ရေထဲမှာ လှုပ်ခါဆေးပါ။
• ပျိုးစည်းတဲ့အခါ ဖွဖွရွရွလေးစည်းပါ။
• ကောက်မစိုက်မီ ပျိုးမြစ်တွေကို ရေထဲမှာ နစ်မြုပ်အောင်ထားပါ။

Powered by vBulletin™ Version 4.0.8 Copyright © 2015 vBulletin Solutions, Inc. All rights reserved.
Thursday, 14 May 2015
ကောင်းကင်ပြာကို ဘယ်သူများဆေးရောင်ခြယ်
ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်
၁၉၉၅
ဒီနေ့ ရထားလမ်းကို ခရီးထွက်ပါမယ်
ပခုက္ကူဆေးရုံကထွက် ရွှေချောင်းရောက်တော့ ရထားရုံးကိုဝင်ပါတယ် သတင်းပို့ပြီး
ထမင်းစရိတ်ငွေဝင်ထုတ်ပါတယ်
တမာတန်းကိုဖြတ် ကြက်ဆူကျင်းဆေးခန်း
မှာ ခဏနားပါတယ် မင်းတိုင်ပင်ရောက်တော့ ထမင်းစားပါတယ်
ကားတစ်စီး ဝန်ထမ်း၇ယောက် ဆေးပုံးတွေ
နဲ့ပါ ခင်အေးကိုဖြတ် ပုံတောင်ထိပ်ရောက်တော့ အမေရေယဉ်
နတ်နန်းကို ဝင်ကန်တော့ပါတယ်
ကျောရောက်တော့ အင်ဂျင်နီယာကို
ဝင်သတင်းပို့ပါတယ် ကျောကနေ
ရထားစီးပြီး ကြက်ရိုး စခန်းမှာ ညအိပ်ပါတယ် ရထားက ထော်လာဂျီ
အင်ဂျင်နဲ့ပါ ညပိုင်း မိုးရွာပြီး ကျောချောင်းရေ တက်လာပါတယ်
မနက် ကြက်ရိုးရွာအထိ ရထားနဲ့ ပို့ပါတယ်
ကြက်ရိုးကနေ ဝါးပင် ရထားဆေးရုံအထိ
၆မိုင်ခြေလျင်ခရီးပါ ဆေးပုံးတွေကို
လူအထမ်းနဲ့သယ်ပါတယ် မိုးရွာနေတော့
ဆေးပုံးမိုးစို ထွက်ကျတဲ့ ဒရစ် ဖန်ပုလင်းတွေ လိုက်ကောက်ရပါတယ်
ကျောချောင်းနံဘေး ရထားလမ်း
အူကြောင်းအတိုင်း လျှောက်ရပါတယ်
ချောင်းတွေက တံတားမခင်းရသေးပါဘူး
အုတ်မြစ်ချထားရုံပဲရှိပါတယ်
ဝါးပင်ရောက်တော့ ခင်မောင်သန့်ဆီက
ဆေးရုံလွှဲပြောင်းယူပါတယ် သူကတော့
ပျော်ရွှင်စွာ ပြန်သွားပါပြီ ငှက်တော လူနာ
များတယ် မဖျားအောင် ဂရုစိုက်လို့
မှာသွားပါတယ် ဆေးရုံကိုကြည့်တော့
အင်ဖက်မိုး ဝါးကပ်ကာ မြေစိုက်တဲကြီးပါ
လူနာ၅၀ကျော်ပါတယ် ငှက်ဖျား အဆုတ်ရောင် ဝမ်းကိုက် ဝမ်းပျက်
သွေးအားနည်း အာဟာရ ချို့တဲ့ရောဂါတွေပါ ထိခိုက်ဒဏ်ရာ အကျိုးအပဲ့ တွေလည်းအများကြီးပါ
မနက် ၁၀နာရီလောက်ဆို စောင်ထုပ်အထမ်းနဲ့ လူနာတွေလာပါပြီ
လမ်းကြောတစ်လျှောက် လုပ်အားပေး
စခန်းတွေက မိုးအလင်းထွက်လာတဲ့
လူနာတွေပါ ဆေးရုံတင်ရတာများပါတယ်
ငှက်ဖျားထူထပ်ဒေသမို့ ဖျားတာ ၃ရက်
ကျော်ရင် အခြေအနေမကောင်းပါ
တပည့် ဆေးမှူးကတော့ အထမ်းလူနာတွေ
လာရင် "ဘုရားဖူးတွေ လာပြီ
သတိထားပေတော့ဆရာ"လို့ ပြောပါတယ်
ငှက်ဖျားစစ်စရာ ကစ်တွေ မပေါ်သေးပါဘူး
မိုက်ကရိုစကုပ် လည်းမရှိပါဘူး
ငှက်ဖျားဆေးကလည်း ကလိုရိုကွင်း
ပရိုင်မာကွင်း ကွီနင်း ဖင်စီဒါ ပဲရှိပါတယ်
အာတီမီသာ အာတီဆူနှိတ် မက်ဖလိုကွင်း
မရှိပါ ငှက်ဖျားလူနာများလွန်းလို့
ပခုက္ကူဆေးရုံကို အကြောင်းကြားဖို့
ရထားရုံးကို ပြောပါတယ်
ဆက်သွယ်စရာ ရေဒီယို ဖုန်း ပဲရှိပါတယ်
ရာသီဥတုကောင်းမှ စကားပြောလို့ရပါတယ်
မိုးနေ့တိုင်း ရွာလို့ လမ်းပန်းဆက်သွယ်မှု
ပြတ်ကုန်ပါပြီ ကျောချောင်းရေများလို့
ဆင်တောင်ကူးလို့မရပါဘူး ဆေးဝါး
လူအထမ်းနဲ့လာပို့ပေမယ့် လိုချင်တဲ့ဆေးမပါ ပါ ဦးနှောက်ငှက်ဖျားနဲ့
သေဆုံးသူ ပေါ ပါတယ် သေရင်
လူတစ်ယောက်ကို ကျပ်၁၅၀၀၀ရထားက
လျော်ပါတယ် မိုးတွင်းဆိုတော့ စားစရာရှားပါတယ် ဆေးရုံ ဘေးနားက
ဈေးဆိုင်တန်းကနေ ဟင်းဝယ်စားရပါတယ်
ကြက်ဥကြော်နဲ့ လက်ဘက်သုပ်ကပင်တိုင်ပါ
ရထားရုံးက လက်ဆောင်ပေးရင်တော့
တစ်ခါတလေ ကြက်သားဟင်းစားရပါတယ်
တစ်နေ့တော့ လူကြီးခရီးစဉ် ရှိလို့ ရထား
အင်ဂျင်နီယာမှူးကြီး ဆေးရုံကို လာကြည့်ပါတယ် ငှက်ဖျားလူနာ အဖြစ်များလို့ ပခုက္ကူကို အကြောင်းကြား
ပေးဖို့ တင်ပြပါတယ် ပြီးတော့ ဘုန်းကြီး
ကျောင်းသွား ဝါးပင်ဆရာတော်ကို ကန်တော့ပါတယ် ဆရာတော်ကို
သူက "ရထားလမ်းပြီးသွားရင် ဒေသတိုးတက်မှာဖြစ်ကြောင်း
ရထားတဝီဝီနဲ့ သွားလိုရာ အလွယ်တကူရောက်နိုင်ကြောင်း
တိုင်းပြည်ချမ်းသာလာရင် ကျည်ဆန်ရထား
တောင် ပြေးဆွဲနိုင်မှာဖြစ်ကြာင်း"ပြောပါတယ်
ဘုန်းကြီးက သာဓုများစွာခေါ်ပါတယ်
သူပြန်လို့ တပတ်ကြာတဲ့အထိ ဆေးနဲ့အကူအညီ ဘာမှမလာပါ
အကျီတွေလည်း ချောင်းရေနဲ့ ဖွတ်တော့
ဝါကုန်ပါပြီ ရွာခံ လူတွေကတော့
စိတ်ဓာတ်မကျဖို့ ပြောပါတယ် လကုန်တော့
လူစားလာတဲ့ ဆရာဝန် အထက်လယ်ဓမ္မကို
ရောက်ပြီလို့ကြားပါတယ် ကျောချောင်းကို
မကူးနိုင်လို့ ကြက်ရိုးဘက်က လှည့်လာတယ် ပြောပါတယ် လူစားက
ထီးလင်းတိုက်နယ်ဆရာဝန် ကိုမိုးကျော်ပါ
အဲ့တုန်းက ပေါက်နဲ့ ကျောအကြား
ဆရာဝန်၃ယောက်ရှိပါတယ် ဇီးပြား
ဝါးပင်နဲ့ တောပုန်းကြီး စခန်းတွေမှာ ဆရာဝန်တစ်ဦးဆီပါ
အလုပ်လွှဲပြီး ကျောကိုပြန်ပါတယ်
ကျောကနေ စီစဉ်ပေးတဲ့ ကားနဲ့ မုံရွာကိုပြန်
ပါတယ် မိုးညှင်းသမ္ဗုဒေဖူး ပရိမ္မကနေ
မအူကို ဇက်နဲ့ကူး ပခုက္ကူကို ပြန်ပါတယ်
ရောက်ပြီး နောက်နေ့အပြင်းဖျားလို့
ဆေးရုံတက်ရပါတယ် သွေးဖောက်စစ်တော့
ငှက်ဖျားပိုး နှစ်မျိုးတွေ့ပါတယ် လူကနလန်မထူလို့ တပတ်လောက်နေရပါတယ် နေကောင်းတော့ ရထားအင်ဂျင်နီယာတွေက အမြဲလာခေါ်ပါတယ် အဲ့ဒီခေတ်က ဂျီတီအိုင်ဆင်း ရထားအရာရှိက ရေစကြိုမှာ
စားသောက်ဆိုင် ဘီလ်ရှင်းတော့
ငွေမပေးပဲ ဂျစ်ကားသော့ အပြီးပေးတဲ့
ခေတ်ပါ မြို့ပေါ်စားသောက်ဆိုင်
အားလုံးမှာ သူတို့ စာရင်းဖွင့်ထားပါတယ်
စားသောက်ပြီး ကောက်ခြစ်ရုံပါ
ပေါက်အင်းထဲက ကာရာအိုကေ ဆိုင်မှာ
ရထားအဖွဲ့မလာရင် လူမစည်ပါဘူး
ကြားရတဲ့ ရထားလမ်း ပုံပြင်တွေလည်း
အများကြီးပါ မောင်နှမနှစ်ယောက် ရထားလမ်း လုပ်အားပေးလိုက်ပါတယ် ညီမလုပ်သူ ငှက်ဖျားမိပြီး သတိမရပါဘူး
လူအထမ်းနဲ့ ကားလမ်းအရောက်
လူနာသယ်ပါတယ် ဇရပ်မှာ နားတုန်း
မိုးရွာထဲ လူနာသတိလစ်ပါတယ် မေ့မျောပြီး
ခေါ်မရတော့ သေပြီဆိုပြီး မောင်လုပ်သူကဖျာလိပ်နဲ့ထားခဲ့ပါတယ်
အထမ်းသမားလည်းပြေးပါတယ်
မိုးလင်းတော့ ဈေးရောင်းလာတဲ့
ရွာသားတွေက ညည်းသံကြားလို့
အရေးပေါ်ပြုစုပြီး အနီးဆုံး ပုလဲဆေးရုံကို
သစ်ကားကြုံနဲ့ ပို့ပါတယ် ကလေးမအသက်ရှင်ပါတယ်
ွှရွာပြန်ရောက်တော့ သူသေပြီဆိုပြီး သပိတ်
သွတ်ထားပါတယ် ကလေးမ အိမ်မပြန်ပဲ
သီလရှင် တန်းဝတ်ပါတယ် ဘယ်သူတွေ
ဘာဖြစ်ဖြစ် ကျနော့်သူငယ်ချင်း ရထားဝန်ထမ်းတွေကတော့ ပန်းပန်လျက်ပါ
စက်ဘီးစီးတဲ့ ကျနော့်ကို စားသောက်ဆိုင်သွားဖို့ လာခေါ်တဲ့ ဂျီတီအိုင်ဆင်း ရထားအင်ဂျင်နီယာက
ပတ်ဖိုင်ဒါ စီးပါတယ် အဲ့ဒီတုန်းက ဆေးကျောင်းတက်ခဲ့တာ မှားပြီးလားလို့
တွေးမိပါတယ် သူငယ်ချင်းဆရာဝန်တွေဖြစ်တဲ့ မျိုးမင်း
တိုးတိုး ကိုဇော်နိုင်အောင် ခင်မောင်သန့်
သန့်ဇော် အောင်စိုး တို့ကရော ရထားလမ်းကပြန်လာပြီး ဘယ်လိုတွေးမိသလဲ မေးချင်ပါတယ်
အနှစ်၂၀ကြာ ယနေ့အထိ ကျနော်ကတော့
မိုးမိလို့ ဖျားရင် ငှက်ဖျားလားလို့ ထင်နေဆဲပါ ဝါးပင်ဆရာတော်ရော
ရှိသေးလားမသိပါ ရထားလမ်းရှိတဲ့ မြို့တွေ
မှာတာဝန်ကျတိုင်း ရထားသံကြားရင်
