Saturday, 14 March 2015

နုတ်


Tuesday at 1:28am · 
တောင်သူတွေ ကိုယ်ပိုင် လုပ်ငန်းရှင် ဖြစ်တဲ့နည်းလမ်းတခု……. 

ငွေကုန်ကြေး အရင်းအနှီး အသက်သာဆုံးနဲ့  လုပ်ငန်းရှင်ဖြစ်နိုင်ပါတယ်။ ဒီနေ့ လုပ်ရင် ဒီနေ့ ရတဲ့ နည်းဖြစ်ပါတယ်။ နိုင်ငံခြားတင်ပို့ နိုင်တဲ့ ကုန်ပစ္စည်းအဆင့်အထိကို တိုးမြင့်လုပ်နိုင်ပါမယ်။ 
ရေသန့် ဘူး၊ မျှစ်၊ ဆားနဲ့ ဓါးတစ်လက်ဆိုရင် လုပ်ငန်းရှင်ဖြစ်ပါပြီး။ 
မျှစ်ကို ပါးပါးလှီး ဆားနဲ့ နှယ် ပြီးရင် သန့် ရှင်းအောင် ဆေးကျောထားတဲ့ ရေသန့် ဘူးထဲကို ထဲ့ ပြီး အလုံပိတ်ထားပါ။ 3 ရက်ခန့် အကြာမှာ မျှစ်ချဉ်ဖြစ်သွားပါလိမ့်မယ်။ ဆားနဲ့ မျှစ် အငံဓါတ် အကျိုးအစား (ဥပမ မျှစ်ရှပ်ပြီးသား တစ်ပိသာကို ဆားက ဘယ်နှစ်ကျပ်သားပေါ့) အသေအချာမှတ်တမ်းလုပ်ထားပြီး ပုံမှန် အရသာ ဖြစ်အောင် လုပ်မယ်ဆိုရင် ၀ယ်သုံးသူများလာမှာ သေချာတယ်၊ မျှစ်ချဉ်ဗူးမှာ ကိုယ်ပိုင် အမှတ်တံဆိပ် နဲ့ ဆက်သွယ်ရမယ့် လိပ်စာ ဖုန်းနံပါတ်လေးကပ်လိုက်ပါ။ ရောင်းလို့ ရပါပြီး။ 
မိုးရာသီ မျှစ်ပေါချိန်မှာ လုပ်ထားပြီး နွေရာသီ မျှစ်ရှားချိန်မှာ ရောင်းရင် ဈေးပိုရပါတယ်။ 
ရေသန့် ဘူးကို သုံးရချင်းက ရေသန့် ဗူးက အခမဲ့ ရနိုင်သလို ၀ယ်ရရင်တောင် တန်ဘိုးနည်းဖြစ်တယ်။ သိမ်းဆီးရ လွယ်တယ်။ သယ်ယူပို့ ဆောင်ဖို့ လွယ်တယ်။ တစ်အိမ်ထောင်စား အနေတော်ဖြစ်တယ်။ 
ကုန်သည်က တဆင့်မရောင်းပဲ စားသုံးသူတွေဆီကို တိုက်ရိုက် ရောင်းချပါ၊ ကိုယ်တိုင်ထုတ် ကိုယ်တိုင်ရောင်းတဲ့အတွက် ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တဲ့အတွက် စားသုံးသူတွေ ၀ယ်စားမှာသေချာတယ်။ တောင်သူကိုယ်တိုင် လုပ်ငန်းဘ၀ရောက်သွားမှာဖြစ်ပါတယ်။


စိုက်ပျိုးရေးLinn Agri
Sep 26 at 9:39am · 
အော်ဂင်နစ် အားဆေးထုတ်လုပ်ပုံလေးတွေပါ (စိုက်ပျိုးရေးအကြံပေးအဖွဲ့ -ဦးခန့်ဇော်ထက် ထံ မှရရှိလာလို့ ပြန်လည်မျှဝေတာပါ)
ကျနော် အသုံးပြုဖူးတာတော့ရှိပါတယ် သစ်သီးအမှည့် မကောင်းတဲ့ အပုပ်တွေကို ၅ဂါလံ ပုံးထဲထည့်ပြီး ပုံး ၃ပုံ ၁ပုံ လောက်ရှိရင် တင်လဲရည် ဖြည့်ပါတယ် ၃ပုံ ၂ပုံခန့်ထိရောက်အောင်ဖြည့်ပါတယ် လက်ကျန် ၃ပုံ၁ပုံ ကိုလေဟာနယ်ထား ထားပါ မွှေပေး ၁လလောက်ကြာရင် အသုံးပြုလို့ရပါပြီ တကယ်အကျိုးကျေးဇူးရရှိပါတယ် စရိတ် သက်သာစွာနဲ့ပါ 
Thank You All My Friend



