ဂန့်ဂေါမြို့က စွယ်တော်ရှင်
***********************
ဒီနေ့ တပေါင်းလပြည့်နေ့ဟာ စွယ်တော်ရှင်ဘုရား
ရဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အဖွဲ့က
ဘုရားပွဲကို သွားရောက်ပြီး ဘုရားဖူးရင်း နဲ့ စွယ်
တော်ရှင်ဘုရားသမိုင်းနဲ့ ဂန့်ဂေါမြို့အလှကို ခံစား
ခဲ့ကြပါတယ်။
အို မောရဝတီ ! အသင် ဂန့်ဂေါမြို့ကလေး
ကို အသည်းနှစ်လွှာဖြစ်စေခဲ့လေပြီပေါ့။သင့် စီးဆင်း
မှု မာန်ဟုန်တွေဟာ အခုတော့ ငြိမ်သက်လွန်းပေ
ရဲ့။လှုပ်ခတ်နေတဲ့ ကြိုးတံတားလေးကို ဖြတ်သန်း
ရင်း ယောဒေသရဲ့ ဧည့်ဝတ်ကျေပွန်မှုက ထူးကဲ
လေစွ။
ဂန့်ဂေါမြို့ကလေးဟာ ယောမြို့တော်ဖြစ်တယ်။
ယောဒေသဟာ ယဉ်ကျေးမှုတွေဖူးပွင့်ရာဒေသ
ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ဒေသ၊သာယာ
လွန်းတဲ့တောင်တန်းတွေပေါများတဲ့ဒေသ၊ယော
သားယောသူ သဘောဖြူတယ်ဆိုတာက အမှန်။
ဂန့်ဂေါမြို့ကလေးဟာ ဆိုရင် လကို ကြယ်
တွေ ဝန်းရံခနေသလို ဟန်နဲ့ တည်ဆောက်ထား
ခဲ့ကြတယ်။သက္ကရာဇ် ၆၀၅ ခုနှစ်မှာ ပေါက္ကံရာမ
ပြည့်ရှင် နရသီဟပတေ့ လက်ထက်က တည်ခဲ့
တယ်။သူ့လက်ထက်မှာ သက်လူမျိုးတွေရဲ့ပုန်ကန်
မှုကို တိုက်ခိုက်ဖို့ စေလွှတ်ခဲ့ရာ အချင်းချင်း တိုက်
ခိုက်မိတာကို သိရှိပြီး အချို့ကို မီးလောင်တိုက်သွင်း
အချို့ကို သစ်တော ၄ ရပ် ပို့ခဲ့တယ်။အဲဒီထဲမှာ
ယောဒေသ လည်း ပါဝင်ခဲ့တယ်။ယခု စွယ်တော်
ရှင်ဘုရားတည်ရှိရာ အရပ်က ပင်လုံးကျွတ်ပွင့်ဝေ
မွှေးပျံ့နေသော ကန့်ကော်ပင်ကြီးကို အစွဲပြုပြီး
ကန့်ကော် လို့အမည်ပေးခဲ့တယ်။ကုန်းဘောင်ခေတ်
မင်းတုန်းမင်းတရားလက်ထက်အရောက်မှာတော့
သစ်တွေကို တံဆိပ်ခတ်နှိပ်ရာမှာ"Gangaw" ဟု
ခတ်နှိပ်ရာမှ "ဂန့်ဂေါ "အမည်တွင်လာတယ်။
အသည်းနှလုံးမြို့ပြအဖြစ် စီးဆင်းနေတဲ့
မြစ်ဟာ ရွှေဥဒေါင်းတို့ ပျော်စံရာ "မောရဝတီ" အဖြစ်
ခေါ်တွင်ခဲ့ပြီး ပုဂံပြည့ှ်ရှင် အလောင်းစည်သူ လက်
ထက်မှာ "မြစ်သာ"လို့ ခေါ်တွင်စေခဲ့တယ်။