ငေးမောမိပါတယ် ကေတီဗွီမှာ မော်ဒယ်မတွေ တွေ့ရင် ရထားက သူငယ်ချင်းတွေကို လွမ်းမိပါတယ် အင်ဂျင်နီယာဘကြီး ဘုန်းကြီးကိုလျောက်ထားတဲ့ ကျည်ဆန်ရထားကိုလည်း စီးချင်ပါသေးတယ် …

Tuesday, 28 April 2015
SACHA INCHI
ကြယ်ပဲမျိုးစေ့ တစ်ကီလို ၂၀၀၀၀ ကျပ်နှုန်းဖြင့်
ကိုနေဝင်း Phone-095068178 (ရန်ကုန်မြို့ နှင့် နေပြည်တော်)
ကိုထင်လင်းအောင် Phone-09254160049 (တပ်ကုန်းမြို့)
ကိုဇင် Phone-0949453180 (တောင်ငူမြို့) နှင့်
ကိုအောင်ခိုင်ဝင်း Phone-09259052412 (မန္တလေးမြို့ နှင့် ရေဆင်း နေပြည်တော်)
တို့တွင် ဝယ်ယူနိုင်ကြပါပြီ။်

Saturday, 11 April 2015
ပန်းချာဂါဗီယာ
ေ ပန်ချာဂါဗီယာ-ဇီဝမြေသြဇာနှင့်ဇီဝပိုးသတ်ဆေး။
ပန်ချာဂါဗီယာ ဇီဝဆေးရည်ကို အောက်ပါပစ္စည်းများ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးရေးတွင် အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။ ပန်ချာဂါဗီယာဆေးရည်တွင် အပင်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရအားလုံးနီးပါးနှင့်ဗီတာမင်များ ပါဝင်ပါသည်။ပန်ချာဂါဗီယာ ဆေးရည် ၂၀လီတာ ဖျော်စပ်ရန် ဖြစ်ပါသည်။
နွားချေးလတ်လတ်ဆတ်ဆတ် = ၅kg (cow dung)
နွားသေး = ၂ လီတာ
နို့ချဉ် = ၂လီတာ
နွားနို့ = ၂လီတာ
နွားနို့မှပြုလုပ်သောထောပတ် =၅၀ကျပ်သား
ကြံရည် =၃ လီတာ
အုန်းစိမ်းရည် = ၃ လီတာ
ထန်းရည်(သို့)စပျစ်ရည် =၂လီတာ
ငှက်ပျော်သီးမှည့် =၁၂ လုံး
ရေ = လိုသလောက်
ဖော်စပ်နည်း။
ဦးစွာအ၀ကျယ်မြေအိုး(သို့) ပလတ်စတစ်ခွက်တစ်ခုတွင် နွားချေးနှင့် ထောပတ်တို့ကိုထည့်ပြီး တရက်လျှင် မိနစ်၂၀ခန့် ၃ရက်ဆက်တိုက်မွှေပါ။
၎ရက်နေ့မြောက်တွင် ကျန်ပစ္စည်းအားလုံးထည့်ပြီး တနေ့ ၂ ကြိမ်နှုန်းဖြင့် ၁၅ရက်ဆက်တိုက်မွှေပါ။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပန်ချာဂါဘီယာ ဆေးရည်သည် ၁၈ရက်နေ့မြောက်ကစပြီး အသုံးပြုနိုင်သည်ဖြစ်သည်။(ဆေးရည်သက်တမ်း ၆လ ဖြစ်သည်)
ယင်များဥချခြင်းမှ ကာကွယ်နိုင်ရန် အ၀ကိုခြင်ထောင်စဖြင့် ဖုံးအုပ်ထားရမည်။
မှတ်ချက်။
ဖော်စပ်ရာတွင် ကြံရည်မရရှိနိုင်ပါက ရေ၃လီတာကို ထန်းလျက် ၅၀၀g နှင့်ဖျော်ပြီ ကြံရည်အစားအသုံးပြုနိုင်ပါသည်။
ထန်းရည်မရရှိပါက တစေးမှုန့်၁၀၀ဂရမ်နှင့် ထန်းလျက်၁၀၀ဂရမ်တို့အား ရေနွေး၂လီတာတွင်ဖျော်ပြီ မိနစ်၃၀ခန့် အအေးခံကာ အသုံးပြုနိုင်ပါသည်။
အခြားနည်းတခုမှာ အုန်းစိမ်းရည်အား ပလတ်စတစ်ဘူးဖြင့် ၁၀ရက်ခန့် အလုံပိတ်ပြီးထန်းရည်အစား အသုံးပြုနိုင်ပါသည်။
ပန်ချာဂါဘီယာ ၏ဂုဏ်သတ္တိများ။
ပန်ချာဂါဘီယာ တွင်နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ် တို့အပြင် အနည်းလိုအာဟာရ ၁၃မျိုး ပါဝင်သည်။
ထိုအပြင် ဗီတာမင်များ၊ မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်စစ်များ၊ အပင်ကြီးထွားမှုကိုအားပေးသော IAA နှင့်GAAကဲ့သို့သော ဟော်မုန်းများနှင့် အဇိုတိုဘက်တာ ၊ ဖော်စဖောရပ် ကို ဖျော်ပေးနိုင်သည့် ဖော်စဖိုဘက်တီးရီးယား၊ ဆူတိုမိုနပ်စ် စသောအကျိုးပြု အဏုဇီဝပိုးများ ပါဝင်သည်။
ပန်ချာဂါဘီယာအား တာမီးနားဒို စိုက်ပျိုးရေးတက္ကသိုလ်တွင် ဓါတ်ခွဲစမ်းသပ် တွေ့ရှိမှု။
စဉ်အကြောင်းအရာဖျော်စပ်ပြီး ကြာမြင့်သည့်ရက်ဝ710151PH 5.65 3.92 4.69 5.182EC(dsm-1) 9.3 11.2 10.4 8.23ရရှိနိုင်သောN2 ppm - 298 376 4854။ p2o5 ppm - 645 760 8655 K ppm -
940154016486Organic carbon (%) - 0.49 0.53 0.617IAA ppm - 10.8 11.8 12.18GAA ppm - 4.9 5.8 5.29To sugarppm - 345 386 58610Bacteria(x 106) 0.22 5.2 6.4 9411မှို -fungus 3x1024.5x1034.5x10446x10412အက်တီနိုမိုက်ဆိ (တ်စ်) 17x1020x10 20x1019x10(source; book on Panchagavya Manual)
အလားတူပင် အကျိုးပြုအဏုဇီဝပိုးများ ပါဝင်မှုကို India နိုင်ငံ Changa Pattu တွင်ရှိသည့် Central biocontrol laboratory တွင် Dr. A R Soliyappon မှ တွေ့ရှိချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။(၁ ဂရမ်တွင် အကျိုးပြု အဏုဇီဝပိုး ပါဝင်မှုဖြစ်ပါသည်။
နိုင်ထရိုဂျင်ကို ဖမ်းယူနိုင်သော အဇိုစပိုင်ရီလမ် ---------------------- 10x10
နိုက်ထရိုဂျင်ကို ဖမ်းယူနိုင်သော အဇိုဘက်တာ ---------------------- 10x9
Phosphorus ဖမ်းယူနိုင်သော phospho bacteria ------------------ 10x7
အပင်၏ခံနိုင်ရည်ကို တိုးတက်စေသည့် Sodomonus --------------- 10x6
Panchagavya တွင် ပါဝင်သော အာဟာရများ။
စဉ်အကြောင်းအရာပမာဏ1pH 6.022Ec 3.023TDs 3.4 (in weight)4Nitrogen6650 ppm5Phosphorus4310 ppm6Potassium5200 ppm7Sodium1600 ppm8Calcium1000 ppm9Magnesium 840 ppm10Chloride 248.5 ppm11Boron 0.422 ppm12Manganese 14.8 ppm13Iron142.5 ppm14Zinc 82 ppm15Copper 58 ppm16Sulphur 0.56 ppm
Panchagavya သုံးစွဲနည်း။
ပန်ချာဂါဘီယာဇီဝအာဟာရအား 3% ဖေါ်စပ်ပြီး ပက်ဖျန်းအသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
သို့ဖြစ်ပါသဖြင့် Panchagavya ဆေးရည်(၃)လီတာအား ရေ(၁၀၀)လီတာတွင် ဖျော်ပြီးဆေးဖျန်းပုန်းထဲသို့ ထည့်သွင်းရာတွင် အဖတ်များမပါအောင် စစ်ပြီးထည့်ကာ ပက်ဖျန်းလိုသည့် သီးနှံများအား ပက်ဖျန်းပေးနိုင်ပါသည်။
သွင်းရေတွင်ရောရန်။
ရိုးရိုးနည်းဖြင့် ရေသွင်းပေးလျှင်ဖြစ်စေ၊ အစက်ချနည်းအရ ရေသွင်းပေးလျှင်ဖြစ်စေ တစ်ဧကလျှင် ပန်ချာဂါဗီယာ ဇီဝဆေးရည် (၂၀)လီတာနှုန်းရောပြီး ထည့်သွင်းပေးနိုင်ပါသည်။
မျိုးစေ့နှင့်အပင်ငယ်များအား ကုသပေးရန်။
ပန်ချာဂါဗီယာ ၃%ပါသည့်အရည်တွင် မျိုးစေ့နှင့်ပျိုးပင်၏ အမြစ်များကို (၂၀)မိနစ်ကြာ နှစ်ထားရန်ဖြစ်သည်။ ဂျင်း၊နနွင်းကဲ့သို့သော အတက်များကိုမူ မစိုက်မီ (၃၀)မိနစ်ကြာ စိမ်ထားရန်ဖြစ်သည်။
မျိုးစေ့သိုလှောင်ရန်။
ပန်ချာဂါဗီယာ၃%တွင် စိမ်ပြီးနောက် အခြောက်ခံရန်ဖြစ်သည်။
ပန်ချာဂါဗီယာ ပက်ဖျန်းသင့်သည့်ကာလ။
စဉ်အကြောင်းအရာပက်ဖျန်းရမည့်အကြိမ်၁ပန်းမပွင့်မီကာလ(စိုက်ပြီး၂၀ရက်နောက်ပိုင်း)၁၅ရက်တစ်ကြိမ်(အပင်သက်တမ်းအတိုအရှည်အ
လိုက် ၁- ၂ကြိမ်)၂ပန်းပွင့်ချိန် နှင့် အသီးသီးချိန်၁၀ရက်တစ်ကြိမ်(၁-၂ကြိမ်)၃အသီးရင့်မှည့်ခါနီးတစ်ကြိမ်
စီးပွါးဖြစ်စိုက်သည့် သီးနှံများအပေါ် အကျိုးသက်ရောက်မှုများ။
(က)။သရက်။
အမပွင့်ပိုပြီး အပွင့်များစေခြင်း။
သီးတစ်လှည့်၊မသီးတစ်လှည့် ဖြစ်ခြင်းကို ကာကွယ်ပြီး နှစ်စဉ်ပုံမှန် သီးစေခြင်စ။
သရက်သီးများသည် အခန်းအပူချိန်တွင် ထားသိုရာ ၁၂ရက်ပိုပြီး ကြာရှည်ခံစေခြင်း။
သရက်သီး၏ အနံ့အရသာအား ပိုမိုကောင်းစေခြင်းတို့ဖြစ်ပါသည်။