ဖရဲစိုက်ပျိုးခြင်း (၁)

ရာသီမရွေးစိုက်ပျိုးနှိုင်သော်လည်းဆောင်းရာသီတွင်အကောင်းဆုံးအောင်မြင်ဖြစ်ထွန်းပါသည်၊
ကြိုက်နှစ်သက်သောမြေph မှာ 6မှ7အတွင်းဖြစ်ပါသည်၊နုန်းမြေ၊သဲနုန်းမြေတို့တွင်အကောင်းဆုံးဖြစ်ထွန်းသည်၊
ဆောင်းရာသီစိုက်ပျိုးရာတွင်
ရေလိုအပ်မည်ဖြစ်သဖြင့်ရေရရှိနှိုင်မည့်နေရာကိုရွေးချယ်ရပါမည်၊
မြေပြုပြင်ထွန်ယက်ရာတွင် ထယ်ရေးနက်နက်နှင့်ထွန်ရေးညက်ညက် ထွန်ယက်ပြီး အစိုဓာတ်ပိုမိုထိမ်းနှိုင်ရန် ဒလိမ့်တုံး စီးပေးရပါမည်
အခါမဲ့မိုးများရွာခဲ့သော် စိုက်ကွင်းများတွင်ရေမဝပ်စေရန်ရေနှုပ်မြောင်းများစီစဉ်ထားသင့်ပါသည်၊။
စိုက်ပျိုးရာတွင် အတန်းလိုက် စနစ်တကျစိုက်ပျိုးခြင်း၊ဒေသစိုက် ကျင်းစနစ်စိုက်ပျိုးခြင်းတို့ဖြင့်စိုက်ပျိုးကြပါသည်၊
ကျင်းစနစ်စိုက်ပျိုးပုံမှာ
ထယ်ရေးပြုပြင်ထားသောစိုက်ကွင်းတွင် ၆ပေခြားစိုက်ကျင်းများတူးရသည်၊စိုက်ကျင်းမှာအကျယ်၁၆လက္မ၊အနက် ၁၂လက္မ ဖြစ်သည်၊မြေနုမြေမှုန်ရရန်တူးထားသောမြေစာများကိုဇကာတိုက်၍ ကျင်းထဲပြန်ထဲ့ရသည်၊တကျင်းလျှင် ဖြူရာဒန်ဆေးမှုန့် လက္ဘက်စားဇွန်းတဇွန်းနှုန်းထဲ့ပေးထားခြင်းဖြင့် မြေအောင်းပိုးနှင့်ရွက်ဝါးလိပ်ခုံးကျိုင်းတို့ကိုထိရောက်စွာကာကွယ်နှိုင်သည်၊
မျိုးစေ့ကို စိုက်ကျင်းတကျင်းလျှင် ၃စေ့ ၈လက္မခြား ဖိုခနောက်စိုက်စိုက်ပျိုးပါသည်၊
မြေ အစိုအခြောက် ကိုလိုက်၍ မျိုးစေ့ကို မြေအောက်၁လက္မတွင်မြှုတ်ပြီးစိုက်ပါသည်၊ 
၁၅ရက်သားတွင် ဒေသအခေါ် အစာလေးကျွေးရပါသည်၊ရေ ၄ဂါလံတွင် ပုလဲမြေငြဇာ၁၀ကျပ်သားထဲ့မွှေပြီး ၃ပင်အလယ်တွင်ကျင်းငယ်တူး၍မြေသြဇာရည် ရေခွက်တခွက်နှုန်းထဲ့ပါသည်၊မြေခံ အစိုဓာတ်များလျှင်လျှော့ထဲ့နှိုင်ပါသည်၊ကျင်းများမှရေခန်းလျှင်ကျင်းငယ်များကိုမြေပြန်ဖို့ရသည်၊
နောက်၁၅ရက်ကြာလျှင်အစာကြီးကျွေးပါသည်၊
အစာကြီးကျွေးရန် ဖရဲစိုက်ကျင်းအပြင်နှုတ်ခမ်းမှ ပတ်၍မြောင်းငိုင်းတူးရမည်၊
မြောင်းထဲသို့ NPK15ပါတ်လည်မြေသြဇာနို့ဆီဘူး၂ဘူးနှုန်းထဲ့ပြီး ရေတထမ်းနှုန်းထဲ့ပေးရသည်၊ရေခန်းသွားလျှင် မြောင်းဝိုင်းများကိုမြေပြန်ဖို့ရမည်၊