စွယ်တော်ရှင်ဘုရား ဟာဆိုရင် ဗုဒ္ဓရဲ့စွယ်
တော်အစစ်ကို တည်ထားကိုးကွယ်တယ်လို့ ဆို
ပါတယ်။ညောင်ရမ်းခေတ်ရဲ့ (၇) ဆက်မြောက်
ဘုရင် ရမည်းသင်းစား မင်းရဲကျော်ထင် ( အင်္ဂါမင်း)
လက်ထက်မှာ မောင်ထွားဆိုသူက မြစ်သာမြစ်ရေ
ထဲက တွေ့ရှိခဲ့လို့ နဂါးပြည်က စွယ်တော်ဖြစ်နိုင်တယ်
လို့ ယူဆခဲ့ကြပါတယ်။မင်းရဲကျော်ထင်လက်ထက်
မှာ စွယ်တော်ကို အဝရွှေနန်းတော်သို့ ပင့်ဆောင်
ခဲ့သော်လည်း စွယ်တော်မှာ ကန့်ကော်မြို့ သို့သာ
ပြန်လည်ကြွရောက်ခဲ့သည်။ထို့နောက် ညောင်ရမ်း
(၈)ဆက်မြောက်ဘုရင် သီရိမဟာ သီဟသူရ
သုဓမ္မရာဇာ(စနေမင်း) လက်ထက်မှာ နှစ်ကြိမ်
တိုင်တိုင် အဝရွှေနန်းတော်သို့ ပင့်ဆောင်ခဲ့သော်
လည်း ကန့်ကော်မြို့သို့ သာ ပြန်လည်ကြွချီလာ
လေသည်။
ထို့ကြောင့် ဘုရင်က ယောဒေသ ကန့်ကော်မြို့
မှာသာ တည်ထားကိုးကွယ်စေခဲ့သည်။စွယ်တော်
ရှင်ဘုရားကို ညောင်ရမ်းခေတ်ကတည်းက တည်
ထားကိုးကွယ်ခဲ့ကြောင်း ထင်ရှားသည်။စွယ်တော်
ရင်ဘုရားသည် တစ်နှစ်လျှင် ပွဲသုံးကြိမ်ကျင်းပ
သောဘုရားဖြစ်သည်။တန်ဆောင်မုန်းပွဲတော်၊
တပေါင်းပွဲတော် နှင့် တန်ခူးပွဲတော်တို့ ဖြစ်သည်။
ယခု ကျွန်တော်တို့အဖွဲ့သည် တပေါင်းပွဲတော်ကို
ကြုံတွေ့ခဲ့ရလေပြီ။ဖူးမျှော်ကြည်ညိုပြီးရွှေသင်္ကန်း
များ ကပ်လှူပူဇော်ခဲ့ကြတယ်။
နောက်တစ်ခုက ကန့်ကော်ရွာ တည်ထောင်
ခဲ့စဉ်က နာရီတိုင်စိုက်သောအချိန်၌ ကျားဟုံ လျှက်
ကောင်းချီးပေးသတဲ့။ကျားဟုံ ရဲ့အတိတ်နိမိတ်ဟာ
ဂန့်ဂေါဟာ မြို့ဖြစ်အံ့၊မာနကြီးအံ့၊မာနကြီးသောသူ
များ ပေါက်ဖွားအံ့၊ကျားကဲ့သို့ မျက်မာန်ကြီးအံ့ ဟု
နိမိတ်ဖတ်ကြလေသည်။
ဒီတော့ ဂန့်ဂေါသူလေးတွေ မာနကြီးတာကို
အပြစ်မဆိုချင်တော့ပေ။ခေတ္တတာဝန်ထမ်းဆောင်
ရန်လာသော ကျွန်တော်ပင်လျှင် ယခု မာနကြီး
နေတတ်လေပြီ။ ။
သျှင်မျိုးငယ်
ဂန့်ဂေါမြို့ နှင့် စွယ်တော်ရှင်ဘုရားသမိုင်း ကို
အခြေခံလျှက် ရေးသည်။မှားလျှင် သမိုင်းနှင့်မသက်ဆိုင်
ကျွန်တော်နှင့်သာဆိုင်သည်။