(ခ)သံပုရာသီး။
တစ်နှစ်ပတ်လုံး အပွင့်ပွင့်စေခြင်း။
အသီးလုံးထွားပြီး အနံ့အရသာ ကောင်းမွန်စေခြင်း။
သိုလှောင်ရာတွင် ၁၀ရက်ထက်ပိုပြီး ကြာရှည်ခံစေခြင်း တို့ဖြစ်ပါသည်။
(ဂ)မာလကာသီး။
စုစုပေါင်းပျော်ဝင်စေနိုင်သည့်အခဲနှင့် အချိုဓါတ်ပိုများသဖြင့် ပိုပြီးအရသာရှိစေခြင်း။
ထားသိုရာတွင် ၅ရက်ပိုပြီး အထားခံစေခြင်း တို့ဖြစ်ပါသည်။
(ယ)ငှက်ပျော။
သွင်းရေနှင့်ရောပြီးထည့်ပေးခြင်း၊ ပန်ချာဂါဗီယာ၃%ဆေးရည်ကို အပင်အားပက်ဖျန်းပေးခြင်းတို့အပြင် အခိုင်ထိပ်ရှိ ငှက်ပျောဖူးအား ခုတ်ပြီးနောက် အခိုင်ထိပ်ဖျားအား ပန်ချာဂါဗီုယာ ၃%ဆေးရည်ကို ဆွတ်ပေးခြင်းဖြင့် ငှက်ပျောခိုင်အရင်းပိုင်းနှင့် အဖျားပိုင်းရှိ အသီးများညီညာခြင်း၊ အကြီးမြန်စေခြင်းတို့အပြင် တစ်လစောပြီး ခုတ်သိမ်းစေနိုင်ခြင်းတို့ ဖြစ်ပါသည်။
(င)နနွင်း။
အထွက်၂၀%အထိ တိုးစေခြင်း။
နနွင်းအတက်များ ပိုပြီးရှည်စေခြင်း။
ခြောက်သွေ့မှုကြောင့် အလေးချိန်လျော့နည်းမှု နည်းစေခြင်း။
ပင်မအတက်နှင့်ဘေးတက်များ၏ အချိုးလျော့နည်း လာစေခြင်း။
မိတ်ဆွေပိုးပေါများစေပြီး ရောဂါပိုးများ လျော့ကျစေခြင်း။
နနွင်းတက်အား မျိုးအဖြစ်ဇျေးကောင်းကောင်းဖြင့် ရောင်းချနိုင်ခြင်း တို့ဖြစ်ပါသည်။
(စ)စပါယ်။
အမွှေးနံ့ပိုမို ကောင်းမွန်စေခြင်း။
ပိုးကျရောက်မှု မရှိစေခြင်း။
တနှစ်လုံး ပန်းပွင့်စေခြင်း တို့ဖြစ်ပါသည်။
(ဆ)ဟင်းသီးဟင်းရွက်များ။
အထွက်နှုန်း တိုးစေခြင်း။
သခွါးလိုသီးနှံမျိုးတွင် အထွက်နှစ်ဆတိုး ထွက်ရှိစေခြင်း။
ဟင်းသီးဟင်းရွက်ပင်များ ကျန်းမာရေးညီညွတ်စေသည့်အပြင် တောက်ပြောင်ပြီး ဆွဲဆောင်မှုရှိစေခြင်း၊ကြာရှည်ထားခံစေခြင်း တို့ဖြစ်ပါသည်။
(ဇ)စပါး။
ပင်ပွါးပိုများစေခြင်း။
တစ်နှံတွင်ဆန်စေ့ ၃၀၀ထက်မက ရရှိစေခြင်း။
အဖျင်းမပါခြင်း။
၁၀ မှ ၁၅ရက် စောရင့်မှည့်စေခြင်း။
ဆန်ကြိတ်ရာတွင် အကျိုးအကြေ လျော့နည်းစေခြင်း။
ဆန်စေ့အလေးချိန် ၂၀% ပိုတိုးလာခြင်း။
ချက်ပြီးနောက် ထမင်းသည် နောက်ရက်အထိ ကောင်မွန်ခြင်း တို့ဖြစ်ပါသည်။
မှတ်စရာ။
ပန်ချာဂါဗီယာအား ကြံ၊ မြေပဲ၊ ဆီစါးမုန်ညှင်း၊ပြောင်းဖူး၊ဂျုံ၊ နေကြာ၊အုန်း စသည့်သီးနှံများတွင် စမ်းသပ်ပြုခဲ့ရာ ဌင်းသည် ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စေသကဲ့သို့ ပိုးမွှား၊ရောဂါများကိုလည်း ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။
ပန်ချာဂါဗီယာ၏ အပင်များအပေါ် အထွေထွေအကျိုး သက်ရောက်မှုများ။
၁။အရွက်အပေါ် အကျိုးသက်ရောက်မှု။
ပန်ချာဂါဗီယာဇီဝ ဆေးဖျန်းထားသည့် အပင်များရှိအရွက်များသည် ရွက်ပြားကြီးပြီး၊ အပင်ရွက်အုပ်(conopy)သည် ထူထပ်သိပ်သည်း နေပါသည်။
ထို့ကြောင့် အစာပိုချက်လုပ် နိုင်ပါသည်။
၂။ပင်စည်အပေါ် အကျိုးသက်ရောက်မှုများ။
ပင်စည်ပိုမိုခိုင်မာတောင့်တင်းပြီး ဘေးတက်အများအပြား ထွက်ရှိမှုကြောင့် အသီးများစွါ သီးစေပါသည်။
၃။အမြစ်များအပေါ် အကျိးုသက်ရောက်မှုများ။
အမြစ်များတွင် မြစ်မွှားများစွါရှိပြီး အမြစ်များသိပ်သည်းစွါရှိခြင်း၊ အမြစ်များသက်တမ်းရှည်ခြင်း၊ အမြစ်နက်နက်ဆင်းခြင်းနှင့် အမြစ်များ၏ ထုထည်ပမာဏများခြင်း စသည်တို့ကြောင့် မြေဆီလွှာမှအပင်အတွက် လိုအပ်သည့် အာဟာရဓါတ်များနှင့် ရေကိုပိုမိုစုပ်ယူနိုင်စေသည်။
၎။အထွက်နှုန်းအပေါ်တွင် အကျိုးသက်ရောက်မှု။
ပုံမှန်အားဖြင့် ဓါတ်မြေသြဇာ၊ ဓါတုသတ်ဆေးနှင့်မှိုသတ်ဆေးများ အသုံးပြုစိုက်ပျိုးနေရာမှ သြဂဲနစ်ပစ္စည်းများကို သုံးစွဲစိုက်ပျိုးပါက ပထမနှစ်တွင် အထွက်နှုန်းကျဆင်းလျက်ရှိပြီး နောက်နှစ်များတွင်မှ အထွက်နှုန်းပြန်လည် တိုးတက်လျက်ရှိပါသည်။
သို့သော်ပန်ချာဂါဘီယာအား သုံးစွဲစိုက်ပျိုးခြင်းဖြင့် ပထမနှစ်တွင် ဖြစ်လေ့ရှိသည့် အထွက်နှုန်းကျဆင်းမှုကို ကာကွယ်နိုင်ပါသည်။
ထိုသီနှံများအား (၁၀-၁၅ရက်) စောပြီးရိတ်သိမ်းနိုင်ပါသည်။
ရေငတ်ဒဏ်ကိုပိုမိုခံနိုင်စေခြင်း။
ပန်ချာဂါဗီယာကို ပတ်ဖျန်းထားသည့် အပင်များ၏ အရွက်နှင့်ပင်စည်ထဲတွင်ပါးလွှာသော အဆီပြင်လွှာပါးကလေး ရှိခြင်းကြောင့် ရေငွေ့ပျံမှုလျော့နည်းခြင်း အမြစ်နက်နက်ဆင်းမှုကြောင့် မြေဆီလွာအနက်ပိုင်းမှ အစိုဓါတ်ကို စုတ်ယူနိုင်သဖြင့် အတန်အသင့် မိုးခေါင်မှုကို ပန်ချာဂါဗီယာ မသုံးပဲစိုက်ပျိုးထားသည့် သီးနှံများထက် ခံနိုင်ရည်ရှိသည်။
ပန်ချာဂါဗီယာ၏ အပင်များအပေါ် အစွမ်းထက်မှုမှာ အထက်တွင်ဖော်ပြသကဲ့သို့ မြောက်များစွာရှိပါသည်။
အိန္ဒိယနိုင်ငံတလွှားမှ ပန်ချာဂါဗီယာ ကို သီးနှံများတွင် အသုံးပြုပြီး ရရှိသည့်အကျိုးသက်ရောက်မှုကို ဖော်ပြသည့် စာများစွာကိုလည်း အထက်တွင်ဖော်ပြခဲ့သည့် စာအုပ်နှင့်အခြားဆောင်းပါးများစွာတွင် တွေ့ရှိရပါသည်။
ပန်ချာဂါဗီယာသည် ကြက်၊၀က်၊နွား မွေးမြူရေးတွင် လည်းကောင်း လူတို့အတွက်လည်း အရေးပြားရောဂါ အရုံကြောရောဂါ၊ ဆီးချိုရောဂါ၊ လေးဘက်နာရောဂါနှင့် အခြားရောဂါများစွာတွင် အသုံးပြုနိုင်ကြောင်းတွေ့ရှိရပါသည်။
အပင်များအတွက် လိုအပ်သည့် အာဟာရဓါတ်များ၊ ဗီတာမင်ဓါတ်များနှင့် ဟိုမုန်းဓါတ်များပါဝင်သော ဇီဝမြေသြဇာနှင့် ဇီဝပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ါသည့်ပန်ချာဂါဗီယာ ဖြစ်သည်။

စဖိုပြာ အသုံးပြုနည်း
#စဖိုပြာအသုံးပြုနည်း
ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေးအတွက်
အပင်များကိုသာမက
စဖိုပြာ၊ထင်းပြာစသောပြာအမျိုးမျိုးကိုလည်း
အသုံးပြုနိုင်ပါသည်။
#အသုံးပြုနည်း
#နည်း-၁
စဖိုပြာ------------(၁)ခွက်{နို့ဆီဗူး}
ထုံးမှုန့်-----------(၁)ခွက်{နို့ဆီဗူး}
ရေ--------------(၈)ပုလင်း{၈လီတာ}
စဖိုပြာတစ်ခွက်၊ထုံးမှုန့်တစ်ခွက်ကိုရေ(၈)လီတာတွင်
ဖျော်စပ်ပါ။
ပြာမှုန့်များရေတွင်လုံးဝပျော်ဆင်းသွားသည်အထိ
မွှေ၍သမပေးပါ။
ထုံးမှုန့်၊ပြာမှုန့်များကျေပျက်သည်အထိမွှေပြီးနောက်
နာရီအနည်းငယ်ကြာထားပါ။
ထို့နောက်ပိတ်စိမ်းပါးဖြင့်စစ်ချ၍အသုံးပြုနိုင်ပြီဖြစ်သည်။
လောက်ကောင်များ၊ကျိုင်းကောင်များကို
ကာကွယ်နိုင်သည်။
#နည်း(၂)
စဖိုပြာ-------(၆၀)ကျပ်သား/(၁)ကီလိုဂရမ်
ရေနံဆီ----(၆)ဇွန်း-လက်ဖက်ရည်ဇွန်း/(၃၀)စီစီ
စဖိုပြာ(၆၀)ကျပ်သားကိုရေနံဆီ(၆)ဇွန်းဖြင့်ရောမွှေ၍
သမပေးပါ။
ပြာမှုန့်များအားလုံးရေနံဆီများစိမ့်ဝင်နိုင်ရန်
ကောင်းကောင်းမွှေနောက်ချေမွပေးရပါသည်။
သီးနှံပင်များပေါ်တွင်ပက်ဖြူးပေးခြင်းဖြင့်
စုပ်စားပိုးများကိုကာကွယ်နိုင်သည်။
ဤစနစ်သည်သီးနှံပင်ပေါ်များတွင်
ကြာရှည်မတည်ရှိနိုင်သဖြင့်တစ်ပတ်နှစ်ကြိမ်ခန့်
ပက်ဖြူးသင့်သည်။
စုပ်စားပိုးများကိုကြိုတင်ကာကွယ်မှုအနေဖြင့်
အသုံးပြုခြင်းဖြစ်သည်။
#နည်း(၃)