၁/အပင်ပြုပြင်ခြင်း
ပင်မအပင်ကိုထားပြီးဘေးတက်များကိုပါယ်ရမည်/
၂/အစာလေးကျွေးချိန်တွင် ခေါင်ညွန့်နှိမ်ပေးပြီး ထွက်လာသောဘေးကိုင်းများမှ သန်မာသော၂ကိုင်းထားသည်၊ထိုနှစ်ကိုင်းမှထွက်သောဘေးတက်များပါယ်ပစ်ရသည်၊ဒုတိယနည်းမှာအသီးရွေးချယ်ခွင့်ပိုမည်ဖြစ်ပါသည်၊

အသီးဖမ်းခြင်း
အပင်ခြေမှ၁၆ဆစ်ထိအတွင်းသီးသောအသီးများကိုခြွေပစ်ပါ၊
၁၆ဆစ်မှအထက်၂၅ဆစ်အတွင်းအသီးများမှ လှသောအသီးများကိုထားပါ၊မိမိဖမ်းသောအသီး ပျက်စီးခဲ့လျှင် သူ့အထက်မှအသီးကိုရွေးချယ်၍ထားပါ၊အလုံးကြီးမျိုးသည် တပင်တလုံးသာတင်သည်ကများပါသည်၊မိမိရွေးချယ်ထားသောအသီးများကိုသီးထိုးယင်မထိုးရန်ဆေးဖြန်းခြင်း၊သီးထိုးယင်ထောင်ချောက်များပြုလုပ်၍ဖမ်းဆီးခြင်းများပြုလုပ်ပါ၊
အဖြစ်များသော ရောဂါများမှာ
ခါးရိရောဂါ(damping off)
ဘက်တီးရီးယားပင်ညှိုးရောဂါ(bacteria wilt)
ဖြူစေရီယမ်ညှိုးသေရောဂါ(fusarium wilt)တို့ဖြစ်သည်၊အပင်ငယ်စဉ်မှခူးဆွတ်ကာနီးတိဖြစ်ပွားနှိုင်သည်၊
အသီးအခွံကြောမတင်းမီအချိန်ထိ ရေလိုအပ်သည်ထင်က ရေပေးနှိုင်သော်လည်း အကြောတင်းပြီးမှရေပေးသွင်းခြင်း သို့မဟုတ်အခါမဲ့မိုးများကြောင့်အသီးများအက်ကွဲနှိုင်ပါသည်၊
စိုက်ပြီးရက်၉၀အကြာတွင်ခူးဆွတ်နှိုင်ပါသည်၊
ထွက်နှုန်းအနေဖြင့် တဧကတွင် အပင်၃၆၀၀ဝင်ဆံ့ပြီးပျမ်းမျှ
ဂေါင်သီး၁၂၀၀
အလတ်၁၀၀၀
အသေး ၈၀၀ ထွက်ပါသည်။

စိုက်ပျိုးရေး

ကျင်းလုံ မြန်မာ

စိုက်ပျိုးရေး
တပိုင်တနိုင် စိုက်ပျိုးရေးသမားတွေအတွက် အလုပ်သမားရှားလာတဲ့ဒီအချိန်မှာ အစားထိုးဖို့ပစ္စည်းတွေ ဈေးကွက်ထဲရောက်လာကြပြီ၊