စဖိုပြာ---(၁)ဇွန်းမောက်မောက်-ထမင်းစားဇွန်း
ရေ----(၁)လီတာ
နို့ချဉ်----(၁)ခွက်-(၂၅၀)စီစီ
စဖိုပြာတစ်ဇွန်းမောက်မောက်ကိုရေတစ်လီတာဖြင့်
ရောမွှေသမ၍တစ်ညသိပ်စိမ်ထားပါ။
ထို့နောက်နို့ချဉ်(နို့ပျက်/ဒိန်ချဉ်)တစ်ခွက်နှင့်ရောမွှေ
သမပေးပါ။
ပြီးလျှင်ပိတ်စိမ်းပါးဖြင့်စစ်ချယူ၍
စစ်ကျရည်တစ်ဆရေသုံးဆရော၍
ပက်ဖျန်းအသုံးပြုနိုင်ပြီဖြစ်သည်။
#နည်း(၄)
စဖိုပြာ------------(၁)ခွက်/(၂၅၀ဂရမ်)
သံပုရာရည်-------(၁)ခွက်/(၂၅၀စီစီ)
ရေ-------------(၁၀)ပုလင်း/(၁၀လီတာ)
စဖိုပြာတစ်ခွက်သံပုရာရည်တစ်ခွက်တို့ကို
ရေ(၁၀)ပုလင်းတွင်ရောမွှေသမပေးပြီး
ပြာမှုန့်များအနည်ကျသည်အထိထားပါ။
ထို့နောက်ပိတ်စိမ်းပါးဖြင့်စစ်ချ၍
သီးနှံပင်များကိုပက်ဖျန်းနိုင်သည်။
ဘူး၊ဖရုံ၊ကျိုင်းကောင်များကိုထိရောက်စွာ
ကာကွယ်နှိမ်နင်းနိုင်သည်။
#နည်း(၅)
စဖိုပြာကိုဇကာချ၍ပြာနုနုရယူကာ
သီးနှံပင်များကိုပက်ဖြူးပေးခြင်းဖြင့်
ပျများ၊စုပ်စားပိုးများ၊ရွက်ထွင်းပိုးများကိုကာကွယ်နိုင်သည်။
ကောက်ပဲသီးနှံဘေးထွက်ပစ္စည်းဖြစ်သော
ကောက်ရိုး၊ပြောင်းဖူးအူတိုင်များကို
မီးရှို့၍ရလာသောပြာများကိုလည်းအသုံးပြုနိုင်သည်။
ယူကလစ်ရွက်ခြောက်ကိုပြာချ၍လည်းအသုံးပြုနိုင်သည်။
သတိပြုရန်တစ်ချက်မှာ
အုန်းဆန်၊အုန်းခွံမှရသောပြာများသည်
ဟင်းသီးဟင်းရွက်ပင်များ၏အရွက်ကို
လောင်ကျွမ်းနိုင်သောအာနိသင်ရှိသဖြင့်
၎င်းပြာများကိုမသုံးသင့်ပါ။
သီးနှံပင်ခြေရင်းတွင်ပြာများဖြူးပေးထားခြင်းဖြင့်
ပုရွက်ဆိတ်များကိုလည်းကာကွယ်နိုင်သည်။
သင်္ဘောပင်ခြေရင်းတွင်ပြာများများပုံပေးခြင်းဖြင့်
သင်္ဘောပင်ပုပ်ရိသေဆုံးတတ်သည်ကိုမူသတိပြုရန်လိုသည်။
ရှမ်းပြည်တွင်အလေ့ကျပေါက်သော
စိန်နားပန်(Lantana aculeata)ကိုပြာချ၍
ပက်ဖြူးပေးခြင်းဖြင့်ရွက်ထွင်းပိုးများကိုကာကွယ်နိုင်သည်။
ဟင်းသီးဟင်းရွက်ပျိုးခင်းများတွင်
ပြာမှုန့်ဖြူးပေးထားခြင်းဖြင့်ပုရွက်ဆိတ်၊ပင်ဖြတ်ပိုးများကို
ကာကွယ်နိုင်သည်။
ဘိဇပ်ပင်ကိုမီးရှို့၍ရလာသောပြာသည်လည်း
ထိရောက်မှုရှိသည်။
ဘိဇပ်ပင်များသည်ပေါင်းပင်များဖြစ်သဖြင့်
ပေါင်းရှင်းပြီးသားဖြစ်သကဲ့သို့
ပြာကိုလည်းအကျိုးရှိစွာအသုံးချနိုင်သည်။
ဘိဇပ်ပင်များကိုခုတ်စင်း၍
ပျိုးခင်းဘောင်၊စိုက်ဘောင်များပေါ်တွင်
နေလှန်းခြောက်သွေ့စေ၍မီးရှို့ပေးခြင်းဖြင့်
ပျိုးပင်၊စိုက်ပင်များကို
ပုရွက်ဆိတ်ရန်မှကင်းဝေးစေကာ
ပင်ဖြတ်ပိုးများကိုလည်းကြိုတင်ကာကွယ်ပေးသည်။
စိုက်ခင်းများတွင်ပင်ကြွင်းပသ်ကျန်များကို
မီးရှို့ပေးခြင်းဖြင့်
ပိုးများကိုကာကွယ်နိုင်သကဲ့သို့အပင်ရောဂါများကိုလည်း
သုတ်သင်ပြီးသားဖြစ်ကာမြေဆီလွှာကိုလည်း
ကောင်းမွန်စေပါသည်။
ပြာမှုန့်များကိုစိုက်ခင်များတွင်ပက်ဖြူးမည်ဆိုပါက
နည်း(၃)နည်းဖြင့်အသုံးပြုနိုင်သည်။
၁။ပြာမှုန့်များကိုလက်တွင်ဆုပ်ယူ၍
အပင်များပေါ်သို့ပက်ဖြူးခြင်းဖြစ်သည်။
၂။ပြာမှုန့်ကိုပိတ်စိမ်းပါးနှင့်ထုပ်ယူပြီး
အပင်များပေါ်တွင်ဆောင့်ခါချပေး၍ပက်ဖြူးပေးနိုင်သည်။
၃။ပြာမှုန့်ကိုပေါင်ဒါမှုန့်ဘူးခွံများတွင်ထည့်သွင်းပြီး
အပင်များပေါ်သို့ပက်ဖြူးပေးနိုင်သည်။
#Source :ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေး
ရေးသူ = မောင်ဌေးအန့်
ု
ဓာတုပိုးသတ်ဆေးက
အပင်များကိုသာမက
စဖိုပြာ၊ထင်းပြာ
အသုံးပြုနိုင်ပါ
#အသုံးပြုနည်း
#နည်း-၁
စဖိုပြာ--------
ထုံးမှုန့်------
ရေ-------------
စဖိုပြာတစ်ခွက်၊
ဖျော်စပ်ပါ။
ပြာမှုန့်များရေတ
မွှေ၍သမပေးပါ။
ထုံးမှုန့်၊ပြာမှု
နာရီအနည်းငယ်ကြာ
ထို့နောက်ပိတ်စိ
လောက်ကောင်များ၊
ကာကွယ်နိုင်သည်။
#နည်း(၂)
စဖိုပြာ-------(
ရေနံဆီ----(၆)ဇွ
စဖိုပြာ(၆၀)ကျပ်
သမပေးပါ။
ပြာမှုန့်များအား
ကောင်းကောင်းမွှေ
သီးနှံပင်များပေ
စုပ်စားပိုးများ
ဤစနစ်သည်သီးနှံပ
ကြာရှည်မတည်ရှိန
ပက်ဖြူးသင့်သည်။
စုပ်စားပိုးများ
အသုံးပြုခြင်းဖြ
#နည်း(၃)
စဖိုပြာ---(၁)ဇွ
ရေ----(၁)လီတာ
နို့ချဉ်----(၁)
စဖိုပြာတစ်ဇွန်း
ရောမွှေသမ၍တစ်ညသိ
ထို့နောက်နို့ချ
သမပေးပါ။
ပြီးလျှင်ပိတ်စိ
စစ်ကျရည်တစ်ဆရေသ
ပက်ဖျန်းအသုံးပြ
#နည်း(၄)
စဖိုပြာ--------
သံပုရာရည်------
ရေ-------------
စဖိုပြာတစ်ခွက်သ
ရေ(၁၀)ပုလင်းတွင
ပြာမှုန့်များအနည
ထို့နောက်ပိတ်စိ
သီးနှံပင်များကိ
ဘူး၊ဖရုံ၊ကျိုင်
ကာကွယ်နှိမ်နင်း
#နည်း(၅)
စဖိုပြာကိုဇကာချ
သီးနှံပင်များကိ
ပျများ၊စုပ်စားပ
ကောက်ပဲသီးနှံဘေ
ကောက်ရိုး၊ပြောင
မီးရှို့၍ရလာသြော
ယူကလစ်ရွက်ခြောက
သတိပြုရန်တစ်ချက
အုန်းဆန်၊အုန်းခ
ဟင်းသီးဟင်းရွက်
လောင်ကျွမ်းနိုင
၎င်းပြာများကိုမသုံ
သီးနှံပင်ခြေရင်
ပုရွက်ဆိတ်များက
သင်္ဘောပင်ခြေရင်း
သေဘၤာပင္ပုပ္ရိေ
ရှမ်းပြည်တွင်အေ
စိန်နားပန်(Lant
ပက်ဖြူးပေးခြင်း
ဟင်းသီးဟင်းရွက်
ပြာမှုန့်ဖြူးပေး
ကာကွယ်နိုင်သည်။
ဘိဇပ်ပင်ကိုမီးရ
ထိရောက်မှုရှိသည်
ဘိဇပ်ပင်များသည်
ပေါင်းရှင်းပြီး
ပြာကိုလည်းအကျို
ဘိဇပ်ပင်များကို
ပျိုးခင်းဘောင်၊
နေလှန်းခြောက်သေ
ပျိုးပင်၊စိုက်ပ
ပုရွက်ဆိတ်ရန်မှ
ပင်ဖြတ်ပိုးများ
စိုက်ခင်းများတွ
မီးရှို့ပေးခြင်း
ပိုးများကိုကာကွ
သုတ်သင်ပြီးသာြး
ကောင်းမွန်စေပါသ
ပြာမှုန့်များကို
နည်း(၃)နည်းဖြင်
၁။ပြာမှုန့်များက
အပင်များပေါ်သို့
၂။ပြာမှုန့်ကိုပိ
အပင်များပေါ်တွင်
၃။ပြာမှုန့်ကိုပေ
အပင်များပေါ်သို့
#Source :ဓာတုပိုးသတ်ဆေး
ရေးသူ = မောင်ဌေးအန့်
ု
Wednesday, 8 April 2015
စတော့ ရှယ်ယာ
စတော့ရှယ်ယာဈေးနှုန်းကိုဘယ်လိုဖတ်ရမလဲ
သိလွယ်တတ်လွယ်သည့် ရှယ်ယာဈေးနှုန်းဖတ်နည်း
-------------------------------
စတော့ဈေးကွက်စိတ်ဝင်စားသူများရင်းနှီးမြှုပ်နှံသူများ နှင့် မိဘပြည်သူများအားလုံးကို ကျွန်တော်တို့ Myanmar Investment Watch ၏ စတော့ ဈေးကွက်မိတ်ဆက် အစီအစဉ် ၅ မှ ပြန်လည် ကြိုဆိုလိုက်ပါသည်။ ယခုအပတ်တွင် အများပိုင် ကုမ္ပဏီတို့၏ စတော့ရှယ်ယာဈေးနှုန်းနှင့် အခြား ကိန်းဂဏန်းများ အကြောင်းကိုပြောပြသွားပါမည်။ တီဗီသတင်းဌာနများ Website များတွင် စတော့ ဈေးနှုန်းနှင့် အတူပါရှိသော ဂဏန်းများသည် ရုတ်တရက် ကြည့်ပါက ရှုပ်ထွေးပွေလီနေသော် လည်း ယခုစာစဉ် ဖတ်အပြီးတွင် လွယ်လွယ်ကူကူ နားလည်သဘောပေါက်သွားပါမည်။ ကျွန်တော်တို့၏ စတော့ဈေးကွက်မိတ်ဆက်အစီအစဉ် အပြီးတွင် စတော့ဈေးကွက်ဆိုင်ရာဗဟုသုတများ အတိအလင်း တိုးတက်လာမည်ဟုယုံကြည်ပါသည်။
စတော့ရှယ်ယာဈေးနှုန်းကို ဘယ်လိုဖတ်ရမလဲ။
-------------------------------
စတော့ဈေးနှုန်းနှင့် ၄င်းဘေးတွင်ပါပါလာတတ်သည့် ကိန်းဂဏန်းများကို သဘောပေါက်ရန် အလွန် လွယ်ကူပါသည်။ ဥပမာပြ၍ရှင်းလင်းလိုသဖြင့် အောက်မှာ အများပိုင်ကုမ္ပဏီအချို့တို့၏ ဈေးနှုန်း ဇယားပုံလေးကို ရေးစွဲပေးထားပါသည်။ စတော့ ဈေးနှုန်းနှင့် အညွှန်းကိန်းများကို ထုတ်ပြန်သည့် Website များ သတင်းဌာနများတွင် ဖော်ပြလေ့ရှိ သည့် အတိုင်း စတော့ဈေးနှုန်းဆိုင်ရာ အခြေခံ အချက်အလက်တို့ကိုတွေ့ရပါမည်။ ဇယားပုံလေးကို မြန်မာပြည်အနေအထားနှင့် ကိုက်ညီအောင် မြန်မာပြည်ရှိကုမ္ပဏီအဖွဲ့အစည်းတစ်ချို့တို့၏ စတော့ဈေးနှုန်းညွှန်းကိန်းများ သကဲ့သို့ ဖြစ်အောင် ဖန်တီးပုံဖော်ထားသည်။ ဥပမာပြထားခြင်းဖြစ်၍ ဇယားအတွင်းရှိကိန်းဂဏန်းများသည် လက်တွေ့ ရလဒ်များ မဟုတ်သည်ကိုသိရပါမည်။ ဇယားပုံ သည် ဧပြီလ ၁၀ရက်နေ့ စတော့အိပ်ချိန်းပိတ်ချိန် ညနေ ၄နာရီတွင် ရရှိသည့် အများပိုင်ကုမ္ပဏီ အချို့၏ စတော့ဈေးနှုန်းနှင့် ဆက်စပ်ညွှန်းကိန်းများ ကို ဖော်ပြထားသည်။
Column 1 & 2: 52 W High and Low
-----------------------
Col 1 နှင့် Col 2 ကို ကြည့်လိုက်ပါ။ ထို Column နှစ်ခုတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများသည် အစုရှယ်ယာတစ်ခု၏ လွန်ခဲ့သည့် ၅၂ပတ် သို့ တစ်နှစ်ကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည် ဈေးနှုန်းများအနက် အမြင့်ဆုံးဈေးနှုန်း High နှင့် အနိမ့်ဆုံးဈေးနှုန်း Low များဖြစ်သည်။ ဥပမာ FMI ရှယ်ယာ၏ လွန်ခဲ့သည့် ၅၂ပတ် အတွင်းအမြင့်ဆုံးဈေးနှုန်းမှာ ၁၀၅၀၀ကျပ် ဖြစ်ပြီး AGD ဘဏ် ရှယ်ယာ၏ အနိမ့်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းမှာ ၉၆၀၀ကျပ်ဖြစ်သည်။
Column 3: ကုမ္ပဏီစတော့အမည်နှင့် စတော့အမျိုးအစား
----------------------
ဤ Column တွင် ရောင်းဝယ်သည့်အစုရှယ်ယာ၏ အများပိုင်ကုမ္ပဏီအမည်ကိုဖော်ပြထားသည်။ ကုမ္ပဏီအမည်၏နောက်တွင်အထူးစကားလုံးတို သို့ အက္ခရာတစ်ခုခု မပါလျှင် ၄င်းအစုရှယ်ယာသည် သာမန်အစုရှယ်ယာဖြစ်သည်။ ပါခဲ့လျှင် အခြား အစုရှယ်ယာအမျိုးအစားဖြစ်သည်။ ဥပမာအနေဖြင့် ဇယားပုံတွင်ပါရှိသည့် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာသည် PF ဟုပါရှိ၍ ဦးစားပေးရှယ်ယာ Preferred အမျိုးအစားဖြစ်သည်။
Column 4: Ticker Symbol စတော့အက္ခရာ
----------------------------
စတော့သင်္ကေတ Ticker သည် စတော့ရှယ်ယာ ၏ အက္ခရာအမည်ဖြစ်သည်။ Bloomberg စသည့် စီးပွားရေးသတင်းရုပ်သံလိုင်းများကို ကြည့်လျှင် စတော့အက္ခရာများပြေးနေပြီး စတော့ဈေးနှုန်းနှင့် အတက်အကျကို ဘေးတွင်ဖော်ပြသည်ကို တွေ့ရမည်။ ထို့ကြောင့် Ticker Symbol သည် အစုရှယ်ယာ၏ အတိုကောက်အက္ခရာအမည် ဖြစ်သည်။ AAPL သည် Apple အစုရှယ်ယာ၏ Ticker Symbol ဖြစ်ပြီး အောက်တွင် ဥပမာပြသည့် အတိုင်း First Myanmar Investment အစုရှယ်ယာ၏ Ticker Symbol မှာ FMI ဖြစ်သည်။
Column 5: Dividend per Share အစုရှယ်ယာ တစ်ခုလျှင်ပေးသည့် အမြတ်ဝေစုပမာဏ
-------------------------
ဤ Column တွင် ဖော်ပြပါအများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာတစ်ခုလျှင် နှစ်စဉ်ရမည့် အမြတ်ဝေစု ပမာဏကိုပြထားသည်။ Div သည် Dividend အမြတ်ဝေစု၏ အတိုကောက်ဖြစ်သည်။ ဤ Column အောက်တွင် ဘာမှမဖော်ပြထားသော ကုမ္ပဏီသည် အမြတ်ဝေစု ပေးဝေခြင်းမရှိသေးပေ။ ထို့ကြောင့် FMI ၏ နှစ်စဉ်ငွေသား အမြတ်ဝေစု သည် ၂၀၀ကျပ် ဖြစ်ပြီး AGD ကတော့ အမြတ်ဝေစု မပေးသေးဟု ဇယားပုံမှာတွေ့ နိုင်သည်။
Column 6: Dividend Yield အမြတ်ဝေစုရရှိနှုန်း
----------------------
အမြတ်ဝေစုပေးဝေမှုပမာဏသည် ယနေ့ရှယ်ယာ ပေါက်ဈေး၏ ရာခိုင်နှုန်းမည်မျှရှိသည်ကို ဖော်ပြထားခြင်းဖြစ်သည်။ အမြတ်ဝေစုကိုတည်ပြီး အစုရှယ်ယာ၏ ပေါက်ဈေးနှင့် စားထားခြင်း ဖြစ်သည်။ အစုရှယ်ယာဈေးတက်သည်ထက် ၄င်းမှနှစ်စဉ်အမြတ်ဝေစုငွေကို မျှော်မှန်းလိုသူများ အတွက်အသုံးဝင်သည့် ရာနှုန်း ဖြစ်သည်။ ဥပမာအားဖြင့်ပုံတွင်ဖော်ပြသည့် အတိုင်း အမြတ်ဝေစုများများလိုချင်လျှင် FMI ထက် MCB ၏ အစုရှယ်ယာကိုရွေးသင့်ပါသည်။ MCB သည် အမြတ်ဝေစုရရှိနှုန်းပိုများ၍ မိမိရင်းနှီးသောငွေ ၁၀၀ကျပ်လျှင် အမြတ်ဝေစု ၁၀ကျပ်ရရှိမည် ဖြစ်ပြီး FMI ကမူ ၁၀၀ကျပ်ရင်းမှ ၁ကျပ် ၅၄ပြားခန့်သာ နှစ်စဉ် အမြတ်ဝေစုခွဲပေးသည့် သဘောဖြစ်သည်။ အမြတ်ဝေစုခွဲပေးမှုများတိုင်း ပိုကောင်းသည့် အစုရှယ်ယာလို့တော့မဆိုနိုင်ပါ။
Column 7: Price/ Earnings Ratio သို့ P/E အချိုးရလဒ်
-------------------------
အစုရှယ်ယာတစ်ခု၏ ပေါက်ဈေးနှင့် ၄င်းအစုရှယ်ယာကို ထုတ်ဝေသည့် ကုမ္ပဏီ၏ အမြတ်ငွေကို မီးမောင်းထိုးပြသော အချိုးဖြစ်သည်။ ရလဒ်နည်းလေကောင်းလေဖြစ်သည်။ ရလဒ်ကြီးနေ သော အစုရှယ်ယာသည်ဈေးမြောက်နေသည်ဟု ဆိုနိုင်သည်။ P/E ကို ယနေ့ ပေါက်ဈေးကို တည်ပြီး Column 9 ရှိ EPS ဖြင့်စားခြင်းမှရရှိ နိုင်သည်။ P/E သဘောတရားကိုသိရန်ကို ဥပမာ ဇယားပုံရှိ AGD ဘဏ်၏ P/E ကို ကြည့်လိုက်ပါ။ P/E ၉ ဆိုသည်မှာ AGD ဘဏ်၏အမြတ်ဝင်ငွေ သည် မနှစ်ကအတိုင်းယခုနှစ်တွင် ရရှိနိုင်မည် ဆိုပါက ဝယ်ဈေး၏ ၉ကျပ်လျှင် AGD ဘဏ်သည် ၁ကျပ် ပြန်ရှာပေးနိုင်သည်ဟူ၍ဖြစ်သည်။ တိုတို ပြောသော် AGD စတော့ပေါက်ဈေး၏ ၉ကျပ်တိုင်း သည် ၁ကျပ်နှစ်စဉ်ရှာပေးနေခြင်းဖြစ်သည်။ FMI ၏ P/E မှာမူ ၈၀ ဖြစ်နေ၍ နှစ်စဉ် ၁ကျပ်ရှာရန် ၈၀ကျပ်ဖိုး ဝယ်ယူထားရမည်ဖြစ်နေသောကြောင့် ဈေးမြောက်နေသည်ဟုဆိုပါသည်။
Column 8: Trading Volume အရောင်းအဝယ် ဖြစ်မှုအရေအတွက်
-------------------------
အစုရှယ်ယာတစ်ခု၏ တစ်နေ့တွင် အရောင်း အဝယ်ဖြစ်ခဲ့သည့် အရေအတွက်ပင်ဖြစ်သည်။ ဤ Column အောက်ရှိ ဂဏန်းကို သုညနှစ်လုံး ထပ်တိုး၍ ဖတ်သင့်သည်။ ဥပမာ FMI စတော့ အရောင်းအဝယ်ဖြစ်သည့် အရေအတွက်သည် ၃၀၀ခု မဟုတ်ပဲ ၃၀၀၀၀ခုဖြစ်သည်။
Column 9: Earning Per Share ရှယ်ယာတစ်ခု လျှင် ရရှိသော အမြတ်ငွေ
------------------------
ဥပမာဆိုပါစို့။ AGD ဘဏ်သည် မနှစ်က အမြတ်ငွေ ကျပ် သိန်း ၁၁၁၁ ဝင်ခဲ့သည်။ AGD ဘဏ်မှထုတ်ဝေထားသော ရှယ်ယာစုစုပေါင်း အရေအတွက်မှာ တစ်သိန်းခုတိတိဖြစ်လျှင် ရှယ်ယာတစ်စောင်ခြင်းစီ၏ အမြတ်ငွေမှာ ၁၁၁၁ကျပ် ဖြစ်သည်။ ထို့ကြောင့် AGD အစုရှယ်ယာ၏ EPS မှာ ၁၁၁၁ကျပ် ဖြစ်လေသည်။ EPS သည် ရှယ်ယာတစ်ခု၏ မနှစ်က ရရှိခဲ့သည့် အမြတ်ဝင်ငွေကိုပြသည်။ ပုံတွင် FMI သည် မနှစ်က ရှယ်ယာတစ်စုလျှင် ၁၆၄ ကျပ်သာ အမြတ်ငွေအဖြစ်ဝင်ခဲ့ပါသည်။
Column 10 & 11: Day High and Low
-----------------------
ယနေ့ အရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာ ဈေးနှုန်းများ အနက် အမြင့်ဆုံး High နှင့် အနိမ့်ဆုံး Low ဈေးနှုန်းများဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် အများဆုံးဈေးနှုန်း ၁၃၃၀၀ကျပ် နှင့် အနည်းဆုံးဈေးနှုန်း ၁၂၉၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။