Hot Line



စိုက်ပျိုးရေး
ဆန်ဆေးရေနှင့်နွားနို့ အသုံးပြု၍
IMအဏုဇီဝများဖမ်းယူခြင်း

LAS(Lactic Acid BacderiaSerum)
ပုံးထဲသို့ဆန်ဆေးရည်ထည့်ပါ၊ပုံး၏၃ပုံ၁ပုံသာထဲ့ပါ၊အဝကိုပိတ်ပါးစဖြင့်လုံအောင်ပိတ်၍ကြိုးဖြင့်စည်းထားပါ၊အရိပ်တွင်တစ်ပါတ်ထားပါ၊နံက်တကြိမ်ညတကြိမ်လှုပ်ပေးပါ၊၇ ရက်ကြာလျှင်အချဉ်ပေါက်သောဆန်ဆေးရေဖြစ်လာမည်၊လက်တစ်အက်စစ်ဘက်တီးရီးယားများ(lactic Acid Bacteria)ရှင်သန်နေပါပြီ၊၎င်းအရည်၏၄ပုံ၁ပုံရှိသောဖွဲနုထဲ့၍မွှေပေးပါ၊
၎င်းအရည်ထက်၁၀ဆခန့်ရှိသောနွားနို့ကိုအိုးထဲထည့်ပါ၊အချဉ်ဖောက်ထားသောဆန်ဆေးရည်ကြည်ကိုနွားနို့ထဲသို့ထဲ့ပါ၊သမအောင်မွှေပါ၊အရည်သည်ပုံး၏၃ပုံ၂ပုံထိသာရှိရမည်၊ပိတ်ပါးအုပ် ကြိုးစည်းပြီးအရိပ်တွင်၇ရက်ထားပါ၊
နို့အချဉ်ပေါက်လာပြီးမလိုင်ကဲ့သို့အခဲများအပေါ်တက်လာ၍အောက်တွင်ွှရှိသာအဝါဖျော့ဖျော့ရေည်ကြည်
ကိုစစ်ယူ၍ပုံးတွင်ထဲ့ပြီးသကြားရေထဲ့၍လုံအောင်ပိတ်ပါ၊

စိုက်ပျိုးရေးတွင်အသုံးပြုပုံ
အပင်ပျော့လျှင်(၁း၅၀၀မှ၁း၁၀၀၀)
အပင်မာမျိုးများအတွက်(၁း၅၀၀)၁၅ရက်တကြိမ်ပက်ဖြန်းနှိုင်သည်၊

မြေဆွေးများပြုလုပ်ရာတွင်ထဲ့သုံးနှိုင်သည်၊

ရေလောင်းရာတွင်ထဲ့လောင်းနှိုင်သည်။

အကျိုးအာနိသင်
သစ်စေ့များ၏အခွံများမာကျောနေမှု့ကိုအချဉ်ဖောက်၍လျှော့ချပေးသဖြင့်အပင်ပေါက်နှုန်းမြန်စေသည်၊
Lactic Acidသည်ရောဂါအဖျက်ပိုးမွှားအဏုဇီဝများကိုနှိမ်နင်းနှိုင်သည်၊
သြဂဲနစ်ပစ္စည်းများကိုအချဉ်ဖောက်၍ဆွေးမြေ့မြန်စေသည်၊

စဉ်ဆက်မပြတ်စိုက်ပျိုးရာမှဖြစ်ပေါ်လာနှိုင်သည့်အဖျက်ရောဂါပိုးမွှားနှင့် မြေတွင်းအောင်းပိုးများကို ရေရှည်တွင်ပျောက်ကွယ်သွားစေသည်၊။

ဆရာစောငုဝါ၏ အဆိပ်ပိုးသတ်ဆေးလွတ်စိုက်ပျိုးနည်း များမှ ပြန်လည်မျှဝေပါသည်။


နည်းပညာနှင့် ဗဟုသုတများမျှဝေခြင်း
October 13 at 1:03pm · 
*** မြေဧက ဖွဲ့ နည်း တွက်နည်း ….
( ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ….. )
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ 
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = .၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560 
ပုံသေ မြှောက်ကိန်း .၇၈၅၄ 
.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
*** ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း 
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄ 
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင် 
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂ 
၄၁၆ + ၆၂= ၄၇၈ ပင်
( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင် 
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁ 
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

No comments:

Post a Comment