Column 12: Previous Close မနေ့ကအပိတ်ဈေး
----------------------
ဇယားပုံအတိုင်းဆိုလျှင် ယနေ့ ဧပြီလ ၁၀ရက် ဆိုပါက မနေ့ကဧပြီလ ၉ရက်နေ့ အိပ်ချိန်းပိတ်ချိန် မတိုင်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာဈေးနှုန်းဖြစ်သည်။
Column 13: Close Price အပိတ်ဈေး
----------------------
အပိတ်ဈေးဆိုသည်မှာ စတော့အိပ်ချိန်းမပိတ်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော စတော့ ရှယ်ယာ၏ ဈေးနှုန်းဖြစ်သည်။ အပိတ်ဈေးနှင့် ပတ်သက်၍သိရမည်မှာ အပိတ်ဈေးအတိုင်း နောက်နေ့တွင် အစုရှယ်ယာများကို ဝယ်ယူလို့ ရချင်မှရမည်ဆိုတာပဲဖြစ်သည်။ စတော့ဈေးကွက် တွင် အစုရှယ်ယာများ၏ ဈေးနှုန်းသည် စတော့အိပ်ချိန်း ပိတ်ချိန်များတွင်ပင် အမြဲတစေ ပြောင်းလဲနေနိုင်သည်။ အပိတ်ဈေးသည် သေချာပေါက်ဝယ်လို့ရမည့် ဈေးနှုန်းမဟုတ်သော် လည်း မိမိကမည်မျှပေး၍ အစုရှယ်ယာတစ်ခုကို ဝယ်သင့် ရောင်းသင့်သည်ကို နှိုင်းယှဉ် ညွှန်ပြနိုင်သော ဈေးနှုန်းတန်ဖိုးတစ်ခုသာဖြစ်သည်။
Column 14 & 15: Net Change & Rate အပြောင်း အလဲပမာဏနှင့် ပြောင်းလဲနှုန်း
------------------------
အစုရှယ်ယာတစ်ခု၏ မနေ့က အပိတ်ဈေးနှုန်းမှ မည်မျှပမာဏ အတက်အကျဖြစ်သွားသည်ကို ပြသည်မှာ Net Change ပင်ဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် ဧပြီလ ၉ ရက်နေ့ အပိတ်ဈေးတွင် ၁၂၈၀၀ကျပ်ရှိရာမှ ဧပြီ ၁၀ရက် တွင် ၁၃၀၀၀ကျပ်ရှိခဲ့သဖြင့် Net Change မှာ ၂၀၀ကျပ် အတက်ပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် FMI ၏ စတော့မှာ ဧပြီလ ၉ရက်နေ့က ဈေးနှုန်းမှ ၁ ဒသမ ၅၆ ရာခိုင်နှုန်း အတက်ပြ ခဲ့သည်ဟု ဆိုနိုင်သည်။ ထို အတက်ပြသည့် ရာခိုင်နှုန်းသည် Change Rate ပြောင်းလဲနှုန်းဖြစ်သည်။ သတင်းဌာနများက စတော့ဈေးနှုန်းများကို TV တွင် ဖော်ပြရာတွင် လက်ရှိအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်း၊ ၄င်း၏ဘေးတွင် မနေ့ကအပိတ်ဈေးမှ မည်မျှပြောင်းလဲသည်ကိုပြသည် ပြောင်းလဲနှုန်း Change Rate ကိုသာအဓိကဖော်ပြလေ့ရှိသည်။ Change Rate သည် စိမ်းနေလျှင် အတက်ပြသည့် စတော့ဈေးနှုန်းဖြစ်ပြီး အနီရောင်ဖြစ်နေပါက မည်မျှကျဆင်းသွားသည်ကို ပြသည့် ရာခိုင်နှုန်းသာ ဖြစ်သည်။
အခုဆိုလျှင်စတော့ဈေးနှုန်းနှင့် ပတ်သက်သည့် ကိန်းဂဏန်းများကို တင်ပြလို့ပြီးပါပြီ။ ၄င်းတို့ကို ကြည့်လျှင် စတော့ဈေးနှုန်းတစ်ခု၏ ပေးသင့်သော တန်ဖိုးကို အနည်းနှင့်အများ သိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စတော့တစ်ခု၏ ပေါက်ဈေးဆိုသည်ကို ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများကို ကြည့်၍ ပျှမ်းမျှအားဖြင့် အရောင်း အဝယ်ဖြစ်နိုင်မည့် ဈေးနှုန်းဟုသာ သတ်မှတ် ရပါမည်။
ယခုတင်ပြခဲ့သော အကြောင်းအရာများသည် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်များသာ ဖြစ်ပြီး စတော့ရှယ်ယာတစ်ခုကို ဝယ်ယူ ရင်းနှီး သင့်မသင့် ဆုံးဖြတ်ရန် ပိုင်းခြားသုံးသပ်ချက် Analysis လုပ်နည်းများ မဟုတ်သေးပါ။ ထို့ကြောင့် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်အလက်များကို ကြည့်ရုံဖြင့်အစုရှယ်ယာတစ်ခု၏ စစ်မှန်သည့် တန်ဖိုးကို မသုံးသပ်နိုင်ပါဟုပြောလိုပါသည်။ ဈေးကွက်ရှိ ပေါက်ဈေးသည် အစုရှယ်ယာတစ်ခု၏ အစစ်အမှန်တန်ဖိုးနှင့် အမြဲကင်းကွာနေတတ်သည် ကို ရင်းနှီးမြှုပ်နှံသူတိုင်း နှလုံးသွင်းထားရပါမည်။
စတော့ဈေးကွက်မိတ်ဆက် အစီအစဉ် စာစဉ် ၅။
ဤအစီအစဉ်တွင် စတော့ဈေးကွက်ဆိုင်ရာ ဗဟုသုတများကို စာစဉ်များ ဗီဒီယိုဖိုင်များဖြင့် မျှဝေ သွားပါမည်။
MIW Originals
စိုက်ပျိုး စီးပွား
Kaung Myat
April 4 at 4:47pm ·
စိုက်ပျိုး ထုတ်လုပ်သူများ နှင့် စီးပွားရေး အမြင် (၂)
ဒီအကြောင်းအရာကို ဆက်ပြီး မဆွေးနွေးခင်မှာ ကျွန်တော် မေတ္တာရပ်ခံလိုတာက စိုက်ပျိုးထုတ်လုပ်ရာမှာ မြေယာ ပြုပြင်တာကအစ၊ မျိုးစေ့ လိုအပ်မှု၊ လုပ်အားလိုအပ်မှု၊ ရေ လိုအပ်မှု၊ စိုက်ပျိုးနည်း စနစ်များ၊ သွင်းအားစု သုံးစွဲမှု (ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အားဆေး နဲ့ အခြား)၊ ရိတ်သိမ်းပြီး နောက်ပိုင်း နည်းပညာများ အဆုံး အားလုံး ပြေလည်အောင် ဆောင်ရွက်နိုင်မှသာ အထွက်ကောင်းပါ့မယ်။ အခု ခေါင်းစဉ် အတွက်က စိုက်ပျိုးစီးပွား အမြင်ကို ဦးတည်ပြီး ဆွေးနွေးလိုတာကြောင့် ကျန်တဲ့ အပိုင်းများကို ခဏလောက် မေးမှိန်ထားသလိုတော့ ဖြစ်နေမှာပါ ခင်ဗျား။ ပြီးတော့ သီအိုရီတွေက လက်တွေ့မှာ အသုံးမ၀င်ပါဘူးကွာလို့ စောဒက တက်လိုသူများ ရှိခဲ့ရင်လည်း သီအိုရီဆိုတာက လက်တွေ့မပါပဲနဲ့ လာတဲ့ ရရှိချက်၊ တွေ့ရှိချက် တစ်ခုမဟုတ်ပါ၊ သီအိုရီ နဲ့ လက်တွေ့ဟာ ခွဲထားလို့ မရ ဘဲဥ အစ ရှာမရတဲ့ ဖြစ်စဉ် တစ်ခုသာပါ။ ကျွန်တော် ဆက်လက် ဆွေးနွေးမှာကလည်း သိလွန်း တတ်လွန်းလို့ မဟုတ်ပါ ခင်ဗျား၊ သိထားတဲ့ နည်းနည်းလေးကို ကျွန်တော်ချစ်တဲ့ တောင်သူများ အတွက် လိုအပ်နေတဲ့ ကွက်လပ်လေး တစ်ခုကို တတ်နိုင်တဲ့ ဘက်ကနေ ရသလောက် ဖြည့်ဆည်းပေးနိုင်ဖို့ အားထုတ်ကြည့်မိတာပါ ခင်ဗျား။ (မလိုအပ်ဘူး ဆိုရင်လည်း အချိန်ကုန်၊ လူပင်ပန်းခံပြီး ရေးစရာမလိုတော့ဘူးပေါ့။ ) စာဖတ်သူများလည်း သဘောပေါက် နားလည် ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ် ခင်ဗျား။
အပိုင်း (၂) မှာ အဓိက ဆွေးနွေးလိုတာက ကျွန်တော်တို့ တောင်သူများဟာ ထုတ်လုပ်သူလား????? စားသုံးသူလား????? ဆိုတဲ့ ဈေးကွက်တစ်ခုရဲ့ အခြေခံ ကိုပါ ခင်ဗျား။ ဒီအပိုင်းကို ဖတ်ပြီးနောက် တိုးတက် ရနိုင်မယ့် အသိကတော့ (၁) ထုတ်လုပ်သူ (Producer)၊ (၂) စားသုံးသူ (Customer & Consumer) ဆိုတဲ့ အခြေခံ စကားလုံး နှစ်လုံးပါ။ အားလုံးနဲ့ ရင်းနှီးပြီးသား ဆိုတာကို သိပေမယ့်လည်း ပြန်လည် သတိရအောင် ဈေးကွက် တစ်ခုမှာ အရေးပါတဲ့ အခြေခံ စကားလုံး နှစ်လုံးကို ဆွေးနွေးကြည့်ရအောင်ပါ ခင်ဗျား။ ကျွန်တော် ဒီနေရာမှာ သုံးတဲ့ ဆွေးနွေးတယ် ဆိုတဲ့ အသုံးအနှုန်းဟာ နှစ်ဦး နှစ်ဘက် အပြန်အလှန် မေးမြန်း ဖြေဆိုရင်း အဖြေတစ်ခု ရအောင် ထုတ်ယူရတဲ့ အခြေအနေကို ရည်ရွယ်တာကြောင့် မေးခွန်းများကို အသုံးပြုရင်း ဆွေးနွေးကြရအောင်လား ခင်ဗျား။
တောင်သူများနဲ့ တွေ့ဆုံဆွေးနွေးဖို့ အခွင့်ရတိုင်း မေးခွန်း တစ်ခုကို အရင် မေးဖြစ်ပါတယ်။ အခုလည်း မေးခွန်း တစ်ခုနဲ့ စလိုက်ကြရအောင်ပါ။
မေးခွန်း (၁) ကျွန်တော်တို့ တောင်သူများဟာ ထုတ်လုပ်သူလား????? စားသုံးသူလား ?????
အဖြေ (၁) တောင်သူ အများစုက - ကျွန်တော်တို့က ထုတ်လုပ်သူပါ။
မေးခွန်း (၂) ဟုတ်ကဲ့ပါ ခင်ဗျား။ မိမိနေ့စဉ် ဘ၀ အသုံးပြုနေတဲ့ လိုအပ်ချက်တွေထဲက ရာနှုန်း ဘယ်လောက် အထိ ထုတ်လုပ်ပေးနေပါသလဲ ခင်ဗျား။
အဖြေ (၂) ကျွန်တော်တို့က သီးနှံ အရေအတွက် နည်းနည်းပဲ ထုတ်နိုင်တာပါ။ လိုအပ်တာတွေကတော့ အကုန်ဝယ်ရတာပဲလေ။
ဒီတော့ မေးခွန်း (၁) ကို ပြန်သွားရင် ကျွန်တော်တို့ တောင်သူများဟာ ထုတ်လုပ်သူအဖြစ်က ရာနှုန်း နည်းနည်း၊ စားသုံးသူအဖြစ်က ရာနှုန်း ပိုများတာပေါ့။ ကျွန်တော်တို့ တောင်သူများ စိုက်ပျိုးထုတ်လုပ်တာက သီးနှံ ရာသီ အတွင်း ခဏတာပါ။ တစ်နှစ်ပတ်လုံး လိုအပ်တဲ့ အသုံးအဆောင်၊ အိမ်တစ်အိမ်မှာ လိုအပ်တာတွေ အတွက် နေ့စဉ် ၀ယ်ယူနေရတာပါပဲ။ ဥပမာ - စပါးပဲ စိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူတစ်ယောက်က အိမ်မှာ ထမင်းတစ်ပိုင်းဖြစ်လာဖို့ အတွက် ဆန်ကလွဲလို့ အခြား လိုအပ်တဲ့ ဟင်းသီးဟင်းရွက်၊ ကြက်သွန်၊ အာလူး၊ ဟင်းခတ် အမွှေးအကြိုင်၊ အကုန် ၀ယ်ရတာပါပဲ။ အမှန်တကယ်ပြောရရင်တော့ ကျွန်တော်တို့ဟာ စားသုံးသူများပါ။
ဒီတော့ စိုက်ပျိုးထုတ်လုပ်နေသူများနဲ့ ဆွေးနွေးလိုတာကတော့ စားသုံးသူများနေရာက ကိုယ်စား ၀င်ပြီး နေကြည့်ကြရအောင်ပါ။ ဒီအချက်ကို ဆွေးနွေးရာမှာ မှတ်မိလွယ်အောင် “ကိုယ်ချင်းစာတရား ထားကြည့်ကြရအောင်” ဆိုတဲ့ အသုံးအနှုန်းလေး သုံးချင်ပါတယ်။ သီးနှံ တစ်ခု စိုက်ပျိုး ထုတ်လုပ်ရာမှာ အရမ်းကို အရေးပါလို့ပါ။ ဘာကြောင့် အရေးကြီးသလဲ ဆိုတော့ လက်ရှိ စိုက်ပျိုးထုတ်လုပ်သူအများစုဟာ စိုက်ပျိုးထုတ်လုပ်ဖို့ကိုပဲ အားသန်ပြီး ဈေးကွက်က ဘယ်လို အချိန်မှာ ဘာတွေ ဘယ်လို အရည်အသွေးနဲ့ ပမာဏဘယ်လောက် လိုအပ်နေတယ်၊ စားသုံးသူများက ဘာတွေ တောင်းဆိုနေတယ် ဆိုတဲ့ အချက်တွေကို လေ့လာ အားထုတ်ရကောင်းမှန်း မသိတော့ တဆင့်ခံ ၀ယ်သူတို့ရဲ့ ပေးတဲ့ဈေး၊ ၀ယ်သူပေးတဲ့ ဈေးကွက် ဖြစ်နေတော့တာပါ။ နောက်တော့ အရှုံးတွေ နဲ့ ထုတ်လုပ်နေကြရပြီး ခွက်ခွက်လန်အောင် ရှုံးရတာမျိုးတွေ ကြုံနေရတာ မဟုတ်လား။
လက်ရှိ မြန်မာပြည်ရဲ့ ထုတ်လုပ်ရောင်းချမှု ဈေးကွက်ကလည်း စိုက်ပျိုးထုတ်လုပ်သူများက ဈေးကွက်ထဲအထိ မပါလာတော့ ဈေးကွက် အကြောင်း မသိတော့တာနဲ့ ထုတ်လုပ်ပြီး နောက်ပိုင်း ငါ့နဲ့ မဆိုင်တော့ဘူး ဆိုပြီး ထွက်ကုန်ကို အခြားပစ္စည်းတွေနဲ့ ရောချင်သလိုရော၊ ဒါမဟုတ် မျိုးမတူတာတွေ ရောထည့်၊ ပြီးတော့ အရည်အသွေး မတူတာတွေရောထည့်။ ကြာလာတော့ တဆင့်ခံရောင်းဝယ်သူတွေက သူတို့အတွက် အမြတ် ပမာဏကို အရင်နုတ်၊ ဆုံးရှုံးနိုင်တာတွေကို ဖယ်ပြီးမှ ပေးနိုင်တဲ့ ဈေးကို ပေးဝယ်ကြတော့ ၀ယ်သူပေးတဲ့ ဈေးကွက် ပေါ်လာရော။ ဒီတော့ ဈေးကွက် မကောင်းဘူး အရှုံးပေါ်တယ် ဆိုပြီး တောင်သူများပဲ ခံရပြန်ရော။ စိုက်ပျိုးထုတ်လုပ်သူများက ဈေးကွက် လိုအပ်ချက်၊ စားသုံးသူများရဲ့ လိုအပ်ချက်ကို မသိတာက တစ်ပိုင်း၊ တဆင့်ခံ ရောင်းချသူများကလည်း အမြတ်ပိုမို ရရှိရေး ဆိုတဲ့ အတ္တကို ဦးတည်လိုက်တော့ ဈေးကွက်က ဒီလို ဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲလာတော့တာပါ။ အဲဒါကြောင့် “ကိုယ်ချင်းစာတရား ထားကြည့်ကြရအောင်” ဆိုတဲ့ အသုံးအနှုန်းလေး ထပ်ပြီး သုံးချင်ပါတယ်။
ကိုယ်တိုင်က စားသုံးသူလည်း ဖြစ်နေတော့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်တော့မယ် ဆိုရင် စားသုံးသူ တစ်ဦးရဲ့ အမြင်၊ ကြိုက်နှစ်သက်မှု၊ အရည်အသွေး၊ အရွယ်အစား၊ အရောင်၊ လိုအပ်ချိန်၊ ပမာဏ၊ ပေးလိုတဲ့ ဈေးနှုန်း စတဲ့ အချက်တွေကို ပြန်လည် ဆန်းစစ်ဖို့ လိုပါ့မယ်။ စိုက်ပျိုးထုတ်လုပ်ရေးမှာ လက်တွေ့ ဖြစ်နေတာကတော့ စားသုံးသူများဘက်ကနေ ၀င်ရောက်ခံစားပြီးမကြည့်ဖြစ်တော့ ဈေးကွက် တစ်ခုရဲ့ လိုအပ်ချက်အလျောက် ဖြည့်ပေးနိုင်ဖို့ ထုတ်လုပ်တာမျိုး မဟုတ်တော့ပဲ ထုတ်လုပ်သူတစ်ဦး အနေနဲ့ မိမိ စိုက်လိုတာကိုသာ ဦးတည်ပြီး ထုတ်လုပ်မှုကြောင့် နောက်ဆုံးမှာ မိမိ ထွက်ကုန်ပဲ ဈေးကောင်း မရတော့တာမျိုး ကြုံနေရတာပါ။
လက်ရှိမှာ မြန်မာပြည်မှာ မြင်နေရတဲ့ အလေ့အထ တစ်ခုက ကိုယ်တိုင်သာ ကနဦး မစွန့်စားရဲတာ၊ တစ်ဦးတစ်ယောက် စွန့်စားလုပ်ကိုင်လို့ အောင်မြင်ရင် အားလုံး ၀ိုင်းပြီး စုပုံ ၀င်ရောက် လုပ်ကိုင် ကြတော့တာပါပဲ။ ငါးပွက်ရာ ငါးစာချဖို့ ၀ိုင်းပြီးစောင့်နေကြသလို ဖြစ်နေပါတယ်။ ဥပမာပေးရရင် ကြက်ဆူ ဆိုတော့လည်း လိုက်ပြီးတော့ ကြက်ဆူလိုက်တာပါပဲ၊ ကောင်းတာမကောင်းတာ မသိသေး အဦးဆုံး အမြတ်ထွက်ကုန်တာက မျိုးစေ့ ရောင်းဝယ်သူတွေနဲ့ ပျိုးပင် ထုတ်ရောင်းတဲ့ သူတွေ။ ပြီးတော့ သစ်မွှေးဆိုလည်း လိုက်မွှေးလိုက်တာပဲ၊ ဈေးကွက်က ဘယ်သူ ချုပ်ကိုင်ထားလဲ ဆိုတဲ့ အရင်းအမြစ်ကို မကြည့်တော့ဘူး၊ အမြတ်ထွက်တာက မျိုးစေ့ နဲ့ ပျိုးခင်း သမားများ။ လျှော်ဖြူပင်ဆိုလည်း ဖြူလိုက်ကြတာပါပဲ၊ အခုလည်း ကြယ်ပဲ ဆိုပြီး ပဲနေကြပြန်ပါပြီ။ ကျွန်တော် ဆိုလိုချင်တာက အပြစ်တင် စကားပြောလိုတာ မဟုတ်ပါဘူး၊ (၁) မလုပ်ခင် သေချာ စဉ်းစား၊ (၂) ကနဦး အကွက်ငယ်တွေ စမ်းသပ်စိုက်ပျိုးကြည့်၊ (၃) အဆင်ပြေရင် ထပ်ချဲ့၊ မပြေရင် ရှိတာကို ထိန်းထားပြီး စောင့်ကြည့်။ (၄) ၀ိုင်းဝန်း ပူးပေါင်း အဖြေရှာ ဆိုတဲ့ အဆင့်လိုက် တစ်ဆင့်ချင်း လုပ်နိုင်ကြဖို့ပါ။ အခု ဘယ်မှာလဲ ကြက်ဆူ၊ ဘယ်လိုနေသေးလဲ သစ်မွှေး။ နည်းမှန် လမ်းမှန်နဲ့ သွားစေလိုတဲ့ ဆန္ဒနဲ့ ဆွေးနွေးဖြစ်တာပါ။ ရေရှည်မှာတော့ ကောင်းမွန်တဲ့ စိုက်ပျိုးထုတ်လုပ်ရေး နည်းလမ်းကောင်းတစ်ခုလို့ မမြင်ပါဘူး။ (မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကလည်း ဒီလိုပဲ ဖြစ်ပျက်နေတဲ့ အချိန်ဆိုတော့ ထားပါတော့)။
ကျွန်တော့်ရဲ့ ဆရာပါမောက္ခ စကားနဲ့ ဆိုရင် ပြောချင်တာကများနေတော့ လမ်းကြောင်း ပြောင်းသွားပြီ၊ စားသုံးသူ နဲ့ ထုတ်လုပ်သူ အကြောင်း ပြန်ဆွဲခေါ်ရအောင်။
ဒီတော့ကာ စားသုံးသူများ အကြောင်းကို လေ့လာထားရင် ကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်မယ့် သီးနှံ တစ်ခုရဲ့ ရောင်းချနိုင်မယ့် ပမာဏ၊ ဈေးကွက်က လိုအပ်တဲ့ အရည်အသွေး၊ ရေရှည် အလားအလာ စတဲ့ အချက်အလက်တွေကို ကြည့်ပြီး သီးနှံ တစ်ခုကို ဘယ်အချိန်မှာ ဘယ်လိုဈေးကွက်အတွက် ဘယ်လောက် ပမာဏ ကို ဘယ်လို အရည်အသွေးမျိုးနဲ့ ထုတ်လုပ်ရမလဲ ဆိုတာကို သိလာမှာပါ။ အမှန်တကယ်ကတော့ စားသုံးသူများကို လေ့လာတာဟာ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာမှာသာ မဟုတ်ပါဘူး၊ အခြား အရောင်းအ၀ယ် လုပ်ငန်းတွေမှာပါ အရေးပါပြီး စီးပွားရေးအရ သက်ရောက်မှု ရှိတဲ့ လေ့လာမှု တစ်ခုပါ။
မိမိကိုယ်တိုင်လည်း စားသုံးသူများ ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီးပြီ ဆိုတော့ စားသုံးသူများ အကြောင်း လေ့လာရာမှာ ဘယ်ကနေ စရင် ကောင်းမလဲ။ ထုတ်လုပ်သူများဟာ ကိုယ်တိုင်က စားသုံးသူကို တိုက်ရိုက် ရောင်းချသူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရောင်းချမယ့် ဈေးကွက် အတွင်းက စားသုံးသူများရဲ့ အပြုအမူ၊ သဘောသဘာဝကို နားလည်ထားရင် စိုက်ပျိုး ထုတ်လုပ်မှု အတွက် ပြင်ဆင်ရေးဆွဲရာမှာ ပိုပြီး အကျိုးသက်ရောက်မှု ရှိမှာ သေချာပါတယ်။ ကျွန်တော်တို့ သတိချပ်ရမယ့် အချက် တစ်ခုက ကျွန်တော်တို့ ငယ်စဉ်ကလို ထုတ်လုပ်သူဈေးကွက် မဟုတ်တော့ စားသုံးသူ ဈေးကွက်ကို ပြောင်းလဲလာပြီ ဆိုတဲ့ အချက်ပါ။ ဒါကြောင့် စားသုံးသူများရဲ့ သဘောသဘာဝကို လေ့လာဖို့ လိုအပ်တာပါ။ ဒီလို လေ့လာရာမှာ အရေးပါတဲ့ အချက်တွေကတော့ -
(၁) စားသုံးသူ အမျိုးအစား - မိမိ ပစ္စည်းကို ၀ယ်ယူစားသုံးမယ့် သူက တဆင့်ခံရောင်းချသူလား၊ နောက်ဆုံး စားသုံးသူလား သိထားရပါမယ်။ မိမိထုတ်လုပ်မယ့် ပစ္စည်းကို ဈေးနှုန်းသတ်မှတ်ရာမှာ အဆင်ပြေစေပါတယ်။ ပြီးတော့ စားသုံးသူများဟာ အရည် အသွေးကို ကြိုက်သူလား၊ အရည်အတွက်ကို အားပေးသူလား သိထားသင့် ပါတယ်။ ဒါမှသာ မိမိ ထုတ်လုပ်မယ့် ထွက်ကုန်ရဲ့ အရည်အသွေးကို လိုအပ်ချက်အတိုင်း ထုတ်လုပ် ပေးနိုင်မှာပါ။
(၂) စားသုံးသူများရဲ့ ၀င်ငွေ - ရောင်းချမယ့် ဈေးကွက် တစ်ခုမှာ ၀င်ငွေ ပမာဏပေါ် မူတည်ပြီး ရောင်းကုန်ကို ဈေးနှုန်း သတ်မှတ်ရတာပါ။ ဥပမာ - ကလေး မုန့်ဖိုး ၅၀ ပဲ ပေးနိုင်တဲ့ မိသားစု ပမာဏများတဲ့ ရပ်ကွက်က အိမ်ဆိုင် တစ်ဆိုင်မှာ ၂၀၀ တန် မုန့် အတွက် အရောင်းသွက်မှာ မဟုတ်ပါဘူး။ ဒီတော့ ဦးတည် ဈေးကွက်က စားသုံးသူများရဲ့ ၀င်ငွေပမာဏကို သိထားရင် မိမိထုတ်လုပ်ရောင်းချမယ့် ပစ္စည်းကို လိုအပ်သလို အဆင့်ခွဲ နိုင်ရုံမက ထုတ်လုပ်ရောင်းချမယ့် ပမာဏကို ချင့်တွက်လို့ ရပါတယ်။ ၀င်ငွေနည်းတဲ့ ဈေးကွက်က စားသုံးသူ တစ်ဦး အတွက်က ၀င်ငွေ ကန့်သတ်ချက် ရှိတာကြောင့် ပိုက်ဆံ ၁၀၀၀ ပဲ ရှိတယ် ဆန် တစ်ပြည်ဝယ်မှ မိသားစု စားဖို့ လုံလောက်မယ် ဆိုရင် ၁၂၀၀ တန် ဆန်ကို ၀ယ်ချင်ပေမယ့် ရွေးချယ်ခွင့် မရှိပဲ ၁၀၀၀ ကျပ်နဲ့ အောက် အမျိုးအစား ဆန်ကိုသာ ၀ယ်သွားတော့မှာပေါ့။
(၃) စားသုံးသူများရဲ့ ဓလေ့ထုံးစံ - ဦးတည်ရာ ဈေးကွက် တစ်ခုမှာရှိတဲ့ စားသုံးသူများရဲ့ ဓလေ့ထုံးစံကို သိထားရပါ့မယ်။ မိမိပစ္စည်းကို အားပေးမယ့် စားသုံးသူများရဲ့ နေ့ထူးနေ့မြတ်၊ ဘာသာရေး ပွဲလမ်းသဘင်၊ ထုံးစံ၊ အယူအဆများက ထုတ်လုပ်မယ့် ပမာဏလိုအပ်ချက် နဲ့ အရည်အသွေး အတွက် အရေးပါလှပါတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တောင်သူများ သတိရ အတုယူရမှာက စီးပွားရေး လုပ်ငန်းရှင်များရဲ့ အမြင် စူးရှ တောက်ပမှုများပါ။ သင်္ကြန်ကာလကျော်ပြီ ဆိုတာနဲ့ ဗလာစာအုပ်နဲ့ ကျောင်းသုံး ကြော်ငြာတွေ ပလူပျံပါတော့မယ်။ ပြီးတော့ ဆက်လာမှာက မိုးကာ အင်္ကျီတွေ ကြော်ငြာ ဆက်ပါတယ်။ ၀ါ မ၀င်မီ သင်္ကန်း ကြော်ငြာ လာပါလိမ့်မယ်။ နောက်ပြီးတော့ မြေသြဇာ၊ ပိုးသတ်ဆေး ကြော်ငြာတွေ ပိုများလာပါတယ်။ နောက် ကထိန် သင်္ကန်း အတွက် လာပြန်ပါပြီ။ နောက်တော့ ခရစ်စမတ် အတွက် လက်ဆောင်၊ ဆက်လာမှာက ဗယ်လင်တိုင်း အမှတ်တရ……။ ကဲ စားသုံးသူများရဲ့ ရာသီ အလိုက် လိုအပ်ချက်ကို ဘယ်လို ရှာဖွေရမလဲ အားထုတ်ကြည့်ရအောင်ပါ။ နောက်တစ်ချက်က ဦးတည်ရာ ဈေးကွက်ရဲ့ ဘာသာရေး အယူအဆ၊ အမဲသားကိုသာ ၀ယ်ယူတဲ့ ဈေးကွက်မှာ ၀က်သား သွားရောင်းလို့ ဘယ်လိုမှ အဆင်မပြေတာမျိုးပေါ့။
(၄) စားသုံးသူရဲ့ အသက်အရွယ် - ဈေးကွက် တစ်ခုကို လေ့လာတဲ့ အခါမှာ ထုတ်ကုန် အမျိုးအစား အလိုက် ဦးတည် စားသုံးသူများ အကြောင်း သိထားရပါ့မယ်။ ဒါကြောင့်လည်း ဒေသ တစ်ခုရဲ့ လူဦးရေတိုးပွားနှုန်း၊ ကျား မ အချိုးအစား၊ ၁၈ နှစ် အထက်၊ ၁၈ နှစ်အောက် အောက်၊ ၅ နှစ် အောက် စသဖြင့် သိထားတော့ ဈေးကွက် တစ်ခုရဲ့ လိုအပ်ချက်၊ ဖြုန်းအားကို လွယ်လွယ်ကူကူ တွက်ချက် မှန်းဆပြီး ထုတ်လုပ်နိုင်တာပေါ့။ ကလေးများတဲ့ ရပ်ကွက်တစ်ခုက စတိုးဆိုင် တစ်ဆိုင် ဆိုပါတော့ ကလေးအတွက် အသုံးအဆောင် များများ ပိုတင်မှာပေါ့။ ၁၈ နှစ် အထက် များတဲ့ နေရာမှာ ပိုမိုသင့်တော်တဲ့ အလှကုန် ပစ္စည်းတွေကို သူတို့ရဲ့ ၀င်ငွေပေါ် မူတည်ပြီး ဈေးသင့်တာ တင်မှာပေါ့။ အသက်အရွယ် အလိုက် ကြိုက်နှစ်သက်မှုကို ဦးတည်ဈေးကွက်အလိုက် ခွဲခြားပြီး ထုတ်လုပ်နိုင်အောင် ပြင်ဆင်ရမှာပါ။
(၅) စားသုံးသူများရဲ့ စားသုံးမှု ပုံစံ - ဒေသ တစ်ခု အလိုက် စားသုံးသူများရဲ့ စားသုံးမှု အလေ့အထ မတူပါဘူး။ ဥပမာ - အသားကို ဦးစားပေးတဲ့ ဈေးကွက်၊ အသီးအရွက် အစားများတဲ့ ဈေးကွက်၊ ကျန်းမာရေး အသိပညာများတဲ့ ဒေသဆိုရင်တော့ အော်ဂဲနစ် သီးနှံဈေးကွက် ဆိုပြီးတော့ ကွဲပြားမှု ရှိနိုင်ပါတယ်။ နောက်တစ်ခုက စားသုံးသူများ ကြိုက်တတ်တဲ့ ထုတ်ကုန် အရွယ်အစားကလည်း အရေးပါပါတယ်။ ဥပမာ - သရက်သီးကို ၃၀၀ ဂရမ်ပဲ ကြိုက်တဲ့ ဈေးကွက်မှာ ၃၀၀ ဂရမ် ကိုပဲ ဦးတည်ပြီး ပို့ရမှာပါ။ တစ်ခါစားရင် အ၀စားတတ်တဲ့ မြန်မာ ဓလေ့နဲ့ အလှစားတတ်တဲ့ အခြား ဓလေ့ကို နှိုင်းယှဉ် သိထားရင်လည်း စိုက်ပျိုး ထုတ်လုပ်သူများ အတွက် ပိုမို အဆင်ပြေစေပါတယ်။ ထုတ်ကုန်ရဲ့ အရည်အသွေးအပြင် ထုတ်ပိုးမှု ပုံစံကျတာကိုလည်း အလေးထားတတ်တဲ့ ဈေးကွက် ဆိုရင် တစ်မျိုး ပြင်ဆင်ရမှာပါ။
ဒီတော့ စားသုံးသူများရဲ့ လိုအပ်ချက်ကို ကြည့်ပြီး ဘယ်လိုထုတ်ကုန်မျိုးကို ဘယ်လိုနေရာအတွက် ဘယ်လောက် ပမာဏကို ဘယ်လို အရည်အသွေးနဲ့ ထုတ်ဖို့လိုမယ်၊ စတဲ့ ဈေးကွက် လိုအပ်ချက်ကို အမြဲတမ်း ဆန်းစစ်နေပြီး စားသုံးသူ အကြိုက် ထုတ်လုပ်နိုင်ခဲ့ရင် စိုက်ပျိုး ထုတ်လုပ်သူများ အတွက် ကနဦး အစမှာ အမြတ်နည်းပါစေ အရှုံးနည်းတဲ့ ကာလတွေနဲ့ တွေ့လာရမှာပါ။ နောက်ပိုင်းမှာတော့ ဈေးကွက်နဲ့ သေသေချာချာ ချိတ်ဆက်မိလာပြီး ခိုင်မာတဲ့ ထုတ်ကုန်ဈေးကွက် တစ်ခု ဖန်တီး လာနိုင်မှာပါ။
နောက်အပိုင်းများမှာ ရောင်းလိုအား နဲ့ ၀ယ်လိုအား တွက်ချက်မှန်းဆခြင်း၊ ဈေးကွက် ပုံစံပြောင်းလဲလာမှု၊ ဈေးကွက် ရှာဖွေခြင်း စတဲ့ အပိုင်းတွေကို ဆက်လက်ဆွေးနွေးကြရအောင်ပါ ခင်ဗျား။ ကိုးကားစာအုပ်များ မပါလာပေမယ့် အားတဲ့အချိန်လေး ရေးဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ရှိနေမှာပါ။ နောက်ပိုင်းကျရင် ပြန်လည် ပြင်ဆင် လိုက်ပါ့မယ် ခင်ဗျား။
မေတ္တာဖြင့်
အောင်ကောင်းမြတ်
၀၄.၀၄.၂၀၁၅
Subscribe to:
Posts (Atom)